Skip to product information
1 of 2

Other Websites

အရှင်ဆန္ဒာဓိက - မြင့်မြတ်တောဥပေက္ခာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

မြင့်မြတ်သောဥပေက္ခာ

(၁)

          “မင်းကို ငါ ဥပေက္ခာပြုလိုက်ပြီး မင်းကို လူတစ်ယောက် က ချောက်ထဲတွန်းချဖို့ လုပ်နေတောင် ငါလှမ်းမဆွဲတော့ ဘူး၊ မင်းဘာသာမင်း သေချင်သေ၊ ရှင်ချင်ရှင်၊ ငါနဲ့ ဘာမှ မဆိုင်တော့ဘူး”ငယ်ငယ်တုန်းက ကြားဖူးတဲ့ မိခင်တစ်ဦးရဲ့ ဥပေက္ခာ စကားပါ။ ကိုယ့်စိတ်တိုင်းကျ ပြောဆိုမရတဲ့ ရင်နှစ်သည်း ချာ သားရတနာတစ်ဦးအပေါ် စိတ်ဆိုးနေတဲ့အခိုက် ပြော လိုက်တာပါ။ တကယ်တမ်း ကိုယ့်သားကို လူတစ်ယောက် က ချောက်ထဲတွန်းချဖို့ လုပ်နေရင်တော့ မိခင်မေတ္တာနဲ့လှမ်းဆွဲမှာပါပဲ။ တွန်းချသူကို လှမ်းဆွဲလို့မရတောင် ရှောင်တိမ်းထွက်ပြေးဖို့တော့ သားကို လှမ်းအော်သတိပေးမိမှာပါပဲ။

          ‘နင် ငါ့ကို ဥပေက္ခာပြုလိုက်ပြီလားဟာ၊ နင့်ကို ငါ ဘယ်လောက်ချစ်တယ်ဆိုတာ နင်သိရက်သားနဲ့၊ ငါ့ရင် ထဲကခံစားချက်တွေကို နင်နည်းနည်းလေးလောက်တော့ အသိအမှတ်ပြုသင့်ပါတယ် မိမိုးရယ်” ။

          ကျောင်းသားဘဝတုန်းက မှတ်စုစာအုပ်ကြား မှာ ရည်းစားစာညှပ်ပြီး စာအုပ်ချင်းလဲလို့ စာပေးစာယူ အချစ်နဲ့ အပြန်အလှန် ချစ်ပွဲဝင်ခဲ့ကြတဲ့ သူငယ်ချင်း နှစ်ယောက်ထဲက သူငယ်ချင်းကောင်မလေးဆီကို သူငယ်ချင်း ကောင်လေး ရေးလိုက်တဲ့ စာသားတစ်ခုပါ။ ခုပဲချစ်လိုက်၊ ခုပဲမုန်းလိုက်နဲ့ မြီးကောင်ပေါက် ဆယ်ကျော်သက်အရွယ် မှာ အချစ်လည်း မတည်ငြိမ်သေး၊ အမုန်းလည်း မတည်ငြိမ် သေးပါဘူး။

         “ဥပေက္ခာ” ဆိုတဲ့ စကားလုံးကို “လျစ်လျူရှုခြင်း” လို့ပဲ မြန်မာပြန်ခဲ့ကြတော့ လူတစ်ယောက်ကို ဥပေက္ခာပြုတယ်ဆိုတာ အဲဒီလူအကြောင်း ကောင်းကောင်း ဆိုးဆိုး ဘာမှ မစဉ်းစားတော့တာ၊ အဲဒီလူရဲ့ ကောင်းကျိုး ဆိုးကျိုး အတွက်ဘာမှ လုပ်မပေးတော့တာ၊ အဲဒီလူနဲ့ ဘာ အကြောင်းကိစ္စရှိရှိ လုံးဝ မပတ်သက်တော့တာလို့ ငယ် ငယ်တုန်းက ထင်မြင်ယူဆခဲ့မိပါတယ်။

          သာသနာ့ဘောင်ရောက်လို့ ဘုရားဟော ပိဋ ကတ်စာပေတွေ လေ့လာရတော့မှ ဟိုလူနဲ့ မပတ်သက်ချင်၊ ဒီလူနဲ့ မပတ်သက်ချင်၊ ဟိုလူနဲ့ အဆက်ဖြတ်၊ ဒီလူနဲ့ အဆက်ဖြတ်၊ ဟိုလူ့အကျိုးလည်း ဆောင်ရွက်မပေး၊ ဒီလူ့ အကျိုးလည်း ဆောင်ရွက်မပေးဆိုတာတွေဟာ “ဥပေက္ခာ မဟုတ်ဘူး၊ ဒေါသ” ဆိုတာ သိလာရပါတယ်။

         လူတစ်ယောက်ကို နာကြည်းမုန်းတီးလွန်းလို့ အဲဒီလူနဲ့ လုံးဝမပတ်သက်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာ၊ ဆုံးဖြတ်တဲ့ အတိုင်းလည်း အဲဒီလိုနဲ့ ကောင်းကောင်း,ဆိုးဆိုး ဘာမှ မပတ်သက်တော့တာဟာ ဥပေက္ခာ မဟုတ်ပါဘူး၊ ဒေါသပါ။ မြန်မာ့လူမှုနယ်ပယ်မှာ သုံးနှုန်းနေကျမို့ ဥပေက္ခာလို့ သုံးနှုန်းချင်သပဆိုရင်လည်း အဲဒီ ဂရုမစိုက်တဲ့ဥပေက္ခာဟာ 'ဒေါသဥပေက္ခာ' ပါ။

         'ဒေါသဥပေက္ခာ”ဆိုတဲ့ 'ဥပေက္ခာအဝန်းအဝိုင်း” ထဲမှာ လည်ပတ်လှုပ်ရှားနေတဲ့သူဟာ မြင့်မြတ်တဲ့သူ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒေါသဥပေက္ခာဟာ 'မြင့်မြတ်သော ဥပေက္ခာ” မဟုတ်လို့ပါပဲ။

          မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ လို့ ဗြဟ္မ စိုရ်တရား လေးပါးရှိပါတယ်။ မေတ္တာဆိုတာ သူတစ်ပါးကောင်းကျိုးကို လိုလားတဲ့သဘော၊ ကရုဏာဆိုတာ သူတစ်ပါးဆိုးကျိုးကို ဖယ်ရှားပေးချင်တဲ့သဘော၊ မုဒိတာ ဆိုတာ သူတစ်ပါးကောင်းစားနေတာကို ဝမ်းမြောက်တဲ့ သဘော၊ ဥပေက္ခာဆိုတာ သူတစ်ပါးရဲ့ ကောင်းကျိုးဆိုးကျိုးဟာ သူ တစ်ပါးရဲ့ ကောင်းကံဆိုးကံအပေါ်မှာပဲ မူတည်တယ်လို့ နှလုံးသွင်း ဆင်ခြင်တဲ့သဘောပါပဲ။

          "ဗြဟ္မစိုရ်' ဆိုတာ “ဗြဟ္မစရိယ' ဆိုတဲ့ ပါဠိကို ပါဠိသက် ဝေါဟာရအဖြစ်နဲ့ မြန်မာမှု ပြုထားတာပါ။ “မြင့်မြတ်သောအကျင့်" လို့ အဓိပ္ပာယ်ရပါတယ်။ စိတ်နေစိတ် ထားမြင့်မြတ်တဲ့ ပုဂ္ဂိုလ်တိုင်း မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ အကျင့်တရားလေးပါးကို အစွမ်းရှိသမျှ လက်ကိုင်ထားကျင့်သုံးကြပါတယ်။

          မေတ္တာဗြဟ္မစိုရ် ကျင့်သုံးတဲ့သူဟာ ကိုယ်နဲ့လည်း သူတစ်ပါးကောင်းကျိုးကို ဆောင်ရွက်ပေး၊ နှုတ်နဲ့လည်း သူတစ်ပါးကောင်းကျိုးဖြစ်မယ့်စကား, သူတစ်ပါး စိတ်ချမ်း သာမယ့်စကား ပြောဆိုပေး၊ စိတ်နဲ့လည်း သူတစ်ပါး ကောင်းကျိုးရစေကြောင်း, သူတစ်ပါးစိတ်ချမ်းသာစေ ကြောင်း ဆုတောင်းမေတ္တာပို့သပေးရပါတယ်။ ကာယကံ မေတ္တာ၊ ၀စီကံမေတ္တာ၊ မနောကံမေတ္တာဆိုတဲ့ မေတ္တာကံ သုံးမျိုးလုံး ပြည့်စုံမှ မေတ္တာဗြဟ္မစိုရ် ကျင့်သုံးရာရောက်ပါ တယ်။

          ကရုဏာဗြဟ္မစိုရ် ကျင့်သုံးတဲ့သူဟာ ကိုယ်နဲ့ လည်း သူတစ်ပါး ဒုက္ခလွတ်အောင် ကူညီဆောင်ရွက်ပေး၊ နှုတ်နဲ့လည်း သူတစ်ပါး ဒုက္ခလွတ်အောင် ဖြေရှင်းစောင့် ရှောက်ပေး၊ စိတ်နဲ့လည်း သူတစ်ပါး ဒုက္ခလွတ်စေကြောင်းဆုတောင်းကရုဏာ ပို့သပေးရပါတယ်။ ကာယကံ ကရုဏာ၊ ဝစီကံကရုဏာ၊ မနောကံကရုဏာ ဆိုတဲ့ ကရုဏာကံ သုံးမျိုးလုံး ပြည့်စုံမှ ကရုဏာဗြဟ္မစိုရ် ကျင့်သုံးရာရောက် ပါတယ်။

          မုဒိတာဗြဟ္မစိုရ်ကျင့်သုံးတဲ့သူဟာ ကိုယ်နဲ့လည်း သူတစ်ပါး ကြီးပွားသည်ထက် ကြီးပွားအောင် ကူညီဆောင် ရွက်ပေး၊ နှုတ်နဲ့လည်း သူတစ်ပါး ကြီးပွားသည်ထက် ကြီး ပွားအောင် ဖြေရှင်းစောင့်ရှောက်ပေး၊ စိတ်နဲ့လည်း သူတစ်ပါး ကြီးပွားသည်ထက် ကြီးပွားပါစေကြောင်း ဆုတောင်း မုဒိတာ ပို့သပေးရပါတယ်။ ကာယကံမုဒိတာ၊ ဝစီကံမုဒိတာ၊ မနောကံမုဒိတာ ဆိုတဲ့ မုဒိတာကံ သုံးမျိုးလုံးပြည့်စုံမှ မုဒိတာဗြဟ္မစိုရ် ကျင့်သုံးရာရောက်ပါတယ်။

          တစ်ခါတစ်ရံမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့ ကိုယ်ဘယ်လိုမှ အကူအညီပေးလို့ မရတော့တဲ့ ကိစ္စမျိုးတွေ၊ အဖြစ်အပျက်မျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ကိုယ်၊ နှုတ်၊ စိတ်နဲ့ ဘာမှ အကူအညီပေးမနေ တော့ဘဲ “ကံတရားအတိုင်းပါပဲ၊ ကံစီမံသလို ဖြစ်ရတာပါပဲ။

          သူအခုလိုဖြစ်ရတာ သူ့ရဲ့ ကံတရားကြောင့်ပဲ” လို့ ကံ, ကံရဲ့ အကျိုးကို နှလုံးသွင်းဆင်ခြင်ပြီး စိတ်အေးချမ်းတည်ငြိမ်အောင် နေတတ်ရပါတယ်။ ဒါဆိုရင် ဥပေက္ခာဗြဟ္မစိုရ်ကို ကျင့်သုံးရာရောက်ပါတယ်။

          မေတ္တာပဲပွားပွား၊ ကရုဏာပဲပွားပွား၊ မုဒိတာပဲ ပွားပွား၊ ဥပေက္ခာနဲ့ တွဲပွားမှ ပြည့်စုံနိုင်ပါတယ်။ ဥပေက္ခာ မပါတဲ့ မေတ္တာ၊ ဥပေက္ခာမပါတဲ့ ကရုဏာ၊ ဥပေက္ခာမပါတဲ့ မုဒိတာဟာ စစ်မှန်ပြည့်ဝတဲ့ စိတ်အေးချမ်းမှုကို မပေးဘဲ လမ်းကြောင်းကွေ့ကောက် အစွန်းရောက်သွားတတ်ပါတယ်။

          မေတ္တာထားရာ, မေတ္တာပွားရာမှာ ဥပေက္ခာ မပါရင် မေတ္တာဟာ ရာဂဘက် အစွန်းရောက်သွားတတ်ပါ တယ်။ ကရုဏာထားရာ, ကရုဏာပွားရာမှာ ဥပေက္ခာမပါ ရင် ကရုဏာဟာ ဒေါသဘက် အစွန်းရောက်သွားတတ်ပါ တယ်။ မုဒိတာထားရာ, မုဒိတာပွားရာမှာ ဥပေက္ခာမပါရင် မုဒိတာဟာ မာနဘက် အစွန်းရောက်သွားတတ်ပါတယ်။

           အစွန်းရောက်သွားတဲ့ မေတ္တာ၊ ကရုဏာ, မုဒိတာက ကာယကံရှင်ကို ငြိမ်းအေးချမ်းမြေ့မှုတွေ မပေးဘဲ စိုးရိမ်ပူပန်မှု သောက၊ ဝမ်းနည်းပူဆွေး ငိုကြွေးမှု ပရိဒေဝ၊ ကိုယ်ဆင်းရဲမှု ဒုက္ခ၊ စိတ်ဆင်းရဲမှု ဒေါမနဿ၊ အပြင်း အထန် ပူပန်မှု ဥပါယာသတွေပဲ ပေးပါလိမ့်မယ်။ ။

          မေတ္တာနဲ့ ကိုယ်ကောင်းကျိုးရစေချင်တိုင်းလည်း သူရတာ မဟုတ်, သူ့ကံရှိမှ သူရတာ၊ ကရုဏာနဲ့ ကိုယ် ဆင်းရဲလွတ်စေချင်တိုင်းလည်း သူလွတ်တာမဟုတ်, သူ့ကံ ရှိမှ သူလွတ်တာ၊ မုဒိတာနဲ့ ကိုယ်ချမ်းသာ မြဲစေချင်တိုင်း လည်း သူမြဲတာမဟုတ်, သူ့ကံရှိမှသူမြဲတာလို့ သူနဲ့ကံတရား၊ ကံတရားနဲ့သူ အကြောင်းအကျိုးဆက်စပ်ပြီး လည်ပတ်နေ တာကို အမြဲဆင်ခြင်ဉာဏ်သက်ဝင်ပြီး ထာဝစဉ် ကံသတိ၊ ကံအသိ ရှိနေမယ်ဆိုရင် ကိုယ်ဖြစ်စေချင်တိုင်း ဖြစ်မလာလို့ မကျေမနပ်ဖြစ်ရတာတွေ၊ ဝမ်းနည်းပန်းနည်း စိတ်ဆင်းရဲ ရတာတွေ ရှိမှာမဟုတ်တော့ပါဘူး။

          မေတ္တာနဲ့ “ကူ” နိုင်တဲ့ကိစ္စ ကူပါ။ ကရုဏာနဲ့ “ထူ" နိုင်တဲ့ ကိစ္စ ထူပါ၊ မုဒိတာနဲ့ “လှူ” နိုင်တဲ့ကိစ္စ လှူပါ၊ မကူနိုင်, မထူနိုင်, မလှူနိုင်တဲ့ကိစ္စမျိုးတွေ၊ ကူတိုင်းမဖြစ်, ထူတိုင်းမဖြစ်, လူတိုင်းမဖြစ်တဲ့ ကိစ္စမျိုးတွေမှာတော့ 'ကု' မနေပါနဲ့၊ 'ထူ' မနေပါနဲ့၊ “လူ” မနေပါနဲ့။ “ကူ” “ထူ" “” နေရင် “ပူ'' ရုံ 'ဆု' ရုံ 'ညူ' ရုံပဲ ရှိပါလိမ့်မယ်။ သူ့ထိုက်နဲ့ သူ့ကံပဲလို့ ကံတရားဘက်ကိုပဲ မျက်နှာ မူ” နေလိုက်ပါ တော့။

          “သတ္တဝါတွေရဲ့ ကိုယ်ပိုင်ဥစ္စာဟာ ကံတရားပဲ။ ကောင်းကံပြုခဲ့ရင် ကောင်းကျိုးရမယ်၊ ဆိုးကံပြုခဲ့ရင် ဆိုး ကျိုးရမယ်၊ ကောင်းကံကြောင့် ကောင်းကျိုးအမွေ စံစားရမယ်၊ ဆိုးကံကြောင့် ဆိုးကျိုးအမွေ ခံစားရမယ်၊ ကံသာအမိ, ကံသာအဖ၊ ကံသာမိတ်ဆွေ၊ ကံသာဆွေမျိုး' လို့ ကံနဲ့ သတ္တဝါ, သတ္တဝါနဲ့ကံ မကွဲမပြား တစ်သားတည်း ဖြစ်နေ တာကို အမြဲမပြတ် သုံးသပ်ဆင်ခြင်နေတာဟာ ဗြဟ္မစိုရ် ဥပေက္ခာကို ပွားများနေတာပါပဲ။

           ဗြဟ္မစိုရ်ဥပေက္ခာ ပွားများခြင်းကြောင့် အကုသိုလ်ကံတွေကို ရှောင်ကြဉ်ချင်တဲ့စိတ်၊ ကုသိုလ်ကံတွေကို ပြုလုပ်ချင်တဲ့စိတ် ထက်သန်လာပါတယ်။ ထက်သန်လာတဲ့ အတိုင်းလည်း ရှောင်ကြဉ်ဖြစ်၊ ပြုလုပ်ဖြစ်လို့ အကုသိုလ်ကံအသိုင်းအဝိုင်းနဲ့ အဆင်မချောမှုတွေနဲ့ တွေ့ကြုံလာတဲ့ အခါမှာလည်း စိတ်အေးချမ်းတည်ငြိမ်အောင် နေထိုင်နိုင် လာပါတယ်။ အကောင်းအဆိုး ဘယ်လောကဓံမျိုးကိုမဆို အပြုံးမပျက် ခံနိုင်ရည်ရှိလာပါတယ်။

          "ဗြဟ္မစိုရ်ဥပေက္ခာ” ဆိုတဲ့ 'ဥပေက္ခာ အဝန်း အဝိုင်း' ထဲမှာ လည်ပတ်လှုပ်ရှားနေတဲ့သူဟာ မြင့်မြတ် တဲ့သူပါ။ ဘာလို့လဲဆိုတော့ ဗြဟ္မစိုရ်ဥပေက္ခာဟာ 'မြင့်မြတ် သောဥပေက္ခာ” ဖြစ်လို့ပါပဲ။



Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)