Skip to product information
1 of 4

Other Websites

အရှင်ဆန္ဒာဓိက - ဘယ်အိမ်မှာနေကြမလဲ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

သတိအိမ်သာငြိမ်းအေးရာ 

ဘုန်းဘုန်းဘုရား ...

          ဘုန်းဘုန်းရေးတဲ့ “ဘယ်အိမ်မှာနေကြမလဲ' စာအုပ် ကို တပည့်တော် အထူး နှစ်သက်လှပါတယ် ဘုရား။

          အဲဒီစာအုပ်ထဲက ... ကွမ်းကြိုက်သူဥပမာလိုပဲ တပည့်တော် တရားကြိုက်တဲ့သူဖြစ်နေပါပြီ ဘုရား၊ တရား၊ အလုပ်က အချိန်မရွေး၊ အလုပ်မရွေးလုပ်နိုင်တော့ တပည့်တော် ကြိုက်တဲ့အလုပ်ကို အချိန်တိုင်း လုပ်နိုင်လို့ ဒီတရား အလုပ်ကို ကြိုက်မိတဲ့အတွက်လည်း ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပါတယ်ဘုရား။

          တပည့်တော် နောက်တစ်ချက် တွေ့ရှိရတာကကွမ်းကြိုက်သူက ကွမ်းစားရင်း အလုပ်လုပ်နိုင်လို့ သူကြိုက်တဲ့ ကွမ်းစားရပေမယ့် သူမကြိုက်တဲ့ အလုပ် လုပ်နေရရင် စိတ်ချမ်းသာမှာ မဟုတ်ဘူးဘုရား။ တရားကြိုက်သူကတော့ ကိုယ်မကြိုက်တဲ့ တခြားအလုပ် လုပ်နေရတာ ဖြစ်ပါစေ၊ တရားရှုမှတ်လိုက်ရင် အဲဒီ ကိုယ်မကြိုက်တဲ့အလုပ်ကနေ ကိုယ်ကြိုက်တဲ့အလုပ် ဖြစ်သွားပါတယ်ဘုရား။

          နောက်တစ်ချက်က တပည့်တော် အိမ်အလုပ် ပတ်လည်ဝိုင်းပြီး ရှုပ်နေပေမယ့် ရှုမှတ်ပြီး လုပ်တဲ့အခါ အလုပ်တွေ မြန်မြန်နဲ့ တစ်ခုပြီးတစ်ခု သပ်သပ်ရပ်ရပ်လည်း ပြီးသွားပါတယ်ဘုရား။ အချိန်ကုန်လည်း သက်သာပြီး ရှု မှတ်မှုပါနေလို့ ကိုယ်စိတ် ပင်ပန်းတင်းကျပ်မှုလည်း မရှုမှတ် ဘဲလုပ်တာနဲ့ ယှဉ်ရင် များစွာ သက်သာတာကို တွေ့ရပါ တယ်ဘုရား။

          ဘုန်းဘုန်းရေးတဲ့ “ငြိမ်းအေးသောဘဝပိုင်ရှင်" စာအုပ်ကလည်း တပည့်တော်ရဲ့ စိတ်၊ တပည့်တော်ရဲ့ ဘဝကို အများကြီး ငြိမ်းအေးစေပါတယ် ဘုရား။

          ဒီမြတ်စွာဘုရားရဲ့ တရားတော်တွေဟာ အခုချက်ချင်းကျင့်၊ အခုချက်ချင်း အကျိုးရပြီး သေမှငြိမ်းမယ့်တရား မဟုတ်ကြောင်းကို ကိုယ်တွေ့အားထုတ်လို့ သိခဲ့ပေမယ့်သိပ် သတိမမူမိခဲ့ပါဘူး ဘုရား။ ဒီစာလေးကို ဖတ်ပြီးမှ ကိုယ့်ကိုယ်တွေ့ကို သတိရပြီး တရားတော်ကို ပိုမိုမြတ်နိုး အားကိုးခဲ့ပါတယ်ဘုရား။

          ဒီစာအုပ်မှာ ပါတဲ့ မိုးကြီးလို့ စပါးတွေ ပျက်စီးပြီး သောကရောက်နေတဲ့ ပုဏ္ဏားကြီးအကြောင်း ဖတ်ရတော့တပည့်တော် အနာဂတ်နဲ့ ပတ်သက်ပြီး မျှော်လင့်တာတွေ သိပ်မရှိတော့ဘူး။ မစဉ်းစားချင်တော့ဘူးဆိုရင် ပိုမှန်ပါမယ်ဘုရား။

          အနာဂတ်နဲ့ ပတ်သက်လို့ ထားရှိတဲ့ စိတ်ကတော့ နှစ်စဉ် တရားဝင်ဖြစ်ချင်ပါတယ်။ ဒါန စတဲ့ ကုသိုလ်တွေ အခွင့်ရှိသလို ဆည်းပူးသွားမယ်။ သာသနာအကျိုးကို တတ် နိုင်သလောက် ဆောင်ရွက်ချင်ပါတယ်။ ဘယ်လိုဆောင်ရွက် ဖြစ်မယ်ဆိုတာတော့ သေချာမသိသေးပါဘူးဘုရား။

          စားဝတ်နေရေးနဲ့ ပတ်သက်လို့ကတော့ ဘာလုပ်ငန်းကြီး လုပ်ချင်လှတယ်လို့ မရှိဘူးဘုရား။ ကောင်းတာလုပ် ရင် ကောင်းကျိုးရပြီး ပေါ်လာတဲ့ အခွင့်အရေးကိုပဲ သမ္မာ အာဇီဝအလုပ်ဖြစ်ရင်ပြီးရော သူ့ဘာသာဖြစ်လာလိမ့်မယ်လို့ ခံယူထားပါတယ်။

          အနာဂတ်စားဝတ်နေရေးအတွက် သိပ်မပူဘူးဘုရား။ သူများက ကျောင်းပြီးရင် ဘာလုပ်ချင်လဲ၊ ဘာလုပ် မလဲမေးရင် ဖြေစရာမရှိဘူးဘုရား။

          တပည့်တော်ရဲ့ နေ့စဉ်ရည်မှန်းချက်က တရားမှတ် ဖြစ်ဖို့၊ နှစ်စဉ်ရည်မှန်းချက်က တစ်နှစ်တစ်ကြိမ် အနည်းဆုံး တရားရိပ်သာဝင်ဖြစ်ဖို့ တစ်ဘဝလုံး ရည်မှန်းချက်က တရား ထူးရဖို့နဲ့ နောက်ဆုံးရှုမှတ်ရင်းနဲ့ သေနိုင်ဖို့ပါပဲဘုရား။ မျှော် ရင် လင့်သွားမှာ စိုးလို့ပါဘုရား။

          အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိ၊ အတွေး၊ အာရုံခြောက်ပါးနဲ့ ပတ်သက်လို့ ရှုမှတ်တဲ့အခါ သိတဲ့စိတ်ရယ်၊ မှတ်တဲ့စိတ်ရယ်အတွဲလိုက် လျင်မြန်စွာ ဖြစ်ပျက်တာ ကို သိရပါတယ်ဘုရား။

          ဒီလိုရှုမှတ်လို့ ထူးခြားတာတချို့ကို ဖော်ပြချင်ပါ တယ်ဘုရား။ အသံနဲ့ ပတ်သက်လို့ သီချင်းသံတွေ ဆူညံနေ တဲ့အခါ စိတ်ရှုပ်တတ်၊ စိတ်တိုတတ်၊ ခေါင်းကိုက်တတ်ပါ တယ်ဘုရား။ ဒီလို ရှုမှတ်နိုင်တဲ့အခါကျတော့ အစကတည်း က ခေါင်းကိုက်ရင်တောင် ဆူညံသံကြားတဲ့အခါ ခေါင်း ကိုက်တာနဲ့ ဆူညံသံကို ထင်ရှားရာ တစ်လှည့်စီ မှတ်နိုင်လို့ စိတ်မတိုတော့ပါဘူးဘုရား။

          အရသာနဲ့ ပတ်သက်လို့ တပည့်တော် ရေခဲမုန့်ကြိုက်ပါတယ်ဘုရား။ ဒါပေမဲ့ မှတ်ပြီးစားရတဲ့အခါမှာ အေးတာ၊ ချိုးတာ၊ အရည်ပျော်သွားတာတွေပဲ သိပြီး ရေခဲမုန့် ကြိုက်တဲ့စိတ်မရှိတော့ဘူးဘုရား။ တပည့်တော် ဆန်ပြုတ်ကျတော့ မကြိုက်ဘူးဘုရား၊ ဆန်ပြုတ်မကြိုက်ခါမှ ချမ်းမြေ့မှာ တရားဝင်နေတုန်း ဖျားတော့ ဆန်ပြတ်ပဲ သောက်ရတယ် ဘုရား။

          အိမ်ကိုပြောရင် ပြန်ခေါ်မှာစိုးလို့ မပြောတော့ဘူး ဘုရား။ ဆန်ပြုတ်ကို အမှတ်နဲ့သောက်တော့ ပူတာ၊ ထိတာ၊ မျိုးချတော့ အီတာတွေ မှတ်ရင်း စားတော့ ဝင်သွားတာပဲ ဘုရား။ အစာဝင်တော့ အားရှိပြီး တရားတွေလည်းတက် သွားတယ်ဘုရား။ အဲဒီနောက်ပိုင်းမှာ အစာစားတဲ့အခါ အမှတ်မပါပေမယ့် အဆီများတဲ့အစာကလွဲရင် သိပ်ပြီး ကြိုက်လှတယ်၊ မကြိုက်ဘူးဆိုတာ မရှိတော့ဘူးဘုရား။

          အတွေးနဲ့ ပတ်သက်လို့တော့ စိတ်ညစ်စရာတွေပဲ တွေးတာ များပါတယ်ဘုရား။ တစ်ခါတလေ စိတ်ညစ်စရာဟုတ်တဲ့အတွေးတွေတောင်မှ တွေးတာများရင် သတိထား မီတဲ့အချိန်မှာ စိတ်က နောက်နေပြီး ခေါင်းလည်း မူးနေပါ တယ်ဘုရား။ အဲဒါကို မှတ်လိုက်ရင်တော့ တဖြည်းဖြည်း ကြည်လင်ပေါ့ပါးလာပါတယ်ဘုရား။ဝန်တိုမှုနဲ့ ပတ်သက်လို့ တခြားတစ်ယောက်က တပည့်တော်ကို ခင်ပြီး တခြားနောက်တစ်ယောက်ကို ၊ တပည့်တော်က ပြောဆိုဆက်ဆံတာကို မကြိုက်ရင် အဲဒီလူကို တပည့်တော် ခင်မင်မှုလျော့သွားတယ်။ တပည့်တော်ကို လွတ်လပ်ခွင့်ပေးပြီး တခြားတစ်ယောက်နဲ့ ပြောဆိုတာကို ဘယ်လိုမှ သဘောမထားရင် အဲဒီလူကို တပည့်တော် ပိုခင် တယ်။ စိတ်ကတော့ ဆန်းကြယ်သားဘုရား။

          တပည့်တော်အနေနဲ့တော့ ဥပမာ စာမေးပွဲဖြေတဲ့ အခါ ကိုယ်လုပ်နိုင်သလောက် လုပ်ပြီး ဖြေပါတယ်ဘုရား။ သူများနဲ့ ယှဉ်ပြိုင်ချင်စိတ်၊ သာလိုစိတ် မရှိဘူးဘုရား။ စိတ်ပင်ပန်းလို့။ ဒါပေမဲ့ အမှတ်စာရင်းထွက်တဲ့အခါကျရင်တော့ ကိုယ့်သူငယ်ချင်းထက် အမှတ်သိပ်နိမ့်နေရင်တော့ စိတ်မကောင်းဘူးဘုရား။

          သူ့ကိုမရစေချင်တာမဟုတ်ဘူး။ကိုယ်လည်းအမှတ်ကောင်းကောင်းရချင်တာပါဘုရား။

          ဗေဒင်နဲ့ ပတ်သက်လို့ လူနှစ်ယောက်ရဲ့ အဖြစ်အပျက်ကို ဖော်ပြချင်ပါတယ်ဘုရား။ နှစ်ယောက်စလုံးကယောက်ျားလေး၊ အသက်(၁၉)နှစ်ဝန်းကျင်၊ ကားစမောင်း ကြပါပြီဘုရား။ နှစ်ယောက်စလုံးရဲ့ အမေက ဗေဒင်တွေ ယုံတယ်၊ မေးတယ်။

          အဲဒီ နှစ်ယောက်ထဲမှာ ယောက်ျားလေးတစ် ယောက်ကလည်း ဗေဒင်ယုံတယ်။ တစ်ယောက်က မယုံ ဘူး။ ဗေဒင်မေးတဲ့အခါ အသက်ဘယ်လောက်အတွင်း ကားမမောင်းနဲ့။ ယာဉ်တိုက်မှုဖြစ်မယ်လို့ ဟောပါတယ် ဘုရား။

          ဗေဒင်ယုံတဲ့ကောင်လေးက အဲဒါကို စိတ်စွဲပြီး ကားမောင်းတော့ တကယ်ကားတိုက်တယ်ဘုရား။ ကြီးကြီး ကျယ်ကျယ်တော့ မဟုတ်ပါဘူး။ နောက်တစ်ယောက်က၊ မယုံတဲ့သူက စိတ်မစွဲတော့ ဘာမှမဖြစ်ဘူးဘုရား။ ဒါကို ပြန်သုံးသပ်ကြည့်တော့ ဗေဒင်ယုံတဲ့သူက မကောင်းတာဖြစ် မယ်ပြောတဲ့အခါ စိတ်စွဲပြီး ဖြစ်ဖို့တွန်းပို့သလို ဖြစ်နေတာကို သတိထားမိပါတယ်ဘုရား။

          “ရချင်လို့ မလုပ်ပေမယ့် လုပ်ရင် ရပါတယ်။ ရချင် ရင် မရပါဘူး။ မရချင်မှ ရတာပါ”

          ဒီစာသားလိုမျိုး တပည့်တော်ဘဝမှာ ခဏခဏ ဖြစ်တော့ သတိထားမိလာပါတယ်ဘုရား။ တပည့်တော် မိဘတွေကို ပူဆာခဲပါတယ်ဘုရား။ ဒါတောင်မှ ကိုယ်လိုချင် ဘာ ငါးခုလောက်မှာ တစ်ခုလောက် တောင်းဆိုတာတောင် မရပါဘူးဘုရား။ မိဘအရိပ်အခြေကြည့်ပြီး ဒီလိုတောင်းဆိုရတာ အင်မတန် ပင်ပန်းအားကုန်ပါတယ်ဘုရား။ မရပြန် တော့လည်း အင်မတန် ဆင်းရဲခဲ့ရပါတယ်ဘုရား။

          ဒါကြောင့် ရချင်စိတ်ဖြစ်ရတာကို စိတ်ကုန်ပြီး ပိုပြီး မပူဆာဖြစ်တော့ပါဘူးဘုရား။ ဒါကတော့ တရားအား မထုတ်ခင် ဆယ်ကျော်သက်အရွယ်တုန်းကပါဘုရား။

          အခုတော့ အကယ်၍ တောင်းဆိုတာ မရတဲ့အခါ ဖြစ်တတ်တဲ့ စိတ်ဆင်းရဲတတ်တာကို မတောင်းဆိုခင် စိတ် မဆင်းရဲအောင် ကြိုပြင်ပြီးမှ တောင်းဆိုပါတယ်ဘုရား။ စိတ် ကို သတိဦးပြီး ကြိုပြင်မိတဲ့အခါကျရင် စိတ်သက်သာရာရပါ တယ်ဘုရား။

ဘုန်းဘုန်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် တရားစာအုပ်တွေ အများကြီး ဆက်လက်ရေးသားနိုင်ပါစေ လို့ ဆုတောင်းမေတ္တာ ပို့သလျက် ...။

                                                           ကြည်ညိုလေးစားစွာဖြင့်

                                                 မကြည်ပြာ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)