စိတ်ကူးချိုချိုစာပေ
အန်တီမီးမီး - OASISဟင်းလျာများ
Couldn't load pickup availability
အိုအေစစ် ဟင်းလျာများ
ငါးနီတူငါးနဲ့ သင်္ဘောသီးအစိမ်းသုပ်
ပါဝင်သောပစ္စည်းများ
ငါးနီတူငါးအချိုခြောက် - ၁၀ ကျပ်သား သင်္ဘောသီးအစိမ်း(အသေး) - ၁ ခြမ်း ရှောက်ရွက်
- ၃ ရွက် သံပရာသီး
၁ လုံး အချိုအရသာအမှုန့် အနည်းငယ် မြေပဲအကျက်
- ၅ ကျပ်သား ငရုတ်သီးအစိမ်း
- ၂ တောင့် နှမ်းအလှော် - အနည်းငယ် ငါးငံပြာရည်အချို
အနည်းငယ် ငါးခြောက်ကြော်ရန် ဆီ - အလုံအလောက်
အန်တီမီးမီး
ပြင်ဆင်ချက်ပြုတ်ပုံ @ ငါးနီတူခြောက်ကလေးတွေကို ကြော်ပြီး ဆီစစ်ထားပါ။
သင်္ဘောသီးအစိမ်းကို အခွံခွာပြီး အမျှင်ပါးပါးလေးတွေရအောင်
ခြစ်ထားပါ။ @ မြေပဲကို မညက်တညက်ထောင်းထားပါ။ 8 ငရုတ်သီးစိမ်းကိုလည်း ပါးပါးလှီးပါ။ ။ 4 ပန်းကန်ကြီးကြီးတစ်ချပ်ထဲမှာ ပါဝင်တဲ့ အဆာပလာပစ္စည်းများနဲ့
သံပရာရည်ကို ညှစ်ထည့်ပြီး ဖွဖွလေး နယ်ပေးပြီးရင် စားရုံပါပဲ။ 5 ထမင်းနဲ့ တွဲဖက်စားရသလို၊ သွားရေစာအဖြစ် ရေနွေးကြမ်းနဲ့လည်း
သုံးဆောင်လို့ရပါတယ်။
အိုအေစစ် ဟင်းလျာများ
2
ဝက်အူချောင်း သီးစုံကြော်
ပါဝင်သောပစ္စည်းများ
ဝက်အူချောင်း(သို့)ကြက်အူချောင်း - ၁၀ ကျပ်သား မုန်လာဥနီ
၁ တောင့် ပြောင်းဖူးအဝါ
- ၁ ဖူး ပြောင်းဖူးအမည်း
- ၁ ဖူး ထိုင်ဝမ် မုန်ညှင်းရွက်
၁ စည်း ပဲပင်ပေါက်
| အနည်းငယ် ရွှေပဲသီးစိမ်း
၁၀ တောင့် ကြက်သွန်အဖြူ
၁ မြွှာ သီဟိုဠ်စေ့
- ၁၅ စေ့ ကြက်သားအမှုန့်
- စားပွဲတင်ဇွန်း တစ်ဝက်
အန်တီမီးမီး
သကြား ဆီမွှေး
မြေပဲဆီ ပဲငံပြာရည် အကျဲ
အနည်းငယ် စားပွဲတင်ဇွန်း ၁ ဇွန်း စားပွဲတင်ဇွန်း တစ်ဝက် အနည်းငယ်
ပြင်ဆင်ချက်ပြုတ်ပုံ & ဝက်အူချောင်းကို တစောင်းအကွင်းလေးတွေ လှီးပါ။ @ မုန်လာဥနီကို အမြှောင်းရှည်နဲ့ သေးသေး အတုံးလှီးပါ။ 3 ပြောင်းဖူးတွေကို အစေ့ချွေထားပါ။ ☎ ထိုင်ဝမ်မုန်ညင်းကို ပိုင်းဖြတ်ရန်။ 5 ပဲပင်ပေါက်နဲ့ အသီးအရွက်များအားလုံးကို ရေဆေးပြီး ဇကာနဲ့ ရေစစ်
ထားပါ။ ® ရွှေပဲသီးကို ဘေး ၂ ဖက်မှ အကြောလေးများခွာ၍ တစောင်းလေး
ပိုင်းဖြတ်ပါ။ @ ကြက်သွန်ဖြူကို ဓားပြားရိုက်ပါ။ ® ဒယ်ထဲတွင် ဆီမွှေးနဲ့ မြေပဲဆီကိုထည့်ကာ ဆီပူရင် ကြက်သွန်ဖြူနဲ့
ဝက်အူချောင်းကို ထည့်မွှေပါ။ ပြီးလျှင် မုန်လာဥအနီ၊ သီဟိုဠ်စေ့နဲ့ ပဲ ငံပြာရည်အကျဲ၊ အသားမှုန့်၊ သကြားတို့ကို ထည့်ပြီး သမအောင် လုပ်ပြီး ပြောင်းဖူးအစေ့ကိုပါ တစ်ပါတည်းထည့်၍ ရေသန့်ကို စားပွဲ တင်ဇွန်း ၂ ဇွန်းခန့် ထည့်ကြော်ပါ။ ၂ မိနစ်ခန့်နေရင် ကျန်တဲ့ ရွှေပဲသီး၊ မုန်ညင်းရွက်၊ ပဲပင်ပေါက်တွေကိုပါ ထည့်ကြော်ပြီး နှံ့စပ်အောင် မွှေကြော်ပေးရပါမယ်။ အသီးအရွက်ကို ကျက်ရုံလေး ခပ်စိမ်းစိမ်းကြော်ပါ။ ဒါမှ အသီးအရွက်ရဲ့ အာဟာရတန်ဖိုးများ မဆုံးရှုံး စေဘဲ ခန္ဓာကိုယ်ရဲ့အင်အားကို ဖြစ်စေမှာပါ။ အသီးအရွက်ကြော်ကို ပူပူနွေးနွေး စားသုံးမှ ကောင်းမွန်တဲ့အရသာကို ခံစားရမှာဖြစ်ပါတယ်။









