Skip to product information
1 of 14

စိတ်ကူးချိုချိုစာပေ

အန်တီမီးမီး - ကြက်သားစပါယ်ရှယ်

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out

ကြက်သားစပါယ်ရှယ်

ကြက်သားဟင်းများအတွက်

ဒီစာအုပ်က တစ်အုပ်လုံး ကြက်သားဟင်း တွေချည်းပဲ ပါဝင်တာပါ။ ဒါကြောင့် ဟင်းတွေ ချက်ပုံချက်နည်းအကြောင်းမပြောခင် ကြက်သား ကို စံချိန်မီဟင်းကောင်းတွေအဖြစ်ချက်ကြရာမှာ မချက်ခင် ခုတ်ထစ်ကြပုံ၊ တုံးပြီးသား ကြက်သား တွေကို အစိတ်အပိုင်းအလိုက် အမည်မှည့်ခေါ် ကြပုံ၊ ဟင်းကောင်းကောင်းချက်ပြီဆိုရင် လိုအပ် တဲ့ ကြက်ပြုတ်ရည်ပြုလုပ်ပုံ၊ ကြက်ပြုတ်ရည်ကို လိုရင် အသင့်ရအောင် အထုပ်ကလေးတွေ၊ အခဲ လေးတွေလုပ်ထားပုံတွေ အရင်ပြောပါမယ်။

အန်တီမီးမီး

ကြက်သားအရောင်အသွေးနဲ့ အသွင်အပြင်

လတ်ဆတ်တဲ့ကြက်သားဟာ ပန်းရောင်ပျော့ပျော့ အရောင် အဆင်းရှိ ပါတယ်။ စူပါမားကက်တွေက အေးခဲထားတဲ့အသားကိုဝယ်ရင်တော့ မာကျစ် ခဲနေတာကို ရမှာပါ။ ပြောင်းဆံပဲကျွေးထားတဲ့ ကြက်ဆိုရင်၊ ဒါမှမဟုတ် လွတ်လွတ်လပ်လပ် လွှတ်ထားတဲ့ကြက်ဆိုရင် အကောင်သေးတယ်၊ အသား ကျစ်မယ်။(ဗမာကြက်လို့ ဈေးကအလွယ်ခေါ်ကြတာမျိုးတွေပေါ့ ။) ဟင်း ချက်တဲ့အခါ အနံ့အရသာထူးမယ်။ အသားပေါတဲ့မွေးမြူရေးကြက်ကိုတော့ Barbecued ကြက်သားလို့ ခေါ်ပါတယ်။

ကြက်သားအစိတ်အပိုင်းလေးတွေကို အမည်တပ်ပုံ

ရယ်ဒီမိတ် ကြက်သား တွေ စူပါမားကက်မှာ ဝယ်ရင် (ပုံမှာပြထားတဲ့ အတိုင်း) ကြက် Gula c@wop:se: drumstick နဲ့ ကြက်ရင်ပုံဆိုပြီး ခွဲခြားထားတာ တွေ့ကြရပါမယ်။ ရင်ပုံက အ လယ်ကနေ ၂ ပိုင်းပိုင်းပြီး တစ် ပိုင်းစီ ခွဲရောင်းချတတ်ပါတယ်။

ကြက်ရင်ပုံသားမှာ ကျော ဘက်ကရှိနေတဲ့ မိုးခိုသားကို tenderloin လို့ခေါ်ပါတယ်။ သူ့ ကိုလည်း သီးခြား ဖယ်ထုတ်ထား

ကြက်သားစပါယ်ရှယ်

တတ်ကြပါတယ်။ ပြီးတော့ ရင်ပုံ သားမှာပဲ တွဲဆက်ရှိနေတတ်တဲ့ အမှေးပါးအဖြူတွေကို ဓားထက် ထက်နဲ့လှီးဖြတ်ပယ်ပစ်ရပါမယ်။

ကြက်သားကို ပြားပြားကျစ်ကျစ်ရအောင်

ကြက်ရင်ပုံသားကို ချက်ခါနီး ပြားပြားကျစ်ကျစ်လေးရချင်ရင် သစ်သားတင်းပုတ်သေးသေးနဲ့ ခပ်သာသာထုရိုက်ပေးရပါတယ်။

အန်တီမီးမီး

ကြက်ပြုတ်ရည် CHICKEN STOCK

ကြက်ပြုတ်ရည်ရအောင် တချို့က ကြက်တစ်ကောင်လုံး ထည့်ပြုတ် တယ်။ ကြက်သွန်ဥ ၂ လုံးလောက်ရယ်၊ မုန်လာဥနီ ၂ တောင့်ရယ်၊ ဆလတ်ရိုး celery တစ်စည်းရယ်၊ ဟင်းခတ် အမွှေးအကြိုင်ထုပ် bouquet garni ရယ်ထည့်ပြီး ရေ ၃ လီတာ(ရေသန့်ဘူးကြီး ၃ ဘူးစာ)ရယ်ထည့်၊ မီးဖိုပေါ်မှာ မီး သိပ်မပြင်းစေဘဲ အိုးကိုတည်

ထားရတာပါ။ ၃ နာရီလောက်ကြာအောင်တည်ပြီး ဖြည်းဖြည်းချင်း ဆူလာစေတာပါ။ အိုးထဲကပြုတ်ရည်ပေါ် ဝေ့တက်လာတဲ့အဆီတွေအားလုံး ဇွန်းနဲ့ ဖယ် ခပ်ပစ်ရပါတယ်။ တစ်ခါတလေ အမြှုပ်လည်းဖြစ်လာတတ်တယ်။ အားလုံးဖယ်ပစ်ရပါတယ်။ ၃ နာရီလောက်တည်ပြီးရင် ဆန်ခါစိပ်စိပ် သုံးပြီး ကြက်ပြုတ်ရည်ကို အရည်သန့်သန့်ရအောင် စစ်ယူရပါတယ်။ ကြက်သား ၁ ပိဿာကို ကြက်သွန်နီဥကြီး ၁ လုံး၊ ကြက်သွန်မြိတ် ၁ ပင်၊ မုန်လာဥနီ ၁ တောင့်၊ ဆလတ်ရိုး ၁ စည်း၊ ကရဝေးရွက် ၂ ရွက်၊ ငရုတ်ကောင်းစေ့ ၄-၅-၆ စေ့၊ စမုန်ဖြူပင် ၁ ပင်နဲ့ ရေ ၃ လီတာရောပြီး ၃ နာရီလောက်ကြာအောင် ပြုတ်တဲ့နည်းလည်း ရှိတယ်။ ဆီဝေ့လာရင်၊ အမြှုပ်တက်လာ ရင် ဖယ်ရတာတွေကတော့ အ တူတူပဲ။ ပြီးရင် အိုးထဲက အ ရည်တွေနဲ့ အဖတ်တွေကို ဆန် ခါ စိပ်စိပ်နဲ့စစ်ယူရပါတယ်။

ကြက်သားစပါယ်ရှယ်

။ ပြုတ်ရည်စစ်ယူလိုက်ပြီး ဆန်ခါမှာကျန်တဲ့ကြက်သားကို ပါစတာတွေ၊

ဆစ်ဝှစ်တွေမှာထည့်၊ ညှပ်စားနိုင်ပါတယ်။ သေသေချာချာစစ်ယူထားတဲ့ပြုတ်ရည်ကို မလှုပ်မရှားစေဘဲ အအေး ခံပြီး ရေခဲသေတ္တာ(အသီးအနှံသိုလှောင်ခန်း)မှာ တစ်ညလောက်ထား ပါ။ နောက်နေ့မှာ အဆီလွှာရှိ

သေးရင်ဖယ်ပစ်ပြီးမှ ပလပ် စတစ် အိတ်ငယ်တွေမှာ ကြက်သား ပြုတ်ရည်ကို ချင် တွယ် ထည့်ပြီး ရေခဲခန်း Freezer gs oopha38:003: နိုင်ပါတယ်။ တချို့ကလည်း ရေခဲခွက်ကလေးတွေမှာ ကြက်ပြုတ်ရည်ထည့်ပြီး ပြုတ်ရည်ကို အခဲ ဖြစ်အောင် ပြုလုပ်ထားပါတယ်။ ဟင်းချက်ရာမှာ သုံးခါနီးမှ ကြက်ပြုတ်ရည်ကို(လိုတဲ့အတိုင်းအတာ အထုပ် သို့မဟုတ် အခဲကို)ပြန်အပူပေးပြီးသုံးလိုက်ရုံပါပဲ။

အန်တီမီးမီး

အခု တင်ပြမယ့် ကြက်သားနှင့် အစေ့အဆံ ထောပတ်အနှစ်ဆလတ်မှာ

( ပရိုတင်း - ၃၀ ဂရမ်

အဆီ - ၄၅ ဂရမ် ကာဗိုဟိုက်ဒရိတ် - ၁ ဂရမ် ပါဝင်ပါတယ်။

အမျှင် - ၂ ဂရမ် ကိုလက်စထရော - ၁၁၅ မီလီဂရမ်

ကြက်သားစပါယ်ရှယ်

ကြက်သားနှင့် အစေ့အဆံ ထောပတ်အနစ်ဆလတ် Chicken with Brazil Nut Butter

ပါဝင်ပစ္စည်းများ

- ၄ ပိုင်း

- ၅ ကျပ်သား

ကြက်ရင်ပုံသား Brazil Nut မက်ကဒေးမီးယားအဆံ) (လှော်ပြီး-စားသုံးရန်အသင့်) ၊ ငရုတ်သီးအနီတောင့် အစေ့ထုတ်ပါးပါးလှီး

ထောပတ် ပင်စိမ်း(ပါးပါးလှီး)စားပွဲတင်ဇွန်း သံပရာရည်(လတ်လတ်ဆတ်ဆတ်ညှစ်) (လက်ဖက်ရည်ဇွန်း) သံလွင်ဆီ (လက်ဖက်ရည်ဇွန်း) ဆား/နှမ်းဆီ/သံပရာရည်အရောအနှစ်

- ၁ တောင့် - ၆ ကျပ်သား - ၂ ဇွန်း - ၁ ဇွန်း

- ၂ ဇွန်း - အနည်းငယ်

ပြင်ဆင်ချက်ပြုတ်ပုံ

  • ဘရာဇီးအသီးအဆံ(မက်ကဒေးမီးယားအဆံ)၊ ငရုတ်သီးအနီနဲ့ ထော ပတ်တို့ကို ကော်ဖီကြိတ်စက်လိုကြိတ်စက်ထဲထည့်ပြီး သမသွားအောင် ကြိတ်မွှေပါ။ အားလုံးရောသွားရင် ခွက်တစ်ခုထဲမှာထည့်ထားပါ။ ဒီ အရောထဲကို ပင်စိမ်းလှီးထားတာကိုရောမွှေပြီးခွက်ကို အဖုံးအုပ်ကာ ရေခဲသေတ္တာမှာထည့်ထားပါ။ ကြက်သားတုံးကို ဓားထက်ထက်နဲ့ ဟက်တက်ခွဲပြီး ပန်းကန်ပြား တစ်ချပ်

 

အန်တီမီးမီး

မှာထည့်ပါ။ ဆီ ၁ ဇွန်းနဲ့ သံပရာရည်ကိုရောစပ်ပြီး သမအောင် မွှေ

ထားပါ။ • ကြက်သားကို ဒယ်အိုး(မတူးတဲ့ဒယ်မျိုးလည်းရ)မှာ ပြောင်းထည့် ဒယ်အိုး

ကို အပူပေးပြီး ကြက်သားကိုတော့ ဆီနဲ့သံပရာရည်သုတ်လိမ်းရာမှာ အသားထဲစိမ့်အောင်နဲ့ နှံ့အောင်သုတ်ရပါတယ်။ ကြက်သားကို ဒယ်ထဲမှာ ၄-၅ မိနစ်ကြာအောင် ကင်လှိမ့်ပေးပါ။ ကြက်သားကို ကင်လှိမ့်ပြီးရင် ဒယ်ထဲ ဆယ်ယူပြီး ဓားထက်ထက်သုံး ကာ မထူမပါးအတုံးပြားလေးတွေလှီးပါ။ ကြက်သားဆလတ် တည် ခင်းတော့မယ်ဆိုရင်တော့ ပန်းကန်ပြားကို ဆလတ်လို အရွက်နုတစ်ခုခု ခင်းပြီး ကြက်သားတုံးကလေးတွေကို အစီအရီထပ်ထည့်ပါ။ နောက်ဆုံးမှာ နှမ်းဆီ၊ ဆားနဲ့သံပရာရည်ရောထားတဲ့အနှစ်ကို ကြက်သား ပေါ်ကပုံလိုက်ပါ။ ဒါဆိုရင် ကြက်သားဆလတ်တည်ခင်းတာပြီးပါပြီ။ တချို့က တရုတ်နံနံအရွက်ချည်းသက်သက်ကို အပေါ်က နည်းနည်းထပ် ဖြူးတတ်ပါတယ်။