Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

အန်တီချို - အပ်ချုပ်ပညာအမြန်သင်ယူခြင်း

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out

၁။

စုစုစည်းစည်း

စုစည်းလိုက်၊စုစည်း၊စုစည်းလိုက်ပါ။ဒီစာအုပ်ကအချုပ်အလုပ်အပ်ချုပ်ပညာမှာအမြန်နည်းချုပ်လုပ်ပုံတွေအကုန် ပြည့်စုံစွာ တင်ပြထားပြီး၊ အသက်မွေးဝမ်းကျောင်းအရ အပြီးသတ်ထားတဲ့စာအုပ် ဖြစ်ပါတယ်။

သင့်ရဲ့ အပ်ချုပ်ကိရိယာများ၊ အမှတ်အသားဆိုင်ရာပစ္စည်းများ၊ လိုအပ်ရာ အထောက်အကူများကို သင့်ရဲ့ အပ်ချုပ်စက်အနားမှာ စုဝေးထားပါ။ ကိရိယာလက်စွဲ သေတ္တာလေးနဲ့ထည့်ထားရင် ပိုရှင်းလင်းပါလိမ့်မယ်။ လင်ပန်းတွေထဲ ထည့်ထားမယ်ဆို ရင် အဆင်သင့်မြင်နိုင်တယ်။ အရာရာချုပ်နေစဉ် လက်လှမ်းယူနိုင်အောင် လက်တစ်ကမ်း အကွာမှာ ရှိနေပါစေ။

သင့် ရဲ့ လက်စွဲ ကိရိယာများ၊ အထောက်အကူပစ္စည်းများ စုစည်းထား

လက်စွဲကိရိယာ၊ အကြီးအငယ် ထွေရာသောင်းပြောင်းတွေ ရာဂဏန်းလောက်ရှိ လိမ့်မယ်။ ကောင်းစွာချုပ်နိုင်ဖို့ ဈေးကြီးတဲ့ကိရိယာတွေကိုတော့ သင် မလိုအပ်ပါ။ ကောင်း တဲ့ ကိရိယာတွေပဲ ဖြစ်ရမယ်။ သင့်အတွက်အချိန်တွေ စွမ်းအင်တွေ ချွေတာစေရမယ်။

ဖြတ်သောကိရိယာများ

ကတ်ကြေးများ၊ ညှပ်များ။ ခြံစည်းရိုးဖြတ်တဲ့ညှပ်ကြီးများ၊ ရိုးရိုးကတ်ကြေး က စတီးဖြစ်ရမယ်။ သံချေးလုံးဝမတက်စေရဘူး။ ပလိပ်ပြားတွေက နီကယ် စိမ်ထား ပြီး ဖြစ်ရမယ်။ ဒါမှ အစွန်းတွေဖြတ်ရာမှာ ချော်မထွက်မှာပါ။ ကတ်ကြေးနဲ့ ညှပ်ကြီးတွေ ခြားနားချက်က လက်ကိုင်ကွင်းပုံစံမှာ ကွာတယ်၊ ညှပ်ကြီးတွေ လက်ကိုင်ကွင်း ၂ ခု က အကြီးအသေး ကွာခြားတယ်။

ရိုတရီ အဖြတ်။ တီထွင်ထားတဲ့ဓား (Rotary Cutter) က ခြေရာကောက် ဖြတ်တဲ့ ဓားမို့ ရိုးရိုးဓားထက်ပိုထက်တယ်။ ထူထူချည်ထည်တွေကို ခပ်မြန်မြန် ဖြတ်တောက် နိုင်တယ်။ ဘယ်လက်နဲ့ ညာလက် အစုံသုံးနိုင်တယ်။ ဖြတ်တောက်ခုံပေါ်၊ ဖြတ်တောက် စားပွဲပေါ် အဝတ်ကိုတင်ပြီး ဖြတ်တောက်ပါ။

ဖြတ်တောက်စားပွဲ ။ အဝတ်ချည်ထည်တွေ ဖြတ်တောက်ရာ၊ ညှပ်ရာမှာ အောက်ခံတဲ့ စားပွဲပါ။ အမြင့်က ၃၆ လက်မ ရှိပြီး၊ မျက်နှာပြင်မာကျောရမယ်။ ကျွန်ုပ်တို့အများစုက ထမင်းစား စားပွဲပေါ်မှာပဲ ပြီးစလွယ်လုပ်တတ်ကြတယ်။ အဲဒီစားပွဲမျိုးက ၃ဝ လက်မပဲမြင့်တာမို့ လုပ်ရသူက ခါးပိုကုန်းရတတ်တယ်။

တိုင်းတာရေးကိရိယာများ

တိပ် (Tape)။ ပေကြိုး ခေါ် တိပ်က မရှိမဖြစ်ပါ။ တိုင်းတာရာမှာ အစနဲ့ အဆုံး နေရာမှတ်သားထားရမယ်။ ပျော့ပျောင်းတဲ့ ပလတ်စတစ်ပေတံ။ အပေါ်အောက် ထွင်းဖောက်မြင်နိုင်ရမယ်။ ၂"x ၁၂" ပေတံ ဗြက်အကျယ် ၁"x ၁၂" ပေတံ ဗြက်အကျဉ်း ၂ မျိုးစလုံး သုံးနိုင်တယ်။

မှတ်သားတဲ့မြေဖြူခဲ။ မြေဖြူခဲဖြစ်စေ၊ ရေဖြင့်ဖျက်ရသော အပြာရောင် မြေဖြူခဲ ဖြစ်စေ သုံးနိုင်တယ်။ သင်ဝတ်စုံဖျင်အထည်ပေါ် အစွန်းအထင်း မကျန်စေရ။

ရေနဲ့ဖျက်ရတဲ့ခဲတံ။ မှတ်သားပြီး ရေနဲ့ပြန်ဖျက်လို့ ရရမယ်။ အဝတ်ကို ဖိမချေရ။

အထွေထွေကိရိယာများနှင့် အထောက်အကူပစ္စည်းများ

ပင်အပ်များ။ သံချေးမတက်တဲ့ စတီးပင်အပ်များသုံးပါ။ ပမာဏ တစ်ပေါင်ခန့် ဝယ်ထားပါ။ ထိုးပြီးတဲ့ပင်အပ် ပြန်မသုံးရ။ ကောက်နေလို့ဖြစ်တယ်။ သုံးပြီးသား ပင်အပ်များ ကြမ်းပေါ် စားပွဲပေါ် ပစ်စလက်ခတ် ပွမနေစေရပါ။ ပလတ်စတစ်ခေါင်း ပါသော ပင်အပ်များသုံးရင် သူတို့က ပိုရှည်သဖြင့် ဝတ်စုံများတွဲရာ၌ အသုံးကျသည်။

အပ်ထောက်။ လက်နဲ့အပ်ချုပ်ရာတွင် လက်ညှိုး၊ လက်မထိပ်တို့ မလွဲမသွေ၊ အပ်ထောက်များစွပ်ပြီးချုပ်ပါ။ အပ်ထောက်ရဲ့ အစွပ်ကရှည်မှ နက်မှရတယ်။ တိမ်နေရင် လက်ချော်ကျွတ်ထွက်လို့ အပ်စူးမိနိုင်တယ်။

အပ်များ၊ လက်ချုပ်အတွက် အရွယ်ငယ်တဲ့အပ်များ (ဆိုက် ၈/၉) သုံးပါ။ ကြီးတဲ့အပ် တွေက ဖိုင်းဘရစ်အတုချည်များအတွက်ဖြစ်တယ်။ ဇာထိုးပန်းထိုးအပ်တွေက အပေါက် တွေရက်ပြီး ဖာရာမှာသုံးရန်ဖြစ်တယ်။

ကောဇောအပ် (ဆိုက် ၁၈/ ၂၀) တွေက ကြယ်သီးပေါက်တွေ တွဲချုပ်ဖို့၊ ပါးလွှာ လွန်းတဲ့ဖျင်စများအတွက်ဖြစ်တယ်။

ဖိသိပ်ရေးကိရိယာများ

မီးပူ။ လျှပ်စစ်မီးပူက အကောင်းဆုံး။ အောက်ခြေကသတ္တုမဟုတ်တဲ့ အောက်ခံ မျက်နှာပြင်ဖြစ်မှသာ ဖျင်စသားတွေ ဖိသိပ်ရာမှာ တွန့်ရာခေါက်ရာ မထင်မှာဖြစ်တယ်။ ဒေါင်လိုက်ရောအပြားလိုက်ပါ တိုက်နိုင်မယ်။ ဖိသိပ်ရေးအဝတ်စများ။ သင့်မှာ သန့်ရှင်းတဲ့ အဝတ်စတွေ များစွာရှိရမယ်။ အဝတ် အဝတ်ချင်း မျိုးတူရာနဲ့ ဖိသိပ်ရမယ်။

ဖိသိပ်ရေးအထုပ်။ ပိုလီအက်စတာ အစများစွာပေါင်းထားတဲ့ ဖိသိပ်ရေးအထုပ်က ဇာထိုးပန်းထိုးထည်များ၊ ကြယ်သီးတံဖုလုံးများ၊ အိတ်ကပ်များ၊ ကော်လာဖပ်များ ဖိရန် ဖြစ်တယ်။

သတိပြုစရာကလေးများ

စာရွက်စက္ကူ။ အပ်ချုပ်ရာ စက္ကူ အမျိုးအစားများစွာ လိုတယ်။ မူကြမ်းစက္ကူ၊ ပွရောင်းရောင်း စက္ကူချပ်ပြား၊ စမ်းသပ်ရေးစက္ကူ၊ ဖယောင်းစက္ကူ၊ တစ်သျှူးစက္ကူ၊ လက်နှိပ် စက်သုံးစက္ကူ (ကာဘွန်စက္ကူ) စတဲ့စက္ကူများစွာ သူ့နေရာနဲ့သူ အသုံးတည့်ပါတယ်။

ကော်။ ရေနဲ့ပြန်လျှော်လို့ရတဲ့ ရိုးရိုးကော် သုံးတဲ့အခါ ဖျင်စရဲ့ အကြမ်းဘက်တွေ ကပ်ပြီး ပြန်ခွာတဲ့အခါ အခက်အခဲမရှိ ပြန်ခွာနိုင်မှာဖြစ်တယ်။ ဂလူးကော်က အိတ်ကပ်တွေ နှစ်ထပ်ကပ်ရတဲ့နေရာတွေ၊ ဇစ်တပ်တာ၊ နောက်ခံအဖတ်ပိုတွေ၊ ကော်လာပြားတွေ၊ နဘေထပ်တွေမှာ အသုံးတည့်တယ်။

အသေကပ်ကော်က အောက်ခြေက အနားသတ်တွေ၊ ဝတ်စုံတွေရဲ့ ခေါက်ရိုး ချုပ်ကြောင်းနေရာတွေ သုံးရတယ်။ ဒီကော်မျိုးက အရောင်မဲ့ဖြစ်ပေမဲ့ ဖျင်စတချို့မှာအမည်းစက်တွေထင်တတ်တယ်။

အပ်ချည်။ သင့်ရဲ့ ချုပ်လုပ်မှုအများစုမှာ ရှည်လျားတဲ့ ပိုလီအက်စတာ အပ်ချုပ်လုံးကို သုံးရမယ်။ နိုင်လွန်ချည်က ဖျင်စများစွာမှာ သုံးနိုင်တယ်။ နိုင်လွန်ချည်နဲ့ချုပ်ရင် ချုပ်ရိုးကြောင်းကို မမြင်ရနိုင်ပါ။ ဒါပေမဲ့ မီးပူနဲ့တိုက်တဲ့အခါ အပူများခဲ့ရင် ချုပ်ရိုးတွေ အရည်ပျော်ကျသွားနိုင်တယ်။

ကြယ်သီးပေါက်ပိုးချည် ။ အားကောင်းတဲ့ချည်ဖြစ်ပြီး ရှည်ရှည်ဆွဲ သွားလည်း မပြတ်နိုင်ပါ။ ပိုးသားအရည်အသွေးက လွယ်ကူစွာစုစည်းစေတယ်။

အခြားအချိန် ချွေတာဖွယ်ရာများ

အပ်ချည်မှတ်တမ်းစာအုပ် log ။ ဝတ်စုံတစ်ခုချင်းကို သင်ဘယ်လိုချုပ်လုပ်ထားပုံ ကို မှတ်စုအသေးစိတ်မှတ်တမ်းတင်ထားတဲ့ log စာအုပ်ဖြစ်တယ်။ ဖျင်အမျိုးအစားနဲ့ ခေါက်ရိုးချုပ်နည်း၊ အကွက်အကွင်းအမှတ်စဉ်၊ ဆိုက်အမျိုးမျိုး၊ သင်ပြောင်းလဲချုပ်ပုံ၊ ဖျင်ကုန်ကျရသမျှပမာဏ၊ ချုပ်လုပ်နေစဉ် ပြဿနာများ ရေးမှတ်ထားတယ်။

ပလတ်စတစ်ကတ်။ ဖျင်စရဲ့ ထိပ်ပိုင်းမှာ သေးငယ်ပျော့ပျောင်းတဲ့ ပလတ်စတစ် ကတ်ပြားတစ်ခုသုံးပြီး ဝတ်စုံရဲ့ အောက်ဘက်နား ကြယ်သီးပေါက်တပ်ပြီးသုံးရင် ဖျင်စ လည်း မပျက်စီးနိုင်ပါ။

ပျားဖယောင်း (သို့) ဖယောင်းတိုင်အဖြူ။ ချည်တွန့်လိမ်ခြင်း၊ ကြေခြင်း လျော့ပါး ရန် ချည်တစ်လျှောက် ပျားဖယောင်း (သို့) ဖယောင်းတိုင်နဲ့ ပွတ်ဆွဲခြင်းဖြင့် ချည်တောင့်တောင့်ဖြောင့်ဖြောင့်ဖြစ်စေတယ်။ ဖယောင်းစက်၊ အဖတ်များချည်အပေါ် ကပ် မနေစေအောင် သတိပြုပါ။

အရက်ပြန်၊ ဆံပင်ဖျန်းအရည်။ ဖျင်စပေါ်တင်ကျန်နေသော ဘောပင်မင်စက်များ ဖျက်ရန်အရက်ပြန် (သို့) ဆံပင်ဖျန်းအရည် သုံးနိုင်တယ်။

ရေချိုးဆပ်ပြာ။ ဓာတုဖျင်စများစွာက ဓာတုအနံ့အသက်များ ထွက်လေ့ရှိတယ်။ ရေချိုးဆပ်ပြာနဲ့လျှော်လိုက်မှ အဲဒီအနံ့ပျောက်မယ်။ ဒီဒါးဂျင်အရည်နဲ့ မလျှော်ရ။

အလူမီနီယမ်ပြားပါးပါး။ ကတ်ဘုတ်ပြားကို အလူမီနီယမ်ပြားပါးပါးနဲ့ ဖုံးတာက ဖိသိပ်ရန်အတွက်ဖြစ်တယ်။ မီးပူသန့်ရှင်းရေး။ မီးပူကို သန့်ရှင်းသပ်ရပ်စွာ အမြဲထားပါ။ သဲ၊ ဖုန်မှုန့်တင်မက ပင့်ကူမျှင်တောင် ကပ်မနေရပါ။ မီးပူအောက်ခံပြားညစ်ပတ်ရင် ဖျင်စပါညစ်ပတ်မယ်။