Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

အန်တီချို - သင့်ကလေးငယ်ဦးနှောက်တည်ဆောက်ပုံနှင့်လေ့ကျင့်ပျိုးထောင်နည်းများ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

သင့်ကလေးငယ်၏ ဦးနှောက်

မွေးဖွားခါစအချိန်မှာ ကလေးငယ်တိုင်းရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ နှလုံး၊ အဆုတ်၊ ကျောက်ကပ်တွေဟာ ပြည့်ပြည့်ဝဝ ဖွံ့ဖြိုးနေလေ့ရှိပြီး အရွယ်ရောက်သူတွေရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေထက်တော့ သေးငယ်လျက်ရှိနေကြပါတယ်။ ထူးခြားတာကဖော်ပြပါ အင်္ဂါအစိတ်အပိုင်းတွေ မွေးဖွားခါစမှာ ဖွံ့ဖြိုးနေသော်လည်း ဦးနှောက်ကတော့ ဖွံ့ဖြိုးမှုမရှိသေးပါဘူး။

ဦးနှောက်က ကိုယ်တိုင်တည်ဆောက်သည်

မြို့တစ်မြို့မှာ နေထိုင်တယ်ဆိုရင် အိမ်အတော်များများမှာ တယ်လီဖုန်းရှိနေတာ မှန်ပေမဲ့ ရှိသမျှဖုန်းတွေကို အကုန်လုံး သုံးလို့မဖြစ်ဘဲ မိမိအတွက် အဆင်ပြေမယ့်ဖုန်း အနည်းငယ်ကိုသာ အသုံးပြုနိုင်တာကို တွေ့ရပါတယ်။ ဒီအခြေအနေဟာ ဖုန်းစနစ်တစ် ခုလုံးနီးပါးကို အကုန်အသုံးမပြုနိုင်သေးတဲ့သဘော၊ ဦးနှောက်သည်လည်း မွေးဖွားခါစ ကလေးငယ်မှာ အချိန်တိုအတွင်း မဖွံ့ဖြိုးသေးတဲ့သဘောတို့ကို တူညီစေပါတယ်။

ကိုယ်ဝန်ဆောင်ထားတဲ့ကာလ ရက်သတ္တ ၆ ပတ်ကနေ ၅ လအတွင်းထိ သင့် ကလေးငယ်ရဲ့ ဦးနှောက်ဟာ ဆဲလ်ပေါင်း ဘီလီယံ ၁ဝဝ ခန့်နဲ့ ဖြည်းဖြည်းချင်း တည်ဆောက်ဖွံ့ဖြိုးလာရပါတယ်။ အချို့သော ဦးနှောက်ဆဲလ်တွေဟာ မွေးဖွားခြင်းနဲ့ ဆက်စပ် နေပြီး အများစုကတော့ ဆက်စပ်ပတ်သက်မှုမရှိကြပါဘူး။ ။

ဘဝသက်တမ်းရဲ့ ပထမ ၅ နှစ်အတွင်းမှာ သင့်ကလေး ဦးနှောက်က ဆင့်ကဲ ဖွံ့ဖြိုးလာပြီး ဦးနှောက်ဆဲလ်များ ဖွဲ့စည်းဆက်သွယ်နိုင်မှု အားကောင်းခြင်း မရှိသေးသ၍အလုပ်လုပ်နိုင်မှုမှာ ခက်ခဲနေမှာဖြစ်ပါတယ်။

သင်က နှင်းတွေထူထဲစွာ ကျနေတဲ့လမ်းမှာ လမ်းလျှောက်ရတဲ့အခါနဲ့ မြက်ပင် ရှည်တွေ ထူထဲစွာပေါက်နေတဲ့ တောထဲမှာ လမ်းလျှောက်ရတဲ့အခါမျိုးမှာ နှေးကွေး လေးလံပြီး အခက်အခဲရှိတာမျိုးကို သတိပြုမိပါသလား။ ဒီလို ခက်ခဲတဲ့ အခြေအနေမျိုး ကို သင်ကိုယ်တိုင် လမ်းထွက်ပြီး လျှောက်နိုင်အောင် ကြိုးစားရပုံနဲ့ သင့်ဦးနှောက် ကောင်း မွန်စွာ အလုပ်လုပ်နိုင်အောင် ကြိုးစားရပုံတို့ သဘောချင်းတူညီနေတာကို တွေ့ရပါတယ်။ သင့်ကလေးအနေနဲ့ ဦးနှောက် ဖွံ့ဖြိုးစွာ တည်ဆောက်နိုင်မှုအတွက် အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့ဆိုတဲ့ အာရုံ ၅ ပါးကို အဓိကအသုံးပြုရပါတယ်။ ကလေး ငယ်ရဲ့ ဦးနှောက်က အထက်ပါ အာရုံတွေကို ၎င်းတို့ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အလိုက် အသုံးချပြီး ဦးနှောက်ရဲ့ ခွဲခြားအသိအမှတ်ပြုနိုင်စွမ်းနဲ့ အရာရာကို အမှတ်သညာ ပြုနိုင်ခြင်းရှိအောင် အခက်အခဲများစွာနဲ့ ကြိုးစားလေ့ကျင့်ပေးရပါတယ်။

ကလေးငယ်အနေနဲ့ အထက်ပါအာရုံတွေကို အကြိမ်ကြိမ် တွေ့ကြုံခံစားရပြီး ဦးနှောက်ကလည်း အထပ်ထပ်အခါခါ မှတ်သားပေးမှာဖြစ်ပါတယ်။ ဒီလိုနဲ့ ဦးနှောက်နဲ့ အာရုံ ၅ ပါးတို့ ကြိမ်ဖန်များစွာ ထိတွေ့ဆက်သွယ်မှုရှိလာတဲ့အခါ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကလည်း အားကောင်းလာမှာဖြစ်ပါတယ်။ ဦးနှောက်ဖွံ့ဖြိုးမှု ဆင့်ကဲဖြစ်စဉ် နဲ့ အာရုံ ၅ ပါးတို့ဆက်သွယ်မှုဟာ ကလေးငယ်တစ်ဦးချင်းစီရဲ့ တွေ့ကြုံခံစားမှုတွေ ကွဲပြားမှုအပေါ် မူတည်ပြီး အဲဒီကလေးတွေရဲ့ စဉ်းစား၊ သိရှိပုံ၊ ခံစားပုံ၊ ပြုမူပြောဆိုပုံ၊ သင်ယူနားလည်ပုံတွေ ကွာခြားသွားမှာဖြစ်ပါတယ်။ ။

ဒီဖြစ်စဉ် သဘာဝအရ ကျွန်ုပ်တို့ လူသားအားလုံးဟာ ငယ်စဉ်ကလေးဘဝမှာက တည်းက အခြားအင်္ဂါအစိတ်အပိုင်းတွေ ပြည့်စုံစွာ ဖွံ့ဖြိုးလျက်ရှိနေပေမဲ့ ဦးနှောက်ကိုတော့ ကျွန်ုပ်တို့ရဲ့ အာရုံ ၅ ပါး ကြုံတွေ့မှုအကြိမ်များစွာအပေါ် အဓိက အားကိုးပြီး ဖြစ်တည်အောင် ကျွန်ုပ်တို့ကိုယ်တိုင် (သို့) ဦးနှောက်ကိုယ်တိုင်က ဆင့်ကဲ တည်ဆောက် ပေးနိုင်တဲ့သဘောကို လက်ခံရမှာဖြစ်ပါတယ်။ ။

အသက် ၃ နှစ်အရွယ်ရောက်ချိန်မှာ ဦးနှောက်ရဲ့ ဖွံ့ဖြိုးမှုက အရှိန်အဟုန်ကောင်း လာပြီး အပြောအဆို၊ အပြုအမူ၊ အနေအထိုင်နဲ့ စိတ်ခံစားမှုအပိုင်းတွေမှာ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံ အားကောင်းလျှင် အားကောင်းသလို လျင်မြန်သွက်လက်နေတာကို တွေ့ရ ပါမယ်။ သစ်ပင်တစ်ပင်ရဲ့ အောက်ခြေအမြစ် မူလထက် ပိုမိုကြီးထွားရှင်သန်နိုင်စေဖို့ သစ်ပင်ဆီက အသုံးမလိုတဲ့ အကိုင်းအခက်တွေ ခုတ်ဖြတ်ဖယ်ရှားပစ်ရတဲ့နည်းတူ ဦးနှောက် ကလည်း အသုံးမပြုတဲ့ ချိတ်ဆက်မှုတွေကို (သို့) တစ်ခါတစ်ရံမှသာ အသုံးပြုတဲ့ အစိတ်အပိုင်းတွေကို လုံးဝဖယ်ရှားမေ့ပစ်တတ်ပါတယ်။ တစ်နည်းဆိုရလျှင် ဦးနှောက်က မသုံးမဖြစ်တဲ့ (သို့) အရေးပါတဲ့ အစိတ်အပိုင်း ကဏ္ဍတွေကိုသာ ဦးစားပေး ဆောင်ရွက် တဲ့သဘောကို ဖော်ပြနေပါတယ်။

အခွင့်အရေးဟူသော ပြတင်းပေါက်များ

ဦးနှောက်ရဲ့ အချို့သောအစိတ်အပိုင်းတွေဟာ သတင်းအချက်အလက် အသစ် တွေကို အခြားသော အစိတ်အပိုင်းတွေထက် ပိုမိုလွယ်ကူစွာ သင်ယူနိုင်ကြတာကြောင့် ထိုအခြေအနေမျိုးကို အခွင့်အရေးပြတင်းပေါက်များလို့ ခေါ်နိုင်ကြောင်း သိပ္ပံပညာရှင်တွေ က ဆိုပါတယ်။

ဘဝသက်တမ်းရဲ့ ပထမဆုံးသော နှစ်အနည်းငယ်အတွင်းမှာ အဆိုပါ ပြတင်းပေါက် အချို့က ပွင့်နေပြီး နောက်ပိုင်းမှာတော့ ပြန်ပိတ်သွားတတ်ကြပါတယ်။ ဥပမာအနေနဲ့ ဦးနှောက်ရဲ့ မြင်နိုင်စွမ်းအတွက် ချိတ်ဆက်လုပ်ကိုင်မှုဟာ ပထမ ၃-၄ လအတွင်းမှာ စတင်ဖြစ်ပေါ်ပြီး ထို ၃-၄ လတာကာလအတွင်း မြင်နိုင်စွမ်းအတွက် အလုပ်မလုပ်နိုင် ရင်တော့ ရာသက်ပန်အမြင်အာရုံ ဆုံးရှုံးသွားမှာဖြစ်ပါတယ်။

(ကလေးရဲ့ အမြင်အာရုံဆုံးရှုံးနိုင်ခြင်းနဲ့ပတ်သက်ပြီး နောက်ပိုင်းတွင် ဆက်လက် ဖော်ပြပါမည်)

အခြားသော အခွင့်အရေးပြတင်းပေါက်တွေအနေနဲ့ တာရှည်စွာ ဆက်လက်ပွင့်နေဆဲ ရှိနေတတ်ပါတယ်။ ထိုအနေအထားမှာ အလွယ်တကူ သင်ယူမှုတွေ ရှိနေတတ်ပါတယ်။ အထူးသဖြင့် ပထမ ၅ နှစ်တာကာလဟာ ပညာသင်ကြားခြင်းအတွက် အကောင်းဆုံး အချိန်ကာလဖြစ်ပါတယ်။ သင်ကြားခြင်းကာလအတွက် အကောင်းဆုံးလို့ဆိုရာမှာအသက် ၅ နှစ်ပြည့်လို့ ကျောင်းနေ ပညာသင်ကြားခြင်းသဘောကို မဆိုလိုပါဘူး။ ဦးနှောက်က မှတ်သားနိုင်စွမ်း စတင်အားကောင်းနေတဲ့ သဘောကိုသာ ဆိုလိုပါတယ်။ ပညာသင်ကြားခြင်းအတွက် အကောင်းဆုံးကာလအပိုင်းအခြားတွေကတော့ အသက် ၅ နှစ်မှ စတင်ပြီး အသက် ၁၅ နှစ်နဲ့ ၂၀ ဝန်းကျင်အရွယ်မှာတော့ ဦးနှောက်က မြင့်မားတဲ့ အသိဉာဏ်၊ မြင့်မားတဲ့ မှတ်နိုင်စွမ်းတွေနဲ့ အဆင့်မြင့်ပညာတွေကို သင်ယူနိုင်ပြီး ကောင်း မွန်စွာ စဉ်းစားတွေးခေါ်မှုတွေကိုပါ လုပ်နိုင်မှာဖြစ်ပါတယ်။

ဦးနှောက်အား အစာအာဟာရကျွေးမွေးခြင်း

သင့်ကလေးငယ်ရဲ့ ဦးနှောက်ကို အစာအာဟာရ ကျွေးမွေးတဲ့ နည်းလမ်းတွေများစွာ ရှိနေပါတယ်။ သင့်ကလေးကို စကားပြောပေးတာ၊ စာဖတ်ပြတာ၊ ကလေးငယ်နဲ့အတူသီချင်းဆို ကဗျာရွတ်တာ၊ ကလေးနဲ့ မကြာခဏ ထိတွေ့ ပေးတာတွေဟာ သင့်ကလေးရဲ့ ဦးနှောက်ကို အစာအာဟာရ ကျွေးမွေးခြင်းသာ ဖြစ်ပါတယ်။

ကလေးငယ်ကို အစာအာဟာရတွေ ကျွေးမွေးခြင်းဟာ သင့်ဦးနှောက်အပါအဝင် ကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံးကို ရှင်သန်ကြီးထွားအောင် လုပ်ပေးခြင်းဖြစ်ပြီး ၎င်း အစာအာဟာရတွေနဲ့အတူ မိခင်မေတ္တာကိုပါ ထည့်ဝင်ပေါင်းစပ်ပေးနိုင်ရင်တော့ ဦးနှောက် ဖွံ့ဖြိုးမှုက သာမန်အစိတ်အပိုင်းတွေထက် ပိုမိုထူးခြားနေပါလိမ့်မယ်။

တကယ်လို့များ သင့်ကလေးငယ်က စောစီးစွာ မွေးဖွားလာရင် (သို့) ကိုယ်အင်္ဂါ မပြည့်မစုံ မသန်မစွမ်းနဲ့ မွေးဖွားလာတယ်ဆိုရင် ဦးနှောက်ကို ဖွံ့ဖြိုးမှုအားကောင်းအောင် အာရုံ ၅ ပါးနဲ့ဆိုင်တဲ့ အတွေ့အကြုံကောင်းတွေ ကောင်းကောင်းပေးခြင်းနဲ့ အစာအာဟာရ ဖြည့်ပေးနိုင်ပါတယ်။ လိုအပ်ပါက ကလေးငယ်ရဲ့ ဦးနှောက်နဲ့ပတ်သက်ပြီး ကျွမ်းကျင်သူ ဆရာဝန်နဲ့ ပြသပေးရပါမယ်။ ။