အထောက်တော်လှအောင် - ညမုဆိုး
အခန်း (၁)
မိုင်ပေါင်းတစ်ထောင်ကျော်မှာရှိသည့် ကာလာဟာရီ သဲကန္တာရကို ဖြတ်သန်းလာ သော လေကလေးက ခပ်သာသာ တိုက်ခတ်နေသည်။ ဇမ်ဘက်ဇီမြစ်ဝှမ်းဒေသရှိ ကျောက် ကမ်းပါးယံများသို့ ရောက်သောအခါ ထိုလေသည် အကွဲကွဲအပြားပြား ဖြစ်သွားရလေ၏။
ဆင်ပြောင်ကြီးသည် ကျောက်တောင်စွန်းတစ်ခု၏ အောက်မှာ ရပ်နေသည်။ မိုး ကောင်းကင်နောက်ခံတွင် သူ့ကိုယ်လုံးမည်းမည်းကို အရိပ်အဖြစ်နှင့်သာ မြင်တွေ့ရသည်။ သစ်ပင်များက ရွက်သစ်ဝေနေသည် တစ်ကြောင်း၊ နောက်ခံကျောက်တုံးက ညိုမောင်းနေ သည် တစ်ကြောင်းတို့ကြောင့် ́ကြီးမားသော သူ၏ကိုယ်လုံးကြီးသည် ထိုပတ်ဝန်းကျင်တွင် ရောထွေးပျောက်ကွယ်နေလေသည်။
သူ့နှာမောင်းကို ပေနှစ်ဆယ်အမြင့်လောက်သို့ မြှောက်လိုက်ပြီး လေကိုစုပ်ယူသည်။ ပြီးတော့ ထိုနှာမောင်းကို ပါးစပ်တွင်းသို့သွင်းပြီး အနံ့ခံကြည့်သည်။မိုင်ပေါင်းများစွာဝေးကွာသည့် သဲကန္တာရအတွင်းမှ သဲမှုန့်နံ့များကို လည်းကောင်း၊ တောပန်းပေါင်းစုံတို့၏ အနံ့များကို လည်းကောင်း၊ အောက်မှာရှိနေသည့် ချိုင့်ဝှမ်းထဲမှ ကျွဲ အုပ်၏ အနံ့ကိုလည်းကောင်း၊ သူတို့ သောက်သုံးခဲ့ကြသည့် ရေအိုင်အတွင်းမှ ရေနံ့များကို လည်းကောင်း ကောင်းစွာအနံ့ခံရရှိနေသည်။ထိုအနံ့များသည် မည်သည့်အရပ်မှ ရောက်လာခြင်းဖြစ်ပြီး မည်သို့သော အဲနံ့မျိုး ဖြစ်သည်ကိုပါ တိတိကျကျ ခွဲခြမ်းစိတ်ဖြာကာ သိရှိနေခြင်းဖြစ်သည်။သို့သော် သူ ရှာဖွေစူးစမ်းနေသော အနံ့သည် ထိုအနံ့များမဟုတ်ပါ။ အခြားသော အနံ့များကို ဖုံးလွှမ်းကာ ပိုမိုစူးရှသော အနံ့တစ်ခုကို ရှာဖွေစူးစမ်းနေခြင်းသာ ဖြစ်ပါသည်။
ဒေသခံ အသားစားသူတွေသောက်သည့် ဆေးလိပ်နံ့၊ မလျှော်မဖွပ်ဘဲထားသော အဝတ်အစားများမှ ချွေးနံ့၊ ကာဘော်လစ်ဆပ်ပြာနံ့နှင့် သားရေစိမ်းနံ့တို့ ရောထွေးနေသော လူနံ့ကို သူ ရှာဖွေစူးစမ်းကြည့်နေခြင်းသာ ဖြစ်ပါသည်။ထိုလူနံ့က ရှိမြဲရှိနေသည်။ သူတို့နောက်သို့ ထိုအနံ့ လိုက်လာသည်မှာ ရက်ပေါင်း များစွာရှိပြီ။ ထိုသို့ လိုက်လာကတည်းက ထိုအနံ့ကို တစ်လျှောက်လုံး ရှူရိုက်အနံ့ခံနေရခြင်း ဖြစ်သည်။
ဘိုးဘေးဘီဘင်တို့၏ လက်ထက်ကတည်းက ဆက်ခံယူခဲ့ရသော ဒေါသများသည် ဆင်ပြောင်ကြီး၏ကိုယ်ထဲမှာ အလိပ်လိုက် တက်လာပြန်သည်။
ရေတွက်ခြင်းငှာ မစွမ်းနိုင်သော သူတို့၏ မျိုးဆက်များနောက်သို့ ထိုအနံ့သည် အမြဲတစေ လိုက်နေခဲ့သည်။ သူကိုယ်တိုင် ဆင်ပေါက်ကလေး ဘဝကတည်းက ထိုအနှံ့၏ ထက်ကြပ်မကွာ လိုက်ပါမောင်းနှင်ခြင်းကို ခံခဲ့ရကာ ထိုအနံ့ကို ကြောက်ရကောင်းမှန်း၊ မုန်းတီးရကောင်းမှန်း ကောင်းစွာ သိနားလည်ခဲ့ပြီးလည်း ဖြစ်သည်။
သို့သော်လည်း ရှည်လျားလှသည့် သူ့ဘဝတွင် ထိုအနံ့လိုက်ခြင်းမခံရဘဲ အကြား အလပ်ရှိသည့် အချိန်ကလေးတစ်ချိန်တော့ ရှိခဲ့ဖူးပါသည်။ထိုအကြားအလပ်ဆိုသည်မှာ ဆယ့်တစ်နှစ်တိုင်တိုင် ကြာမြင့်ခဲ့သည်။ ထို့ကြောင့် လည်း သူတို့ ဆင်အုပ်များအနေဖြင့် ဇမ်ဘက်ဇီမြစ်ချိုင့်ဝှမ်းဒေသမှာ အေးချမ်းစွာ နေခွင့်ရ ခဲ့ကြလေသည်။
သူတို့၏ ရန်သူလူသားများအချင်းချင်း စစ်ခင်းနေကြသောကြောင့် သို့ကလို အေး ချမ်းစွာ နေခွင့်ရခဲ့သည့် အကြောင်းရင်းကိုမူကား ဆင်ပြောင်ကြီးခမျာ မသိနားမလည်နိုင်ရှာပါ။
ပြည်တွင်းစစ်ဖြစ်နေသောကြောင့် တောတွင်းမုဆိုးများ၊ တိရိစ္ဆာန်ကောင်ရေ လို အပ်သည်ထက် ပိုမိုမတိုးပွားရအောင် ထိန်းသိမ်းရသော အမှုထမ်းများသည် ဇမ်ဘက်ဇီမြစ် ၊ ချိုင့်ဝှမ်းဒေသသို့ လာခွင့်မရကြ။ထို့ကြောင့် ဆင်အုပ်များသည် အေးချမ်းစွာ နေခွင့်ရခဲ့ကြကာ ထိုကာလများအတွင်း ဆင်ကောင်ရေလည်း များစွာ တိုးပွားခဲ့လေသည်။
ယခုမူ လူသားများက သူတို့နောက်သို့ သဲကြီးမဲကြီးဖြင့် မနားတမ်း လိုက်နေကြပြန်ပြီ။
ဆင်ပြောင်ကြီးသည် ကြောက်စိတ်နှင့် ဒေါသစိတ်ကို တစ်ပြိုင်တည်း ခံစားနေရသည်။
သူ့နှာမောင်းကြီးကို လေထဲသို့ တစ်ကြိမ်မြောက်ပြန်သည်။ လေများကို စုပ်ယူပြန် သည်။ နှာမောင်းကို ပါးစပ်တွင်းသို့သွင်းကာ အနံ့ခံကြည့်ပြန်သည်။ပြီးတော့ နောက်ပြန်လှည့်ကာ ကျောက်ဆောင်တန်းဆီသို့ ခြေသံလုံလုံဖြင့် ပြန် လှည့်လာခဲ့သည်။ မိုးကောင်းကင်နောက်ခံဖြင့် သူ့ကိုယ်လုံးကြီးက ထင်ရှား ပေါ်လွင်သွားပြန် သည်။ နောက်မှ မနားတမ်းလိုက်နေသည့် လူနံ့ကို သူ ရနေဆဲဖြစ်သည်။
ကျောက်တန်းကြီး၏နောက်ကွယ် ဆင်ခြေလျှောတွင် ပြန့်ကျဲနေသော ဆင်အုပ်ရှိ ရာသို့ သူ လျှောက်လာခဲ့သည်။သူ့ဆင်အုပ်တွင် ဆင်ကောင်ရေပေါင်း သုံးရာခန့်ရှိသည်။ သစ်ပင်များကြားမှာ အစာရှာစားနေကြသည်။ သားသည်အမေများကတော့ သူ့တို့သားသမီး ဆင်ပေါက်ကလေး များနှင့် အတူရှိနေကြသည်။အချို့ ဆင်ပေါက်ကလေးများမှာ ဝက်ဝဝကလေးများလားဟု ထင်မှတ်ရသည်။မိခင်ဆင်မကြီး၏ ဝမ်းဗိုက်အောက်သို့ ဝင်နိုင်လောက်အောင် ငယ်ရွယ်ကြသေးသည်။အရွယ်အတော်အသင့် ရနေပြီဖြစ်သည့် ဆင်ပေါက်ကလေးများကမူ ဆူညံစွာ ဆော့ကစားနေကြသည်။ ထို့ကြောင့် ဆင်ကြီးများက အဆော့လွန်သည့် ဆင်ကလေးများအား သစ်ကိုင်းများမျိုးယူကာ ရိုက်နှက်ဆုံးမနေကြရသည်။ ထွေးလုံးရစ်ပတ်ဖြစ်နေသည့် ဆင်ကလေး များကို ဆင်ချင်းခွဲပေးနေကြရသည်။အရွယ်ရောက်ပြီးဖြစ်သော ဆင်မများနှင့် ဆင်ထီးများသည် ချုံဖုတ်များထဲရှိ ဗယ်ရီ သီးများကို နှာမောင်းနှင့် ခူးယူစားသောက်နေကြသည်။ အချို့က သစ်ခေါက်များကို အစွယ် ဖြင့်ထိုးပြီး ခွာယူနေကြသည်။အချို့ဆင်များကမူ သစ်ပင်ထိပ်ဖျားမှာရှိသော ရွက်နုများကို အစာတောင်းသည့် ခွေးကဲ့သို့ ပတပ်ရပ်ပြီး ခူးယူနေကြသည်။ အချို့က ပင်စည်ကို ကိုယ်လုံးနှင့် ခပ်ပြင်းပြင်းတိုက်ကာ အရွက်များကို ခြွေချနေကြသည်။အားကောင်းသော ဆင်နှစ်ကောင်ကမူ ပေခြောက်ဆယ်ခန့်မြင့်သည့် သစ်ပင်တစ် ပင်ကို သူတို့ကိုယ်လုံးနှစ်ခု၏အားဖြင့် တွန်းလှဲပစ်လိုက်ကြသည်။ ကျယ်လောင်သော အသံ” မြည်ပြီး သစ်ပင်လဲကျသွားသည်။ ထိုအခါကျမှ အဖျားပိုင်းမှာရှိသော ရွက်နုများကို သူတို့ စိတ်တိုင်းကျ စားသောက်နိုင်ကြတော့သည်။ကျောက်ဆောင်တန်းကိုဖြတ်ပြီး ဆင်ပြောင်ကြီး ရောက်လာသည်။စောစောက ကျွက်ကျွက်ညံနေသော ဆင်အုပ်ကြီးမှာ မီးကို ရေနှင့်ဖျန်းလိုက်သလို ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားကြတော့သည်။
ဆင်ပေါက်စကလေးများက မိခင်ဆင်မကြီးများ၏ ဝမ်းဗိုက်အောက်သို့ အူယားဖား ယားပြေးဝင်ကာ အကာအကွယ် ယူကြသည်။ နားရွက်နှစ်ဘက်ကို ဖြန့်ကားထားကာ နှာ မောင်းကလေးများကို ဆန့်ထုတ်ပြီး စူးစမ်းကြသည်။
ဆင်ပြောင်ကြီးက ကြီးမားတုတ်ခိုင်သော သူ၏ အစွယ်ကြီးနှစ်ချောင်းကို အပေါ် ထောင်ကာ ဆင်အုပ်ဆီသို့ ခပ်သွက်သွက် ဆင်းလာသည်။ နားရွက်နှစ်ဘက်ကို ဘေးသို့ ဖြန့်ကားထားသည်။လူနံ့ကို သူရနေဆဲဖြစ်သည်။ ထို့ကြောင့် သူနှင့်အနီးဆုံး ဆင်မများဆီသို့ နှာမောင်း ကိုဆန့်တန်းကာ မှုတ်ထုတ်လိုက်သည်။
ရုတ်ခြည်းဆိုသလိုပင် သူတို့အားလုံး လေအောက်သို့ ပြေးဆင်းသွားကြတော့ သည်။ လေအောက်ပိုပြေးပါမှ လေညာမှာရှိသော ရန်သူ၏အနံ့ကို သူတို့ အမြဲတမ်း ရရှိနေကြ မည်ဖြစ်ကြောင်း အလိုလို သိနားလည်ထားကြပြီးလည်း ဖြစ်လေသည်။ထိုသို့ ဆင်မပြေးသည်ကို ကျန်သောဆင်များ မြင်တွေ့သောအခါ သူတို့ပါရော “ပြီး အုပ်စုလိုက်ပြေးကြသည်။အားကောင်းသော ဆင်ထီးများက သားသည်အမေများနှင့် ဆင်ပေါက်စကလေး များကို ဝိုင်းရံစောင့်ကြပ်ပေးထားကြသည်။ အရွယ်လွန်ပြီးသော မမွေးနိုင်တော့သည့် ဆင်မ ကြီးများက သူတို့ကို အပြင်စည်းမှနေ၍ ပတ်ဝိုင်းပေးထားကြသည်။အသက်ငယ်ရွယ်ပြီး အားကောင်းသော ဆင်ထီးများက ဆင်အုပ်ကြီးကို ရှေ့မှဦး ဆောင်သောအခါ ဆင်အိုကြီးများက ဘေးနှစ်ဘက်နှစ်ချက်မှနေ၍ ပန်းပြီး စောင့်ရှောက်ပေးထားသည်။အနံ့နှင့်ဝေးရာသို့ သူတို့ပြေးကြသည်။ လမ်းတစ်လျှောက်တွင် မြေကြီးများ တဖွား ဖွားဖြစ်ကျန်ရစ်ခဲ့သည်။ ရက်အတန်ကြာသည့်တိုင်အောင် သူတို့၏ခြေရာများ ထင်ကျန်နေဦး မည် ဖြစ်သည်။
ဆင်ပြောင်ကြီးမှာ ပြေးလွှားနေရင်းက နားမလည်နိုင်အောင် ဖြစ်နေမိသည်။
သည်လိုအလိုက်ခံရမှုမျိုး သူ့သက်တမ်းတစ်လျှောက်တွင် တစ်ကြိမ်တစ်ခါမှ မကြုံ တွေ့ခဲ့ဖူးသေးချေ။ယခု သူတို့အလိုက်ခံနေရသည်မှာ နှစ်ရက်တင်းတင်း ပြည့်သွားပြီ။ သို့သော်လည်း လိုက်နေသူများက သူတို့အနားကပ် ပစ်ခတ်ခြင်း လုံးဝမပြု၊လိုက်နေသူများက တောင်ဘက် အရပ်မှာ နေရာယူသည်။ သူတို့၏အနံ့ကို လေနှင့်အတူ ဆင်အုပ်ဆီသို့ အမြဲတမ်း ပို့လွှတ်နေ သည်။ မွန်သီဝေဝါးစပြုနေပြီဖြစ်သော ဆင်ပြောင်ကြီး၏ မျက်စိအမြင်တစ်ကမ်း အတွင်း သို့ပင် သူတို့ မဝင်။
သူတို့နောက်သို့ လိုက်လာသူတွေ အလွန်များပြားပုံရသည်။ သူ့တစ်သော်တွင် သည်လောက် လူများများနှင့် တစ်ကြိမ်တစ်ခါမှ အလိုက်ခံခြင်း မရှိခဲ့ဖူးသေးချေ။ သူကြုံတွေ့ ခဲ့ဖူးသမျှ လူနည်းနည်းချည်းသာ ဖြစ်သည်။
လူများသည် ပိုက်ကွန်ကိုဖြန့်ကြက်သလို သူတို့နောက်မှ ဖြန့်ပြီးလိုက်နေကြခြင်း ဖြစ်သည်။ လိုက်နေသူများကို ရှစ်ရက်အတွင်း တစ်ကြိမ်သာ သူ လှမ်းမြင်ဖူးသည်။
ငါးရက်မြောက်နေ့တုန်းကတော့ သူ သည်းမခံနိုင်တော့သည်နှင့် သူခေါင်းဆောင် နေသည့် ဆင်အုပ်ကို နောက်သို့ ပြန်လှည့်ခိုင်းလိုက်သည်။ ပြီးစီးတော့ တရစပ်လိုက်နေသည့်' လူအုပ်ကို ထိုးဖောက်ဖြတ်ကျော်ပစ်ရန် ကြိုးစားသည်။
သို့သော်လည်း သူ့အကြံ မအောင်မြင်ပါ။
လိုက်လာသောလူများသည် စောင်များကို ဝှေ့ယမ်းခြင်း၊ သံပုံးများတီးခြင်းဖြင့် မနားတမ်းအသံပေးကာ သူတို့ကို နောက်ဘက်သို့ ပြန်မောင်းပစ်ခြင်း ခံလိုက်ရလေသည်။မတတ်သာတော့သည့်အဆုံးတွင် တောင်ဘက်သို့ ပြန်ဖောက်ထွက်နိုင်ခြင်း မပြုနိုင်တော့ဘဲ လူများမောင်းသော မြောက်အရပ်ဘက်သို့သာ မနားတမ်း ဆက်ပြေးနေရတော့ သည်။ သည်လိုနှင့်ပင် ဆင်အုပ်ကြီးသည် ကြီးမားကျယ်ပြန့်သော မြစ်ကြီးဆီသို့ ဦးတည်ပြေး ခဲ့ကြရသည်။
ကျောက်ဆောင်တန်းများကြားမှာ ထောင်ပေါင်းမရေတွက်နိုင်အောင် နှစ်ပေါင်းများ စွာ ကြာမြင့်ခဲ့သည့် အချိန်မှစ၍ သူတို့ဘိုးစဉ်ဘောင်ဆက် အသုံးပြုခဲ့ကြသည့် ဆင်လမ်းများ လက်ယှက်ထိုးသလို ရှိနေသည်။ အချို့လမ်းများက ကျဉ်းမြောင်းသော်လည်း လမ်းသာသည်။
ဦးစီးခေါင်းဆောင် ဆင်ပြောင်ကြီးသည် လမ်းသာသည့် လမ်းကျဉ်းတစ်ခုအတွင်းသို့ သူ့ဆင်အုပ်ကို ဝင်ခိုင်းလိုက်သည်။ လမ်းကျဉ်းသဖြင့် ဆင်များမှာ ရင်ပေါင်တန်း မပြေးနိုင်ကြတော့ဘဲ ရှေ့နောက်တန်းပြီး ဝင်ပြေးကြရသည်။ လမ်းကျဉ်းကလေး လွန်သွားတော့ လွင်ပြင် တစ်ခုထဲသို့ ရောက်သွားကြပြန်သည်။
ဆင်ပြောင်ကြီးသည် သူ့ဆင်အုပ်ကို အနားမခံဘဲ တစ်ညလုံး ဆက်ပြေးခိုင်ကား သည်။ ထိုညက လမသာပါ။ ကြယ်ကလေးများသာ လင်းလက်နေသည်။ဆင်အုပ်ကြီးသည် ခြေသံကို အလုံနိုင်ဆုံး လုံအောင်ထိန်းကာ သစ်တောကြီး အတွင်း ဖြတ်သန်းသွားကြသည်။ ဆင်ပြောင်ကြီးက ဆင်လမ်းမှ ဘေးသို့ဆင်းကာ ဆင်အုပ်ကို ဆက်လက်သွားစေ သည်။ သူက ဘေးမှစောင့်ကြည့်နေရင်း နောက်ကလိုက်လာသည့် လူနှံ့ကို ခံကြည့်သည်။
လူနံ့ရသည်ဆိုရုံကလေးသာ ရတော့သည်။ လူသားများနှင့် ခရီးအတော်ဝေးသွားပြီ ဖြစ်ကြောင်း သတိထားမိသည်။ သို့သော်လည်း လူနံ့ကတော့ ပျောက်မသွား။ ရှိမြဲရှိနေဆဲပင်။တစ်နာရီခန့်ကြာအောင် နောက်ပိုင်းတွင် အနံ့ခံနေရစ်ခဲ့ရင်း သေချာသောအခါ ရှေ့ ကပြေးနှင့်သော ဆင်အုပ်ကိုမီအောင် ဒရောသောပါး လိုက်လာခဲ့သည်။
နံနက် အာရုဏ်တက်သည်တွင် ဆယ်နှစ်ကာလအတွင်း သူတစ်ကြိမ်တစ်ခါမှ ပြန်မရောက်ခဲ့ဖူးသော ဒေသအတွင်းသို့ စတင်ချဉ်းနင်း ဝင်ရောက်လာခဲ့လေသည်။
ထိုနေရာသည် ကျဉ်းမြောင်းသော မြစ်ရိုးတစ်လျှောက်ဒေသ ဖြစ်သည်။ ပြည်တွင်း စစ်ကာလတုန်းက သည်နေရာမှာ လူပေါင်းမြောက်မြားစွာ ရှိခဲ့ဖူးသည်။ ထိုသို့ လူတွေများ လွန်းသောကြောင့် ထိုဒေသကို သူ ရှောင်ရှားခဲ့ခြင်း ဖြစ်လေသည်။ယခုတော့ သူရှောင်ရှားခဲ့သည့် နယ်မြေအတွင်းသို့ အတင်းအဓမ္မ မောင်းသွင်းခြင်း ကို ခံနေရလေပြီ။
လူနံ့နှင့်သွားသောကြောင့် ဆင်အုပ်၏ပြေးနှုန်းက နှေးကွေးသွားသည်။ ခပ်ဖြည်းဖြည်းသွားရင်း လမ်းဘေးမှ အသီးအရွက်များကို ခူးယူစားသောက်သွားကြသည်။ သည် နေရာသစ်တောက စိုစိမ်းနေပြီး ရွက်နုများ ပိုဝေနေသည်။ ချိုင့်ဝှမ်းဒေသဖြစ်သဖြင့် အစားအစာ ပိုပေါများသည်။
သူတို့ရှေ့ဆီမှ ရေနံ့ကိုရသောအခါ ဦးစီးခေါင်းဆောင် ဆင်ပြောင်ကြီးမှာ ရေငတ် လာသည်။တစ်ပြိုင်တည်းမှာပင် သူတို့အနောက်ဘက်မှာ အန္တရာယ်ရှိနေသကဲ့သို့ ရှေ့ဘက် ၊ တွင်လည်း တစ်စုံတစ်ခုသော အန္တရာယ်ရှိနေကြောင်း သူ အလိုလိုခံစားသိရှိလာသည်။
ထို့ကြောင့် သူ မကြာခဏရပ်ပြီး အကဲခတ်နေသည်။ ခေါင်းကြီးကို ဘယ်ညာယမ်း ရာ နားရွက်များကို စွင့်ကာထားရင်း လေ့လာကြည့်နေသည်။ ရှေ့သို့ လုံးဝဆက်မသွားသေးဘဲ အားသိပ်မကောင်းတော့သည့် မှုန်ရီသော မျက်လုံးအစုံဖြင့် အားစိုက်ကြည့်သည်။
ပြီးတော့ သတိဝီရိယနှင့် ရှေ့ဆက်သွားရာမှ ဖြုန်းခနဲ ရပ်လိုက်မိပြန်သည်။ သူ့မြင်ကွင်းတစ်ကမ်းတွင် တစ်စုံတစ်ရာကို လှမ်းမြင်လိုက်သည်။ ထို့ကြောင့် အာရုံ စိုက်ကြည့်သည်။ မနက်ပိုင်းနေရောင်အောက်တွင် တောက်ပြောင်နေသည့် အရာဝတ္ထုတစ်ခု ကို လှမ်းတွေ့လိုက်ရသည်။
ထို့ကြောင့် သူ့နောက်ဘက်မှာရှိနေသည့် ဆင်အုပ်ကို ချက်ချင်း သတိလှမ်းပေး လိုက်သည်။ ဆင်အုပ်က ကြောက်ကြောက်လန့်လန့်ဖြင့် နောက်တွန့်သွားကြသည်။
ဦးစီးခေါင်းဆောင် ဆင်ပြောင်ကြီးက တောက်ပြောင်နေသည့် အရာဝတ္ထုကို သေသေချာချာ စူးစမ်းကြည့်သည်။ ထိုသို့ကြည့်နေရင်းဖြင့် သူ၏စိုးရိမ်စိတ်များ အနည်းငယ် လျော့ကျသွားသည်။
တောတွင်းသို့ ဖြတ်တိုက်လာသည့် လေပြည်လေညင်းကလေးမှလွဲပြီး ဘာလုပ်ရှားမှုကိုမှ သူမမြင်တွေ့ရပါ။ ငှက်များနှင့် ပုစဉ်းရင်ကွဲအော်သံများမှတစ်ပါး တခြားဘာသံမှ မရှိပါ။
သို့သော်လည်း ဆင်ပြောင်ကြီးက စောင့်မြဲစောင့်နေသည်။ ရှေ့သို့ စူးစိုက်ကြည့်မြဲ ကြည့်နေသည်။ ထိုသို့ ကြည့်နေရင်း သူမြင်တွေ့ရသည့် ပြောင်လက်သော အရာဝတ္ထုသည် တစ်ခုတည်းမဟုတ်ဘဲ တောစပ်တွင် စီတန်းလျက်ရှိနေကြောင်း တဖြည်းဖြည်း သတိပြုမိလာ သည်။
သူ့ကိုယ်လုံးကြီးကို ခြေတစ်ဘက်ပေါ်မှ အခြားတစ်ဘက်ပေါ်သို့ ပြောင်းရွှေ့ .. အားပြုရပ်သည်။ မဆုံးဖြတ်တတ်သည့် အသံတစ်မျိုးကိုလည်း လည်ချောင်းတွင်းမှ ပြုလိုက် သည်။
ဆင်ပြောင်ကြီးကို စိုးရိမ်စိတ်ပွားစေသော သတ္တုများသည် သံပြားများဖြစ်သည်။ မြေပြင်တွင် တိုင်စိုက်ပြီး ထိုတိုင်ထိပ်တွင် သံပြားများကို ကပ်ရိုက်ထားသည်။ သံပြားတိုင်းပေါ် ၌ ကန့်လန့်ဖြတ်ထားသော အရိုးနှစ်ချောင်းပေါ်တွင် လူအရိုးခေါင်းကို ရေးဆွဲထားသည်။ ပြီးတော့ အောက်ပိုင်းတွင်
“အန္တရာယ်မိုင်းတွင်း”
ဟူသော စာတန်းများကိုပါ အသီးသီး ရေးသားထားသည်။ နှစ်ပေါင်းများစွာ ရာသီဥတုမျိုးစုံတို့၏ဒဏ်ကြောင့် စာတန်းများနှင့် အရိုးခေါင်းမှာ အတန်ငယ် အရောင်ဖျော့နေသည်။