Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

အထောက်တော်လှအောင် - စာပေဆွေးနွေးပွဲ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

စာပေဆွေးနွေးပွဲ

ပထမပိုင်းမေးခွန်းများ

ကြက်သွန် ၁၁ ကျပ် ဈေးလောက်ဖြစ်ပြီး ကုန်ဈေးနှုန်းတွေ မတန်တဆကြီးမြင့်နေတဲ့ အခုလိုအချိန်မျိုးမှာ ထမင်း တစ်နပ်စာ ချွေတာပြီး ငွေ သုံးကျပ်ဖိုး ကျွန်တော့်ကို လာပေး ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဒီဆွေးနွေးပွဲကို တက်ရမယ်ဆိုတော့ စိတ်ထဲမှာ နည်း နည်းလှုပ်ရှားမိ ပါတယ်။ ဟောပြောပွဲပေါင်း အတော်အသင့် တက်ဖူးပါတယ်။ စကားရည်လုပွဲ အတော်အသင့် ပြောဖူး ပါတယ်။ ရေးသူဖတ်သူ တွေ့ဆုံပွဲတချို့နဲ့လည်း ရင်ဆိုင် ခဲ့ရဖူးပါတယ်။ သို့သော် ဒီနေ့ကြုံရမယ့်ပွဲမျိုးကတော့ ပထမ ဦးဆုံး အတွေ့အကြုံကလည်း ဖြစ်၊ နောက် မေးခွန်းကလေး တွေကို စိတ်ကူးနဲ့တွေးပြီး ကြောက်နေမိခဲ့ပါတယ်။ ဒါကြောင့် ရင်လေးခဲ့ရတာ အမှန်ပါပဲ။

ကျွန်တော်ဟာ သတင်းစာသမားဘဝတစ်လျှောက်လုံးဖြတ်သန်းခဲ့ရာမှာ အလွန်ကြောက်တတ်ပါတယ်။ သွေး အင်မတန်ကြောင်တဲ့ သတင်းစာသမား တစ်ယောက်ပါ။ စာရေးတဲ့သူအဖြစ်နဲ့လည်း လျှောက်ခဲ့ရပါတယ်။ ဒီလိုပဲ သတ္တိကြောင်တာပါပဲ။

မတော်လို့များ မေးခွန်းတစ်ခုခုက အဖြေရခက်အောင်၊ အန္တရာယ်တစ်ခုခုနဲ့များ ကြုံရလောက်စရာရှိအောင်၊ အန္တရာယ် ဆိုတာက အမျိုးစုံ ရှိတာပေါ့လေ။ မြွေဆိုးအန္တရာယ်၊ တုတ်နဲ့ အရိုက်ခံရမယ့် အန္တရာယ်၊ ကားတိုက်ခံရမယ့် အန္တရာယ် စသဖြင့် အဲဒီလိုပါ။ ဖြစ်နိုင်တဲ့အန္တရာယ်တွေ တွက်ကြည့်ကြ တာပေါ့။

ဒါကြောင့် မနေ့ညကဆို ဘုရားရှိခိုးရကောင်းနိုးနိုး၊ အရက်ထသောက်ရ ကောင်းနိုးနိုး၊ အိမ်ကိုပတ်ပြီး လှည့်ပြေးရ ကောင်းနိုးနိုး ဖြစ်ခဲ့ရပါတယ်။ အချွန်နဲ့ မမှာကိုလည်း ကြောက်တယ်။ ကျွန်တော်ကိုယ်တိုင်က သတ္တိသာနည်းတာ၊ အမ ကျတော့လည်း ခံချင်တယ်။ အဲဒီ မ တဲ့ အချွန်ကလေး ပေါ် တက်တက်ထိုင်ချင်တယ်။ ကျွန်တော့်စိတ်ဓာတ်ကိုက အဲဒီလိုစိတ်ဓာတ်မျိုး။

ကျွန်တော် သတင်းစာသမားအဖြစ် တစ်လျှောက်လုံး ရပ်တည်ခဲ့ရာမှာ ကျွန်တော်ဟာ ကြိုးတန်းလမ်းလျှောက်ချင် တယ်။ အချွန်ကလေးတွေကို လိုက်လိုက်နှင်းချင်တယ်။ သတ္တိကြောင်တာကတော့ ကြောင်တာ တခြားပေါ့လေ။ အဲဒီလိုစိတ်ထားမျိုးရှိတဲ့ ကျွန်တော့်အနေနှင့် သုံးရက်လောက် စိတ်ဝေဒနာကို ကြီးစွာခံစားခဲ့ရပါတယ်ဆိုတာ အရင်ကြိုပြီး ရှင်းပြပါရစေ။

ပြည်သူ့အကျိုးပြုစာပေ ။

ပထမမေးခွန်းရှင်က ဒေါ်ခင်သန်းနွယ်(ပုသိမ်)၊ ကုန်သွယ် ရေး ၂-ပင်မ၊ ရန်ကုန်ဖြစ်ပါတယ်။ သူမေးထားတဲ့ မေးခွန်းက ဆရာရှင့် ။

၁။ ဆိုရှယ်လစ်သရုပ်မှန်စာပေဆိုတာ ဘာလဲ။

၂။ ဆရာတို့ ဘယ်လိုဦးတည်သလဲ။

၃။ ပြည်သူ့အကျိုးပြုစာပေဆိုတာ ဘာလဲ။

၄။ တောင်သူလယ်သမားအများစုအတွက် ရေးသောစာနည်းနေပါသည်။

၅။ စာပေလုပ်သားအဖွဲ့ကြီး အခုထက်တိုင် ဘာကြောင့် အကောင်အထည် မဖော်နိုင်သေးသလဲ။ ကျေးဇူးပြု၍ ဖြေကြားစေလိုပါသည်။

ဒီ ဒေါ်ခင်သန်းနွယ်မေးခွန်းနဲ့ပတ်သက်လို့ ဆိုရှယ်လစ် သရုပ်မှန်စာပေ ဆိုတာ ဘာလဲ။

ကျွန်တော် နိုင်ငံရေးသမား မဟုတ်ပါဘူး။ သတင်းစာ နဲ့ပတ်သက်ပြီး အလုပ်လုပ်စားတဲ့ သတင်းစာသမားပါ။ ဒါကြောင့် နိုင်ငံရေးစကား မပြောမိအောင် ရှောင်ပါရစေ။ သတင်းစာသမားတစ်ယောက်အနေနဲ့ ကျွန်တော့်အသိ ပြော ရရင် ဆိုရှယ်လစ်ဝါဒဆိုတာဟာ အလုပ်သမားလူတန်းစား၊တောင်သူ လယ်သမားလူတန်းစားကိုအခြေခံပြီး အလုပ် လုပ်သူအားလုံး အလုပ်လုပ်သလောက် အကျိုးခံစားခွင့်၊ ငွေရှင်ကြေးရှင်တွေရဲ့ ခေါင်းပုံဖြတ်မှုက ကင်းလွတ်ခွင့် အတွက် ဆောင်ရွက်ပေးရတဲ့ ဝါဒတစ်ရပ်လို့ ကျွန်တော် နားလည်ပါတယ်။

တိုင်းပြည်တစ်ခုကို ပြောင်းလဲရာမှာ တိုင်းပြည်ရဲ့ အယူ ဝါဒတစ်ခု၊ စနစ်တစ်ခု၊ ခေတ်တစ်ခုကို တည်ဆောက်ရာမှာ အဓိက မောင်းနှင်အားဟာ အလုပ်သမားလူတန်းစားနဲ့ တောင်သူလယ်သမားလူတန်းစားပဲဖြစ်ပါတယ်။ အဲဒီ တောင်သူလယ်သမားလူတန်းစားနဲ့ အလုပ်သမားလူတန်း စားရဲ့ ဘဝဒုက္ခကို ဖော်ပြတဲ့၊ အဲဒီဒုက္ခတွေက လွတ်မြောက် ရာ လွတ်မြောက်ကြောင်းကို ညွှန်ပြတဲ့၊ ဖိစီးနှိပ်စက်ခံနေ ရတဲ့ ဘေးဒုက္ခအပေါင်းက လွတ်မြောက်အောင် ခုခံတိုက် ခိုက်တဲ့၊ အဲဒီလို ခုခံတိုက်ခိုက်ဖြစ်လာအောင် စည်းရုံးလှုံ့ ဆော်တဲ့ စာပေဟာ ဆိုရှယ်လစ် သရုပ်မှန်စာပေဖြစ်တယ် လို့ ကျွန်တော် နားလည်ပါတယ်။

နောက် (၂) က ဆရာတို့ ဘယ်လိုဦးတည်သလဲ။ ဆရာတို့ဆိုတော့ အများကိုမေးတာဖြစ်ပါတယ်။ အများကို ကျွန်တော် မသိပါဘူး။ ကျွန်တော့် တစ်ဦးတည်းအနေနဲ့တော့ နိုင်ငံရေးသမားမဟုတ်တဲ့အတွက် နိုင်ငံရေးစကား မပြောတတ်ဘူး။ ကျွန်တော့်ဦးတည်ချက်က အလုပ်လုပ်တဲ့ ပြည်သူတွေဘက်က ထာဝရ ရပ်တည်မယ်။ ပြည်သူတွေ ခံစားနေရတဲ့ စားဝတ်နေရေး ဒုက္ခဆိုးတွေအတွက်၊ လွတ်မြောက်ရာလွတ်မြောက်ကြောင်းအတွက် ပြည်သူတွေ အဖိနှိပ် အညှဉ်းပန်း အနှိပ်စက်ခံနေရတဲ့ဒုက္ခက သက်သာရာ သက် သာကြောင်းအတွက် ကျွန်တော် ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်း ရှိသမျှ လုပ်မယ်။

(၃) က ပြည်သူ့အကျိုးပြုစာပေ ဆိုတာ ဘာလဲ။ မေးခွန်း ၁ နဲ့ အတူတူပါပဲ။ တစ်သဘောတည်းပါပဲ။ ထပ်ချဲ့ရင်တော့ ဆုံးနိုင်စရာအကြောင်း မရှိပါဘူး။

(၄) နောက်တစ်ချက်က တောင်သူလယ်သမား အများ စုအတွက်ရေးသော စာ နည်းနေပါတယ်တဲ့။ လက်ခံရမှာ ပါပဲ။ ကျွန်တော်လည်း ဒေါ်ခင်သန်းနွယ်နဲ့ ထပ်တူပဲ သဘောရပါတယ်။ ။

(၅) နောက် စာပေလုပ်သားအဖွဲ့ကြီး အခုထက်တိုင် အောင် ဘာကြောင့် အကောင်အထည်မဖော်နိုင်သေးသလဲ။

ကျွန်တော်နဲ့ ဘာမှမဆိုင်တဲ့အတွက် ကျွန်တော် မဖြေ နိုင်ပါဘူး။

ခေါင်းဆောင်များအကြောင်း

နောက်တစ်ဦးကမောင်မြတ်ငြိမ်း၊ သံပုံးစက်လုပ်သား၊ ကုန် သွယ်ရေး-၂။

ယခုအခါ နိုင်ငံခြားမှခေါင်းဆောင်များကို တော် တော် ဘာသာပြန်နေကြပါသည်။ ရွံလည်း ဇွဲကြပါ သည်။ မြန်မာနိုင်ငံမှ နိုင်ငံရေးခေါင်းဆောင်ကြီးများ ၏အတ္ထုပ္ပတ္တိကို ခေတ်အမြင်ဖြင့် မရေးသားကြပါ။ ဘာကြောင့်ပါလဲ။

စွဲမှာပဲ။ ခေါင်းဆောင်တွေရဲ့ အတွင်းရေး ကောင်းတာ ရော၊ ဆိုးတာရော၊ ယုတ်မာတာရော၊ စုတ်ပဲ့တာရော၊ တကယ် စေတနာထားတာရော၊ မှန်တာကို မပြောရဲတာရော၊ အဝေဖန်ခံရဲတာရော၊ မခံရဲတာရော။ အဲဒီစိတ်နေ သဘောထား ကလေးတွေ၊ အထာကလေးတွေကို အများ ပြည်သူ သိချင်ကြတယ်။

ကမ္ဘာ့ခေါင်းဆောင်တွေ ဘာလုပ်နေကြသလဲ၊ သူတို့ အကျင့်တွေဟာ ဘာလဲ၊ စရိုက်တွေဟာ ဘယ်လိုလဲ၊ ကောင်း သလား၊ ဆိုးသလား၊ ပြည်သူအပေါ်မှာ သက်ညှာမှု၊ ထောက် ထားစာနာမှုရှိသလား သိချင်တာဟာ လူ့ဓမ္မတာပါပဲ။ အဲဒီ လို သိချင်တဲ့အတွက် ခေါင်းဆောင်တွေရဲ့ အကြောင်း ရေး သားတဲ့ စာအုပ်တွေ ဝံ့ကြမှာပါပဲ။ ဒါ အံ့သြစရာ မဟုတ်ပါ ဘူး။

မြန်မာနိုင်ငံမှ နိုင်ငံရေးခေါင်းဆောင်ကြီးများ၏အတ္ထုပ္ပတ္တိ ကို မရေးသားကြပါ။ ဘာကြောင့်ပါလဲ။ ဒါကို ကျွန်တော် မသိပါဘူး။

သတင်းစာနှင့် ကိုယ်ပိုင်မူဝါဒ

နောက်တစ်ဦးက မင်းသွေး၊ နောက်ဆုံးနှစ် အပိုင်း (ခ) ဆေးတက္ကသိုလ်-၂။ ။

သတင်းစာတစ်စောင်၏ မူဝါဒသည် ထိုသတင်း စာ တည်ရှိရာ နိုင်ငံ၏ မူဝါဒပင် ဖြစ်သင့်ပါသလား။ အကယ်၍ နိုင်ငံရေးခံယူချက် ခြားနားနေပါက ထို သတင်းစာကို ကိုယ်ပိုင်မူဝါဒနှင့်ပင် ထုတ်ဝေခွင့်ပြု ပါသလား။ အတိုက်အခံပြုလုပ်ခြင်းဖြင့် လွတ်လပ် တိုးတက်ခြင်းကို ယုံ ကြည်ပါသလား။

မေးခွန်းက ကျွန်တော့်စိတ်ထင် မပြည့်စုံဘူးထင်ပါ တယ်။ သတင်းစာ တစ်စောင်၏မူဝါဒသည် ထိုသတင်းစာ တည်ရှိရာ နိုင်ငံ၏ နိုင်ငံတော်မူဝါဒပင် ဖြစ်သင့်ပါသလား ဆိုတာ။ အဲဒီသတင်းစာဟာ အမေရိကန်တိုင်းပြည်မှာလား၊ ဆိုဗီယက်နိုင်ငံမှာလား၊ မြန်မာပြည်မှာလား၊ ဘင်္ဂလားဒေ့ရှ် မှာလားဆိုတာ မပါ ပါဘူး။ အဖြေရ ခက်ပါတယ်။

အကယ်၍ နိုင်ငံရေးခံယူချက် ခြားနားနေပါက ထို သတင်းစာကို ကိုယ်ပိုင်မူဝါဒနှင့်ပင် ထုတ်ဝေခွင့် ပြုသင့်ပါ သလား။ ဒါလည်း အတူတူပါပဲ။ နိုင်ငံလိုက်ပြီး ဖြေရမှာဖြစ် ပါတယ်။ အရင်းရှင်ဒီမိုကရေစီနိုင်ငံမှာတော့ တစ်မျိုးပေါ့။ ဆိုရှယ်လစ်နိုင်ငံများမှာလည်း တစ်မျိုးပေါ့။ တိုင်းပြည်တွေက ချမှတ်ထားတဲ့ နိုင်ငံရေးလမ်းစဉ် ခြားနားတာနဲ့အမျှ သတင်း စာတွေရဲ့ ရပ်တည်ချက်ဟာလည်း ခြားနားပါတယ်။ ဒါဟာ တိကျတဲ့ မေးခွန်းမဟုတ်တဲ့အတွက် ကျွန်တော် အဖြေရ ခက်ပါတယ်။

လွတ်လပ်စွာ သတင်းရေးသားခွင့်

နောက်တစ်ဦးက မောင်ကြည်လွင်၊ တတိယနှစ် သိပ္ပံ ကျောင်းသား။ ၀/သ တက္ကသိုလ်၊ ရန်ကုန်။

သတင်း လွတ်လပ်စွာရေးသားခွင့် ဆိုသည်မှာ အဘယ်ကဲ့သို့ သောသတင်းမျိုးကို ခေါ်ဆိုပါသနည်း။ ဤအခွင့် အရေးကို ရရှိသော သတင်းစာမျိုး မြန်မာ ပြည်တွင် ရှိပါသလား။

ရှိပါတယ်။ ကျွန်တော်တို့ဆီမှာ ပြည်သူပိုင် သတင်းစာ ၇ စောင် ရှိပါတယ်။ မြန်မာ ၅ စောင်၊ အင်္ဂလိပ် ၂ စောင်၊ အဲဒီသတင်းစာ ၇ စောင် စလုံးမှာ အဖြစ်မှန်တွေနဲ့ပတ်သက် လာရင် အခုန သတင်း လွတ်လပ်စွာရေးသားခွင့်ဆိုတာ အပြည့်အဝ ရှိပါတယ်။

ဉ်ထားခြင်း ဖြစ်၍ တစ်ဦး တစ်အုပ် ဖြစ်ပါသည်။