အကြည်တော် - ဟန်းနီးမွန်း
ကြားဖူးပါသည်။
လူတိုင်းသည် မင်္ဂလာပွဲဆင်နွှဲရန်အတွက် တက်ကြွပျော်ရွှင် ကြပါသည်။
“မင်္ဂလာဆောင်ကြမယ်ဟေ့”
ထိုသတင်းကြားသည်နှင့် အားလုံး တက်ကြွပျော်ရွှင်တတ် ကြပါသည်။
သို့သော်.. ။ ထိုသတင်းပြီးသည်နှင့် သိပ်ပြီးမပျော်ရွှင်ကြတော့။ မင်္ဂလာဖိတ်စာရိုက်ချိန်မှစ၍ ဖိတ်စာဝေချိန်၊ အ၀တ်အစားဝယ်ချိန်၊ မင်္ဂလာအခမ်းအနားပြင်ဆင်ချိန်၊ အစားအစာများပြင်ဆင် ချိန်၊ စသည် စသည်အချိန်များ၌။ ။
“ဪ ဒီမင်္ဂလာအခမ်းအနား မြန်မြန်ပြီးမှကောင်းမယ် ဟု စိတ်ထဲမှာ တထင့်ထင့် ဖြစ်နေရတတ်ပါတော့၏။
ကြားဖူးပါသည်။
တကယ်မင်္ဂလာပွဲ ဆင်နွှဲချိန်၌လည်း တစ်ချက်သာ လှိုက်ခနဲ ပျော်ရပြီး
'ဘာတွေအဆင်မပြေဖြစ်ဦးမှာလဲ၊ အစားအသောက်က အဆင် ပြေရဲ့လား၊ လက်ဖွဲ့တွေရော သိမ်းရဲ့ လား”
စသည်ဖြင့် စိုးတထိတ်ထိတ် ဖြစ်ရပြန်ပါသည်။
ထိုသို့ဆိုသော် မင်္ဂလာပွဲကျင်းပခြင်းသည် မည်သည့်အချိန် ၌ အပျော်ဆုံး ဖြစ်မည်နည်း။
“သြော် မင်္ဂလာပွဲကြီး ပြီးသွားပါရောလား”
ထိုအချိန်က သတို့သား၊ သတို့သမီးတို့အတွက် အပျော်ဆုံး အချိန်သာ ဖြစ်ပါတော့သည်။
ကျွန်တော် လူတော်တော်များများကို မေးဖူးပါသည်။ အားလုံးက တညီတညာတည်း။
“မင်္ဂလာပွဲပြီးမှပဲ ပျော်နိုင်တော့တယ်ဆရာရေ" ဆိုသောအဖြေသာ တူညီနေကြပါသည်။
ဟုတ်ပါသည်။ မင်္ဂလာပွဲပြီးသွားလျှင် ကိုယ်လိုချင်သော ပစ္စည်းလဲ သက်သေနှင့်တကွ အတူရပြီမို့ အပျော်ရွှင်ဆုံးသာဖြစ်ပေ လိမ့်မည်။
ထိုသို့အပျော်ရွှင်ဆုံးအချိန်ကို ထပ်မံမြှင့်တင်ပေးနိုင်သည့် အချိန်လဲ ရှိပါသည်။
ထိုအရာကား
“ဟန်းနီးမွန်း”
“သို့သော်"..
“အေးကွယ် ဒီလင်ဒီမယား အိုအောင်မင်းအောင် ပေါင်းရ ပါစေ"
“စိတ်သွားတိုင်းကိုယ်ပါလို့ လိုအင်ဆန္ဒများလဲ ပြည့်စုံနိုင်ကြ ပါစေ”
သတို့သား သတို့သမီးမိဘများက ဆုပေးသည်။
“ပေးတဲ့ဆုနဲ့ ပြည့်ဝရပါစေ”
သတို့သမီး၊ သတို့သားက ကြည်နူးစွာ ဆုလက်ခံယူသည်။ သတို့သားဖခင်က သက်ပြင်းချရင်း
“အေး မင်္ဂလာပွဲလဲ ပြီးပြီဆိုတော့ ဘာအစီအစဉ်များ ရှိသေးလဲ”
သူ့အမေးကို သတို့သားက
“လုပ်ငန်းတွေကတော့ အေးဆေးပဲဆိုတော့ ပူစရာမလိုဘူး ဖေဖေ၊ လောလောဆယ်တို့ သားတို့သမီးတို့ ဟန်းနီးမွန်းခရီးလေး ထွက်မလားလို့၊ အဟဲ”
ဟန်းနီးမွန်းအသံကြားတော့ သတို့သမီးအမေ ခေါင်းထောင် သွားသည်။
“ဟန်းနီးမွန်း ဟုတ်လား၊ ဘယ် ဘယ်ကိုသွားကြမှာလဲ” သူ့အမေးကို သတို့သမီးက ပြုံးစစဖြင့် “မြန်မာပြည်တစ်ပတ်ပါ မေမေ" "
“ဟယ်"
သတို့သမီးအမေက အံ့အားသင့်စွာ ရင်ဘတ်ဖိသည်။ ဒါကို သတို့သားက ဝင်၍
“မြန်မာပြည်တစ်ပတ် ဘုရားလဲဖူးရင်း စိတ်ပြေလက်ပျောက် ခရီးလဲထွက်ရင်းပေါ့”
“ဟယ် အားကျလိုက်တာ”
သတို့သားအမေကပါ အံ့ဩတကြီး ရေရွတ်မိသည်။ သတို့ သား သတို့သမီးက သူတို့အစီအစဉ်ကို သဘောကျစွာပြီးလို့။ အတန် ကြာမှ သတို့သမီးအမေက
“အေးဟယ် အားကျလိုက်တာ၊ ဒါနဲ့ မေမေ မေမေတို့လဲလိုက်လို့မရဘူးလားဟင်၊ စကားအဖြစ်မေးတာပါ ဟိ”
ထိုစကားကို သတို့သားက အားမနာနိုင်စွာဖြင့်
“ဟဲဟဲ မလိုက်ပါနဲ့မေမေရယ် ဟဲဟဲ၊ သားတို့က စကားအဖြစ် သာပြောတာပါ ဟဲဟဲ တကယ်တော့ ဘုရားဖူးတာကနည်းနည်း၊ ဟဲဟဲ လိပ်ဥတူးမှာက များများ ဟဲဟဲ”
ထိုစကားကို သတို့သမီးကပါ ။
“ဟိုလေ၊ မြန်မာပြည်တစ်ပတ်ဆိုတော့ မေမေတို့အနေနဲ့ဆို ပင်ပန်းမှာ မေမေရဲ့၊ နောက်ပြီး ကားနဲ့သွားမှာဆိုတော့လေ”
သူ့စကားကို သတို့သားကလဲ ။
“ဟုတ်တယ်မေမေရဲ့၊ သွားမယ်ဆိုရင်လဲ နောက်တစ်ခေါက် မှ မိသားစုအစုံအလင်နဲ့ သွားကြတာပေါ့နော်”
နှစ်ဖက်မိဘများ သက်ပြင်းချကြသည်။ သားရောသမီးပါ တကယ်မခေါ်ချင်ကြတာကိုး။ ထို့ကြောင့်
“အေးလေ၊ အဲဒါဆိုလဲ လွတ်လွတ်လပ်လပ်သွားကြပေါ့။ နောက်တစ်ခါမှသာ မိသားစုအစုံအလင်နဲ့ ဘုရားဖူးထွက်ကြတာပေါ့”
သတို့သား သတို့သမီး ပြီးသွားကြသည်။ မှန်ပေသည်။ ဟန်းနီး မွန်းခရီးကို ကျန်သည့်အနှောင့်အယှက်မဆိုထားနှင့် မိဘ များကိုပင် ဦးစားမပေးနိုင် ဖြစ်နိုင်ကြသည်မဟုတ်လား။
ထို့ကြောင့်..
“စိတ်ညစ်ပါတယ်မောင်ရယ်၊ မင်္ဂလာပွဲမှာ ပျော်ရတာတော့ ဟုတ်ပါရဲ့၊ ဟန်းနီးမွန်းထွက်မယ်ဆိုမှ အဟင့်"
မကြာသေးခင်ကမှ မင်္ဂလာပွဲပြီးလာလို့ သတို့သမီးဘဝမှ ပြုတ်လာသော သတို့သမီးပြုတ်ကလေးမှ (ဟုတ်တယ်လေ။ မင်္ဂလာပွဲ ပြီးသွားရင် ကို သတို့သမီးလို့မှ မခေါ်တော့တာ)ပူပူနွေးနွေး သတို့သား ပြုတ်ကလေးကို မျက်ရည်လည်ရွဲနှင့်ပြောသည်။
“ဘာဖြစ်လို့လဲခင်ရယ် ဘာတွေစိတ်မကောင်းစရာရှိလို့လဲ” သတို့သားပြုတ်က နှစ်သိမ့်သည်။ သတို့သမီးပြုတ်က နှုတ်ခမ်းစူပြီး