အကြည်တော် - လူဆိုး
“မာဆတ်”
“အင်း”
“ဘာအဓိပ္ပာယ်လဲ”
“တရုတ်စကားထင်တယ်။ ဆိုလိုရင်းက နှိပ်တာပေါ့ဗျာ”
အင်မတန်နှံ့စပ်ကျွမ်းကျင်လှသော ကုလားလေးခေါ်၊ ကျော်ကျော်လတ်(မီးရထား) ဟု အမည်ပေါက်သော ဂျာနယ်လစ် လေးက ကျွန်တော့်ကို ရှင်းပြနေခြင်းသာဖြစ်သည်။
“နေ.. နေပါဦး.. နှိပ်တာက ပန်းဆိုးတန်းကုန်းတံတား အောက်မှာလဲ ခုံပေါ်ဝင်ထိုင်လိုက်တာနဲ့ နှိပ်တာပဲ ဘာကွာလဲ”
“အာ.. ကိုကြည်တုံးပြီ.. အဲဒါတွေကယောက်ျားကြီးတွေ တ လက်ကြမ်းကြီးတွေနဲ့ နှိပ်တာ၊ အခုဟာက လှတပတကောင်မလေးတွေက အစ်ကို့နားမှာ အနုအရွလေး. . ဟီဟီ"
ကောင်မလေးဆိုသော အသံကြားတော့ ဆံပင်မွှေးပါထောင် သွား၏။ ကိုယ်ကလဲ မိတ်အင်လူပျိုကြီးမဟုတ်လား။
မိတ်အင်လူပျိုကြီးဆိုလို့ တစ်မျိုးမထင်ပါနဲ့ဗျား၊ မိတ်များပြီး အင်ဖြစ်နေတဲ့ လူပျိုကြီးကိုပြောတာ။
အင်မဖြစ်ခံနိုင်ရိုးလားဗျာ၊ ကျုပ်ဘဝလေးကို သူတို့သူတို့တွေ ဖျက်ဆီးပေးနေကြတာ။ ဒူးနဲ့မျက်ရည်သုတ်ရတာလည်း အကြိမ်ကြိမ်...
ကျုပ်မှာလဲ ပေါင်းစရာလူမရှိတော့ ဒီစာနယ်ဇင်းက လူတွေနဲ့ချည်း ပေါင်းနေရတာ။ ပြောရင် ကြွားရာကျမယ်တစ်ယောက် မှ အကောင်းမပါဘူး။ ဘုရားစူးစေ့။
ဟိုလူ သျှီသူအောင်တို့ လွမ်းဝေနိုင်တို့က ကာရာအိုကေ သမားတွေ။ မူးလာတာနဲ့ မိုက်ဆွဲပြီး ဟဲမယ်ဆိုတာချည်းပဲ။ ဟဲတာ တောင် ဟဲလေးမဟုတ်ဘူး။ ဟဲကြီးတွေ။
ဪ.. အရက်သမားဖြစ်နေကြတာကံကောင်း၊ အရက် သမားသာမဖြစ်ရင် ဒီလောက်မိုက်ခွက်ကြိုက်ပုံနဲ့ ဂေါပကဖြစ်တယ်။
အောင်မာ.. ကာရာအိုကေခန်းထဲဝင်ပြီး ကောင်မလေးများ အနားမှာလာထိုင်ရင် အဲဒီကောင်မလေးပါးပေါ် သူတို့တွေနှာခေါင်းကြီးတင်ပြီး ငြိမ်နေတော့တာ။
ကျွန်တော်ပြောတယ်။
“ဟေ့လူကြီး.. အဲဒီကောင်မလေးက မီးရောင်နဲ့မို့မျက်စိ မှောက်နေတာ၊ အဲဒီကောင်မလေး ကျွန်တော်သိတယ်၊ ကျွန်တော် တို့ ရပ်ကွက်ကပဲ၊ မနက်မနက်ဆို အခွန်လွတ်ဈေးမှာ ဖယောင်းတိုင် တိုးတိုးနေတာ”
ဟုတ်တယ်။ တကယ်ပြောတာ။ သူတို့ပေးတဲ့မုန့်ဖိုးနဲ့စီးပွားပြန်ရှာနေတာ ဒါကိုဘာပြောတယ်မှတ်လဲ။
“မိန်းမဖြစ်နေတာတစ်ခုနဲ့တင် မင်းထက်တော့ လေကောင်းလေသန့် ရ တယ်ဟေ့ကောင်”
နှာခေါင်းကြီးပြန်တင်ပြီး ငြိမ်နေတာ။
စဉ်းစားကြည့် ပါဗျာ။ ဟိုက မနက်ဖက်ဆို တစ်နေကုန်ဖယောင်းတိုင်တိုး၊ ဈေးမှာပြန်ရောင်း၊ ညကျတော့ ရေမချိုးမိုးမချိုးဘဲ ဒီကိုလာ။
ကဲ... သူတို့သာ လေကောင်းလေ သန့်ရတယ် ပြောတာ။ အမှန်တော့ ထဘီအလှပ်မှာ လေဖြတ်လို့ရတယ်။
ကျွန်တော် စိတ်ကုန်တာ အဲ့ဒါ တွေလည်းပါတယ်။
အဲ.. ကျော်ကျော်လတ်တို့ ဇေယျာမြတ်ခိုင်တို့က တစ်လိုင်း။ဒီလိုင်းလေ။
“အစ်ကိုရ ပိုက်ဆံကလဲ ဘယ် လောက်မှမပေးရဘူး၊ တစ်ဆက်ရှင်မှ သုံးထောင်ထဲ”
“တစ်ဆက်ရှင်ဆိုတာ” “တစ်နာရီလေ.. အစ်ကိုရ”
စိတ်ပါသွားမိသည်။ စိတ်ပါသွားမိ တာမဟုတ်ဘူး။ ပါကိုပါနေတာ။ ကျွန်တော်ပြောသားပဲ၊ ကုပ်ကမြင်းပါဆို။
“အေး.. ကောင်မလေးတစ်ယောက်နှိပ်ပေးတာ တစ်နာရီ မှ သုံးထောင်ဆိုတော့ တန်သားကွ၊ ဒါနဲ့ နေရာက”
“ကျွန်တော်သိတယ်”
ကျွန်တော် သူ့ကို ပြန်ကြည့်မိသည်။ အစကတည်းက အသား မဲလို့ ကုလားလေးဟု အမည်ပေါက်နေသော ငတိက အမှောင်ထဲ ဝင်နေတော့ အုတ်နံရံပေါ်ကို အရိပ်ကျသလောက်သာ မြင်ရ၏။ ဒီကောင် စာနယ်ဇင်းမလုပ်စားဘဲ သူခိုးလုပ်စားလျှင်တောင် ပိုတွက် ခြေကိုက်နိုင်သည်။ ပါးစပ်လေးပိတ်ပြီး လျှောက်ပြေးနေလျှင် ဘယ်သူမှ မြင်မည်မဟုတ်။
“အေး. . သိတာတော့ ဟုတ်ပြီ၊ ပိုင်ရောပိုင်ရဲ့ လား၊ တော်။ ကြာ ဂျာနယ်ထဲမှာ စာရေးဆရာအကြည်တော် မာဆတ်မှာ ကမြင်းရင်း လက်ပူးလက်ကြပ်ဖမ်းမိခြင်းဆိုတဲ့ သတင်းကြီးပါလာမှဖြင့်”
“ဪ.. အစ်ကိုရယ်.. ကျော်ကျော်လတ်ပါ၊ ကျွန်တော် တောင် အဲဒီကကောင်မလေးနဲ့ချစ်သူတွေဖြစ် အဟစ်...အဟစ်”
ဝမ်းသာလုံးစို့ပြီး လာတက်ပြနေသေးသည်။ ကိုယ်ကသာ မသင်္ကာ၍..
“ကြည့်လုပ်ဦးနော် မှုခင်းဂျာနယ်ကကောင်တွေ ငါ့ကို ကြိမ်း နေတယ်။ သူတို့ဂျာနယ်တွေမှာ ငါစာမရေးလို့တဲ့။ အမှုဖြစ်ရင် ဖိုး ကာလာနဲ့ မျက်နှာဖုံးမှာ ထည့်ဖို့ချည်း စောင့်နေကြတာ”
“အာ.. အစ်ကိုကလဲ အဲသည်လိုဖြစ်ရင် ကျွန်တော်လည်း ထည့်မှာပေါ့၊ အဲ.. ဟုတ်ပေါင်... သေချာပါတယ်”
“ဘာသေချာတာလဲ”
“အမှုဖြစ်ဖို့ အဲ.. အဲလေ.. အလုပ်ဖြစ်ဖို့ပြောတာ၊ အဟဲ” “ဟင်း”
သက်ပြင်းချမိသည်။ ဒီကောင့်ကို သိပ်မယုံရဲ။ တစ်ခါကလဲ
“မော်ဒယ်လေးတစ်ယောက်က အစ်ကို့ ပရိသတ်ပါ၊ အဲဒါ မိတ်ဆက် ပေးချင်လို့ စားသောက်ဆိုင်မှာ စောင့်နေဆိုပြီးလုပ်တာ။ ကိုယ်ကလဲ သိ တယ်မဟုတ်လား။ အဲဒါမျိုးဆို ထိန်း မနိုင်သိမ်းမရ ပျော်တတ်တော့. . ဟီဟီ။
နောက် ဘယ်သူ့ခေါ်လာလဲ သိ လား။ သူတို့အိမ်ခေါင်းရင်းက အဘွား ကြီးတစ်ယောက်ကို ပေါင်ပေါင်တွေတို့ပြီး ခေါ်လာ တယ်။ ပြီးတော့ ပြောသေးတယ်။
“အန်တီရယ်.. အန်တီကို ဒီလို ကျွေးချင်နေတာကြာပြီး၊ အခုမှ အချဉ် လေးရတုန်း ဟီဟီ"
ကိုယ်က အချဉ်ကြီးကိုဖြစ်လို့။
အခုလဲ သူ့စကားဟုတ်မဟုတ် ဓာတ်မှောင်ကြတ်ဆုံးဖြတ်ရသေးတယ်။
“တကယ်ပါ.. အဟုတ်ပါ... ချစ်လို့ပါ၊ အဲလေ သီချင်းတောင်ဆို သွားပြီ၊ အတည်ပြောတာ အစ်ကိုစာရေး လို့ညောင်းတဲ့ အညောင်းအညာတွေ တစ် ဆတ်ရှင်အတွင်း ဖြေလျော့သွားစေရမယ် တာဝန်ယူတယ်”
သြော်.. ကိုယ်ကလဲအညောင်းသမားမဟုတ်လား။ နောက် ပြီး အညှာကလဲလွယ်တယ်လေ။ ဒါနဲ့ပဲ..
“ကဲ. . ဘာဖြစ်ဖြစ်သွားမယ်ကွာ၊ ဘယ်မှာလဲ ဝေးလား”
“လိုက်ခဲ့”
ငတိက တိုက်တန်းနံဘေး မှောင်ရိပ်ကျနေတဲ့ အသားအရည်နဲ့ ဖြူဖျတ်ဖျတ် ထွက်သွားလေရဲ့။ ကိုယ်ကလဲ နောက်ကလိုက် လို့။ အင်း. . တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မကြုံစဖူး ကောင်မလေး နှိပ်တာ ခံလိုက်မဟဲဟု တွေးရင်း
“ကိုယ့်ဆရာ.. ကုန်းကုန်း”
ကိုယ့်အတွေးနဲ့ကိုယ် ဟန်ကျနေတုန်း အရှေ့မှ ငတိအော် သံကြောင့် ကြောင်သွားမိသည်။
“ဟင်.. ဟင်.. ဘာလို့ ကုန်းရမှာလဲ၊ ဘာလို့လဲ” “အာ. . လူမြင်သွားလို့ မဖြစ်ဘူး ဝပ်နေ.. ဝပ်နေ” အခြေအနေက ပိုဆိုးသွားသည်။
စဉ်းစားကြည့်ပါဗျာ။ မြို့လည်ကောင် ပလက်ဖောင်းဘေး ဘယ်အချိန်ဖြစ်ဖြစ် ရင်ကော့ပြီးသွားလို့ရတဲ့ဥစ္စာ၊ အခု ဒီကောင်နဲ့ ပေါင်းမှ လူမမြင်အောင် ဝပ်နေရတယ်လို့။
အေးလေ.. ဘာတတ်နိုင်မှာလဲ။ ကိုယ်လဲသူပြောသည့်အ တိုင်း မာဆတ်ချင်တာကိုး။ ထို့ကြောင့် သူပြောသည့်အတိုင်း ကုန်းနေ ရာကုန်း၊ ဝပ်ရာဝပ် နေရတော့၏။
အတန်ကြာမှောင်ရိပ်စွန်းမှ လှေကားတစ်ခုရောက်လာပြီး
“ကဲ.. ကိုယ့်ဆရာ အမှတ်စဉ်ရေပြီး သုံးဆိုတာနဲ့ပြေးတက် မယ်”
“ဟင်.. ပြေးတက်ရမယ်.. ဘယ်.. ဘယ်အထိလဲ”
“ရှစ်လွှာ”
“ဟင်.. ရှစ်.. ရှစ်လွှာတောင်” ငတိက ပြုံးရင်း ခေါင်းညိတ်သည်။ ပြီးနောက်.. “အသင့်ပြင်... သုံး.. ပြေးတော့” “ဟာ”
ကိုယ့်မှာ တစ် နှစ် ပြီးမှ သုံးလာမယ်ထင်နေတာ။ တစ်ခါထဲ သုံးဆိုတာနဲ့ အလျင်အမြန်လိုက်ပြီး ပြေးတက်လိုက်ရသည်။
ဪ.. ကိုယ့်မလဲ တစ်ချိန်လုံး စာထိုင်ရေးနေတဲ့ အ ညောင်းသမား မဟုတ်လား။ ကိုယ်တိုင်ကလဲ မသန်၊ ရှစ်လွှာအထိ ပြေးတက်ရတယ်ဆိုတော့ စဉ်းစားသာကြည့်။ ရှစ်လွှာရောက်တော့ ဟစိဟစိပါ ဖြစ်နေသည်။
ရှစ်လွှာရောက်တော့ ငတိက ပြုံးစိစိနှင့်...
“ရှူး.. အစ်ကိုအနောက်မှာနေ၊ အစ်ကို့မျက်ခွက်ကြီးမြင်ရင် လန့်ပြီး တံခါးမဖွင့်ပေးဘဲ နေမယ်” ။
“အာ.. မင်းကလဲ နှိပ်တာပဲကွာ.. မျက်ခွက်နဲ့ဘာဆိုင်လို့
“ရှူး. . တိုးတိုး.. အထာရှိတယ်... အဟိ” ဆိုကာ တစ်ဖက်လှည့်၍ တံခါးခေါက်လိုက်သည်။ *ဒေါက်ဒေါက်ဒေါက်...ဒေါက်ဒေါက်ဒေါက်” “ကလောက်” တံခါးမှ တံခါးပေါက်သေးသေးလေး ပွင့်လာသည်။ “ဘာ.. ဘာလဲဟ.. အဲ.. သွား.. သွားကြီး”
နဂိုမဲငတိ၏ ဖြူဖွဲဖွဲသွားကို မြင်တော့ အတွင်းထဲကလူ ကြောင်သွားပုံရ၏။ ဒါကိုငတိက အစွမ်းကုန်သွားဖြဲပြီး .
“ကျော်ကျော်လတ်လေ.. ကျော်ကျော်လတ်ပါ" အထဲက မျက်လုံးနှစ်လုံးက..
“ဪ.. အရိပ်ကြီးမှတ်နေတာ.. ဪ.. ကိုကျော် ကျော်လတ်၊ နေရာကမရှိတော့ဘူးဗျ၊ ခဏနေမှလာပါလား”
“အဟဲ.. အဲ.. အဲလိုတော့ မလုပ်ပါနဲ့.. ငါ့.. ငါ့ဆရာကို ခေါ်လာလို့ အဲဒါ”
သူ့စကားကြောင့် ကျွန်တော်မျက်နှာထုတ်ပြလိုက်သည်။ “ဟဲ့... ပလုပ်တုတ်... ဘယ်လိုကြီးလဲဟ.."
ကျွန်တော့်ကိုမြင်တော့ အထဲကလူ လန့်သွားပုံရ၏။ “အဲ.. အဲဒါ ဆရာက္ခ နေရာလေးတော့ လုပ်ပေးပါ”
ကျော်ကျော်လတ်က တစ်ထောင်တန်လေး အသာအယာ ထိုးထည့်ပေးပြီး ပြောသည်။
” ရွှေတံခါး၊ ငွေတံခါး ပွင့်သွားသည်။ “ခက်တာပဲဗျာ. . နေရာက မရှိတော့ဘူးဆိုမှ”
တံခါးဖွင့်တုန်းလေး အခန်းထဲ ကမန်းကတန်းလှမ်းဝင်လိုက် သည်။
“ဟာ”
ရုတ်တရက်ကြည့်လျှင်တော့ အလှပြင်ဆိုင်တစ်ခုလိုသာ။ သို့ သော် အထဲတွင် မိန်းကလေးများနှင့်ကြွရောက်ချီးမြှင့်ကြသော ဧည့် ပရိသတ်က မနည်း။ အားလုံးကိုယ်စီ ပဏာယူနေကြသည်။
“ဟေ့ကောင်... အနှိပ်ခန်းကဘယ်မှာလဲ” ကျွန်တော်က နှိပ်နေတာမတွေ့၍ ကပ်မေးသည်။ “အပေါ် မှာဗျ ထပ်ခိုးပေါ်မှာ” အပေါ်မော့ကြည့်မိသည်။
ရန်ကုန်မြို့တိုက်ခန်းပေါ်က ထပ်ခိုးများကို ရောက်ဖူးသူ တိုင်း သိကြပေလိမ့်မည်။ အစကတည်းက တိုက်ခန်းအမြင့်က ဆယ်ပေသို့မဟုတ် ဆယ့်နှစ်ပေသာသာရှိကြပြီး၊ ထိုတိုက်ခန်းကိုမှထပ် ပြန်ခွဲတော့ အများဆုံးမြင့်သောထပ်ခိုးကမှ ငါးပေမျှသာ။ တချို့က လေးပေ၊ ဆယ်ပေမြင့်သော တိုက်ခန်းဆိုက ထပ်ခိုးရှိလှနှစ်ပေအမြင့် သာ။
ယခုတိုက်ခန်းကတော့ အနည်းငယ်မြင့်တော့ ထပ်ခိုးက အနည်းငယ်နေရာယူ၍ ရပုံပေါ်၏။
“ခက်တာပဲဗျာ.. နေရာကလဲ တစ်နေရာပဲလွတ်တာ.. အဲ .. စပါယ်ရှယ်ခန်းတော့ရှိတယ်။ အဲဒီအခန်းက ဈေးမြောက်တယ်”
“စပါယ်ရှယ်ခန်းက ဘယ်လောက်လဲ” “ခုနစ်ထောင်ဗျ.. တစ်ယောက်ခန်းပဲ”
ကျော်ကျော်လတ်က ကျွန်တော့်ကို လှည့်ကြည့်သည်။ ကျွန်တော်က ခေါင်းညိတ်ပြလိုက်သည်။ ဘာပဲဖြစ်ဖြစ်၊ ဒီနေရာရောက် တော့မှ ငွေခုနစ်ထောင်လောက်တော့ သုံးဦးမှပေါ့။
ကျော်ကျော်လတ်က ပြန်လှည့်ရင်း..
“ရတယ်လေ၊ လွတ်နေတဲ့နေရာ ကျွန်တော်ဝင်မယ်၊ ကျွန်တော့် ဆရာကိုတော့ စပါယ်ရှယ်ခန်း ပို့လိုက်ပေါ့”
ဧည့်ကြိုက ခေါင်းညိတ်သည်။ “ဒါဆို ပိုက်ဆံအရင်ရှင်း” “ဟင်.. ဪ..
ဘာမှမလုပ်ခင် ငွေကြိုတောင်းသည်၊ ဒါကလဲ သူတို့ယဉ်ကျေးမှုပဲလား မသိ။
ကျသင့်ငွေ ထုတ်ရှင်းလိုက်သည်။ ထိုတော့မှ.. “လာဗျာ" သူဦးဆောင်ရာနောက် လိုက်သွားကြရသည်။ ခုနက ကျွန်တော်ပြောသော ထပ်ခိုးလေးပင်။