Skip to product information
1 of 2

Other Websites

အကြည်တော် - လုပ်ချင်တာလုပ်ခွင့်ရှိသောတိုင်းပြည်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

လုပ်ချင်တာလုပ်ခွင့် ရှိသောတိုင်းပြည်

           ထိုတိုင်းပြည်သည် လုပ်ချင်တာလုပ်ခွင့်ရှိသော တိုင်းပြည်ဖြစ် သည်။ ထိုတိုင်းပြည်တွင်ရှိသောသူများသည် ကိုယ်လုပ်ချင်သည်များကို လွတ်လပ် စွာလုပ်ခွင့်ရှိကြသည်။

          ဆန္ဒပြချင်သူက ဆန္ဒပြခွင့်ရှိသည်။ ဖမ်းချင်သူက ဖမ်းချင်သလို ကျူးကျော်သူက ကျူးကျော်ချင်သလို ကျူးကျော်ခွင့်ရှိသည်။ မြေ သိမ်းချင်သူက သိမ်းချင်သလိုသိမ်းခွင့်ရှိသည်။

          သစ်ပင်စိုက်သူက စိုက်ချင်သလို စိုက်ခွင့်ရှိသည်။ သစ်ပင်ခုတ် သူက သစ်တောပြုန်းတီးသည်အထိ ခုတ်ခွင့်ရှိသည်။

          ငတ်သေသူများ ငတ်သေခွင့်ရှိသလို၊ ချမ်းသာသူများ စိတ်ကြိုက် ချမ်းသာခွင့်ရှိသည်။

          တော်လှန်ချင်သူက လက်နှင့်တော်လှန်ခွင့်ရှိသလို၊ သေနတ်ရှိသူ များကလည်း ရှိသောသေနတ်နှင့် စိတ်ကြိုက်ပစ်ခွင့်ရှိသည်။

          ကိုးကွယ်ချင်က ကိုးကွယ်ချင် ရာကိုးကွယ်ခွင့်ရှိသလို အယူသီးသူ များကလည်း အစွန်းရောက်အယူသီးခွင့်ရှိသည်။

          လယ်သမားများ ထမင်းတစ်နပ်လျှော့စားခွင့်ရှိသလို၊ လာဘ်ပေး လာဘ်ယူသမားများ စိတ်ကြိုက်လာဘ်စားခွင့်ရှိသည်။

          ဆင်းရဲချင်သူများ ဆင်းရဲခွင့်ရှိသလို ချမ်းသာသူများ ပိုက်ဆံမထား နိုင်အောင် လွတ်လပ်စွာ ချမ်းသာခွင့်ရှိသည်။

          အခွန်ဆောင်သူများ အခွန်ဆောင်နိုင်သလို၊ အခွန်ရှောင်သူများ ရာသက်ပန်အခွန်ရှောင်နိုင်သည်။ ယင်းအရပ်သားများ ဥပဒေဘောင်အတွင်း နေထိုင်ခွင့် ရှိသလို၊ ပတ်သက်စပ်ယှက်များ လွတ်လပ်စွာ ရမ်းကားခွင့်ရှိသည်။

          အချို့သောသူများ ဥပဒေအောက်တွင်ရှိသလို၊ အချို့သူများ ဥပဒေအထက်တွင် နေထိုင်ခွင့်ရှိသည်။

          အချို့သောသူများ ကြိုက်ရာ ပြစ်မှုကိုလုပ် ဒါဏ်ငွေငါးဆယ် တစ်ရာနှင့် ပြီးနိုင်သလို၊ ထောင်ကျချင်သူများက မဆိုစလောက်ပြစ်မှုလုပ်၊ ထောင် ဒါဏ်နှစ်ပေါင်းငါးဆယ်၊ တစ်ရာအထိလည်း ကျခံနိုင်သည်။

          အချို့သောသူများ လိုင်စင်နှင့်ယာဉ်များစီးကြရပြီး၊ အချို့သောသူ များ လိုင်စင်မဲ့ယာဉ် ပြောင်ပြောင်တင်းတင်း စီးခွင့်ရသည်။

          အချို့သောသူများ ဥပဒေကိုပြင်ဆင်လိုကြပြီး၊ အချို့သောသူများ ကမပြင်ဘဲလည်း နေလိုကြသည်။

          နေစရာ နေရာမရှိသောသူများ လမ်းပေါ်ဖြစ်သလိုနေခွင့်ရှိပြီး ရောင်းချင်သူကမြစ်ချောင်းတောတောင်မှအစ နှစ်သက်ရာကို နှစ်သက် ရာဈေးနှင့် ရောင်းချင်သလို ရောင်းချပိုင်ခွင့်ရှိသည်။

          ပြောချင်သူက ပြောချင်တာပြောခွင့်ရှိပြီး၊ လုပ်ချင်သူက လုပ်ချင် သလို လုပ်ပိုင်ခွင့်ရှိသည်။

          ခရီးသည်များ ခရီးသွားခွင့်ရှိပြီး မော်တော်ကားများလည်း မှောက်ချင်သလို မှောက်ခွင့်ရှိသည်။

          တရားစွဲဆိုခံသူများက တရားစွဲဆိုခံရပြီး၊ တရားစွဲသူများက စိတ်ကြိုက်ပုဒ်မတပ် တရားစွဲခွင့်ရှိသည်။

          ဟုတ်တာလုပ်ပြီး စိတ်ညစ်ခွင့်ရှိသလို၊ မဟုတ်တာလုပ်နေသူများ လည်း ပျော်ရွှင်ခွင့်ရှိသည်။

          အမှန်ကိုအမှားဟု အပြောခံခွင့်ရှိပြီး၊ အမှားကိုအမှန်ဟု ဇွတ်ငြင်းချင်သူလည်း ငြင်းပိုင်ခွင့်ရှိသည်။

          ထိုတိုင်းပြည်သည် စိတ်ညစ်သူများ စိတ်ညစ်ခွင့်ရှိပြီး ပျော်ရွှင်သူ များ အတိုင်းမသိ ပျော်ရွှင်နိုင်သော တိုင်းပြည်ဖြစ်သည်။

          ထို့ကြောင့် ထိုတိုင်းပြည်သည် လုပ်ချင်ရာလုပ်ခွင့်ရသော တိုင်းပြည် ဖြစ်သည်။

          သင်ပျော်ရွှင်က ပျော်ရွှင်နိုင်ပြီး ဝမ်းနည်းလိုပါကလည်း ဝမ်းနည်း ခွင့်ရှိပါသည်။

တိုင်လုပွဲ 

          ထိုအခါက ထိုတိုင်းပြည်၌အများပြည်သူများ မကျေမနပ်ဖြစ်ကြ သည့်အကြောင်းမှာ သက်တမ်းရှည် အမတ်များအကျင့်ပျက်ခြစားမှုတွေ ကြောင့် ဖြစ်၏။

          ပြည်သူကလည်း နှစ်ပေါင်းမြောက်မြားစွာ ထိုဒဏ်ကို ခံလာရ၍ အမတ်များအပြောင်းအလဲပြုပေးရန် တောင်းဆိုလာကြ၏။ အများက ကျယ်ကျယ်လောင်လောင် တောင်းဆိုလာသောအခါ ရေမြေ့သနင်းကြီး လည်း မနေနိုင်တော့။ ထို့ကြောင့်

           “ဟဲ . ငါ့နားမှာ ညာစားနေကြတဲ့ ဝန်မင်းများအပေါင်းတို့++ “

          “. .ဘုရား++”

          ..အင်း မောင်မင်းတို့လည်း သိကြတဲ့အတိုင်း တိုင်းသူပြည်သား များက မောင်မင်းတို့ကို လုပ်ပုံမလျော်ကန်လို့ နေရာချိန်းပေးဖို့ တောင်းဆိုနေ ကြပြီကွယ်++

          မှန်လှပါ ကျွန်တော်မျိုးတို့လည်း မကြာခဏချိန်းနေသားပဲ ဘုရား။ သူတို့ မမြင်လို့ပါဘုရား++

          ဟုတ်ပါတယ် မကြာမကြာချိန်းလာတာ နှစ်ပေါင်းမနည်းတော့ ပါဘူး ဘုရား။ သူတို့မမြင်လို့ပါဘုရား++

          အားလုံးပွက်လောရိုက်ကုန်၏။ ဒါကို ဘုရင်ကြီးက လက်ကာပြပြီး

          မင်းတို့ချိန်းတာက ချိန်းတာပဲလေ။ ပွင့်လင်းမြင်သာမှုမရှိတော့ ပြည်သူတွေက ဘယ်သိပါ့မလဲ။ နောက်ပြီး ပြည်သူတွေကိုလည်း အခွင့်အရေး ပေးသင့်တာပေါ့။ ဟုတ်ဘူးလား ++

          ဘုရင်ကြီး စိတ်ကောင်းဝင်စဉ် ပြောသောစကားကြောင့် ဝန်ကြီးများ ပျာတောက်သွားကြ၏။ တစ်ယောက်တစ်ပေါက်နှင့်ထတဲ့ပြီး

          ကျွန်တော်မျိုးက ဘုရင်ကြီးရဲ့ ဖခမည်းတော်လက်ထက် ကတည်းက အမှုထမ်းလာတာနော်။ ထွက်တော့မထွက်နိုင်ဘူး++

  • •ကျွန်တော်ကလည်း ဘုရင်ကြီးရဲ့ ဖွားဘက်တော်နော်။ ကျွန် တော်မျိုး ထွက်ရလို့ကတော့ ဘုရင်ကြီးအကြောင်း ဖင်လှန်ပစ်မှာ++
  • •ကျွန်တော်မျိုးကိုတော့ လာမထိနဲ့။ လျှို့ဝှက်ချက်တွေအားလုံး ဖော်ပစ်မယ်။ ဘာမှတ်နေလဲ++

          တကယ်တမ်းကျတော့လည်း ဘယ်သူ့ကိုမှဘုရင်ကြီးမထိန်းနိုင်၊ အားလုံးက နှစ်ပေါင်းများစွာ ကျူးလွန်ခဲ့သောပြစ်မှုများရှိနေ၍ တစ်ယောက် ဖော်လျှင် အားလုံးအစုအပြုံလိုက်ပေါ်ကုန်မှာကိုး။ ထို့ကြောင့် ဘုရင်ကြီးက လက်ကာပြပြီး

          ကဲ.. ကဲ.. ငြိမ်ကြ၊ ငြိမ်ကြ၊ သူတို့လည်းပါဝင်ခွင့်ရပြီး တို့လည်း နေရာချိန်းပြနိုင်မယ့် နည်းလမ်းစဉ်းစားကြည့်ကြမယ်။ ဟုတ်ပြီလား++

          ဝန်ကြီးများအားလုံး ငြိမ်ကုန်ကြ၏။ အကြံထုတ်ကြပုံရ၏။ သူတို့ လည်း သူတို့နေရာမတည်မြဲမှာကို ကြောက်လန့်၍ အပြင်းအထန် စဉ်းစား နေကြပုံ။

          အတန်ကြာထိ ဘာအသံမှ မထွက်လား အကြံတုံး၊ ဉာဏ်တုံးများမို့ ဘာမှလည်းလုပ်တတ်ပုံမရ။ ဒါကို ဘုရင်ကြီးကပဲ ၊

          ..ကဲ. . ဒါဖြင့်ဒီလိုလုပ် ပြည်သူတွေလည်း ပါဝင်ဆင်နွှဲနိုင်အောင် ဆိုရင်++

          ဘုရင်ကြီးက သူ့အကြံကို ပြောပြလိုက်သည်။ ထိုတော့မှ ဝန်ကြီးများ အားလုံး ဝမ်းသာအားရ ထခုန်ကြ၏။

          အေး ဟုတ်တယ်။ အဲဒီအကြံကောင်းတယ်++

          နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပဲကွ++ •-တို့က မြန်ပြီးသား၊ မြန်ပြီးသား++

          နောက်တစ်နေ့တွင် နန်းတော်မှသတင်းတစ်ခု ထုတ်ပြန်ကြေညာ လိုက်သည်။

  • •ဝန်ကြီးနေရာအတွက် ဝင်ရောက်အရွေးခံချင်သူ မည်သူမဆို လက်ရှိ ဝန်ကြီးများနှင့်အပြိုင် ရွေးချယ်ခံနိုင်ရန် နန်းတော်တွင်းသို့ ကြွနိုင် ကြောင်း++

          အရွေးခံချင်သူက များများစားစားမရှိ။ လေး၊ ငါး၊ ခြောက် ယောက်သာ။

          နန်းတော်တွင်းပြင်ဆင်ထားသည်က နန်းတော်တွင်းရှိတိုင်များ၌ ပြည်ထဲရေး၊ ဘဏ္ဍာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ သတင်းထုတ်ပြန်ရေး၊ ကွပ်ကဲရေး၊ ကြီးကြပ်ရေးစသည် စသည်ဖြင့်တိုင်တစ်တိုင်တွင် ဌာနတစ်ခုစီ ရေးထား၏။ ထိုတိုင်တစ်တိုင်ချင်းစီ၌လည်း ဝန်ကြီးတစ်ဦးစီဖက်ထားကြ၏။

          ဘုရင်ကြီးက ဝင်ရောက် အရွေးခံမည့်ပြည်သူလေး၊ ငါးယောက်ကို

          ကဲ... ပြည်သူ၊ ပြည်သားများလည်း နန်းတွင်းဝန်ကြီးများနဲ့အတူ မျှတစွာ ဝင်ရောက်ရွေးချယ်ခွင့်ရှိပါပြီ++ -

          ဝင်အရွေးခံမည့်ပြည်သူများက ဌာနဆိုင်ရာတိုင်များကို ဖက်ထား သော ဝန်ကြီးများကိုကြောင်တောင်တောင်ကြည့်သည်။

          ဘုရင်ကြီးက ဆက်ပြီး

          ကိုင်းခုဆို အားလုံးမြင်ကြတဲ့အတိုင်း ဌာနဆိုင်ရာတိုင်တစ်ပိုင်စီ မှာ ဝန်ကြီးတစ်ပါးစီ အသီးသီးရှိနေပါပြီ။ ဒီတော့ဝန်ကြီးတွေ တိုင်ချိန်းရင်

          နောက်ဖြစ်မယ့်ဝန်ကြီးများက ဌာနတိုင်ဝင်လုခွင့်ရှိပါတယ်။ ကိုယ်ဝင်လုလို့ ရတဲ့တိုင်ကို ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ကြရမှာပါ++

          အမှန်တော့ တိုင်လုတမ်းကစားခြင်းပင်။ ဌာနနာမည်များတပ် ထားသည်မှအပ ကလေးများအတိုင်း

          ကဲ.. အခုဆိုရင် ကစားနည်းလည်း ရှင်းပြပြီးပြီမို့ ပြိုင်ပွဲစပါပြီ။ ဘယ်သူက ဘယ်ဝန်ကြီးဖြစ်မယ်ဆိုတာ ရှုစားကြပါ++

          ဘုရင်ကြီးစကားဆုံးသည်နှင့် ကျန်းမာရေးဝန်ကြီးနှင့် လူမှုရေး ဝန်ကြီး ဖတ်ခနဲမျက်စပစ်ပြီး တိုင်ချင်းချိန်းလိုက်သည်။ နောက်ဝင်အရွေးခံ မည့် ပြည်သူများ မမီလိုက်။ ကြည့်နေတုန်းမှာပင် ဘဏ္ဍာရေးဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီး တိုင်ချင်းပြေးချိန်းသည်။

          ဟေ့.. ငါက ဝန်ကြီးသစ်ကွ++ ဝမ်းသာအားရထအော်သည်။ ဝင်အရွေးခံသူများ မမီလိုက်ပြန်။

          တစ်နေရာတွင် ဝန်ကြီးနှစ်ပါးနေရာ အချိန်းတွင်ဝင်အရွေးချယ် ခံမည့် ပြည်သူကလှစ်ခနဲ၊ ဖတ်ခန်ဦးဆောင် ပြေးပြီးနေရာယူလိုက်သည်။ ဘုရင်ကြီးပါ မျက်နှာပျက်သွား၏။

          ဟေး. . ဝန်ကြီးတစ်နေရာရပြီကွ။ ပြည်သူတွေကိုယ်စား ဝန်ကြီး ဖြစ်ပြီ++

          သူ့အော်သံပင် မဆုံးလိုက် ••ကွာတေး. . ဘွားတေး++

          ခုနက တိုင်လွတ်သွားသော ဝန်ကြီးထအော်သည်။ ဒါကို ပြည်သူ့ ကိုယ်စားပြု တိုင်ရထားသူက

  •  •ဟင်.. ဘာလဲ++

          သူ့အမေးကို ယခင်ဝန်ကြီးက ••

          ကျပ်နေရာချင်းမလဲခင် ဘွားတေးအရင်အော်ထားတယ်++

  •  .ဘာ.. ဝန်ကြီးက ဘွားတေး++

          ဝန်ကြီးက ခေါင်းညိတ်ပြီး ၊

  • •ဟုတ်တယ် တို့ဝန်ကြီးတွေမှားရင်လုပ်နေကျပဲ။ ဘွားအော် ထားရင် ပြန်လုပ်ရမယ်။ နော်ဘုရင်ကြီး++

         သူ့စကားကို ဘုရင်ကြီးကလည်း ခေါင်းညိတ်ပြီး

  • •အေးလေကွယ်... ဝန်ကြီးက ဘွားတေးအော်ထားတာပဲ။ ပြည်သူ့ ကိုယ်စားလှယ်က ခွင့်လွှတ်ရမှာပေါ့။ ပြန်လုပ်++
  • •လုပ်ပြီးသွားပြီ။ ကျွန်တော်မျိုးက နေရာချိန်းမလို့လုပ်ပြီး အရင် နေရာပဲ++

          ဝန်ကြီးက သူ့တိုင်သူပြန်ဖက်ထား၍ ဘာမှမတတ်နိုင်။

          ထိုစဉ် တိုင်နှစ်တိုင်အချိန်းအပြောင်း ဖျတ်ခနဲမြင်ရ၍ပြည်သူ့ကိုယ် စားလှယ်ကြီး ပြေးပြီးနေရာယူလိုက်သည်။

  • .ဟေး. . ဒီတစ်ခါကျပ်ဦးပြီ။ ဘာတတ်နိုင်သေးလဲ၊ ဘာတတ်နိုင် သေးလဲ++

        သူ့စကားမဆုံးလိုက်။ ••ဟေ့လူ.. ++

အသံကြား၍ ကြည့်လိုက်တော့ တစ်ဖက်ခြမ်းမှ တိုင်ဖက်ထားသူ တစ်ဦး။ ပြည်သူ့ကိုယ်စားလှယ် အံ့အားသင့်သွားပြီး ကို

  • .ဟင်.. ခင်ဗျား၊ ခင်ဗျားက ဘယ်သူလဲ++ တိုင်ကို ပိုင်ပိုင်နိုင်နိုင်ဖက်ထားသူက ခပ်တည်တည်ပင်။ ကျပ်ကဒုဝန်ကြီး၊ ဒီနေရာ ကျပ်အရင်ရောက်တာ။ ခင်ဗျားဖယ်

          နေလိုက်ပါ++

          ဟမ်++

ဤသို့ဖြင့် ပြည်သူ့ကိုယ်စားလှယ်များ ဘယ်နေရာမှမရလိုက်။ နောက်တစ်နေ့ ထုတ်ပြန်ချက်တွင်

  • •အများပြည်သူရှေ့ တရားမျှတစွာ ရွေးချယ်ခဲ့ပြီး လက်ရှိအဖွဲ့ သာ ပြည်သူ၊ ပြည်သားထောက်ခံမဲ ၁ဝ၂မဲ ကန့်ကွက်မဲ မရှိဖြင့် အနိုင်ရ ပါကြောင်း++

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)