Skip to product information
1 of 2

Other Websites

အကြည်တော် - မောင်စောကြည်ဖြူနှင့်မမြင့်စန်းရီ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          ဤသို့သာပေါ့ မြင့်စန်းရီ...

          လောကမှာ လူတိုင်းမဖြေနိုင်တဲ့ မေးခွန်းက အနာဂတ် ဆိုတာပေါ့။

          လွယ်ကူလှစွာပါပဲ။ မနေ့ကတိုင်းကို ကျော်ဖြတ်ခဲ့ပေမဲ့ မနက်ဖြန်တိုင်းကိုတော့ ဖြတ်သန်းဖို့ ရှာဖွေခက်ခဲနေကြဆဲပါ။

          မနက်ဖြန်ဆိုတာတောင် ခက်ခဲနေမှတော့ အနာဂတ်ဆိုတာ ဘယ်လိုအဖြေရှာမှာလဲ။

          ဟော... ကြည့်စမ်း နေဝန်းကြီးထွက်လာတာ ဒီနေ့ အတွက်ပါ မြင့်စန်းရီ၊ မနက်ဖြန်အတွက် သူကြိုထွက်ခဲ့တာမှ မဟုတ် တာ။ သဘာဝတရားမှာ ရီဟာဇယ်မရှိဘူး မြင့်စန်းရီ ထိုနည်းတူစွာ လူ့ဘဝမှာ ရီဟာဇယ်ဆိုတာ ဘယ်တော့မှမရှိပါဘူး။ မှားပြီဆိုတာ နဲ့ ကိုယ့်ဘဝကြီး ပြီးဆုံးသွားတတ်တာချည်းကလား။

          အမှားဆိုတာမျိုးကလည်း လမ်းသွားရင်းလည်း မှားတတ် တာပဲ။ ထိုင်နေရင်းလည်း မှားတတ်တာပဲ မြင့်စန်းရီး ကျွန်တော်တို့လို ပုထုဇဉ်တွေက အမှားနဲ့ ဘယ်ကင်းနိုင်ပါ့မလဲ။ လူဆိုတာ အမှား များစွာနဲ့ နေထိုင်ဝံ့သူလေ။

          လက်ညှိုးညွှန် ထောက်ပြနေရုံနဲ့ အမှားတွေ ကင်းပါ့မလား။ မေတ္တာတရား၊ အချစ်၊ သံသယကင်းသောအကြည့်များနဲ့ ခြယ်မှုန်းမှ လူ့ဘဝကြီးဟာ သာယာလာမှာပါ။ သာယာလာနိုင်မှာပါ မြင့်စန်းရီး ဒါကို ယုံလိုက်စမ်းပါ။

          ကမ္ဘာမှာ အင်မတန်ကြီးကျယ်တဲ့ မေးခွန်းတစ်ခု ပေါ်ခဲ့ဖူး ပါတယ်။

         “လူတွေဘာနဲ့နေ”တဲ့။ ရှင်းရှင်းလေးပါပဲ မြင့်စန်းရီ။ “မေတ္တာတရားနဲ့ နေထိုင်ကြပါသတဲ့ ။

          တစ်ဦးကိုတစ်ဦး မေတ္တာရှိမှ လူတွေသံသယကင်းကြမှာပါ။ ကဲ ဒါဆို ကျွန်တော့်မှာ အချစ်ရှိတယ်။ မြင့်စန်းရီမှာ ကျွန်တော့်ကို တုံ့ပြန်ဖို့ မေတ္တာရှိတယ်။ ဒီနှစ်ခုက ပေါင်းစပ်လို့မရဘူးလား မြင့်စန်းရီ။

          အချစ် + မေတ္တာ ညီမျှခြင်းက ဘာဖြစ်နိုင်မလဲဟင်။

          ထိုနည်းတူစွာ စောကြည်ဖြူ-မြင့်စန်းရီ ညီမျှခြင်းက ဘာဖြစ် နိုင်မှာလဲ။

          ကျွန်တော့်သူငယ်ချင်း အတော်များများကိုလည်း မေးကြည့် ပါရဲ့။ တချို့က ဒီအဖြေကို ဒီလိုကြတယ်။

          “သံယောဇဉ်”တဲ့။ တချို့ကတော့ ချစ်ခြင်းမေတ္တာတဲ့။ တချို့ကလည်း သာယာစိုပြည်ခြင်းပါတဲ့။

          ဘယ်အရာကများ တိကျပါသလဲ။ ဘယ်အရာက အဖြေမှန် လဲ။ ကျွန်တော့်အတွက်တော့ ပြည့်စုံတဲ့အဖြေ မဟုတ်ပါဘူး။

          ကျွန်တော် နှစ်ပေါင်းများစွာ ဒီမေးခွန်းနဲ့ ပျော်မွေ့ခဲ့သူပါ။ ဟော အခုတော့ ဒီမေးခွန်းရဲ့ အဖြေကို အတိအကျရပြီ။ ဒီထက်ပို ပြည့်စုံတဲ့အဖြေမျိုး ဘယ်သူကမှ စဉ်းစားမိမှာမဟုတ်ပါဘူး၊ လေးနက် စွာ ဖတ်ကြည့်ပါ။

          စောကြည်ဖြူ+မြင့်စန်းရီ=ကလေး

          ကျွန်တော့်ရဲ့ ကလေးရမှကို ဖြစ်တော့မယ် မြင့်စန်းရီ ကလေးရမှကို ဖြစ်တော့မှာ။

          မြင့်စန်းရီနဲ့ ပတ်သက်ရင် ကျွန်တော့်ကို တစ်ဘက်သတ် ကောက်ချက်ဆွဲတတ်သူတဲ့။ ဟုတ်ပါ့မလား မြင့်ဝန်းရံ။ အကယ်၍ တစ်ဘက်သတ် ကောက်ချက်ချတတ်သူ မှန်ခဲ့ရင်တောင် မြင့်စန်းရီ တက်ကို တစ်ဘက်သတ်ကြီးလိုက်နေတတ်သူသာ ဖြစ်ပေလိမ့်မယ် ထင်တယ်။

          အမှန်တော့ ကျွန်တော်ဟာ မြင့်စန်းရီမှပြောရင် သေဆို အခွေလိုက် ရှင်ဆို ဒေါက်ခနဲကောင်ပါ။

          တကယ်ပြောတာပါ မြင့်စန်းရီ ကျွန်တော့်ရဲ့ အသက်ရှင် ရပ်တည်မှုဟာ မြင့်စန်းရီကြောင့်ပါ။ ကျွန်တော့်ရဲ့ မျှော်လင့်ချက်ဟာ လည်း မြင့်စန်းရီနဲ့ သာယာစိုပြည်စွာ ပေါင်းဖက်ပြီး ကလေး သုံးယောက်ယူဖို့ပါပဲ။ ကဲ ဘယ်သူကများ ဒီအကြံအစည်ကို ဖျက်နိုင် ကြမှာလဲ။ ဒီလောက် လက်တွေ့ဆန်ပြီး ရဲတင်းတဲ့အတွေးမျိုးရောဘယ်သူတွေးမိကြမှာလဲ။

          ဒါပေမဲ့ မြင့်စန်းရီ လူတွေရဲ့ သံသယဖြစ်မူတွေနဲ့သာ ရင်းနှီး နေရတဲ့ ကျွန်တော့်အတွက်တော့ ကလေးသုံးယောက်ဟာ အဝေး ကြီးပါ။ ပေါင်းဖို့မပြောနဲ့ ဖက်ဖို့ဆိုတာ မပြေခဲ့သူ။

          မှတ်မိသေးလား မြင့်စန်းရီ။ မြင့်စန်းရီနဲ့ ကျွန်တော် နှစ်ယောက်တည်း ကန်စောင်းမှာ ရှေ့ရေးတွေ ပင်စဉ်ကပေါ့။

          နှစ်ယောက်သား ကြည်နူးရင်း ရင်တထိတ်ထိတ်နဲ့ မနေနိုင် မထိုင်နိုင် မြင့်စန်းရီရဲ့ ပခုံးဖက်မိစဉ်...

          “အို... ဒေဝစ္စရာဒေဝစ္စရာ လှညာ ပေါင်းကာ စုxxx ပေါင်းကာဝေးသို့ လှရေးခြယ်ဆင်းဟန်မူ”

          ကျွန်တော့်နှုတ်က အသံကျယ်ကျယ် ထွက်သွားတဲ့သီချင်း သံကြောင့် မြင့်စန်းရီလန့်ပြီး...

          “ဟင်... ဘာဖြစ်လို့ သီချင်းအကျယ်ကြီးဆိုရတာလဲ ဘာဖြစ်လို့လဲ”

          မြင့်စန်းရီအမေးကြောင့် ကျွန်တော်လည်း အောင့်သက်သက်နဲ့ ပေါင်ကြားလက်ဖွက်၊ သွားကို အစွမ်းကုန်ဖြဲပြီး...

          “အဟီး... ပျော်လွန်းလို့ မြင့်စန်းရီ၊ ပျော်သွားလို့”

          အမှန်တော့မဟုတ်ပါဘူး မြင့်စန်းရီ မိုးလင်းပေါက် ကာရာအိုကေဆိုင်တွေအသွားများပြီး ကောင်မလေးကိုဖက်မိတာနဲ့အလိုလို သီချင်းသံက ထွက်မိနေတာပါ။  ဆိုချင်လွန်းလို့ မဟုတ်ပါဘူး” အကျင့်ပါနေတာပါ။ အဲသည်လို မှားယွင်းမှု ရင်းနှီးနေတဲ့ ကျွန်တော့်အတွက် မြင့်စန်းရီနဲ့ စေ့စပ်ပွဲပျက်ဟာ အထူးအဆန်း မဟုတ်တော့ပါဘူး၊

           မြင့်စန်းရီရဲ့ မိဘများ သဘောတူပြီး မြင့်စန်းရီ နဲ့ ကျွန်တော်ကို စေ့စပ်ပွဲ ကျင်းပပေးခဲ့တာလေးဘယ်လောက်ကြာလို့လဲ မြင့်စန်းရီ၊ ကျွန်တော် အခန်းထဲရောက်တာနဲ့ အဲဒီပွဲလေးပျက်ခဲ့တာပေါ့။ အားလုံး ကျွန်တော့်ကြောင့်လို့ ပြောကြရဲ့။ အမှန်တော့...

          အဖြစ်က ဒီလိုပါ မြင့်စန်းရီ။

          မိုးသည် အဆက်မပြတ်ရွာသွန်းနေခဲ့ပြီး ထိုနေ့ကမှ နေက လှလှပပသာနေသည်။ ထိုနေသောသောနေ့သည် ကျွန်တော်နှင့် မြင့်စန်းရီ စေ့စပ်ပွဲကျင်းပသောနေ့ပင် ဖြစ်တော့၏။

          တောင်ရှည်ဟုခေါ်သော အိပ်ရာခင်းသဏ္ဌာန် ရွှေရောင် ဟာကြီး ဖုံးလိုက်သည်နှင့် ကျွန်တော့်ပုံမှာ အလှူခံတွင်ပါလေ့ရှိသော ရုပ်ကြီးရုပ်ကို ဒုတ်စွပ်လိုက်သလို ဖြစ်သွားရတော့၏။

          လူက အစကတည်းက ပိန်ချောင်ချောင်မို့ ထိုအရာကြီးမှာ ပတ်၍မဆုံးနိုင်ပင် ဖြစ်နေတော့၏၊

         “တော်... တော်ကြပါတော့ကွာ၊ ဒီလောက်ပတ်ရ တော်ရောပေါ့"

         ကျွန်တော့်စကားကို မျိုးထွန်းဝင်းက မျက်မှောင်ကျုံ့ပြီး...။ 

         “အေး... သူများဆိုရင်တော့ တစ်ပတ်သာသာပတ်ရတာ၊”

          မင်းကျမှ ဘုရားရှင်တောမထွက်ခင် တွေ့ခဲ့တဲ့သူနာကျနေတာပဲ ကတည်း ပိန်ချောင်နေလိုက်တာ၊ ဒါနဲ့ မှန်းစမ်းပါဦးခြေသလုံးက"

         အရေးထဲ ငတိက တောင်ရှည်အောက်ခြေသလုံး ဝင်စမ်းနေသေး၏။

          “ဟ.. ဘာကြီးလဲဟ၊ ဒါကြီးကျ ထည်ထည်ကြီး”

          မျိုးထွန်းဝင်းက သူ့ဘာသာသူ ဝင်စမ်းပြီး အံ့အားသင့် သည်။

          “ဟာ... လှုပ်...လှုပ်နေတယ်၊ အဲ ဒါက အစေ့ကြီး၊နည်းတာကြီးမဟုတ်ဘူး၊ ဟေ့ကောင် ငါစမ်းမိတာ ဘာကြီးလဲ”

          “အာ... ဒူးခေါင်းကြီးပါကွာ၊ မင်းကလည်း"

          “အဲ... ဒါဆို ဒီအစေ့ကြီးကရော ဘာကြီးလဲ။ မရိုးဘူးလား ပဲ၊ ဟယ် သူ့ဟာသူလည်း လုပ်တယ်"

          “ဂုံညင်းစေ့ပါကွာ”

          “ဪ... ဟုတ်လား၊ ထင်တော့ထင်သား၊ ဒါနဲ့ ခြေသလုံး နဲ့ပေါင်က သေးပြီး ဒီဒူးခေါင်းကြီးက ဘာလို့အက်နေတာလား နောက် အချွန်ကြီး”

           “ကံတရားပါကွာ မင်းကလည်း စားလိုက်၊ တောင်ရှည်ပတ်မဲ့ဟာဆက်ပတ်ပေးပါ"

          “အေးပါကွာ... မင်းဟာကြီးက စမ်းကောင်းလွန်းလို့။ မှန်းညှစ်ကြည့်ဦးမယ်"

          ဆိုကာ စိတ်လိုလက်ရ ညှစ်နေသေး “ဟေ့... မင်းတို့ဘာလုပ်... ဟယ်" ထိုစဉ်မှာပင် အခန်းထဲ ကမန်းကတန်းဝင်လာသော

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)