အကြည်တော် - မိုးတိမ်ပုံပြင်
တို့များ...မွေးသောကာလ ကျေးတောရွာက သာဂိတို့ များ
အရက်ဆို ဆော်ပြန်သလေးလေ့ ...
လူဟန်ကမူးရူးလို့နေသေး
မြို့ရွာထဲ အရပ်ထဲမှာလည်း .. ဗွက်တောများထဲဆို မူးပြီးချော်လဲ
ပုဆိုးပါဆွဲ.. အိုးမှာဝဲ.. အမျိုးပါဆဲ.
လူကြားထဲအရှက်မရှိ ထိုးဟန်
ခမည်းတော်က ဆော်မယ်နားပန်..
ရွာခံလူများ ဝိုင်းလို့တောင်းပန်...
အန်ပြန်ပြီ ဝေ့ဝေ့နဲ့အသံ..
မြန်မြန်ဆန်ဆန် မြန်မြန် လာပြန်ပြီ အေ့အေ့နဲ့ ဟန် ...
မြန်မြန်ဆန်ဆန် မြန်မြန် အဖော်တွေမှာ အော်ဂလီတွေဆန် ..
တော်ပြီတော်ပြီပြန် တော်ပြီဆို ကလော်ပြီသာအမှန် ..
တဲ့သေနာကျ. . ဗျာဗျာဗျာ
တဲ့လာထပါဟ ၀ါ့ဝါဝါ့ဝါဝါ့..
(အမြည်းဖိုးအတွက် ထီးကျိုးပါမကျန် လက်ခံ ထားရင် ပေါင်စားပြန် (နိပ်ဟ) ထမင်းချိုးနဲ့ ဟင်းအသိုးပါမကျန် တွေ့ရင်များ နှိုက်စားပြန် အကြွေးရတော့ ဆော်ကာသူမူးပြန် အကြွေးနှံ၊ အကြွေးနှံ ဣနြေလေးနဲ့ ထိန်းလျှောက်ရန် မူးပြီးတော့အန် အေ့ .. ဝေလာကွယ် မောင်ရိုး .. ဝေလာကွယ်မောင်ရိုး ဝမ်းစမိုးလို့ ပြောပြီးအန်.. အေ့အေ့)
ဝေလာကွယ်မောင်ရိုး ဝေလာကွယ်မောင်ရိုး ဝမ်းစမိုးလို့ ပြောပြီး အန်အေ့အေ့ ဟကျော့ဟကျော့ ဘော်ဘော်တွေများ ဘယာကြော်တွေဝါး ဆော်ကီတွေပွားနေပြန် ..
ရွာဆော်ကြီးက ခွက်ပုန်းနံ့ . ယောက်ျားမှန်သမျှ အကုန်လုံးလက် ထိုးအန်.. နောက်တစ်ခါအန်ပြန်ပြီတဲ့ ဟေ့.. ဝေဝေ..ဝါး ....
လမုတန်း ရွာရဲ့ ညနေခင်းကို အဲဒီသီချင်းသံနဲ့ပဲ လှုပ်နှိုးလိုက် တယ်..။
အဲဒီသီချင်းသံကြားရင် ကိုရင်သာဂိတို့ မူးနေကြောင်း လူတိုင်း သိကြပြီ. .။
ပြောရဦးမယ် ကိုရင်သာဂိတို့ဆိုလို့... လူများများတော့မဟုတ် ဘူးရယ်၊ ကိုရင်သာဂိပါမယ်၊ သလာစီ(ကြက်ကုလား)ပါမယ်၊ ပါစီပါမယ်၊ မိုးတိမ်ပါမယ်၊ ဒါပဲ... ဒါသူတို့လူစု. .။ညနေပိုင်းမှန်ရင် ချိန်းစရာ လိုတာရယ်မဟုတ်ဘူးရယ် ...။ ရွာတောင်ဘက်ဖျားက ကိုကွတ်ကြီး အရက်ပုန်းဆိုင်မှာ ဆုံနေကျ။ နေအဝင်သာမမှန်ရှိရမယ်။ သူတို့လေညိုချိန် ကမှန်ပြီးသား။
ပြောရဦးမယ် ကျုပ်တို့ရွာရဲ့ အချိန်မှတ်ပုံကို။ တစ်ယောက်ယောက်က“ဘယ်နှစ်နာရီရှိပြီလဲ” မေးပြီဆိုပါတော့။
ကျုပ်တို့ရွာသားများ နာရီတွေ နေတွေကြည့်နေတာမဟုတ်ဘူးရယ်...။
ကိုမိုးတိမ်ကြီး လေပျို့သံကြားတယ်ဆိုတော့ လေးနာရီမတ်တင်း တော့ရှိပြီပေါ့...။
ဦးပန်းညွန့်ကြီး မီးခြစ်သွားရှာပြီဆိုတော့ မနက် ကိုးနာရီသာသာ ရယ်။ ဘကြီးပန်းခေါ် ဦးပန်းညွန့်က မနက်ကိုးနာရီဆို အရက်ဆိုင်မှာ မီးခြစ် ကျန်ခဲ့လို့ဆိုပြီး သူ့မိန်းမဖွားချောကို တစ်ပတ်လှည့်နဲ့ ကိုတွတ်ကြီးဆိုင်မှာ တစ်ပက်ထည့်နေကျ. . .။
ကိုရင်သာဂိကြီး ပုဆိုးကွင်းသိုင်းလာပြီဆိုတော့ ဆယ့်နှစ်နာရီ ပျော့ပျော့ရှိတော့သာပေါ့။ အဲ့ဒီလိုတိကျတာ။
သူတို့ကလည်း စံတော်ချိန်သာမှားမယ်မှတ်။ ကိုမိုးတိမ်တို့ လေပျို ချိန်၊ ဘကြီးပန်း မီးခြစ်ယူချိန်၊ ကိုရင်သာဂိပုဆိုးကွင်းသိုင်းချိန်၊ သလာစီ ကုလားက “က 'ချိန်၊ ပါစီအန်ဖတ်ဆို့ချိန် ဘယ်တော့မှ မမှားဘူးရယ်။
နို့ပေမယ့် တစ်ခုတော့ပြောစရာရှိသာပ၊ သူတို့လေးယောက်က တစ်ယောက်ကိုတစ်ယောက် ဟဟကြည့်ရဲတာမဟုတ်ဘူးရယ်...။ မျက်နှာ ချင်းများဆိုင်မိတာနဲ့ တစ်ယောက်ကိုတစ်ယောက် ကုတ်ချင်၊ ဖဲ့ချင်ကြတာ။ ဟော... အခုတော့ ထူးခြားတယ်။ ခေါင်းလေးခေါင်းဆိုင်ပြီး ငြိမ်...လို့. . . ။
သူတို့ဒီလိုငြိမ်နေတာအကြောင်းရှိတယ်။ ဒါကတော့ သိပ်ပြီးပြော စရာ မလိုပါဘူး။ သူတို့ဆွေးနွေးစရာဆိုလို့ မိုးတိမ်ရဲ့ အချစ်အကြောင်းက လွဲပြီးဘာမှ ဖြစ်နိုင်တာမှမရှိတာ။
မိုးတိမ်ဆိုတာကိုလည်း သိကြရဲ့လား...။ လူက အသားညိုညို၊ အရပ် မြင့်မြင့်ရယ်၊ ရုပ်က ကြောင်လျှာသီး ကားအကြိတ်ခံထားရတာနဲ့ တူတယ်။ ဒါမှမသိရင်တော့ ရွာထိပ်ရေကန်ကြီးထဲ ငါးသွားများကြည့်။ အဲ့ဒီ ရေကန်ထဲကငါးမရဘဲ ရေညှိတက်နေတဲ့ မိန်းမအသုံးအဆောင် ဆံညှပ်တို့၊ ဘီးတို့၊ လက်သည်းနီဘူးတို့၊ ရေမွှေးပုလင်းတို့ စသည်ဖြင့် ဒေါက်ဖိနပ်အစ၊ ဇာဘော်လီ အဆုံး၊ ခင်ဗျားတို့ ငါးမျှားချိတ်ထဲ ချိတ်ပါလာရင် တခြားလူတွေ စဉ်းစားမနေနဲ့.. မိုးတိမ်ကိုသာပြေးမြင်လိုက်. . ။ အဲဒါအားလုံး သူပစ်ချထားတာ။
မိုးတိမ်ဆိုတဲ့လူကအမြဲတန်း အသည်းကွဲနေတာရယ် ... ။ သူကြိုက်တဲ့ ကောင်မလေးကတခြားသူမဟုတ်ဘူး။ ရွာလယ်ပိုင်းက ဒေါ်ဝင်းသမီး၊ မေဖြူ...။
မေဖြူဆိုတာကလည်း နာမည်နဲ့လိုက်အောင် ဖြူဖြူဝင်းဝင်းလှတပတပေါ့။ နို့ပေတဲ့ ဂိုက်ပေးကတော့ တစ်ဆိတ်ကြမ်းလွန်းတယ်။ လမ်းသွား ရင် သူရဲ့ ရှည်လျားပါးလျတဲ့ ဆံပင်ကိုကိုင်ကာကိုင်ကာနဲ့ လှုပ်စိလှုပ်စိနေတာ။ စကားပြောရင်လည်း မပွင့်တပွင့်နဲ့ ..။ အဝတ်အစားကတော့ သူတို့ကကြေးရတက်တွေဆိုတော့ မြို့ကဘေထုတ်ထည်လေးဘာလေးဝတ် နိုင်သပေါ့။ ဒါကိုပဲသူက နိုင်ငံခြားဖြစ်မှ ဝတ်တာဆိုပြီး၊ သိပ်မာနကြီးတာ။
နောက်ပြီး စကပ်အကွဲတို့ ဘောင်းဘီတိုတို့ကို သူ့ရုပ်နဲ့လိုက်မှန်းမသိ၊ မလိုက်မှန်းမသိ ဝတ်တတ်သေး .. ။
ဒါ့ကြောင့် အဲ့ဒီကောင်မလေးကို တစ်ရွာလုံးက ဝိုင်းခေါ်ကြပါ တယ်။
တောဂေါ်လီ. . တဲ့။ ဟုတ်တယ်။ တောမှာဂေါ်လီလုပ်လွန်းလို့
အဲ့ဒီတောဂေါ်လီလေးကိုပဲ မိုးတိမ်တို့က အသည်းစွဲဖြစ်နေတာ။ သူကသာ အသည်းစွဲဖြစ်နေတာ .. မေဖြူက မိုးတိမ်ကို လောက်စာလုံးလောက်တောင် အထင်ကြီးတာ မဟုတ်ဘူးရယ်။ (သူက ဂေါ်လီမို့လားတော့ မသိ) လောက်စာလုံးကတောင် ပစ်တတ်ရင် ငှက်ရဦးမယ်တဲ့။ မိုးတိမ်ဆိုတဲ့ကောင်ကဘာမှသုံးလို့ မရဘူးတဲ့လေ။ ဒါ့ကြောင့် အဖက်လည်းမလုပ်ဘူး၊ လှည့်လည်းမကြည့်ဘူး။ နောက်ပြီး .. မေဖြူကသူတို့ ရွာလယ်ပိုင်းက ဦးဖြူဝင်းသား ကုလားဒိန်နဲ့လည်း မရှင်းဘူး။ ကုလားဒိန်ဆိုလို့ တစ်မျိုး မထင်နဲ့ သူလဲမြန်မာလူမျိုးပဲ... ဒါပေမယ့် မဲသမှပြောင်လို့...။ ဒါ့ကြောင့် သူ့ကို ကုလားဒိန်လို့ ခေါ်တာ။ နာမည်ရင်းတော့ ဘာရယ်မသိဘူး။
သူတို့ပြောတော့ သူတို့နှစ်ယောက်ကို ငယ်ငယ်ထဲက မိဘတွေက သဘောတူထားကြတာတဲ့ ...။
မေဖြူအမေ ဒေါ်ဝင်းကိုမေးကြည့်တော့ ဒေါ်ဝင်းက သူမသိဘူးတဲ့..။ သူ့ယောက်ျား (ဆုံးသွားတဲ့) ဦးမောင်တင်များ ပြောခဲ့သလားတော့မပြောတတ်ဘူးတဲ့..။ ကဲ .. ဇာတ်ကရှင်းနေပြီ။ မိဘတွေကတောင် မသိတဲ့ဟာကို သူတို့နှစ်ယောက်ကို ဘယ်သူကများငယ်ငယ်ထဲက သဘော တူထားတယ်ရယ်တော့ သူတို့နှစ်ယောက်နဲ့ ဘုရားပဲသိမယ်။
ဒါပေမယ့် သူတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကတော့ တစ်ရွာ လုံး ဟိုးလေးတကျော်ပဲ။ ဘယ်လောက်ထိလဲဆို ရွာက ကလေးတွေ ဆိုင်းတီး တမ်းဆော့ကြလို့ရှိရင် သူတို့ကို အစွဲပြုပြီး ဆိုင်းသံကို
“တိမ် ပိန့် ဒိန်၊ တိမ် ပိန့် ဒိန်” ဆိုပြီး အသံထွက်တယ်။
ဟုတ်တယ်လေ။ တစ်ယောက်က မိုးတိမ်။ မေဖြူက ငပိန်။ ဟိုကောင် ကုလားဒိန်ဆိုတော့ “တိမ် ပိန့် ဒိန်ပေါ့။
ဘာပဲပြောပြော။ တိမ်နဲ့စာရင် ပိန်က ဒိန်ဘက်တော့ အလေးသာ သလိုရှိသား ...။
နို့ပေတဲ့ .. မေဖြူက အလုပ်ကလေးများ ဘာများရှိရင် မိုးတိမ် ကို ချော့မော့ပြီး ခိုင်းနေကျ။ မိုးတိမ်က ကျားအချင်းချင်းသာ ဘာမှမကူညီ တာရယ်။ မိန်းကလေးများ ခိုင်းလို့ကတော့ သွားကြီးဖြဲပြီး လုပ်သမှ ဖင်က မီးကို အူလို့. . ။ ဟိုနေရာလေးသွားပေးပါဦးဆို စာချဲ့ပြောတာက နောက် ကျဦးမယ်။ မိုးတိမ်တို့ ပြေးတာများ မှုန်ထွက်နေတာ။ ဒါကိုပဲ မိုးတိမ်က သူ့ကို မေဖြူလေးများ ပြန်ချစ်နိုင်ကောင်းရဲ့ ဆိုပြီး လက်သည်းညှပ် အစ ဇာဘော်လီအဆုံး တပြုံးပြုံးနဲ့ဝယ်ပေးရှာတယ်။ မေဖြူက လက်မခံဘူးဆိုရင် စိတ်နာတယ်ဆိုပြီး ရွာထိပ်ရေကန်ကြီးထဲ ပစ်ချတယ်..။ အဲ့ဒါကြောင့် အဲ့ဒီကန်ထဲ အဲ့ဒီလောက် အမျိုးသမီး ပစ္စည်းများနေတာ။
ပြောရဦးမယ် ... ။ အဲ့ဒီကန်ထဲ အဲ့ဒီပစ္စည်းတွေ ဘယ်လောက် များသလဲဆိုရင် ရွာကရေကန်တွေဖော်ဖို့ လေလံပေးရင် အဲ့ဒီကန်က ဈေး အများဆုံးပဲ ..။ ငါးအရများလို့ရယ် ဘာရယ်မဟုတ်ဘူး။ ငါးကတော့ တခြားကန်တွေနဲ့ သူတင်ကိုယ်တင်ပဲ။ သို့ပေမယ့် မိုးတိမ်ရဲ့ စွန့်ပစ်ပစ္စည်း များလို့..။ ဘယ်လောက်ထိများလဲဆို .. မနှစ်က လေလံရသွားတဲ့ ဦးအားမူဆို အခုရွာထဲမှာ စတိုးဆိုင်ကြီးတစ်ဆိုင်ဖွင့်ထားတာ ဟီးထလို့..။ အမျိုးသမီးအသုံးအဆောင်များ စုံသလားတော့မပြောနဲ့ နားဖာကလော်ကအစ၊ ကော့ဆက်အဆုံး ... အားလုံး သူမှာရှိတယ်။
ထားပါတော့ . မိုးတိမ်အကြောင်း ပြောနေလို့က ဆုံးမယ်မဟုတ်ဘူး။ အခုတော့ သူတို့ အုပ်စု ခေါင်းချင်းဆိုင်ပြီး ငြိမ်နေကြပြီ ..
ငါအကြံရပြီ.. ပါစီရဲ့ စကားကြောင့် အားလုံးခေါင်းဆောင်သွားကြတယ် ..။ “ဘယ်လိုအကြံလဲ..” ကိုရင် သာဂိကမေးတယ် ..။ “ဒီလိုကွ..”
ပါစီက စကားကို မဆက်သေးဘဲ ဖန်ခွက်ထဲက အရက်ခွက်ကို မယူပြီး ဂွပ်ခနဲမော့သောက်လိုက်တယ်။ ပြီးတော့ ပဲကြီးလှော်တစ်လုံးကို ကောက်ဝါးလိုက်ပြီး ... ။
“အကြံကတော့ ကြီးတယ်မောင်.."
အားလုံး ပါစီကိုအာရုံစိုက်နေကြတယ်။ ဘာမှမပြောဘဲ ငြိမ်လို့။ ပါစီကသာ ဟန်တစ်ခွဲသားနဲ့ စကားဆက်လိုက်တယ် ...။
“မေဖြူတို့ အိမ်အနောက်က စပါးကျီမီးရှို့မယ်ကွာ ...။
“ဘာကွ”
အားလုံး မျက်လုံးတွေပြူးကျယ်သွားတယ်။ ပြီးတော့ ပါစီကိုစိုက် ကြည့်နေကြတယ်။ မိုးတိမ်ရဲ့ မျက်လုံးက အတောက်ပြောင်ဆုံး .. ။ ပါစီက ဆရာကြီးဟန်နဲ့ အားလုံးကို ဝေ့ကြည့်လိုက်တယ်။
“ဟုတ်တယ် .. မေဖြူတို့ အိမ်အနောက်က စပါးကျီမီးရှို့ ရမယ်..'
“မီးရှို့ ရင် လောင်ကုန်မှာပေါ့ ဦးထဲမှပဲ ...”
မိုးတိမ်ရဲ့ မကျေမနပ်စကားကို ပါစီက ဝေးရန်ကောဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်ပြီး ..
“အေးလေကွာ .. လောင်အောင်ရှို့မှာပေါ့ ..”
“လောင်တော့ ..”
“လောင်တော့ မင်းက သူရဲကောင်းလုပ်ပြီး မီးဝင်ငြိမ်းချင်ယောင် ဆောင်ပြီး သူတို့အိမ်ပေါ်က ပစ္စည်းတွေ မင်းတို့ အိမ်ပေါ်ရွှေ့ထားလိုက် ပေါ့ကွ ..”
‘ရွှေ့ထားလိုက်ရင် ..”
မိုးတိမ်ရဲ့ အူကြောင်ကြောင်စကားကို ပါစီက သူ့ပေါင်ကို ဖျတ်ခနဲ ပုတ်လိုက်ပြီး .. ။
“ဟ.. အဲဒီပစ္စည်းတွေ ရွှေ့ထားလိုက်ရင် မေဖြူလေးပါမင်းတို့ အိမ်ပေါ်ရောက်ပြီပေါ့ကွ .. ဘာလိုသေးလဲ .. မင်းတို့ အိမ်ပေါ်ရောက်မှတော့ မင်းဖာသာ မင်းအပိုင်စည်းရုံးပေါ့ကွ.. မဟုတ်ဘူးလား.. ဟား ဟား ..ငါ့ အကြံမပိုင်ဘူးလား.. ဟား ဟား ..
ပါစီက သူ့စကားကို သူသဘောကျပြီး တဟားဟားရယ်တယ်။ မိုးတိမ်ကတော့ ပါစီအကြံကို ခေါင်းကုတ်စဉ်းစားရင်း ..
“အေး .. ဟုတ်တော့ဟုတ်သလိုပဲ.. အဲ .. ဒါပေမယ့် မီးကငြိမ်း လို့မရဘဲ တစ်ရွာလုံးလောင်သွားရင်ရော...”
“မင်းအဖမ်းခံလိုက်ပေါ့ကွ .. မီးရှို့မှုနဲ့ မင်းထောင်ထဲဝင်လိုက် ပေါ့ .. မဟုတ်ဘူးလား... ဟား ဟား”
ပါစီက သူ့စကားကို သူသဘောအကျကြီးကျပြီး အော်ဟစ်ရယ်နေ