အကြည်တော် - ဘွာတေးဘွာတေး
အဲဒီအချိန်မတိုင်မီ အချစ်သည် ပန်းပွင့်သဖွယ် လေထဲမျော ၍ ချစ်သူသစ်ရွက်ကိုရှောင်ဖယ်သလို ကျီစယ်၍ ကွေ့ဝိုက်၏။
ဆောင်း၏လက်ရွေးစင် ပန်းပွင့်သည် အချစ်မျက်လုံးများကို စိုက်ကြည့်၍ စကားဆို၏။
“လိုက်နိုင်ရင်လိုက်ခဲ့ပေါ့” သစ်ရွက်ကလေးက ရယ်သွမ်းရင်း “ပြေးနိုင်ရင် ပြေးပေါ့ကွယ်”
သို့သော် သူတို့သည် ဘယ်ကိုမှပြေးမသွား၊ တစ်ယောက်ကို တစ်ယောက် မမြင်ကွယ်ရာ၌သာ ခေတ္ထပုန်းခိုရင်း၊ တစ်ဖက်သား၏ ရင်ခုန်သံကို ရှာကြ၏။
လေပြည်ကြောင့်ဖြစ်သော ဂီတသံကိုနားဆင်ရင်း အရှေ့ အရပ်မှ ထွက်ပေါ်လာသောနေမင်းကိုပင် နှင်းဖြစ်စေ၏။
ထို့ကြောင့် အချစ်သစ်ရွက်သည် အရွယ်မတိုင်မီ ကြွေကျရိုး ထုံးစံမရှိ။ ချစ်သူပန်းပွင့် ဥပေက္ခာပြုချိန်မှသာ ရင့်ရော်ကြွေကျခြင်း ကို ကြုံရလေတော့သည်။
ချစ်သူပန်းပွင့် ရှိနေသမျှ သစ်ရွက်မှာ လန်းမြဲလန်းဆဲပါ။
ဗာဒံရိပ်ဟူသော အအေးဆိုင်ကလေးက ကြီးမားသော အကိုင်းအခက် ဝိုင်းစက်နေ၍ အေးနေသည်။
အရှေ့မှာချထားကြသော အအေးခွက်ကလေးများကလဲ ရေခဲကြောင့် အေးနေသည်။ သို့သော် စားပွဲဝိုင်းတစ်ခုထဲ ဝိုင်းထိုင် နေသော လူတချို့မျက်နှာက မအေးနိုင်။ ကာယကံရှင်ကလေးမ၏ မျက်နှာက အဆိုးဆုံး
“အဲဒါပဲ၊ မနက်ဖြန် အစ်ကိုက နိုင်ငံခြားက ပြန်လာတော့ မယ်တဲ့၊ စိတ်ညစ်ပါတယ်၊ အဲဒါ ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ ဘူး”
အားလုံး မျက်နှာအပျက်ပျက်အယွင်းယွင်း။
ထိုတစ်ဝိုင်းလုံးတွင် မျက်နှာပိုးမသေဆုံး ရဲမင်းကသာ ပြုံး၍
“ပန်းပွင့်ရယ်၊ ပန်းပွင့်အစ်ကို နိုင်ငံခြားက ပြန်လာတာပဲ ဘာဖြစ်လို့လဲ၊ သူ့ဘာသာသူလာတာ လာပါစေပေါ့”
အားလုံး လှုပ်လှုပ်ရွရွဖြစ်ကုန်၏။ ဒါကို ပန်းပွင့်နားကပ်ထိုင် နေသော နီနီက
“ဟဲ့ နင် ပန်းပွင့်ရဲ့ အစ်ကိုအကြောင်း ဘာသိလို့ လာပြော နေတာလဲ၊ ဒုက္ခတော့ ရောက်တော့မှာပဲဟယ်”
နီနီစကားကို ရဲမင်းက ပြုံးပြီး
“ကိုယ့်ချစ်သူနဲ့ ပတ်သက်တဲ့အကြောင်းပဲ သိတာပေါ့၊ ပန်းပွင့် အစ်ကိုက လူမိုက်ကြီး၊ မိဘနှစ်ပါး မရှိကတည်းက အဘိုးအဘွားများ ထိန်းမနိုင်လို့ နိုင်ငံခြားဆက်ပို့လိုက်တယ်၊ နိုင်ငံခြားမှာ လူမိုက်ပြန် လုပ်နေတယ်၊ နိုင်ငံခြားမှာလဲ ဆိုးလွန်းလို့ နယ်နှင်ဒဏ်အကြိမ်ကြိမ် ပြန်ပေးရတယ်၊ အခု ဂျပန်ပြည်ရောက်ပြီး ရာကူဆာဂိုဏ်းက ဂိုဏ်း ချုပ်လက်သပ်မွေးပြီး ဂိုဏ်းစတားရာထူးပေးထားတယ်၊ ဒါပဲမဟုတ် လား”
အားလုံး ရဲမင်းကို ပါးစပ်အဟောင်းသားကြည့်ကြသည်။ အတန်ကြာမှ ပန်းပွင့်၏သူငယ်ချင်းချိုရီက
“နင် နင်က ဒါကို မယုံဘူးပေါ့လေ ဟုတ်လား” ရဲမင်းက ပြုံးတုံ့တုံ့လုပ်ပြီး
“မယုံလို့ မဟုတ်ပါဘူး၊ ပြောပါများတော့ ကြားဖူးပြီးသား ဖြစ်နေတာပါ”
ချိုနွယ်ကလန့်ပြီး သူ့ပါးစပ်သူ ပြန်ပိတ်သည်။ နီနီက မျက်စိ မျက်နှာပျက်ပြီး ထပြန်ရန်ပြင်သည်။
“တော်ပြီ တော်ပြီ ငါပြန်ချင်ပြီ” နံဘေးနားကကျော်မင်းက မျက်စိမျက်နှာမကောင်း။
“မင်း မင်း ပန်းပွင့်ရဲ့ အစ်ကိုနဲ့ မကြုံဖူးသေးလို့ပါကွာ”
အောင်စိုးက ဝင်ပြောသည်။ မှန်ပေသည်း ရဲမင်းက ပန်းပွင့် ၏အစ်ကို လူမိုက်ကြီးဆိုသူနှင့် မကြုံခဲ့ဘူး။ သူနှင့်ပန်းပွင့် ချစ်သူဖြစ် ချိန်၌ ပန်းပွင့်၏အစ်ကိုက ဒီနိုင်ငံမှာမရှိတော့။ သို့သော် သူ့အစ်ကို မည်မျှဆိုးကြောင်း ပန်းပွင့်ပြောပြောနေ၍ မကြာခဏကြားဖူးနေသည်။ ပြောပါများတော့လဲ ရင်းနှီးသလိုဖြစ်ပြီး မကြောက်မိတော့။
ဒါကို အကြောင်းသိသော ကျော်မင်းက “ဟို ဟိုက တကယ် တကယ်မိုက်တာနော်” ရဲမင်း ထီမထင်ဟန် ပြုံးလိုက်သည်။
“ဘယ်လောက်ပဲမိုက်မိုက်ပါကွာ၊ လူမိုက်ကိုမကြောက်လို့ လူမိုက်ညီမ ရည်းစားထားတဲ့ဟာကို”
အားလုံးမျက်နှာပျက်သွားကြသည်။ ဒါကို ချိုနွယ်က
“အေး နှင်ပန်းပွင့်နဲ့ ရည်းစားဖြစ်တာ သူ့အစ်ကိုမသိသေး လို့ ခံသာတာ၊ အခုသိပြီ၊ သူပြန်လာရင် နင်သေဖို့သာ ပြင်ပေတော့”
ရဲမင်းက ကျွတ်ခနဲ စုတ်သပ်ရင်း ။
“ဒီလူကလဲကွာ၊ မြန်မာပြည်က သူ့ညီမ ရည်းစားထားတာ ဘယ့်နှယ် ဂျပန်ပြည်က သူ့အစ်ကိုက ဘာကိစ္စ ဘာကြိမ်းနေရတာလဲ။ ဒါနဲ့နေပါဦး၊ ပန်းပွင့်နဲ့ငါ ရည်းစားထားတာ သူ့အစ်ကိုက အခုမှသိ တာလား”
သူ့အမေးကို နီနီက မျက်လုံးပြုပြီး
“ဟဲ အခုမှသိလို့ နင် အခု အသက်ရှိနေသေးတာပေါ့၊ အစော ကြီးကတည်းကသိရင် နင် လူ့လောကမှာ ရှိတော့မှာမဟုတ်ဘူး”
ရဲမင်း မျက်မှောင်ကြုတ်၍ “ဘာလို့ အခုမှသိတာလဲ” သူ့အမေးကို ချိုနွယ်က စိတ်မရှည်နိုင်တော့ဘဲ
“ဘာလို့ အခုမှသိလဲ ဟုတ်လား၊ နင်နဲ့ပန်းပွင့်နဲ့က ဘယ်တုန်းက နှစ်ယောက်တည်း တွေ့ဖူးလို့လဲ၊ တွေ့တိုင်း ငါတို့တစ်အုပ် တမကြီးပါနေတော့ သူငယ်ချင်းတွေလို့ပဲ ထင်နေတာပေါ့”
ရဲမင်းခေါင်းကုတ်သွားသည်။ မှန်ပေသည်။ ရဲမင်းနှင့်ပန်းပွင့် မှာ အပြင်၌ တစ်ခါမှ နှစ်ယောက်တည်း မတွေ့ဘူးသေး။ ကျောင်း တက်စဉ် စတင်ခင်မင်ချိန်မှစ၍ ချစ်သူဖြစ်တာတောင် တယ်လီဖုန်း နှင့်သာ ချစ်စကားပြော၊ တယ်လီဖုန်းနှင့်သာ အဖြေပေး၍ ချစ်သူ ဖြစ်ခဲ့ကြသည်ပဲ။ ပန်းပွင့်အား နှစ်ယောက်တည်းတွေ့ကြရန် ချိန်းတိုင်း
“ဟင့်အင်း အစ်ကိုသိသွားမှာစိုးရတယ်” ဟူသောအဖြေသာ အမြဲကြားနေရသည်။
နောက်ပြီး ယခုထိုင်နေသူအားလုံးမှာလဲ သူ့ဖက်ကပါသော သူငယ်ချင်းတစ်ယောက်မှမပါ။ ပန်းပွင့်နှင့်ပတ်သက်၍ ပါလာသော သူငယ်ချင်းများသာ။ ထို့ကြောင့် ထိုသူစကားများကို ယုံသင့်သလား။
မြန်မာပြည်ကညီမ ရည်းစားချိန်းတွေ့တာ ဂျပန်ကအစ်ကိုက မည်သို့သိနိုင်မည်နည်း။ ရဲမင်း မျက်မှောင်ကြုတ်ပြီး
“ဒါဆို ငါတို့ ဒီလိုတွေ့တာတောင် လိုက်ချောင်းပြီး သတင်း ပို့တဲ့လူရှိလို့လား”
သူ့အမေးကို ကျော်မင်းက “လိုက်ချောင်းတာ မဟုတ်ဘူးဟေ့၊ ဗြောင်လိုက်နေတာ” “ဒါဆို ဘယ်မှာလဲ”
ကျော်မင်း ဘေးဘီဝေ့ကြည့်ရင်း “ငါ့အနောက်ဖက်မှာတွေ့လား၊ လူတစ်ယောက် ဖုန်းပြောနေ တာ”
ကျော်မင်း ညွှန်ပြရာကြည့်လိုက်မိသည်။ ဟုတ်ပါသည်။ လူ ရည်သန့်သန့် ဗလတောင့်တောင့်နှင့် လူတစ်ဦး သူတို့ကို ကွက်ကြည့် ကွက်ကြည့်နှင့် ဖုန်းပြောနေခြင်းပင်း၊
“နောက် အအေးဆိုင်မျက်စောင်းထိုးအုတ်ခုံမှာ တွေ့လား”
တွေ့ပါသည်။ ဒါလဲ ခပ်သန့်သန့်ဥပဓိကောင်းကောင်း တစ်ယောက်ပင်။
“အေး အဲဒါ ပန်းပွင့်နောက်လိုက်ကြည့်ဖို့ သူ့အစ်ကိုလွှတ် ထားတဲ့ လူမိုက်တွေ”
ရဲမင်း ခပ်ဟဟရယ်သည်။ ထီမထင်သည့်သဘော။
“မင်းတို့ကလဲကွာ၊ လူမိုက်တွေသာဆိုတယ်၊ သန့်လို့ပြန့်လို့ တယ်လီဖုန်းနဲ့ မော်တော်ကားနဲ့ ဟားဟား”
ရဲမင်းရယ်သံကြားတော့ အားလုံးမျက်နှာပျက်ကုန်၏။ ဒါကို အောင်စိုးက
“မင်း မင်းမယုံလို့လား” ရဲမင်း ပြုံးရင်း စားပွဲခုံ လက်နှင့်ပုတ်ကာ “ငါသက်သေပြမယ်”
ဆိုကာ ထထွက်သွားသည်။ “ဟာ ဟေ့ကောင် မလုပ်နဲ့ မလုပ်နဲ့” “ရဲမင်း ရဲမင်း”
အားလုံး၏တားမြစ်သံ ရဲမင်းဂရုမစိုက်တော့ ခပ်တည်တည် နှင့် သူတို့ညွှန်ပြရာ တယ်လီဖုန်းပြောနေသူထံ ဦးတည်သွားလိုက် သည်။
“ဒီမှာ”
ရဲမင်း၏အသံကျယ်ကျယ်။ အအေးဆိုင်ထိုင်နေသူအားလုံး ခေါင်းတွေ ခုံအောက်ရောက်ကုန်မတတ် ဖြစ်ကုန်၏။ နှုတ်မှလဲ
“သွားပြီ၊ သွားပြီ၊ ပြဿနာတော့တက်ပြီ” “ငါတို့ ငါတို့ ပြေးရမလား၊ ပြေးရမလား” ဟူ၍ ကတုန်ကယင် ဖြစ်နေကြ၏။ ရဲမင်းကတော့ မလျှော့။ “ဒီမှာ ခေါ်နေတာကြားလား”
ဖုန်းပြောနေသူ လှည့်ကြည့်သည်။ ရဲမင်းကလဲ ခေသူမဟုတ် ရပ်ကွက်ထဲ ပြဿနာရှာကျွမ်းကျင်သူမို့ လူအများ ရှောင်ကွင်းသွားသူပေပဲ။
တယ်လီဖုန်းပြောသူက ရဲမင်းကိုစိုက်ကြည့်သည်။
ထိုစဉ်မှာပင် ထင်မှတ်မထားသောနေရာမှ လူလေးငါးဦး ရဲမင်းနားအလျှိုလျှိုကပ်လာကြ၏။အအေးဆိုင်ထိုင်နေသူများကတော့
“သွားပြီ၊ သွားပြီ၊ ဒီကောင်သေပြီ၊ ဒီကောင်သေပြီ"
“ပန်းပွင့် လုပ်ပါဦး၊ နှင့်အကောင်တော့ အရိုးတခြား အသား တခြားဖြစ်ပြီ"
ပန်းပွင့်လဲ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ ကြည့်လိုက်တော့ ရဲမင်းက အခြေအနေမရိပ်မိဘဲ ရှေ့တိုး၏။ ဖုန်းပြောနေသူမှ တိုးလာ သောသူများကို လက်ကာပြရင်း ဖုန်းခွက်မှတစ်ဆင့် မည်သူမှ မကြားစေချင်သောလေသံဖြင့်
“အဲဒီ၀ိုင်းကတစ်ယောက်ကျွန်တော့်ဆီလာတယ်ဆရာ၊ ကျွန်တော် ဘာလုပ်လွှတ်လိုက်ရမလဲ ညွှန်ကြားပါဆရာ၊ အရိုးနဲ့သားရေပေါင်း ထုတ်ပေးလိုက်ရမလား”
တစ်ဖက်မှ ဘာပြောမှန်းမသိ။ ဖုန်းပြောနေသူမှ ရှေ့တိုး လာသော ရဲမင်းကို ပြန်ကြည့်သည်။ ပြီးနောက် အသံတိုးတိုးဖြင့်
“သေတော့မသေချာဘူး ဆရာ၊ ဒီရုပ်မျိုးကလဲ အင်း”
တစ်ဖက်မှ တစ်ခုခုပြောသည်။ ဖုန်းပြောသူမှ မမြင်ရသူကို ခေါင်းညွှတ်ပြီး
“ဟုတ် ဟုတ်ကဲ့ပါဆရာ၊ ပြောတဲ့အတိုင်း လုပ်ပါ့မယ်"
ဖုန်းချလိုက်သည်။ အခြေအနေမသိသော ရဲမင်းက ရင်ကော့ ၍ ရှေ့တိုးရင်း
“ဒီမှာ ဒါ အများပြည်သူပိုင်လမ်းမ”
“ကျွန်တော်တောင်းပန်ပါတယ်”
"ဟမ်”
ဘာမှမပြောရသေးခင် ဟိုက တောင်းပန်နေ၍ ရဲမင်းက ဘာပြောရမှန်းမသိ ဖြစ်သွားရသည်။ နောက်မှ သတိရ၍ မာန်တင်း ကာ
“ဒီလိုနေရာမျိုးမှာ ခပ်တည်တည်ဖုန်းပြောနေရအောင် ခင်ဗျားက လူမိုက်လား"
ထိုစကားကြားတော့ ထိုင်နေသူများ နေစရာနေရာမရှိတော့။ ဖုန်းပြောနေသူမှသာ
“ကျွန်တော်တောင်းပန်ပါတယ်၊ နောက်မပြောတော့ပါဘူး”
ထိုသူဦးညွတ်ပြောနေ၍ ရဲမင်းကလဲ သာမန်ငပေါမို့ မာန်ပို တက်ပြီး