အကြည်တော် - ဘီလူး
ဘီလူး
နာမည်ရင်းကလှဦးရယ်၊ ဒါပေမယ့် သူ့ကို မြင်သာရွာနဲ့ ရွာနီး ချုပ်စပ်ရွာအားလုံးက ဘီလူးလို့ပဲခေါ်ကြတယ်။ ဘီလူး ဆိုလို့လည်း လန့်မသွားနဲ့ဦး။ဒီဘီလူးကတစ်ခြာဘီလူး တွေလိုမဟုတ်ဘူး၊ ရယ်စရာကြီးရယ်။ ဘီလူးခမျာလဲ တခြားနေရာတွေ ဇာတ်တော်တွေမှာ တော့ လူသားစားတဲ့ကြောက်စရာပေါ့။ ဒါပေမယ့် ဒီမြင်သာကလှဦးနဲ့တွေ့မှပဲ ဘယ် လောက်ထိဘီလူးဇာတ်ပျက်သွားလဲဆို ဘီလူးကို မြင်သာရွာက လူတွေမပြောနဲ့ ကလေးတွေ တောင်မကြောက်ဘူး။
မိဘတွေက ကလေးတွေကိုခြောက်ရင်တောင် ကြောင်ကြီးကိုက် လိမ့်မယ်၊အရူး ဖမ်းသွားမယ် စသည်ဖြင့်ခြောက်ရင် ကလေးတွေကကြောက်သေးတယ်၊ ဘီလူးစားလိမ့် မယ်ဆို ရယ်စရာပျက်လုံးတစ်ခု ကြားရ သလို ခွက်ထိုးခွက်လန် ထရယ်ကြရော။ သူတို့ စိတ်ထဲမှာဘီလူးဆို တာ ကြောင်တောင်တောင်နဲ့ အကောင်တစ်ကောင်ထင်နေပုံရတယ်။
ထင်လဲထင်စရာပဲလေ။ သူတို့တွေ့ဘူးတဲ့ ဘီလူးကတကယ့်ကြောင်တောင်တောင်ဘီလူး ရယ်။ နောက်ပြီးလှဦးဆိုတဲ့လူ၊ ဘီလူးကိုကင်ပွန်း တပ်ခံရတာကလည်း တကယ်ကြောင် တောင်တောင်ရယ်။ အဖြစ်က ဒီလို ...
လူတွေမှာ ဘယ်သူမဆိုစိတ်စွဲရာ၊ ကိုယ်ဖြစ်ချင်ရာ ဆိုတာရှိကြ မှာပဲ။ တချို့က လည်းသူတော်ကောင်းဖြစ်ချင်တယ်။ တချို့ကလည်း နာမည်သတင်းကျော်ဇောချင်တယ်။ တချို့ကလည်း သူဌေးလိုဖြစ်ချင် တယ်စသဖြင့် ပေါ့ ။ အဲဒီထဲကမှ လှဦးဆိုတဲ့လူက ထူးထူးခြားခြား လူမိုက်ဖြစ်ချင်နေတဲ့လူပေါ့။ သူ့ကိုယ်သူလည်းလူမိုက်လို့အခေါ်ခံရအောင် အမျိုးမျိုးနေပြတယ်။ ဥပမာ- မိုးလင်းမိုးချုပ် အရက်မူးနေအောင် သောက်တာမျိုး၊ တစ်ရွာလုံး နဲ့မတည့်အောင်နေတာမျိုး၊ ရွာသူကြီးကို တွေ့ရင် မထိတရိစတာမျိုး စသည်ဖြင့်ပေါ့။ ဒါပေမယ့် သူ့ကိုဆိုဘယ်သူ ကမှမကြောက်ကြဘူး။ ဘယ်ကြောက်မှာလဲ လှဦးဆိုတဲ့လူက လူဖလံရယ်။ ဒီကြားထဲ အရက်ကလည်း တစ်ချိန်လုံးမူးအောင်သောက်ထားတယ် ဆိုတော့၊ ကလေးလေးတစ်ယောက်တွန်းလှဲလိုက်ရင်တောင် လဲသွားမယ့်ပုံ မျိုး။ နောက်ပြီးရွာထဲက ဘယ်သူနဲ့ ရန်ဖြစ်ရန်ဖြစ် ကွဲပြန်ပြီဆို သွားမကြည့်နဲ့ လှဦးပဲ၊ ခံရပြန်ပြီသွားမကြည့်နဲ့ လှဦး ပဲ၊ ဘယ်သူနဲ့ဘာပဲ ဖြစ်ဖြစ် ထိပြီဆိုသူပဲ။ ဒါကြောင်ကံဇာတာကမျက်နှာသာမပေးတော့ သူ့ခမျာ အင်မတန် အဖြစ်ရလွယ်တဲ့ လူမိုက်ကို မဖြစ်ရရှာဘူး။ ဒါပေ မယ့် သူ့စိတ်ထဲမှာ တော့ တစ်နေ့မြင်သာရွာနဲ့ ရွာနီးချုပ်စပ်မှာ လူတွေရဲ့ ပါးစပ်ရာဇဝင်ထဲ သူရဲကောင်းလူ မိုက်ကြီး လူမိုက်ကြီးလှဦးဆိုတာ ရှိခဲ့ ဘူးတယ်ဆိုတာမျိုး အပြောခံချင်တယ်။ ဒါကြောင့် အဲဒီလိုဖြစ်အောင် လည်း တစ်ယောက်တည်းကြိတ်ပြီး ကြံနေရှာတာပေါ့။
ဒီလိုနဲ့တစ်နေ့တော့ သူ့ရဲ့ လိုအင်ဆန္ဒကို ဖြည့်စွမ်းပေးနိုင်တဲ့ လူတစ်ယောက်ရွာ ကိုရောက်လာတယ်ဆိုပါတော့ ...
နာမည်ကငပိန်တဲ့ ...
နာမည်နဲ့လူနဲ့လိုက်တယ်လို့ ဆိုရမယ်။ ငပိန်ဆိုတဲ့ကောင်က လည်း ပိန်သမှ အရိုးပေါ်အရေတင်။ ဒီကြားထဲလက်မှာကလည်း ဝဲစိုတွေပေါက်နေသေး။ လူကလည်း စုတ်ပြတ်နေတာပဲ။ မစုတ်ခံနိုင်ရိုး လား လုပ်တဲ့ အလုပ်ကလည်း သူခိုး၊ သူခိုးကမှ အဆင့်မြင့်သူခိုးမဟုတ် ဘူး။ ထဘီစုတ်ရ ထဘီစုတ်ခိုး၊ ဒန်အိုးပေါက်ရ ဒန်အိုးပေါက်ခိုး၊ ကလေ ကချေ သူခိုး။ အခုတောင် ရွာထိပ်က မုဆိုးမဒေါ်အုံးအိမ်မှာ ထဘီစုတ် တက်ခိုးပြီး မိသွားလို့ ထောင်သုံးလကျပြီး ပြန်ထွက်လာတာ။
ဒီလို နဲ့ ရွာကလှဦးဆို တဲ့ ကလေကချေနဲ့ သူ တော်ချင်းချင်းသတင်းထွေထွေတွေ ကြတယ်ဆိုပါတော့ဗျာ။ တွေ့ကြပုံကလည်း ကဗျာဆန်တယ်။ ကလေကချေအချင်းချင်းတွေ တာတောင် တစ်ယောက် အကျိုးတစ်ယောက်မျှော်ကိုးပြီး ပေါင်းသင်းကြတာ။ ငပိန်မျှော် ကိုး တာက သူစားဖို့သောက်ဖို့ မပူပင်ရအောင်နဲ့၊ လှဦးဆီကအရက်ကပ် သောက်ဖို့။ ဒါကအ ဓိက။ တခြားအကြောင်းတွေကရှိသေးတယ်။ လှဦးအိမ်မှာကပ်နေတုန်းတခြားဘယ်အိမ် ကိုတက်ခိုးရင်လွယ်ကူမယ် ဆိုတာ စနည်းနာဖို့။လှဦးကတော့ငပိန်ဆီက မျှော်ကိုးတာကတစ်ခု တည်းရယ်။ အဲဒါကသူ့ကို လူမိုက်လို့ အသိမှတ်ပြုခံရမယ်လူမိုက်တို့ ဝိသေသဆေးမှင်ကြောင်ထိုးဖို့။ ငပိန်ဆိုတဲ့ကောင်က ဒီတစ်ခေါက်ထောင်ထဲမှာ ဆေးမှင်ကြောင်ထိုးနည်းကိုထောင်ကျကြီးတစ်ယောက်ဆီကသင် လာတယ်ဆိုပဲ။ ဒါကြောင့် လှဦးကငပိန်ဆိုတဲ့ သူခိုးကို အနီးကပ်ပေါင်းပြီးသူ့ရဲ့ ခန္ဓာကိုယ်မှာ လူများလန့်ဖျားသွားလောက်တဲ့ အရုပ်တင်ချင်နေတာ။ နောက်ပြီး အရုပ်တောင်တော်ရုံတန်ရုံအရုပ်မျိုးမထိုးချင်ဘူး။
သူထိုးချင်းတဲ့အရုပ်က ကြမ်းပေ့၊ ရမ်းပေ့၊ ပြီးပေ့ဆိုတဲ့အရုပ်။ သိတယ်မဟုတ် လား။
လှဦးအာဠာဝကထိုးပြီဆိုတဲ့သတင်းကို တစ်ရွာလုံးဖိန့်ဖိန့်တုန် အောင်ကြားရ တယ်။ နောက်ပြီး တစ်ခါမှ ကောင်းတာမလုပ်ခဲ့လူနှစ်ယောက်က ဆေးစွမ်းအောင် သက်သက်လွတ်(၇) ရက်စားပြီး အုန်းပွဲ ငှက်ပျောတွေနဲ့နတ်တင်ပြီး၊ ဆေးတစ်ချက်ပေါက်လိုက် တိုင်း ဥုံ တစ်ခါအော်လို့(၇) ရက်(၇) လီအပတ်တကုပ်ကြီးစားနေကြတယ် ဆိုတော့ လူတိုင်း အတွက်အံ့အားသင့်စရာဖြစ်နေတာပေါ့။
နောက်ပြီးစိုးရိမ်စရာသတင်းတစ်ခု ထက်ပေါ်လာပြန်တယ်။ လှဦးထိုးပြီးရင်ဘယ် သူ့ကိုအရင်ဆုံး ရန်ရှာမယ်ဆိုတဲ့ကိစ္စ။ အရင်က သူ့ကို နိုင်ခဲ့သမျှ၊ အာဠာဝကထိုးပြီးရင်၊ အာဠာဝကအားကိုးနဲ့ ဘယ်သူ့ ကိုပြန်ချမလဲဆိုတာပဲ။ တစ်ချို့ကလည်း သူကြီးကိုလှဦးက ကြည့်မရ တဲ့အတွက် သူကြီးကိုအရင်ဆုံးရန်ရှာမယ်ပေါ့။ တချို့ကလည်း ဟိုဘက် ရွာက လူမိုက်အုံးမောင် သူ့ကိုအမြဲတမ်း အနိုင်ကျင့်ခဲ့လို့ အုံးမောင်ကို ထင်ကြတယ်။ ဒါပေမယ့် ဘာပဲပြောပြော တစ်ရွာလုံးက ခြောက်ခြား နေကြတာတော့ အမှန်ပဲ။ ဘာလို့လဲဆိုတော့ လှဦးကို အနိုင် ကျင့်ခဲ့တာ တစ်ရွာလုံးခလေးကအစ ခွေးအဆုံးပါခဲ့ကြတာကိုး။
ဒီလိုနဲ့ခြောက်ရက်မြောက်လာတယ်ဆိုပါတော့။လှဦးရဲ့ တဲအိမ် စုတ်ကလေးမှာတော့“ဥုံ” ခံသံတွေ နေ့ညမပျက်ကြားနေရတုံး၊ ဒါကို ရွာထဲက သတ္တိ လည်းနဲနဲကောင်း၊ အတင်းလည်းပြောချင်တဲ့မတင်အေးကသူ့သားအငယ်ကောင် 'ငတေ ́ကို အရဲစွန့်သွားချောင်း ခိုင်းပြီး ပါးစပ်သတင်းတစ်ပုတ် စတင်လွင့်ထုတ်ထားတယ်။
လှဦးရဲ့ ရင်ဘတ်မှာ စုတ်ရာတွေနဲ့အတူ သွေးချင်းချင်း နီနေ သတဲ့။ နောက်ပြီးလှ ဦးအံကိုကြိတ်ပြီး စုတ်ထိုးဆရာမောင်ပိန်ကို ကြည့် နေပုံများ ဘီလူးတစ်ကောင် ဝင်စီးနေသလို မျက်လုံးကအခိုးတွေ ပါ ထွက်နေသတဲ့...။ မောင်ပိန်ခမျာ လှဦးရဲ့ အကြည့်ဒဏ်ကို မခံနိုင်လို့ စုတ် ထိုးတဲ့လက်များပါတဆတ်ဆတ်တုန်နေသတဲ့........။
ရွာထဲကလူတွေကလည်း တစ်ဆင့်စကားတစ်ဆင့်နားနဲ့ လှဦး အာဠာဝကတောင် ပြီးအောင်မထိုးရသေးဘူး ဘီလူးစီးနေပြီပေါ့ ။ လှဦးသာ တကယ့်ဘီလူးစီးရင် မလွယ်လောက် ဘူးပေါ့ ။ အရက်ကလည်းသောက်မှာ နဲ့ဆိုတော့ ထိန်းမနိုင် သိမ်းမရ ဖြစ်လောက်အောင် ကြမ်းရင်တော့ ဒုက္ခပဲ ပေါ့။
ဒါနဲ့ အဲဒီတစ်ညလုံးပဲ တစ်ရွာလုံးက ကြောက်လန့်ပြီး ဘီးလူးမဝင်နိုင် အောင် သံပုန်း တွေတီးကြ၊ ခေါစာတွေပစ်ကြ၊ တရားစာတွေသံပြိုင်ဆိုကြ နဲ့ တစ်ညလုံးကိုကျက်ကျက်ဆူ ပါရော၊ ဒါတောင်တစ်ခြားရွာက ရွှေရင်ကျော် ဆရာသွားပင့်တာ မရလို့။
လှဦးတို့ တဲအိမ်ကလေးကတော့ လှဦးရဲ့ 'ဥုံ' ခံသံက ပိုလို့ ဒေါသသံပါလာသလို ကြာရတယ်။
ခုနှစ်ရက်မြောက်တဲ့နေ့ မြင်သာရွာရဲ့ လမ်းမကြီးမှ လမ်းသွားလမ်း လာတွေတောင် မရှိလောက်အောင် ခြောက်သွေ့နေတယ်၊ အိမ်အသီးသီး ကလည်း မင်းတုတ်တွေချပြီး အခြေနေကို စောင့်ကြည့်နေကြပုံရတယ်။ ဘယ်သူမှ အိမ်အပြင် မထွက်တဲ့အပြင် ကလေးငိုသံကိုပါ မကြားရဘူး။
ရုတ်တရက်ဆိုသလိုပဲ ဘယ်ကဘယ်ကမှန်းမသိတဲ့ ခွေးတွေရဲ့ အဆက်မပြတ်အူ သံခြောက်ခြားစွာကြားရတယ်။ ခွေးအူသံမကြားခင်အာဠာဝကထိုးနေတဲ့ လှဦးတို့အိမ်တံ ခါး“ဝုန်း” ခနဲပွင့်လာပြီး သူခိုးမောင်ပိန်ဒရောသောပါး ခုန်ချထွက်ပြေးသွားတာတွေ့ရတယ်။
မောင်ပိန်ခမျာဘယ်လောက်ကြောက်လန့်နေရတယ်ရယ်မပြောတတ်ဘူး။ ပါးစပ်ကလည်း
"လုပ်ကြပါဦး၊ လှဦးကျွန်တော်ကို သတ်တော့မယ်၊ ဘီလူး ..ဘီလူး...”စသဖြင့် ငယ်သံပါအောင်အော်ပြီး ထွက်ပြေးသွားတယ်။ မောင်ပိန်ထွက်ပြေး သွားပြီးသိပ်မကြာဘူး လှဦးအိမ်တံခါး “ဝုန်း” ခနဲ ထပ်ပွင့်လာပြီး ငှက်ကြီးတောင်ဓါးတစ်ချောင်းနဲ့ လှဦးအိမ်ပေါ်က ခုန်ချ လာတယ်။ မျက်ထောက်ကြီးကလည်း နီရဲပြီးပါးစပ် ကလည်း အယုတ္တ အနတ္တ တွေ ဆဲဆိုလာတယ်။ သူ အဓိကဆဲနေတာက စုပ်ထိုးဆရာ မောင်ပိန်ကို...
“ဘယ်မှာလဲကွ ငပိန်၊ ဟေ့ကောင် မင်းဘယ်ပြေးမလဲ ဘီလူး ဘီလူးဆိုမှဖြင့် ငါတဲ့နော်...။
သူ့ရဲ့ဆဲဆိုသံကြားနေရပေမယ့် တစ်ရွာလုံး တုတ်တုတ်မှမလှုပ်ရဲ ဘူး။ တစ်ရွာလုံး ရဲ့စိတ်ထဲမှာလည်း လှဦးဘီလူးစီးပြီး ကြမ်းနေပြီပေါ့။ ဒါပေမယ့် သူ့ရဲ့ ဘီလူးရုပ်ကိုတော့ မမြင်ကြရသေးဘူး။ သူကစွပ်ကျယ် တစ်ထည် ဝတ်ထားတာကိုး။ အားလုံးကလည်း လှဦး ရင်ဘတ်ကဘီလူး ရုပ်ကိုစိတ်ဝင်စားနေကြတယ်။ ဒီလောက်တောင် ချက်ချင်း သောင်းကျန်း တဲ့ဘီလူး ဘယ်လိုဘီလူးမျိုးလဲပေါ့။ လူတွေစိတ်ဝင်စားမယ်ဆိုလဲ စိတ်ဝင် စားစရာပဲ။ လှဦးငှက် ကြီးတောင်တရမ်းရမ်း၊ မျက်ထောက်ကနီနီနဲ့တောင်ပတ်လျှောက်လို မြောက်ပတ်လျှောက် လိုနဲ့ ယောက်ယပ်ခပ် နေပုံများ တွေ့တဲ့လူကို ပိုင်းတော့မယ်ပုံ။ လှဦးရဲ့ အပြုမူကြောင့် တစ်ရွာလုံးလူမပြောနဲ့ ခွေးဟောင်သံတောင် မကြားရတော့ဘူး။ လှဦး လည်း ဘယ်သူ့မှမတွေ့တော့ ပိုပြီးဒေါသထွက်လာပုံရတယ်။ ပါးစပ်က အယုတ္တ အနတ္တတွေဆဲပြီး
“မိုက်တဲ့ကောင် ထွက်ခဲ့ ကွ၊ ဘီလူး..ဘီလူး ..ဟေ့သူကြီး၊ ဘယ်မှာလဲ သူကြီး ထွက်ခဲ့စမ်း...”
ဆိုပြီး သူကြီး အိမ်ကိုသုပ်ခြေတင်ထွက်သွားတာကို တွေ့ရတယ်။ သူ လည်း ထွက်သွားရော အိမ်ထဲကချောင်းကြည့် နေကြတဲ့ ရွာသူ ရွာသားတွေ အားလုံး သိချင်စိတ်နဲ့ လှ ဦးနောက်ကနေ တိတ် တဆိတ်လိုက်သွားကြတယ်။
လှဦးလည်းသူကြီးအိမ်ရှေ့ရောက်ရော တံခါးပိတ်ထားတဲ့သူကြီး အိမ်ရှေ့မှာ ဓါး ကြီးထမ်းပြီးရပ်လိုက်တယ်။ ပြီးတော့အသံကျယ်ကျယ်
"ဟေ့ ..သူကြီး...ဘယ်မှာလဲ...ထွက်ခဲ့ စမ်း၊ ခင်ဗျား မထွက်ရင် ကျုပ်အိမ်ပေါ်တက်လာမယ်နော်...”
သူကြီးအိမ်က ဘာမှတုန့်ပြန်သံမကြာရဘူး။ သူ့ကို စောင့် ကြည့်နေတဲ့ ရွာသားတွေ က နဲနဲအတင့်ရဲပြီး မတိုးရဲတိုးရဲနဲ့ အရှေ့ ကို တိုးလာကြတယ်။ လှဦးကလူတွေကို ဂရုမစို ဘူး၊ သူကြီးကိုပဲ စွတ်အော်ခေါ်နေတယ်။
“ဟေ့ ...သူကြီး..ထွက်ခဲ့ လေ...မောင် ပိန် ..မောင်ပိန်.. ဘီလူး.. ဘီလူး ငါဟဲ့ .. ဘီလူးကွနော်...”ဆိုပြီးပါးစပ်ကဗလုံးဗထွေးနဲ့အော်နေတယ်။ သူကြီးအိမ်ကဘာသံမှမကြားရသေးဘူး။
တော်တော်ကြာမှ သူကြီးအိမ်က “ချောက်” ခနဲအသံကြားရ တယ်။ အဲဒီအသံကြောင့် စုရုံးစုရုံးရောက်နေတဲ့လူတွေ “ရှဲ” ခနဲဖြစ် သွားတယ်။ အားလုံးကသိတယ် ဒါသူကြီးသေနတ် မောင်းတင်သံ။
လှဦးကတော့ တုတ်တုတ်မှ မလှုပ်ဘူး။ ဂရုစိုက်ပုံလည်းမရဘူး။ သူကြီး ကိုပဲ အပြင်ထွက်လာဖို့ အတင်းပြောနေတယ်။ အတော်ကြာတော့ သူကြီးအိမ်က `ချောက်” ခနဲတစ်ချက် ထပ်ကြားတယ်။ သူကြီးအိမ်က တံခါးဖွင့်သံ။ အဲဒီတံခါးဖွင့်သံနှင့်အတူ သူကြီးကတော်ဒေါ် စောကြီးရဲ့ “ဟီးခနဲ ́ ငိုသံခြောက်ခြားစွာကြားရတယ်။ နောက်တံခါးတစ်ချပ် အသာလေးဟ လာတာတွေ့ရတယ်။ အဲဒီတံခါးမှာ ပထမဆုံးထွက် လာတာက သူကြီးရဲ့ နှစ်လုံးပြူးသေနတ် ပြောင်း၊ နောက်နှုတ်ခမ်းမွေး ကားကားနဲ့ သူကြီးခေါင်းက ခေါင်းပေါးစဖြူဖြူ။
သူကြီးကတော် ဒေါ်စောကြီးရဲ့ ရင်ကွဲမတတ် အော်ဟစ်ငိုသံကို နားဆူလောက် အောင် ကြားရတဲ့အပြင်၊
“အောင်မလေး ကိုဖိုးထင်ရဲ့ ရှင်မသွားနဲ့လေ..ဟိုကဘီလူးစီး နေတာတော်ရဲ့ ရှင့်ကို ဂုတ်ချိုးစာလိုက်လို့ ကျုပ်ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်နေဦးမယ်တော်ရယ်..အောင် မလေး မသွားပါနဲ့ဆို ကိုဖိုးတူရဲ...”
လို့ အော်လည်းငို ငိုပြီး သူကြီးရဲ့ အကွက်ကျဲကျဲလုံချည်ကို ကျစ်ကျစ်ပါအောင်ဆွဲ ထားလိုက်ပုံများ သူကြီးခါးကကျွတ်ကျမတတ်ပဲ။
သူခင်ဗျာလည်း ဟန်လုပ်ပြီးတော့သာ ထွက်လာပုံ ရတယ်။ သူကြီးကတော်ဆွဲရာ ပါချင်ချင်ရယ်။ ဒါပေမယ့် သူကြီးဟန်ကြီးတော့