အကြည်တော် - ဖရီး၀ှီး
ဆေးရုံပေါ်တွင် အဘိုးအိုတစ်ယောက် လူကြီးရောဂါနှင့် သေအံ့မူးမူး ဖြစ်နေသည်။ သူ၏လက်များ နှာခေါင်းများတွင်လဲ ပိုက် အသွယ်သွယ်။
သူ၏ရှေ့တွင်တော့ သားဖြစ်သူ မုဆိုးဖိုမိုးသက်နှင့် သူ၏ လက်ထက်ပွားများဖြစ်သော မိုးထက် နှင့်မိုးမြတ်ဟူသော အရွယ်ကောင်း မောင်နှမနှစ်ယောက် ရှိနေသည်။
“မြေးတို့ နားထောင်ကြ"
အဘိုးအို၏အသံမှာ ယုံယုံသာ ထွက်တော့၏၊ သုံးယောက် လုံးက အာရုံစိုက်နေကြသည်။
“အဘိုးမရှိတဲ့နောက်မှာ"
“ကျွန်တော်တို့နေတတ်ပါတယ် အဘိုးရယ်” ။
မိုးထက်စထားကြောင့် သေခါနီးလူနာပင် တင်းသွား၏။
“ဟေ့ကောင် ငါမသေဘူးကွ၊ မသေသေးဘူး”
မိုးထက်ကမျက်လွာကလေးချပြီး
“သိပါတယ်အဘိုးရယ် အဘိုးမရှိတော့ရင်လဲ နေတတ်ပါတယ်လို့”
“တယ်လေ"
သေခါနီးသွေးဆုံးကြီးတောင် သွေးတိုးချင်သွားသည်။
“စကားကိုသာ အသေအချာနားထောင်၊ ငါမရှိတော့ရင်” ယခုမှ လူမမာရုပ် ပြန်ပေါက်သည်။ “သာဖြစ်သူကလဲ အသုံးမကျတဲ့ မုဆိုးဖို”
ဦးမိုးသက် သူအသုံးမကျကြောင်းသိစေရန် ခေါင်းညိတ်ပြသည်။
“အသုံးမကျတဲ့သားကမွေးတဲ့ မြေးနှစ်ယောက်ကလဲ ကြည့်ဦး၊ ယောကျ်ားဖြစ်တဲ့မိုးထက်က မခြောက်ရုံတမည်၊ အရာရာ တွန့် ဆုတ်တွန့်ဆုတ်နဲ့”
မှန်ပေသည်၊ သူလဲ ဟုတ်မှန်ကြောင်း ခေါင်းညိတ်ပြသည်။မိုးထက်မှာ အများကူညီလျှင် ဘာမှဖြစ်မြောက်အောင် လုပ်တတ်သူမဟုတ်။
“မိန်းမယူရင်တောင် ဘေးအိမ်ကူမှ ကလေးရမယ့်ကောင်”
ဟုတ်မှန်ကြောင်း ခေါင်းညိတ်ပြန်သည်။ မိုးထက်မှာ ပြောသလောက် ပျော့ညံ့သည်။
“ဟော မိန်းကလေးဖြစ်တဲ့ မိုးမြတ်ကျတော့လဲ အစ်ကိုနဲ့တခြားစီ”
“အဘိုး သေခါနီး ဘယ်သူ့မကျေနပ်လဲ၊ ဘယ်သူ့ဆော်လွှတ် ရမလဲ ပြော”
“ဘောပြား”
မှန်ပေသည်။ မိုးမြတ်တ ယောက်ျားအလောင်းအလျာဖြစ် ချင်သော ယောက်ျားလျာ။ ဆံပင်ကိုပင် ယောက်ျားလေးလို ဘိုကေထိုးထား၏။
“ဟင်း မင်းတို့သုံးယောက်ကိုကြည့်ပြီး ငါရင်လေးတယ်ကွယ်”
“အဘိုးရင်လေးနေတယ်တဲ့၊ အောက်စီဂျင်ပိုတ်သေး ဖြုတ်ပေးလိုက်ဦး”
မိုးထက်က တစ်စခန်းထပြန်သည်။ သူကအလိုက်ကန်း ဆိုးမှ သိသူမဟုတ်။
“တယ်လေ၊ အောက်စီဂျင်ပိုက် ဖြတ်လိုက်ရင် ငါသေသွား မှာပေါ့၊ခွီးထဲမှပဲ”
“ဪ အဲလိုလား၊ ကျွန်တော်တ အဘိုး အသက်အောင့်ပြီးနေချင်တယ်မှတ်လို့”
“တိတ်စမ်း၊ ငါပြောနေတာ မင်းတို့ဘဝကို ရင်လေးတယ်လို့ ပြောနေတာ”
“ဪ အဲဒီလိုလား၊ ဒါဖြင့် ဆက်ပြော ဆက်ပြော” ထိုသို့ရှင်းပြမှ ငြိမ်တော့၏။
“အဲဒီတော့ အဘိုးမှာချင်တာက” အားလုံးနားပြန်စွင့်နေကြသည်။
“အဘိုးမရှိတော့ရင် မင်းတို့အဖြစ်မရှိပုံနဲ့တ ဘဝရှေ့လျှောက် ဖို့ လွယ်မှာမဟုတ်ဘူး”
အဘိုးအိုကြီးမိုးစက်၏အသံက စိုးရိမ်စိတ်နှင့် ယဲယဲသာ။
“ဒါကြောင့် မင်းတို့ကို ဦးစီး ထိန်းကျောင်းနိုင်မယ့် အိမ်ထောင်ထိန်း တော့ လိုလိမ့်မယ်ကွယ်"
သားအဖများ တစ်ယောက် မျက်နှာတစ်ယောက် ပြန်ကြည့်ကြသည်။
“အဲဒီတော့မင်းတို့အိမ်ထောင် ပြုကြရလိမ့်မယ်”
“ဟာ အဘိုးကလဲ”
“မယူချင်လို့လား”
“ယူမှာ”
အားလုံးနှုတ်မှ တစ်ပြိုင် တည်း ထွက်လာကြသည်။ အဘိုး အိုက တက်ကြွနေသော သုံးယောက်လုံး ကိုကြည့်ပြီး
“ငါလဲ နေရဖို့သိပ်မရှိတော့ တဲ့အတွက် မင်းတို့ထဲက အိမ်ထောင် အရင်ပြုနိုင်တဲ့သူကို အမွေအားလုံး လွှဲ ပေးဖို့ ဆုံးဖြတ်လိုက်ပြီကွယ့်”
အားလုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြန်သည်။ အတန်ကြာမှ တစ်လုံးမှ ဝင်မပြောသေးသော မိုးမြတ်က
“အဲဒါကြောင့် အဖေ့ကို ပြော တာပေါ့၊ အဘိုးကို မြန်မာဗီဒီယိုကားတွေ သိပ်မပြပါနဲ့ဆိုတာ”
သမီးဖြစ်သူစကားကြောင့် ဦးမိုးသက် မျက်လုံးပြူးသွားပြီး
“ဟေ ဘာဆိုင်လို့လဲကွ”
မိုးမြတ်မျက်နှာရှုံ့မဲ့လိုက်ပြီး
“ဆိုင်တာပေါ့ အခုပဲကြည့်လေ၊ အဘိုး အသက်ထွက်ကာ နီးတာနဲ့ မြန်မာဗီဒီယိုကားထဲက အဘိုးကြီးတွေအတိုင်း စိတ်မချဘူး ဆိုပြီး သားသမီးမြေးမြစ်တွေကို အလုပ်မရှိအလုပ်ရှာ အိမ်ထောင် ချပေးဖို့ စကားစပြီ"
“ဟဲ နှင့်အဘိုးက အင်္ဂလိပ်စာလဲမတတ်၊ မျက်လုံးလဲမကောင်း၊ စာလဲမဖတ်နိုင်တော့ အသံကြားရပြီးရော မြန်မာဗီဒီယိုပဲ ပြပေးနေရ တာပေါ့ တကတည်း”
“ပြပေးတာ တော်ရုံပဲပြပေးပေါ့။ အခုတော့ အပြလွန်ပြီး မြန်မာဗီဒီယိုထဲက အကျင့်စွဲပြီ၊ ကြည့်လေ၊ အိုပြီဆိုတာနဲ့ အလုပ်မရှိ အလုပ်ရှာ သားသမီးအိမ်ထောင်ချပေးဖို့သာ လုပ်နေတော့တာ”
“တော် တော်ကြပါကွယ်”
အဘိုးကိုယ်တိုင် တားယူရသည်။
“ငါ့မှာလဲ သေကံလေးမပျောက်ခင် ပြောရတာပါ” အဘိုးအိုက အသက်ကို မျှင်းသည်။
“ကို အဲဒီတော့ တို့သုံးယောက်ထဲက ငါမသေခင် အိမ်ထောင်ကျသူကို ငါ့အမွေတွေကို ခံစားခွင့်ပြုမယ်၊ နောက်ကျတဲ့သူကတော့”
“ဒါကတော့ အဘိုးမတရားဘူးဗျာ” မိုးထက်က စကားစဖြတ်ပြောသည်။
“ဘာ ဘာလို့လဲဟင်” သေကာနီးလူတောင် မျက်လုံးလေးပြုး၍ မေးရသည်။
“စဉ်းစားကြည့်ပါဦးဗျာ၊ အဖေဆိုတာ ဒါမျိုး လက်စလက်နရှိပြီးသား”
မှန်ပေသည်။ အဖေလက်စလက်နရှိ၍ သူတို့လိုသားသမီး တွေထွက်လာတာပေါ့။
“နောက်ပြီး အဖေက အခုချိန်ထိ ကုပ်ကမြင်း၊ ကာရာအိုကေတကာ ပတ်နေတော”
ဦးမိုးသက် ကော်လံထောင်မိမလို ဖြစ်ပြီးမှ
“ဟေ့ကောင် အဲဒါ အရင်ကကွ၊ အခု အဲဒီတွေမပတ်တာ (၁၀)နာရီကျော် အဲလေ(၁၀)နှစ်ကျော် ရှိနေပြီ၊ မင်းတို့အရွယ်ရောက် တတည်းက”
“ဘာ(၁၀)နှစ်ကျော်လဲ၊ မပြောလိုက်ချင်ဘူး”
သူတို့စကားကို မိုးမြတ်က မျက်မှောင်ကြုတ်၍
“နေပါဦး၊ အဖေကာရာအိုကေသွားတာ အစ်ကိုက ဘယ်လိုသိတာလဲ”
“သိတာပေါ့၊ ဆုံနေကျပဲကို၊ အဲလေ” ပြောရင်းနှင့် ပေါ်မလိုပင် ဖြစ်လာကြ၏။ ဒါကို မိုးမြတ်ကလည်း
“ဒါမျိုးပြောမယ်ဆို ကျွန်တော်လဲနာတာပဲ၊ ကျွန်တော်ရော မိန်းမယူလို့ရမလား ကဲပြော” သူ့စကားကို လူမမာအဘိုးက
“အောင်မာ ရကွင်းအချင်းချင်း တီးချင်သေးတယ်ဟုတ်လား၊ မိန်းမက မိန်းမယူလို့ဖြစ်မလား၊ ယောက်ျားပဲ”
“ဟာဗျာ၊ အဘိုးကလဲ၊ ကျားအချင်းချင်း ရှက်စရာကြီး”
သူ့ကိုယ်သူ ယောက်ျားစိတ်ဝင်နေသော မိုးမြတ်က ခေါင်း ကုတ်၍ပြောသည်။
“ကဲ ငါပြောစရာစကားတော့ကုန်ပြီ၊ မင်းတို့ ငါမသေခင် အိမ်ထောင်ပြုကြ၊ အဲသည်လိုမှမဟုတ်ရင် ရှိသမျှငွေအားလုံး ငါလှူ ပစ်လိုက်မယ်၊ ဒါ ဒါပဲ”
ပြောရင်းပြောရင်း အသံမှာ တိုးတိမ်သွားသည်။ မျက်လုံး လဲ တအိအိနှင့် မှိတ်ကျသွားသောအခါ
“ဟာ အဖေ အဖေ”
“အဘိုး အဘိုး ဟာ လုပ်ကြပါဦး” “ဟာ အဘိုး မျက်လုံးဖွင့်ဦး မျက်လုံးဖွင့်ဦးလေ”
အားလုံးစိုးရိမ်တကြီးအော်သံ။ လဲနေသောအဘိုးကြီး မျက်လုံးဖတ်ခန် ပြန်ဖွင့်လာပြီး
“ဟာ အိပ်တော့မယ့်ဥစ္စာ၊ ဘာလာအော်နေတာလဲ”
ထိုတော့မှ သက်ပြင်းချရင်း “မသိဘူးလေ၊ အဘိုးမျက်လုံးမှိတ်သွားလို့”
“အိပ်မယ့်ဟာကို မျက်လုံးမှိတ်မအိပ်ရင် ဘယ်လိုအိပ်မလဲ သွားသွားကြ နားညည်းတယ်”
ဆိုကာ မျက်လုံးပြန်မှိတ်သွားသည်။ ထိုတော့မှ အားလုံး သက်ပြင်းချရင်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကြသည်။