အကြည်တော် - ထီး
ငါ့ဘဝကို ဖွင့်လိုက်စမ်းပါ။
ပူဆွေးမှာစိုးလို့ ရိုကျိုးစွာမိုးလို့။
ရဲ့ ကိုင်းဖျားကိုင်းနား မီးလေးခို မိုးစက်တွေကို
ရယ်ပါ။
မလိုအပ်တဲ့အခါ ခေါက်သိမ်းပါ။
လိုအပ်တဲ့အခါ ဖုန်အလိမ်းလိမ်းကြားက
ငါ့ကိုပြန်ရှာ၊
မင်းကျောင်းပေါ်တက်တဲ့အခါ
ဘဝတူတွေနဲ့ သတ်မှတ်နေရာမှာထားခဲ့ပါ။
တစ်ခါတလေ မေ့ကျန်ခဲ့ပါ။
တစ်ခါတလေ သူများကို ငှားပေးလိုက်ပါ။
တစ်ခါတလေ ချောင်ထိုးပါ၊
တစ်ခါတလေ ဖွင့်ကြည့်ပါ။
တစ်ခါတလေ•••
တစ်ခါတလေ • • •
တစ်ခါဘလေ.. ငါ့ဘဝကို မင်းက ဆုပ်ကိုင်ထားပြီး
ငါက မင်းကို အရိပ်မိုးပေးရသူ။
နံနက်နေက အချိန်ကောင်းပင်။ ရှရှလေးပူ၏။
သစ်ပင်တန်းဖြင့် စိမ်းလန်းနေသော တက္ကသိုလ်ကျောင်းဝင်း အတွင်း ကျောင်းသူကျောင်းသားများ အရိပ်ခိုနားနေကြသည်။ တချို့ ကလမ်းသလား၏။ တချို့က ခင်မင်ရာ အဖော်ရှာသည်။ ထိုစဉ်တွင်
“ထုန်း ထုန်း ထုန်း ထန်း”
“ဟဲ့ သောက်ခွေး၊ ဘာကြီးတုန်းဟ”
ကြားရသူအပေါင်း ဤနှယ်ထအော်ရလောက်သော အသံ ကြီးကြားတော့ လူတိုင်း မျက်လုံးပြူးခေါင်းထောင်ရပေပြီး။
“ဟဲ ဟဲ ဘာ.. ဘာကြီးတုန်း၊ တို့ဖက်လိမ့်လာပဟ”
“ဟင် မဲမဲကြီး၊ မဲမဲကြီး ပြေးပါဟ”
မှန်ပေသည်။ ကျောင်းဝင်းလမ်းမကျယ်ထဲ လိမ့်လာသော မဲမဲ၀၀ကြီး။ အသေအချာကြည့်မှ
“တဲ့ ကား၊ ဘုရားစူးကားတဲ့”
“ဟင် ကားဆိုမှကား၊ အဲလေ ကား ကား”
ကားရားကြီးကားကားကြီးက ကျောင်းဝင်းထဲ ယိုင်ထိုးယိုင်ထိုးနှင့် ဝင်လာသည်။ ဘုရားစူးကားဟုဆိုသော် လွန်အံ့မထင်၊ မင်းတုန်းမင်းတရားကြီး နုစဉ်ကာလ သူစို့ခဲ့သော ချို့ဘူးနှင့် ခေတ်ပြိုင်ခန့် က ပေါ်ပေါက်ခဲ့သော ကားအမျိုးအစားထဲကပင် ဖြစ်ပေလိမ့်မည်။
ထိုကားသည်လည်း ချိုဘူးကို ဘီးတပ်ထားသလို ရှည်မျောမျော ခေါင်းသေးသေးကြီး။
“ထုန်း ထုန်း ထုန်း”
အရွယ်နဲ့မလိုက်အောင် အသံကား အောင်၏။ ဤကားသာ အသက်ကြီးတတ်လျှင် အရွယ်ရောက်ပါက ရော့ခ်ကာဖြစ်နိုင်ပေသည်။
“ဟ ငါတို့ဖက်လာပဟ၊ ခုန်ရှောင်ပါဟ”
“ဟင် ရှင်ပြောတော့ တစ်သက်လုံးမခွဲဘူးဆို”
“ချေးကားတိုက်သေတာကမှ နာမည်ကောင်းဦးမတဲ့ ကောင်မရဲ့၊ ဒီကားနဲ့ အသေမခံနိုင်လို့ပြေးပြီ”
တစ်ယောက်က ရည်းစားကိုထား၍ မှုံနေအောင် ထွက်ပြေး သွားသည်။
ထိုကားသွားလေရာ ဝရုန်းသုန်းကားဖြစ်ကျန်ခဲ့ရရှာသည်။ ကားကား အမှန်တော့ သိပ်မြန်လှသည်မဟုတ်။ အသံကြောင့် ဖား သေနေခြင်းပင်း၊
“ထန်း ထုန်း ထုန်း” “ဂျုံး”
“ဟင်”
“ဟာ ဘယ်လို”
ကန်တင်းနားရောက်တော့ ကားတံခါးက အချပ်လိုက်ကြီး ဂျုံးခနဲ ပွင့်ထွက်လာသည်။ လှစ်ခနဲ ကားပေါ်မှ လူရွယ်တစ်ယောက်။ ကားတံခါးကိုဖက်ပြီး ဖျတ်ခနဲ ခုန်ချလာသည်။ နောက် ရွေ့နေသေး သောကားကို ပြေးကပ်၍ တံခါးကို ဂျိုင်းခနဲ ပြန်ပိတ်လိုက်သည်။
“ဟင် အဲလိုကြီးလား” မြင်ရသူအပေါင်း စက္ခတွေ ခညောင်းကုန်၏။ ကားက ရွေ့နေဆဲ။
ကြည့်ရတာ ထိုကား၌ ဘရိတ်လဲပါပုံမပေါ်။ စက်လဲသတ် ၍ရပုံမပေါ်။ လူရွယ်သည် ဘေးဘီဝေ့ကြည့်၍ ကန်တင်းထဲစွတ်ခနဲ ပြေးဝင်သွား၏။
ပြီးနောက် ကန်တင်းထဲမှ ချထားသော စားပွဲခုံတစ်လုံးကို
ပြေးမသည်။
“လာကြဟေ့၊ တို့ ဒီစားပွဲဝိုင်းထိုင်ရအောင်”
အခန့်သင့်ပင် သူဆွဲယူလိုက်သောခုံမှာ ကျောင်းသူလေးများ လေးငါးယောက်အုပ်စုဖြင့် ထိုင်ရန်ပြင်နေသော ခုံဝိုင်းဖြစ်နေသည်။ စားပွဲခုံကအပုမို့ ခုံကလဲအပုပင်။
“ ဝေါင် ဟယ်လိုတက်စတီ”
နံဘေးနားက သရက်သီးဆားနယ်သည်ကလဲ သူ့လက်ကိုင် လော်ကောင်းမကောင်း လော်ကို ဘီးရှေ့ထား၍ မိုက်ခွက်နှင့်စမ်းနေ
လူရွယ်က ခုံကိုအဆွဲ၊ ကောင်မလေးက ထိုင်အချ။
ခုံမရှိတော့၍ ကောင်မလေးက ပက်လက်လန်လဲကျမည့် အနေအထား မြန်သည်။ လူရွယ်မှာ ခုံကို ပြန်မချဘဲ သရက်သီး သည်၏ လက်ကိုင်တော်ကို ကောင်မလေးဖင်အောက် အချိန်ကိုက် ပြန်ချပေးလိုက်သည်။
“ငါတော့ ခံရပြီဟေ့”
လက်ကိုင်တော်ပေါ် ထိုင်ရသောကောင်မလေး၏ ဝမ်းသာ အားရအသံ။ အနီနှင့်အနက်ဝတ်ထားသော ကောင်မလေးက လော် ဝါဝါပေါ် တက်ထိုင်နေတော့ ကြည့်ရတာတစ်မျိုး။
“ဟင် ခုံက အလည်ကအခံလဲမပါဘူး၊ ဟင့်”
ကောင်မလေး မူနွဲ့နွဲ့အသံ။ လူရွယ် ဂျမ်းတုံးခုရန် ခုံယူ၍ ကားဆီပြေး၏။ ထိုစဉ်မှာပင် ။ “ဟယ်လို ကြားလား၊ အသံကြားလား၊ သရက်သီး” “အောင်မလေးတော့ ဘယ်ကအသံကြီးလဲ”
သရက်သီးသည် မိုက်ခွက်နှင့်အော်သည်ကို ဖင်နှင့်နားဆင် လိုက်ရသော ကောင်မလေးက ထခုန်သည်။ ပြီးနောက် သူထိုင်ရ သောအရာကို ပြန်ကြည့်သည်။
“ဟင် ဟင် ဒါကြီးက”
သူထိုင်လိုက်ရသော လော်ကြီးကိုမြင်တော့ အံ့အားသင့်သွား သည်။ အားလုံးက လော်စပီကာပေါ် ဖင်ချထိုင်သောသူမကို မျက်လုံး အပြူးသားနှင့်ကြည့်သည်။
“ဟင် ဘယ်လို ဘယ်လိုဖြစ်”
“လော် လော်ကြီးပေါ်မှာ”
တော်သေးသည်။ ကောင်မလေး ထအခုန် လော်က တင်ပါး မှာ စွတ်မပါသွားတာ၊
“ဒါ ဒါက”
ကောင်မလေးမျက်လုံးက တဖြည်းဖြည်း မြင့်တက်လာပြီး သရက်သီးသည်ဆီ ရောက်သွားသည်။ သူမမျက်လုံး မီးဝင်းဝင်းတောက်နေပေပြီ။ မည်သူကမှ ဤမျှအသံကျယ်သော လော်စပီကာပေါ်တက် မထိုင်ချင်။ မည်သို့မည်ပုံမှ အမည်ပင်ခေါ် မကောင်းသော အရာပေါ် တက်မထိုင်ချင်။ ထို့ကြောင့်
“ဟင် ရှင် ရှင် ဘာလုပ်တာလဲ”
သူ့ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောသောစကားကြောင့် သရက်သီးသည်ကြောက်လန့်ကာ
“ဘာ ဘာလုပ်လို့လဲ ကျီ ဝေါင်"
ဖြစ်ချင်တော့ သူက မိုက်ခွက်ကိုမလွှတ်ဘဲပြောနေ၍ အသံ က လော်ထဲကထွက်နေ၏။ ဒါကို ကောင်မလေးကလဲ သည်းမခံနိုင်ဘဲ ၊ သရက်သီးသည်၏ မိုက်ခွက်ကိုဆွဲလုကာ
“ဘာလုပ်လဲဟုတ်လား၊ ကျွန်မဖင်အောက် ရှင့်လော်ကြီးလာ ထိုးထည့်တာလေ”
“ဟာ” လော်ကထွက်လာသော အသံကျယ်ကျယ်ကြောင့် ကန်တင်း
တစ်ခုလုံး အာမေဍိတ်သံ၊ သံပြိုင်ထွက်လာသည်။ မထွက်ခံနိုင်ရိုးလား။ အကြောင်းမသိပါက ကြားရတာ အဓိပ္ပာယ်တစ်မျိုးကြီး။ ကောင်မ လေးက သူ့ဒေါသနှင်သူမို့ သတိမထားမိ ။
အချို့က ခေါက်ဆွဲဖတ်တွေတန်းလန်း၊ အချို့ က အီကြာကွေး ပါးစပ်စွပ်လျက်၊ အချို့က ဟင်းချိုဇွန်း လေထဲမှာ။ လော်ကြီးအကြောင်း ကြားပြီး အားလုံးကြက်သီးထ၍ ငြိမ်နေကြသည်။
ဒါကို သရက်သီးသည်ကလဲ အားလုံးအထင်မလွဲရအောင် ထင့်။ မိုက်ခွက်ကိုပြန်လုပြီး ရှင်းပြသည်။
“ဟာ ညီမလေးကလဲ၊ အစ်ကို့လော်က အစ်ကို့ဘာသာအစ်ကို အရှေ့မှာ ဒီလိုလေးထောင်ထားတာ”
“ဟင်”
ကန်တင်းတစ်ခုလုံး ထအော်ကြပြန်သည်။ သူကတော့ သူ့ စက်ဘီးရှေ့ထောင်ထားတာကို ပြောတာပါ။ ဒါပေမယ့် လူမမြင်ဘဲ အသံသာကြားရတော့ တစ်မျိုးကြီး။
“ဥ ဥ”
အီကြာကွေးသမားက နင်သွားသည်။
“ကကျစ် ဒေါ့”
ခေါက်ဆွဲသမားက ပြန်အန်ထွက်လာ၏။
“ခွပ် ခလွမ်”
လက်ဖက်ရည်ခွက်ကိုင်ထားသူပင် တအားညှစ်မိ၍ ကိုင်း
ကျိုးပြီး ခွက်က မြေခ၏။ ထို့ကြောင့်ထင့် ကောင်မလေးလဲ ဒေါသ ထွက်ပြီး မိုက်ခွက်ပြန်ဆွဲကာ
“ဟင် ရှင်ပြောတော့ ရှင့်လော်ရင့်ရှေ့ ထောင်ထားတာ၊ ဒါဆို ဘယ်လိုရှည်ပြီး ကျွန်မအောက်ရောက်လာတာလဲ၊ ပြောပါဦး”
“ဟမ်း”