အကြည်တော် - တစ်ရှက်အရှက်မရှိ
ဆိုကြပါစို့ဗျား၊
ခင်ဗျားသာ ဘောလုံးသမားတစ်ယောက်။ ဒါမှမဟုတ် အား ကစားငါသနာအိုး၊ ဒါမှမဟုတ် လောင်းကစားဝါသနာပါတယ်ပဲထားပါတော့။
ကိုယ်ပါဝင်တဲ့အသင်း ကိုယ်ကစားတဲ့အသင်း ဒါမှမဟုတ်၊ ကိုယ်လောင်းထားတဲ့အသင်း တစ်ဖက်ကို ဂိုးသွင်းလိုက်တယ်ဆိုပါတော့။
“တစ်ဂိုး ဂိုးမရှိပေါ့ဗျာ၊ ကဲ ဘယ်သူနိုင်လဲ” ဂိုးသွင်းတဲ့အသင်း နိုင်တာပေါ့ ဟုတ်ဖူးလား။ ဒါမှမဟုတ်လဲ ဘော်လီဘော၊ ဘက်(စ်)ကက်ဘော ပိုက်ကျော်ခြင်းပေါ့ဗျာ။ စသည်ဖြင့်ပေါ့ တစ်မှတ်၊ အမှတ်မရှိဆို ဘယ်သူနိုင်မလဲ။
အမှတ်ရတဲ့သူ အနိုင်ပေါ့။ အဲ အားကစားထဲမှာဂေါက်သီးကျတစ်မျိုးဗျ။
ပြိုင်ဖက်အားကစားသမားထက်ကို ရိုက်ချက်လျော့ရိုက်နိုင် ရင် အနိုင်ရတယ်။ ဆိုကြပါတော့ဗျာ။ တစ်ဖက်အားကစားသမားက ရှစ်ချက်ရိုက်ထားတယ်ဆိုပါတော့။ ကိုယ်က ခုနစ်ချက်တည်းနဲ့ ရိုက် နိုင်ရင် ကိုယ်အနိုင်ပါပဲ။
ဒီလိုပါပဲ။ လူမှုရေးနယ်ပယ်မှာလဲ ကျွန်တော့်ခေါင်းစဉ်အတိုင်းပါပဲ။ “တစ်ရှက်၊ အရှက်မရှိ" ဆိုရင် ဘယ်သူနိုင်မယ်ထင်လဲ။
မယုံရင် လူလည်ကောင် နပန်းလုံးကြည့်။ ခင်ဗျားက နပန်းလုံးရင်း လုံချည်ကျွတ်ပြီး ရှက်ရွံ့ပြန်ကောက်ဝတ်တယ်ထား၊ တစ်ဖက် လူက ခင်ဗျားကို သမပြီသာမှတ်။
ဘာလို့လဲဆိုတော့ လုံချည်ကျွတ်တာချင်းအတူ တစ်ဖက် လူက ပြန်မဝတ်ဘဲ တစ်ရှက်ကြောင့် လုံချည်ပြန်ကုံးကောက်နေတဲ့ ခင်ဗျားကို တစ်ရှက်၊ အရှက်မရှိနဲ့နိုင်လို့ကို သမတာပါပဲ။
ဂေါက်သီးရိုက်တာလဲ ဒီအတိုင်းပဲ။ သူများထက်အမှတ်နည်း အောင် ရိုက်ရတာ။ ဒါကြောင့် လူကြီးတွေ သူဌေးတွေက ဒီကစား နည်းကို ကစားတာထင်တယ်။
လူမှုရေးမှာလဲ ဒီအတိုင်းပါပဲ။
ခင်ဗျားက ကောင်မလေးတစ်ယောက်ကို ချစ်စကားပြောဖို့ ရှက်နေတယ်ဆိုပါတော့။ အရှက်မရှိတဲ့ ကောင်တစ်ကောင်က လက်ရဲ ဇက်ရဲနဲ့ ဝင်ကြောင်သွားလို့ကတော့ ခင်ဗျားခံရဖို့သာပြင်ပေတော့။
တချို့ကလဲ ဆိုကြပြန်ပါတယ်။
“ဟေ့ တို့ကတော့ အရှက်နဲ့လူလုပ်တာပေါ့”
မှန်ပါတယ်။ အဲ ဒါပေမယ့် ခင်ဗျားမိန်းမက လူလည်ကောင် အော်ကြီးဟစ်ကျယ်နဲ့ အရှက်မရှိ အော်ဆဲနေတယ်ဆိုရင် ခင်ဗျာ ဘာလုပ်မှာလဲ။
“ဟေ့ တို့ကတော့ အရှက်နဲ့လူလုပ်တာပေါ့” ဆိုပြီး ငြိမ်ခံနေမှာလား၊ ဒါမှမဟုတ် “အေး နင်က ဒါဆိုရင် ငါလဲဒါပဲ"
ဆိုပြီး လုံချည်ပြင်ဝတ်ပြီး နပန်းလုံးမှာလား၊ အဲသည်လိုမှ ပြန်မလုပ်ရင် ခင်ဗျားရဲ့ တစ်သက်လုံးထမ်းလာတဲ့ အရှက်အိုး ဖြန်း ခနဲကွဲပြီး
“တစ်ရှက်၊ အရှက်မရှိ" နဲ့ခံရပြီသာမှတ်။
ခင်ဗျားတို့လဲ သိတော်မူကြတဲ့အတိုင်းပါပဲ။
အရှက်ဆိုတာမျိုးက ကွဲပြီးရင် ပြန်ဆက်လို့ရတာ မဟုတ်ဘူးလေ။
ဆိုပါစို့။ ခင်ဗျားတို့ အမြတ်တနိုးထားတဲ့ အိုးတစ်လုံးကျကွဲ သွားမယ်ဆိုရင်တောင် ကြုံရာကော်တစ်မျိုးမျိုးနဲ့ ပြန်ဆက်လို့ရကောင်း ရမယ်။ အရှက်အိုးသာ ဖြန်းခနဲကွဲသွားလို့ကတော့ ဘာနဲ့မှပြန်ဆက်လို့ ရနိုင်မယ်မထင်ဘူး။ ကွဲပြီးသွားပြီလေ။
“ဟိုတစ်နေ့က ဒီကောင့်ကိုပေါ့၊ လက်ဖက်ရည်ဆိုင်ထဲမှာ သူ့မိန်းမ အကြီးအကျယ်ဝင်ဆဲသွားတာ”
ဘယ်လိုပြန်ရှင်းပြ၊ ရှင်းပြ၊ ဘယ်သူပဲမှန်မှန် အရှက်မရှိသူကနိုင်ပြီပဲ။ ခင်ဗျားလဲ
“တစ်ရက်၊ အရှက်မရှိ” နဲ့ ရှုံးရပြီပဲ။
အမှန်တရားကို နောက်မှထား။ အရင်အရှက်ကွဲရတာ ကိုယ် ပဲမဟုတ်လား။
ဒါကြောင့် လောကကြီးမှာ လူတစ်ယောက်အဖြစ် ရပ်တည် နိုင်ဖို့ဆိုရင် ရံဖန်ရံခါ အရှက်မရှိဖို့လဲ လိုအပ်ပါတယ်။ ဒါမှ ကိုယ်က သူများနဲ့ယှဉ်ပြိုင်တဲ့အခါ အရှက်မရှိဘဲ ရဲရဲတင်းတင်း အနိုင်ယူနိုင် မယ်မဟုတ်ပါလား။
ဒီဇာတ်လမ်းရဲ့ အစမှာ ကျွန်တော်ရှင်းပြနေရတာ ဒီလိုပါ။ ကျွန်တော့်ဝတ္ထု ဖတ်နေကျပရိသတ်ဆိုရင် မှတ်မိမှာပါ။
ဝါရင့်အရောင်းထိုင်း၊ အန္တိမအမ္မဝတ္ထုမှာ ၀ကြီးရဲ့ ယောက္ခမ ဒေါ်ကြီးသေဆုံးသွားတာကို ကျွန်တော်ရေးမိပါတယ်။
အဲဒီမှာ အဲဒီဝတ္ထုကို ရေးလိုက်တာကို သိပ်ရယ်ရလို့ဆိုပြီး ဝကြီးဇနီးဇာကြီးက ဝကြီးကို နှစ်နှစ်ကြာမှ နိုင်ငံခြားကပြန်လာပြီး ကွာရှင်းခွင့်တောင်းပါတော့တယ်။ ဘာလို့လဲဆိုတော့ ဝကြီးရဲ့ ပြောပြ ချက်ကို ကျွန်တော်ရေးလိုက်တာ သူ့အမေသေတာကို ပရိသတ်များ ဒီလောက်ရယ်ရမလားဆိုပြီး မခံနိုင်လို့ ကွာရှင်းခွင့်တောင်းတာပါ။
ပရိသတ်အနေနဲ့ စဉ်းစားကြည့်ပါ။
ဟာသဝတ္ထုဆိုတာ ရေးရသိပ်ခက်ပါတယ်။ လူတွေကိုရယ် ရအောင် ရေးပြဖို့ဆိုတာ အတော်မလွယ်တဲ့ကိစ္စပါ။ ဒါကြောင့် ဝတ္ထု ရေးဆရာ အတော်များများ လက်ရှောင်ကြပါတယ်။ အဲဒီထဲကမှ လူ တစ်ယောက်သေတာကို ရယ်ရအောင်ရေးဖို့ဆိုတာ အင်မတန်မလွယ် တဲ့ကိစ္စ။ အခက်ဆုံးကိစ္စပါပဲ။ အဲဒါကိုမှ ကျွန်တော် အတော့်ကိုမျက် ရည်တဝိုင်းဝိုင်းနဲ့ ကြိုးစားပမ်းစား ရေးခဲ့ပါတယ်။ စဉ်းစားကြည့်ပါ။ ကျွန်တော့်အတွက် ဒါဟာ အကြီးမားဆုံး အခက်အခဲတစ်ခုပါပဲ။ လူ သေတာကို ရယ်ရအောင်ရေးဖို့ ဘယ်လိုဖြစ်နိုင်မှာလဲ။
ဒါပေမယ့် ကျွန်တော်အောင်မြင်ခဲ့ပါတယ်။ အဲဒီဝတ္ထုကို ဖတ် ဖူးသူတိုင်း ရယ်ရလို့ဆိုပြီး ကြိုက်ကြပါတယ်။ ကျွန်တော်လဲ ဟာသ ဈာန်တစ်ခု ထပ်မြင့်သွားသလို ခံစားရပါတယ်။
အဲဒါကိုမှ ဝကြီးမိန်းမက အဲဒီဝတ္ထုရယ်ရလို့ဆိုပြီး ဝကြီးကို ကွာမယ်လုပ်ပါတော့တယ်။
စဉ်းစားကြည့်ပါဗျာ။ ကျွန်တော့်ဖက်ကဟာသဝတ္ထုရေးလို့မှ မရယ်ရဘူးဆို ဘယ်လိုလုပ်မလဲ။ ရယ် ရဖို့ အရေးကြီးတာပေါ့။ အခု အဲဒီဟာသဝတ္ထုက ရယ်ရလို့ လင်မယား ကွဲကြကွာကြမတဲ့။ ကျွန်တော်က ဘယ်လိုလုပ်ပေးရမလဲ။
ကိုယ်လဲ ဝင်ညှိပေးလို့ရတဲ့အလုပ်မဟုတ်။
မတတ်သာတဲ့အဆုံးတော့ သူတို့လင်မယားကွဲကြကွာကြတဲ့ အကြောင်းကိုပဲ မျက်ရည်တဝိုင်းဝိုင်းနဲ့ ဝတ္ထုတစ်ပုဒ် ပြန်ရေးလိုက်ပါ တယ်။
“တစ်ရှက်၊ အရှက်မရှိ” ဒီဝတ္ထုတွေကိုဖတ်ပြီး ၊ “အဲဒီမိသားစုက တကယ်ရှိတာလားဟင်” လို့ မေးကောင်းမေးပါလိမ့်မယ်။
အဲဒီမေးခွန်းကို ကျွန်တော်က “တကယ်ရှိပါတယ်” လို့လဲ မဖြေချင်ပါဘူး။ “တကယ်မရှိပါဘူး” လို့လဲ မငြင်းချင်ပါဘူး။
“လိပ်စာပေးလိုက်ပါ့မယ်၊ ကိုယ့်ဘာသာကိုယ် သွားကြည့် ကြပါ"
ပြီးမှ ဟုတ်မဟုတ်ဆုံးဖြတ်ပါ။ ကဲ ဝတ္ထုလေးကို စလိုက်ကြစို့ရဲ့။
“ရှင့်ကို ကျွန်မ တန်ရာတန်ကြေးပေးပြီး ကွာမယ်”
“ဟင်"
နိုင်ငံခြားပြန်ဇနီးမယား ဂယောင်ကလေးရဲ့ မဆီမဆိုင် စကားကြားတော့ ဝကြီးကြောင်ကရော့ ဖြစ်သွား၏။ နံဘေးနားမှာတော့ ဝကြီးရဲ့ မိန်းမအစ်မ လွန်းဌေးဌေး(ဈေးတက္ကသိုလ်)ဘုတ်ထိုင်း ကြီးက မရှိသောမုတ်ဆိတ်ကိုသပ်ရင်း သူ့ရှေ့၌ချထားသော ကြွပ်ကြွပ် အိတ်အစုံဖြင့် စီရီထားသော မုန့်ပြားသလက်၊ မုန့်လက်ကောက်၊ မုန့် ကြာစေ့၊ မုန့်လက်ညှိုး၊ ဇီးယို ဂွေးသီးပေါင်း စသော စသော မုန့်ထုပ် များကိုကြည့်ရင်း ဘယ်ဟာအရင်နှိုက်စားရပါ့ အတွေးနှင့် တဟင်း ဟင်းနှင့် ရယ်နေလေသည်။