Skip to product information
1 of 2

Other Websites

အကြည်တော် - ကျွန်တော်ဘ၀လေးမှလှိုက်လှဲစွာကြိုဆိုပါသည်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

           ခင်ဗျားတို့ရှေ့ ခွက်ကလေးတစ်လုံး ချ ပေးပြီး

          “ကိုင်း တောင်းစမ်း” ဆိုရင် ခင်ဗျားတောင်းရဲလား။

           ပြောတဲ့လူရဲ့ ရင်ဝ ဖနောင့်နဲ့ ထပေါက်မှာ ပေါ့။

           “မင်း ငါ့ကို ဘယ်အစားထဲက မှတ်လဲ” ဆိုပြီး။

အမှန်တော့ ဒီကိစ္စတွေက ဝါသနာပါ စရာမလိုဘူး။ ရံဖန်ရံခါ သူ့အလိုလိုဖြစ်လာတာ။

         ဆိုကြပါတော့ဗျာ။ ကျုပ်ရုပ်ကျပ်ရည်နဲ့ ကျုပ်ရဲ့စာရေးဆရာ ဆိုတဲ့ ဂုဏ်ဒြပ်နဲ့ တောင်းစားဖူးတယ်ဆိုရင် ခင်ဗျားတို့ယုံမလား။

          အမှန်တော့ ဒီကိစ္စတွေက ဝါသနာပါစရာမလိုဘူး။ကျွန်တော်က (၈၆)ခုနှစ်ကစပြီး အိမ်ကထွက်ပြေးပါတယ်။ (၈၈)အရေးအခင်းဖြစ်တော့ အိမ်ပြေးဘဝနဲ့ ရခိုင်ပြည်နယ် ရမ်းဗြဲ ကျွန်းကတစ်ဆင့် ရန်ကုန်ကိုရောက်ခဲ့ပါတယ်။

          အရေးအခင်းဖြစ်တဲ့ကာလ၊ ကျွန်တော်ကလည်း အိမ်က ပျောက်သွားတာ(၂)နှစ်တိတိကြာပြီးကာလဆိုတော့ ကျွန်တော့်ကိုချစ် တဲ့မိဘများက လိုက်မရှာတော့ပါဘူး၊ သေစာရင်းပဲ သွင်းလိုက်ပါ တယ်။

          “မောင်ကြည်ဆိုတဲ့ကောင်လေး သေရှာပြီပေါ့”

          ကာလကလည်းပျက်။ လူကလည်း ကလေးသာသာရှိသေး တော့ အရေးအခင်းကာလမှာ ဝေလေလေလျှောက်လုပ်ရင်း ဒေါပုံ အမှိုက်ပုံဘေးမှာ တဲထိုးထားတဲ့ သူတောင်းစားတဲမှာတောင် မှီခိုခဲ့ဖူးပါ တယ်။

          သူတောင်းစားဆိုပေမယ့် အထင်မသေးနဲ့၊ လူကောင်းတွေ ခင်ဗျ၊ တောင်းစရာရှိမှ ပတ်တီးတွေပတ်၊ ကလေးတွေငှားပြီး

         “သနားကြပါခင်ဗျာ”လုပ်တာ။ အိမ်မှာတော့ အဲဒီကတည်းက Black&White တီဗီကြီးကို ကာလာဖြစ်အောင် ပန်းရောင်စတေကာကပ်ပြီးကြည့် တာ။

          အိမ်ကသာ ကျူးကျော်။ လူနေမှုက အဆင့်မြင့်သလား မမေးနဲ့။ ဆီပြန်မဟုတ်ရင် မစားဘူး။ ဆိုတဲ့သီချင်းကိုက “သူဌေးဝါဒ ́ဆိုတဲ့ သီချင်းမှရွေးဆိုတာ။ ဆိုလိုတာကဗျာ။ “အလုပ်သဘော သူတောင်းစား တွေပေါ့။

          “အလုပ်ဖြစ် သူတောင်းစား'ဆို လည်း ရပါ့။ ပရော်ဖက်ရှင်နယ် တွေပေါ့ဗျာ။

အဲဒီမှာ နှစ်ရက်သုံးရက် လောက်မှီခိုပြီး သူတို့မကျွေးနိုင် တော့လို့ ကန်ထုတ်လိုက်မှ ပြန် ထွက်လာတာ။

          ကျွန်တော်ဘာကဗျာ၊ တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုးလည်း မဟုတ်ပါဘူး။ ကျွန်တော် လည်း သူတို့နဲ့နေ သူတို့လုပ်ပေါက် ကိုင်ပေါက်ကိုလည်းသိ၊ ငွေရချောင် မှန်းလည်း သိနေတာပဲ။ ကိုယ် လည်း တောင်းစားချင် တောင်းစား လို့ ရတာပဲ။ ဒါပေမယ့် ဝါသနာမှ မပါတာ။ ဘာလို့လုပ်ရမှာလဲ။

          ဒါပေမယ့် ဒီအလုပ်တွေ က ဝါသနာပါစရာ မလိုဘူး။ တစ်ခါ တစ်ရံ သူ့အလိုလိုဖြစ်တတ်တာ၊

        ကဲ.. ထားဦး။အရေးအခင်းပြီးတော့ အိမ်ပြန်ရောက်။ (၈)တန်းလည်း သုံးခါကျပြီး ကျောင်းနေဖို့ကျတော့ လည်း အသက်က ဖင်ခွေနေပြီမို့ ဝန်ထမ်းဝင်လုပ်တယ်။ ကျောင်းနေဖို့သာ အသက်ကြီးသွားတာ။ ဝန်ထမ်းဝင်လုပ်ဖို့ကျလည်း ငယ်ပြန်ရော ဒါနဲ့ အသက်လိမ်ပြီး(ကြီးပြီး) ဝန်ထမ်းလုပ်ခဲ့တယ်။

          ဝန်ထမ်းဆိုတာကလည်း သိတဲ့အတိုင်းပါပဲဗျာ။ အခုလို လစာတွေတိုးပြီး အများကြီးရတဲ့ခေတ်မှ မဟုတ်တာ။ ဒီလိုပဲ တောင်း ရမ်းစားသောက်ပြီး ကိုယ့်ဘဝလေး၊ ကိုယ့်မိသားစုလေး ပြေလည်အောင် ဖြေရှင်းနေရတာပဲ။ အဲလိုမှ မလုပ်ရင် ငတ်သေတဲ့ဝန်ထမ်း နည်းမှာမဟုတ်ဘူး။ (အဲဒီခေတ်ကို ပြောတာနော်)

          ဒါပေမယ့် ကျွန်တော်က ရှက်တယ်ဗျ။ အဲဒါမျိုး ဘယ်တုန်း ကမှ မလုပ်ဘူး။ ပိုက်ဆံရတဲ့နေရာကို အလှည့်ကျရင် နေရာရောင်း စားလိုက်တယ်ဗျ။ ဘယ်တော့မှမသွားဘူး။ ဒါ တောင်းတာမဟုတ်ဘူး

          ကြာတော့လည်း အဲဒီဘဝကြီးကို ငြီးငွေ့လာတယ်။ တစ်နေ့ လာလည်း ဝတ်စုံဝတ်၊ အလုပ်သွား၊ အလုပ်ပြန်၊ ဒါပဲ။ ဘာမှလည်း မဟုတ်ဘူး။

          ဒါနဲ့ပဲ ဝန်ထမ်းဘဝ(၇)နှစ်မှာ အလုပ်ကထွက်လိုက်တယ်။အဆင်မပြေလို့ မဟုတ်ဘူးနော်။ မလုပ်ကို မလုပ်ချင်တော့ လို့။ဒါပေမယ့် ဒီအလုပ်က ဝါသနာပါစရာမလိုဘူး။ သူ့အလိုလို လည်း ဖြစ်တတ်တယ်။

          အဲဒီကမှ ဆောက်လုပ်ရေးထဲ ဝင်လုပ်ပြန်တယ်။

          ဆောက်လုပ်ရေးမှာက ကျွန်တော့်အရည်အချင်းနဲ့ဆို အကြမ်းပဲရတာပေါ့။ ဆိုပါတော့ဗျား၊ ခုနက ဝန်ထမ်းဘဝမှာ ယူနီ ဖောင်းလေးဝတ်ပြီး ကျော့ကျော့မော့မော့နေရတာ။ ဘာဖြစ်လို့ အလုပ် ပြောင်းပြီး အလုပ်ကြမ်းလုပ်မှာလဲ။

          ကျွန်တော်ပြောပြီးသား၊ တောင်းရမ်းရတဲ့ကိစ္စ မလုပ်ကိုမလုပ်ချင်တာ။ ဒါကြောင့် အဲဒီ အလုပ်မလုပ်ဘဲ အလုပ်ကြမ်းပဲဝင်လုပ်နေတာ။ကျွန်တော်ကိုယ်တိုင်ကပဲ ရိုးသားလားတော့ မသိပါဘူးဗျာ။ဆောက်လုပ်ရေးမှာ အကြမ်းသမား ဘဝနဲ့ လူကြီးကကြိုက်ပြီး ရာထူး တက်ကာ စာရေးဘဝရပြန်ရော။

          စာရေးကမှ ကျောက်တွေ သဲတွေသစ်တွေကို စစ်ရတဲ့ စာရေး ဗျ။ အားလုံးသိတဲ့အတိုင်း အစိုးရ အလုပ်မှာ အုတ်၊ သဲ၊ ကျောက် သစ်၊ ဆီဆိုတာ (၂ဝ)ရာခိုင်နှုန်းအလေအလွင့်ပေးတယ်။ကုန်ပစ္စည်းတွေ လာချ တိုင်း (၂၀)ရာခိုင်နှုန်းက အလေ အလွင့်ထဲမှာ ပါပြီ။ (ဒါကြောင့် ဆောက်လုပ်ရေးကလူတွေ ချမ်း သာတာ)ဒီလိုဗျ။ကုန်ပစ္စည်းချတဲ့သူတွေ က ညှိတယ်။ အဲဒီအလေအလွင့် (၂၀)ရာခိုင်နှုန်းကို သူတို့သယ်မလာတော့ဘူး။ လျှော့ပေး။ အဲဒီအတွက် ငွေကို ညှိမယ်ပေါ့ဗျာ။

          ကျောက်(၁၀)ကြင်းကိုဆိုရင် (၂)ကျင်းလျော့နဲ့၊ သူတို့က (၅၀)ဆို ကျွန်တော့်ဆီက အလျော့တွက်နဲ့ဆို (၁၀)ကျင်း ပြန်တက် လာမှာပေါ့။ ကျင်း(၅၀)သွင်းရုံနဲ့ ကျင်း(၆၀)ဖြစ်မှာလေ။(လိမ်နည်းပေါင်းစုံ ကျွန်တော့်ကိုလာမေး ကျွန်တော်အကုန် သိတယ်)။

          ဒါကြောင့် ကျွန်တော့်ကိုလာညှိတယ်။ ကျွန်တော်မလုပ်ဘူး ဗျ။ တကယ်ပြောတာပါ။ ဘာလို့လဲဆိုတော့ သူတို့ဆီက တောင်းရမှာအင်မတန်ကောင်းတဲ့နေရာပါပဲ။ ဘယ်သူမဆို ငွေရချောင် တဲ့နေရာကို နေချင်ကြမှာပဲ။ ဒါပေမယ့် ကျွန်တော် မနေနိုင်ဘူး။

         ပြဿနာ တစ်စုံတစ်ရာ ဘာမှမရှိဘဲ ကျွန်တော်အလုပ်ထွက် ခဲ့ပြန်တယ်။ကျွန်တော်က ပိုက်ဆံရမယ်ဆိုတိုင်း လုပ်ချင်တာမဟုတ်ဘူး။ ဒီလောက်ကောင်းတဲ့ နေရာတွေဗျာ။ တော်ရုံလူဆို ဘယ်ခွာပါ့မလဲ။ ကုတ်နဲ့ကော်ထုတ်ရင်တောင် ထွက်ချင်ကြမှာ မဟုတ်ဘူး။

          အဲဒီအလုပ်ကထွက်ပြီး အတွေ့အကြုံတွေစုံမှ ရန်ကုန်တက် လာပြီး စာရေးဆရာလာလုပ်တာ။စာရေးဆရာဆိုတာကလည်းဗျာ၊ စလုပ်တာနဲ့ ဘယ်အဆင် ပြေပါ့မလဲ။ (အခုတော့ မဟုတ်ပါဘူး)ကိုယ့်စာမူလေးပါမှ စာမူခလေး အနည်းအကျဉ်းရတာ၊ ချို့ငဲ့လိုက်တာလည်း ပြောမနေနဲ့တော့ နေစရာ မရှိလို့ အစ်မဝမ်းကွဲတစ်ယောက်ခြံမှာ ခြံစောင့်လုပ်ပြီး နေရတာ။ စားစရာမရှိလို့ ငတ်နေခဲ့တဲ့ နေ့တွေကလည်း မနည်းဘူး။ ကားခမရှိလို့ လမ်းလျှောက်ရတဲ့ရက်တွေကလည်း အရှည်အရှည်တွေ။

          ဒါပေမယ့် ဒီဘဝကို ကျွန်တော်သဘောကျသွားတယ်။ ဒီ အလုပ်က ငွေတောင်းစရာ မလိုဘူး၊ သူတို့ကပေးတာ။ ပေးတာတောင် ရိုရိုသေသေနဲ့။

          “စာမူခလေး ပေးတာပါဆရာ”

           ကဲ ဘယ်လောက်ကောင်းလဲ။ ကိုယ်က တောင်းစရာကို မလို ဘူး။ သူတို့ကကိုပေးတာ။

          ဒီလိုနဲ့ဗျာ။ ဒီဘဝမှာ စီးမျောလာလိုက်တာ ‘အကြည်တော်’ဆိုတာကြီး ဖြစ်လာသည်အထိပေါ့။ အဲ.. အဲဒီမှာမှ “အကြည်တော်’ ဆိုတာကြီး ခွက်တစ်လုံးဆွဲပြီး တောင်းဖူးတယ်ဆိုရင် ခင်ဗျားတို့ယုံမှာလား။ယုံလိုက်ပါ။ တကယ်ကို အကြည်တော်ခွက်ဆွဲပြီး တောင်းဖူး ပါတယ်။

          အမှန်တော့ ဒီအလုပ်တွေက ဝါသနာပါစရာ မလိုပါဘူး။ ကံပါလာရင် ဖြစ်ချိန်တန်ရင် ဖြစ်လာရတော့တာပါပဲ။

          ဥပမာဗျာ။

          ကျွန်တော်က စာရေးတာ ဝါသနာပါတယ်။ စာပေဟောပြော ပွဲသွားတာ ဝါသနာမပါဘူး။ လူရှေ့သူရှေ့ မတ်တတ်ရပ်ရတာကို ဝါသနာမပါဘူး၊ အဲဒါတွေ ဝါသနာမပါလို့ နောက်ကွယ်ကနေရတဲ့ စာရေးဆရာလုပ်နေတာ။ဒါပေမယ့်ဗျား ဝါသနာမပါပေမယ့်လည်း စာချစ်သူများ ဖိတ်ကြားတဲ့အခါ စာပေဟောပြောပွဲလည်း လိုက်နေရတာပါပဲ။

         ဝါသနာမပါပေမယ့် သူ့အလိုလို ဖြစ်လာတာပေါ့ဗျာ။

         ဒီလိုပါပဲ။ ဝါသနာမပါဘဲ ဖြစ်ချိန်တန်လို့ဖြစ်လာတဲ့ကိစ္စတွေ လည်း ရှိပါတယ်။

          တစ်ခါက ပြည်ပ,ဒေသတစ်ခုက ဟောပြောပွဲ ဖိတ်ပါတယ်။ သူတို့အနေနဲ့က ပွဲကြီးပေါ့။ နေရတာကို တစ်ပတ်ဆယ်ရက်လောက်နေရပါတယ်။ နေရာတွေ နှစ်နေရာ သုံးနေရာ ခွဲပြောရတာကိုး၊အဲဒီမှာ ဘာဖြစ်လဲဆိုတော့ တစ်နေရာရောက်တော့ အစီအစဉ်ထဲမပါတဲ့ ဘုန်းတော်ကြီးကျောင်းတစ်ခုက ကြားဖြတ်ဖိတ်ပါ တယ်။

         အစီအစဉ်ထဲမပါဘဲ ကြားဖြတ်ဖိတ်ကြားခံရရင် အင်မတန် အူကြောင်ကြောင်နိုင်လှပါတယ်။ဘာဖြစ်တတ်လဲ ဆိုတော့ ဟောပြောပွဲကို နားမထောင်တတ် သေးတဲ့သူတွေ၊ ဟောပြောပွဲကို မိန့်ခွန်းပြောသလို ထင်နေတဲ့သူတွေ လာရောက်နားထောင်တတ်လို့ပါပဲ။ဟောပြောပွဲကို နားထောင် လေ့မရှိတဲ့အခါ အချင်းချင်းလည်း စကားတွေပြော၊ ကွာစေ့တွေနဲ့ ပြောရတဲ့သူအင်မတန် ကသိကအောက် နိုင်လှပါတယ်။ဟောပြောပွဲဆိုတာကလည်း သိတော်မူကြတဲ့အတိုင်း အတီး မပါ အဆိုမပါကို မင်းသားမဟုတ်တဲ့သူက ဒီအတိုင်း ဖြောင်ကြီးပြော နေရတာမျိုးပါ။ အင်မတန် အပြောကောင်းမှ ဆွဲဆောင်နိုင် တာမျိုးပါ။

          တော်ရုံတန်ရုံ မပြောတတ်လျှင် နားမထောင်တတ်သူရှေ့ သေပြီသာ မှတ်။

          အခု ကျွန်တော်ပြောရတဲ့ ဘုန်းကြီးကျောင်းကတော့ တော်ပါ သေးတယ်။ အားလုံးဂရုတစိုက်နဲ့ နားထောင်ပေးကြပါတယ်။ ကမန်း ကတန်း စီစဉ်ရတဲ့သို့ လူက သိပ်မများပါဘူး။ နိုင်ငံခြားရောက် ဒုက္ခသည် တိုင်းရင်းသားတွေကို ကယ်တင်ထားတဲ့ ဘုန်းကြီးကျောင်းမို့ အားလုံး ရိုရိုကျိုးကျိုးပါပဲ။

         ကျွန်တော့်ဟောပြောပွဲကလည်း တစ်နာရီလောက်ပဲ ကြာပါတယ်။

         ကျွန်တော်ပြောပြီးတော့ ဆရာတော်က ထလာပါတယ်။ ပြီး တော့ မိုက်ခွက်ကနေ“အေး ဆရာပြောသွားတာတွေ နားထောင်ရပြီမဟုတ်လား” “တင်ပါ့ဘုရား” လူတွေအားလုံး လက်အုပ်ချီကြတယ်။ “အေး ဒါကြောင့် မှတ်သင့်တာတွေလည်း မှတ်ကြပေါ့” “တင်ပါ့ဘုရား”

         “အေး ဒီမှာကလည်း ဒုက္ခသည်တွေ ကယ်တင်ထားတော့ ဆရာ ကို ပေးစရာလက်ဆောင်တော့ ထွေထွေထူးထူးမရှိဘူး၊ ကျောင်း သားတစ်ယောက်လာစမ်း တင်မြင့်လာ” “တင်ပါ့ဘုရား”

         ကျောင်းသားတစ်ယောက် ထွက်လာတယ်။ ဆရာတော်က အခန်းထောင့်ကို လက်ညှိုးညွှန်ရင်း

          “ဟိုးကငွေဖလား သွားယူစမ်း”

          ကျွန်တော်လည်း ဆရာတော် ဘာလုပ်မှန်းမသိလို့ ဒီအတိုင်း ကြောင်ကြည့်နေလိုက်တယ်။ ဖလားရောက်လာပြီး ဆရာတော်က ဆောင့်ကြောင့်ထိုင်နေသော ကျွန်တော့်ကို လက်ညှိုးညွှန်ရင်း

         “ဆရာ့ကိုပေးလိုက်” “ဗျာ”

          ဖလားက ကျွန်တော့်လက်ထဲရောက်လာတယ်။ ကျွန်တော် လည်းကြောင်ပြီး ဖလားကို ကိုင်ထားမိတယ်။ ဒီတော့မှ ဆရာတော်က

          “အေး.. လာဟောရတဲ့ဆရာလည်း အဆင်ပြေသွားအောင် ဆရာကိုင်ထားတဲ့ဖလားထဲ နိုင်သလောက်ထည့်ကြား”

          “ဗျာ”

ခေါင်းနားပန်းပါ ကြီးသွားရတယ်။ သွားပြီ။ ကျွန်တော့်ဘ၀ကို ကျွန်တော်သိသွားပြီ။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)