Skip to product information
1 of 4

Other Websites

အကြည်တော် - ကျွန်တော်ချစ်သူပြောသောသူ့ချစ်သူအကြောင်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          မြန်မာစကားတွင် ကလေး၊ သဘင်သည်၊ သူရူးတို့၏စကားသည် မှန်တတ်ကြောင်းကြားဖူးပါသည်။

          သူမသည် ကလေး၊ သဘင်သည်၊ သူရူးနှင့်တူပါသည်။ ကလေးကဲ့သို့ ချစ်စဖွယ်ကောင်းပါသည်။ သဘင်သည်ကဲ့သို့လည်း နှစ်လိုဖွယ်ရမ္မက်ကိုပေးပါ သည်။ သူရူးကဲ့သို့လည်း ပေါင်းရသင်းရခက်ပြန်ပါသည်။

          ပိုဆိုးသည်က ရှေးလူကြီးများ၏အထင်ကရစကား ကမောက်ကမနှင့် မှားကုန်ခြင်းဖြစ်၏။ သူမသည်မှန်ကန်သော စကားကိုဆိုခဲ့သော ကြောင့်ဖြစ်ပါသည်။

          ဤသို့ဆိုသော် သူမကဆိုးလို့လားဟု ပြန်မေးကြလိမ့်မည်။ ဟုတ်ကဲ့ အတော်ဆိုးပါသည်။ သူကဘယ်သူ့အပေါ်မှာဆိုးနေလို့လဲ။ ဤသို့လည်း မေးနိုင်ပါသည်။ ကျွန်တော့်အပေါ်တွင်ဆိုးပါသည်၊ ပတ်ဝန်းကျင်အပေါ် တွင်လည်း ဆိုးပါသည်။ သူ့ချစ်သူအပေါ်တွင်လည်းဆိုးပါသည်။ အဆိုးဆုံး မှာ သူ့အပေါ် သူပြန်ဆိုးနေခြင်းပင် ဖြစ်ပါသည်။

          သူမနှင့်ဆုံစည်းပုံမှာ ဤသို့သာဖြစ်၏...။

          ညဥ့်ကအတော်နက်နေပြီ။ ဤကဲ့သို့တောင်ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ သူငယ်ချင်းတစ်ဦးထံ မူးမူးရူးရူးနဲ့နန့်နန့်တက်၍လိုက်လည်မိပြီးမှကက်ကက်လန်စကားများကြပြီး စိတ်ဆိုးဆိုးဖြင့်ဘောက်ထော်ရှိ အိမ်သို့ပြန်ရန်ထွက်ခဲ့မိခြင်းက ကျွန်တော့၏ပထမအမှားဖြစ်သည်။တော်သေးသည်ဟုဆိုရမည်။ ဘယ်ကဘယ်လိုမျက်စိလည်လမ်းမှား ပြီးရောက်လာသည်မသိသော အငှားကားတစ်စီးကိုတွေ့လိုက် ရသဖြင့် အလှမပျက် ချွေးမထွက်ဘဲ အိမ်သို့ပြန်ရောက်နိုင်ခြင်းဖြစ်သည်။

          ဘုရားဒကာ ကားဆရာကြီးကလည်း စိတ်ပဲကောင်းလို့လား၊ အဖော်ပဲလိုချင်လို့လားမသိ ဤမျှဝေးသောခရီးကိုမဆိုစလောက်ဟုပြောရမည်ဖြစ်သော ငွေ၂၀၀၀ /-ကျပ်နှင့် “တက်”ဟုအတည်ပြုပေးသဖြင့် ဝမ်းသာလုံးကိုမနည်းမြိုချပြီး ကားပေါ်တက်ခဲ့ရသည်။ ကားပေါ်ရောက် သော်လည်းဒေါသကမပြေချင်။ ဟုတ်တယ်လေ။ သူငယ်ချင်းကမြို့ထဲမှာစားသောက်ရင်းမှ သူ့အိမ်လိုက်ခဲ့ သူထပ်ပြုစုဦးမည်ဟု အတင်းအဓမ္မ

          ခေါ်ပြီးအိမ်ရောက်၍တစ်ပြားမျှပင်မကုန်နိုင်သေးခင် ပြဿနာတက်ခြင်း ဖြစ်သည်။ ပြဿနာကလည်း...

          “မြနန္ဒာxxရေညိုချိန်ရိပ်သန်းxx” 

          “ဟင်.. ဘာသံကြီးလဲဟ...”

          ကားဆရာ၏နှုတ်မှထွက်လာသော သံကွဲသံကြောင်ကြီး။ စာသား တွေကလည်းကပေါက်တိကပေါက်ချာနှင့် မှားနေသေး။ အေးလေသူလည်း တစ်နေ့ လုံးနေပူကျဲတဲထဲကားမောင်းရှာရတော့ ပင်ပန်းလှရှာပေမပေါ့။ ဒါ သူ့ဖြေဖျော်ရေး ပဲ။ ဆိုပါစေလေ။

          နေပါဦး ခုနကပြဿနာကဒီလောက်ငြင်းခုန်စရာမဟုတ်။ ဟို အကြောင်းဒီအကြောင်းပြောရင်း နာမ်လောကအကြောင်း ရောက်ရှိသွားကာမှ..

          “ရွှေမန်းတောင်ထိပ်xxတူနယ်တယ်နယ်xxxတယ်နယ်ခိုတယ်xxx”

          အား... ဒီအသံဆိုးကြီးကလည်းတမှောင့်. .. နေပါစေ လေ... ကိုယ်နဲ့ဘာ ဆိုင်တာမှတ်လို့ ...။

          ဘာတဲ့... အင်း... နာမ်လောကအကြောင်းရောက်သွား ရင်းမှ သူငယ်ချင်းကပရလောကကို သူလုံးဝမယုံကြောင်း... အဓိပ္ပါယ်မရှိပြောနေကြကြောင်း.. ကျွန်တော်ကစာပေအထောက် အထားများ ရှိကြောင်း... လုံးလုံးမဟုတ်ဘဲတော့ စာရေးဆရာများက ရေးကြမှာမဟုတ် ကြောင်း...။

          “အပျော်ပွဲလေးရှားပါဘိကွယ်xxx” “ဟ.. ဘာသံကြီးလဲဟ...”

           အမလေး. . ဒီကားဆရာမောင်းကွဲသံကြီးက ငှက်ဆိုးထိုးတဲ့ အတိုင်းပဲ အသံမှာတော်တော်ကြီးကိုပါရမီနည်းရှာတယ်ထင်ပါ့။

          “တောက်...” ရုပ်နဲ့အသံနဲ့ကလည်းလိုက်ပေါ့။ စုတ်တီးစုတ်ဖတ်။ ကျီးကြည့်ကြောင်ကြည့်နဲ့။ထားပါလေ သူ့ကိစ္စ။ ကဲ.. ကိုယ့်ကိစ္စဆက်ရအောင်။ သူငယ်ချင်းကစာထဲတွေ့ရုံနဲ့မယုံ... သူကိုယ်တိုင်မျက်ဝါးထင်ထင်တွေ့ရ မှယုံ မည်ဟုဆိုသဖြင့်...

          “ကဲ.. ဂျပန်ပြည်ရှိတယ်ဆိုတာမင်းယုံလား...”ဟုဆိုလိုက်၍ သူငယ်ချင်းက မျက်နှာကွက်ကွက်ကြီးဖရိုဖရဲနှင့် ကက်ကက် လန်...

         “မြနန္ဒာxxxရေချိုရင်xxxရိပ်ကာသန်းxxx” “ဟဲ့... ပလုပ်တုတ်...”

          ကားဆရာ၏အသံချောက်ကွဲကြီးကြောင့် လွှတ်ခနဲအော်မိမလို ဖြစ်သွား၏။ အင်မတန်ဆိုးပြီး တော်တော်ကျက်သရေတုံးတဲ့အသံပါ။ ကဲ.. ဒီကားဆရာ ဒီလိုတော့လွှတ်ထားလို့ရတော့မည်မဟုတ်။ သူ့အသံကြီး ဖြတ်ဖြတ်ဝင်လာရင် ကျွန်တော့်စိတ်ကူးတွေကပြတ်ပြတ်သွားတယ်။ အဲဒီ အသံကြီးနဲ့ခရီးသွားရတာနှင့် စာလျှင် ကက်ဆက်သီချင်းလေးနှင့်သွားရ တာမှ ငြိမ့်တိမ့်တိမ့်ရှိဦးမည်ဟုစဉ်းစားမိပြီး ကားဆရာ၏ပခုံးကိုပုတ် လိုက်ရာ...

          “ဟေ့လူ...” “ဟာ...”

          ကားဆရာ ဘာကိုကြောက်လန့်သွားသည်မသိ ကားစတီယာရင် ကို ဘယ်ကွေ့ချလိုက်မိပြီး ပလက်ဖောင်းပေါ်တက်ကာနီးတွင် ညာသို့ပြန်ကွေ့ကာ မီးပွိုင့်ကိုတစ်ပတ်ပတ်ရင်း ဓာတ်တိုင်နှင့်ပွတ်ကာသီကာရှောင်၍

          ကားကိုရုပ်ပျက် ဆင်းပျက်ရပ်လိုက်သည်။ ပြီးနောက် အတန်ကြာသည်ထိစကားလည်းမပြော လှုပ် လည်းမလှုပ်ဘဲ ငှက်ကုလားအုတ်သေသေနေ၏။ကျွန်တော်လည်း ပခုံးကိုကိုင်လှုပ်ယုံနဲ့ ဤမျှဟန်ပျက်သွားသောကား ဆရာကို နားမလည်နိုင်သဖြင့်...

          “ဘာဖြစ်သွားတာလဲဗျ... ဟင်...”

ထိုတော့မှ ကားဆရာသတိပြန်ဝင်လာပြီး ကတုန်ကရင်နှင့် ကျွန်တော့်ဖက်သို့ မဝံ့မရဲလှည့်ကြည့်သည်။ ပြီးမှ မျက်လုံးပေကလပ်ပေ ကလပ်နှင့်... ။

          “ဪ... ခင်ဗျားကို...” “ဟုတ်တယ်လေ... ဟုတ်တယ်.. ကျွန်တော်ပဲ... ဘာဖြစ်

လို့လဲ”

          “ဘာဖြစ်ရမှာလဲဗျ... ခင်ဗျားက... ဟီး...”

ကားဆရာစကားကိုဆက်မပြောနိုင်သေးပဲ ကလေးမုန့်တောင်း သလို ချုံးပွဲချငိုချလိုက်သည်။ တော်တော်ကြာမှ...

          “ဆင်းဗျာ.. ခင်ဗျားကြီး. . ဆင်း... ကျုပ်ကားမစီးနဲ့...” 

          “ဟင်... ဘာဖြစ်လို့လဲ... ကျုပ်ဘာလုပ်မိလို့လဲ...”

          “ဘာလုပ်လို့လဲဟုတ်လား.. ခင်ဗျားလက်အေးကြီးနဲ့ ... ဟီး... နောက်ကြောကို ... ကျဥ်... ကျဥ်..”

          ကားဆရာ သူ့အငိုကိုအနိုင်နိုင်မျိုချနေရ၏။ ပြီးမျက်နှာပေါ်က မျက်ရည်များ၊ နှပ်များ၊ သွားရည်များကို သုံးမျိုးပေါင်း မျက်နှာသစ်ဆေးရည်လိုသ ဘောထားပြီး မျက်နှာပေါ် ဝလုံးပုံဝိုင်း၍ဝိုင်း၍ အတန်ကြာရေးနေသေး၏။

          “မဟုတ်ဘူးလေ... ကျွန်တော်က ကားဆရာကို ကက်ဆက်ဖွင့် ခိုင်းဖို့ ပခုံးလေးကို ဟောဒီလိုတို့ပြီး ...”

          “အဲဒီပခုံးကိုတို့တာပေါ့ဗျ. . အီး...” 

          “ပခုံးတို့တာနဲ့ဒီလောက်တောင်လန့်ရလားဗျာ..”

          “လန့်တာပေါ့ဗျ.. ကျုပ်က လွန်ခဲ့တဲ့ဆယ့်ငါးနှစ်လုံးလုံး အသုဘ ကားမောင်းလာရတာဗျ... အဲဒါ.. ဒီနေ့မှဒီအငှားကားလေးရလို့ မြို့ပြင်မှာအမောင်း စမ်းရင်း ခင်ဗျားကိုတင်လာ တာ... သူ့ဒုက္ခကိုကယ် တင်လာတဲ့သူမှန်းမသိ ဘာမှန်းမသိ... သူ့လက်အေးကြီးနဲ့ ဟေ့လူဆိုပြီး တို့လိုက်တာ ကျုပ်ကခါတိုင်းလို့အသုဘကားမောင်းရင်း မသာကြီးထ တို့တယ်မှတ်ပြီး... အောင်မလေး. . အခုစဉ်းစားရင် အခုကြက်သီးထ

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)