Skip to product information
1 of 2

Other Websites

အကြည်တော် - ကဝေပျို၏နိဒါန်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ကဝေပျို၏နိဒါန်း

(၁)

         ဝေ့ခနဲတိုက်ခတ်လာသော လေပြေနှင့် ခေတ်ပြိုင်ပေါ်ထွက်လာ သော “အို” အာမေဋိတ်သံနုနု။

          ကျွန်တော် ချစ်ရပါသော မြင့်စန်းရီ။

          ငိုမဲ့မဲ့နှင့် သူ့ခြေအစုံသူပြန်ငုံ့ကြည့်လို့ ခရီးဆက်ရန် ခက်နေပုံ။ ကျွန်တော်သိပြီ။အကောင်းစားဟု အမည်ခံထားသော သူ့ခုံမြင့်ဖိနပ် အပြာက လေးမှ မကျေမနပ်ဖြင့် ခြေမနှင့်ခြေဖနောင့်ကြား အဆက်အသွယ်ဖြတ် လိုက်ပြီ။ 

          ရရှိလာသော အခွင့်အရေးကို စစ်ဘုရင် နပိုလီယံလက်မလျှော့ အောင် အသုံးချတတ်သော ကျွန်တော်ထိုင်နေသည့် လက်ဖက်ရည်ဆိုင်မှ ထ၍ အပြေးကလေးထွက်မိ၏။

          “ဟိုလူကြီး လက်ဖက်ရည်ဖိုးမပေးဘဲ ဘယ်ထပြေးတာလဲဗျ။”

ကျွန်တော့်ခြေလှမ်း နှစ်လှမ်းနှင့် တစ်ကြွတွင် ပျံ့လွင့်လာသော စားပွဲထိုးကလေး၏ အော်သံညစ်ညစ်။ ကျွန်တော်ပြန်လှည့်ပြုံးပြလိုက်ပြီး၊

          “လာမယ်ညီလေး။ ပန်းစုံတောမှာ အလှဆုံး ရွှေကြာပင်တွေ အပြုံး ဝင့်သွားတဲ့အချိန်။ အဲဒီပန်းကလေးရဲ့ သင်းရနံ့နဲ့အတူ ပြန်လာမယ်။”

          ကျွန်တော့်ရဲ့ ကဗျာဆန်ဆန် စကားကိုစားပွဲထိုးလေးက နားမလည် နိုင်စွာဘဲ။

          “ဟေ့လူ လက်ဖက်ရည်ဖိုးတောင်းနေတာ ခင်ဗျားကို ကြာဖူးသွားချိုး ခိုင်းနေတာ မဟုတ်ဘူးဟူသော အော်သံကို ထပ်ကြားရသည်။”

          ကျွန်တော် ဂရုမစိုက်နိုင်တော့ ။ ကျွန်တော့်ရွှေကြာရိုးကလေး ရှေ့ သို့သာ အရောက်လှမ်းလိုက်ပြီး ဆဒ္ဒန်ဆင်မင်းအစွယ်ကို ဖြတ်ရန် ရောက် လာသော “သောနုတ္ထိုရ်မုဆိုးလို ဟန်ပါပါ မုဆိုးဒူးထောက် ထိုင်ချလိုက် သည်။ ကွာခြားတာကတော့ ကျွန်တော်က သောနုတ္ထိုရ်လိုဆင်စွယ်ဖြတ် ရန်မဟုတ်၊ ချစ်သူ၏ ဖိနပ်ကြိုးတပ်ရန်... ။ ပြီးနောက်လွယ်အိတ်ထဲက ကွန်ပါတ်ကိုထုတ်ပြီး ချစ်သူကို အားမငယ်ရလေအောင် ပြုံးပြလိုက်သည်။ ချစ်သူကတော့ ကျွန်တော့်ကို ကြောင်ကြည့်နေတုန်း။

          “ဘာမှမပူနဲ့ မြင့်စန်းရီ၊ မကြာခင် အခြေအနေအားလုံးဟာ ပြန် လည်လင်းလက်လာမှာပါ။

          ဟု ဆို၍ ဖိနပ်ကို ဆိုးဆိုးဆတ်ဆတ် ဆွဲယူလိုက်ရာ. . . ။

         “ဟင်... ဟို... မလုပ်... မလုပ်နဲ့လေ...။

          ဟူသော အာမေဋိတ်သံနှင့်အတူ ခြေထောက်နုနုကလေးပါ ရွှေ့ သွားသဖြင့် ကျွန်တော်သူ့ကို အားပေးပြီးကလေးပြုံးပြီး

          “မစိုးရိမ်ပါနဲ့ မြင့်စန်းရီ တွယ်ချိပ်ကလေးတစ်ခုနဲ့ ယက်ဖောက် လိုက်ရင် မင်းဆက်လှမ်းသွားမယ့် ခြေလှမ်းတွေအပေါ် ပန်းကလေးတွေ ပွင့်သွားမှာပါ”

          ဟုဆို၍ ဖိနပ်ကို လှမ်းအဆွဲ

          “ဟင်... မလုပ် ... မလုပ် ... မလုပ်နဲ့လေ... ဟူသော အံ့ဩတကြီး ရေရွတ်သံနှင့်အတူ စီးစီးပိုင်ပိုင် ကိုင်မိသော ဖိနပ်အောက်ခုံမှ ပျော့စိစိ အထိအတွေ့

          “ဟင်”...

          သင်းပျံ့လာသော ရနံ့ဆိုး။ လက် ကို ဆတ်ခနဲ ပြန်ရုတ်ပြီး ကြည့်လိုက် ရာ. . . 

          “ခွေးချေး”

          ဟုတ်ပါသည်။ ခွေးချေး၊ ရေစပ်စပ် ပင်ရောမထားသည့် ခွေးချေး။ ဘယ် လက်မှာ ပျစ်ပျစ်နှစ်နှစ်ကိုပေလို့။ ညာ လက်မှာတော့ ဖိနပ်ချုပ်ဖို့ ထောက်ဆူး။

           ခွေးချေးတစ်ဖက်၊ ထောက်ဆူး တစ်ဖက်နှင့် ကျွန်တော်ကြောင်နေမိ၏။ ထို ခဏမှာပင် ... ။

          “အဲ... အဲဒါကြောင့်ပြောတာ မြင့်စန်းရီ ဖိနပ်ကလေး ဟို... ခွေးဟိုသင်းတွေ နင်းမိထားလို့... အဲဒါ ယူက ... အတင်း’... ။

            ဆိုမှတော့ ကျွန်တော်လည်း ရှက်အမ်းအမ်းနှင့် မျက်နှာကြီးရဲပြီး (ရဲနေမယ်ထင်တယ်)၊ မြက်ခင်းစပ်တွင် လက်ကိုသုတ်ပြီး

          “ရ... ရပါတယ်... အဟီး... ကျွန်တော်ကလေ ဖိနပ်ပြတ် တယ်ထင်လို့... အဲဒါ. .”

          လုံချည်ကို ထပ်သုတ်နေတာတော့ သတိရလိုက်သည်။ ရှက်ရမ်း ရမ်းပြီး ခေါင်းကို သုတ်မိသွားသေးလား မသုတ်မိသည်လားတော့ မမှတ်မိတော့။

          “သွား... သွားတော့မယ်နော်... အားနာလိုက်တာ။”

           ဟူသော စကားသံသဲ့သဲ့ကို ကြားလိုက်ရသည်။ နောက်ဆံပင်ကို ဝဲခနဲခါပြီး လှမ်းထွက်သွားသော အလှနတ်သမီး သင်းပျံ့ပျံ့ရနဲ့တို့က ပျံ့လွင့်နေဆဲ။

           ကိုယ်သင်းနံ့လား၊ ဟိုသင်းနံ့လားတော့ မခွဲခြားတတ်တော့။

           သည်လိုနှင့် တစ်ကြိမ်တွေ့တစ်ကြိမ်လွဲမှားခဲ့ရရှာသော ရာဇာ ဓိရာဇ်နှင့် စီးချင်းယှဉ်ထိုးမိသည့် မင်းရဲကျော်စွာလို ကိုယ့်အရည်အချင်း ကိုယ်ဖြုတ်သိမ်းပြီး ခေါင်းငိုက်စိုက်ချကာ မူလ ဘူတလက်ဖက်ရည်ဆိုင် ကလေးဆီသို့သာ ခေါင်းငိုက်စိုက်ချပြန်ခဲ့ရလေသည်။

          “ဘယ်နှယ့်လဲဆရာ ရွှေကြာပင်က ရနံ့သင်းရဲ့ လား။”

          ဟူသော အစအဆုံး မြင်လိုက်ရသည့် စားပွဲထိုးလေး၏ ခနိုးခနဲ့ အမေးကို ကျွန်တော်လည်း စိတ်မရှည်နိုင်တော့ဘဲ။

          “သင်းပါ့ကွာ... ငါးဖြာသော အာရုံပါ ငယ်ထိပ်တက်ဆောင့် လောက်အောင်သင်းပါ” “ရော့ ပိုက်ဆံ... ။

          ဟု ဒေါသတကြီး ထိုးပေးလိုက်တာတောင် အမှီစကားတောင်စား စားပွဲထိုး အရှည်စားကလေးက

          “ဟင်... ကျောမလုံတော့ဘူး၊ ကြီးတော်ကို အိမ်သာလုံအောင် ဆောက်ခိုင်းမှပဲ”

ဟူသော စိုးရိမ်မကင်းလေသံကို မကြားချင်ပါဘဲ ကြားလိုက်ရ သေး၏။

          အော်... ဖြစ်ရလေခြင်း ခွေးဟိုသင်းရယ်။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)