စာအုပ်အချက်အလက်သို့ ကျော်သွားပါ။
1 14

စိတ်ကူးချိုချိုစာပေ

ဟေမာန်အိမ့် - အကောင်းဆုံးကလက်တစ်ကမ်းမှာ

ဟေမာန်အိမ့် - အကောင်းဆုံးကလက်တစ်ကမ်းမှာ

ပုံမှန်ဈေး 1,350 Ks
ပုံမှန်ဈေး 1,500 Ks ရောင်းဈေး 1,350 Ks
ရောင်းရန် ရောင်းကုန်ပြီ
စာအုပ်အမျိုးအစား

:: ဤစာအုပ်ကို စာမြည်းဖတ်လိုပါက “စာမြည်းရန်အီးဘွခ်” ဆိုသည်ကိုရွေး၍ (Buy it now) ခလုတ် ကိုနှိပ်ကာ၀ယ်ယူပေးပါ၊ အခမဲ့ အမှာစာ (Order) တင်ပြီးသည့်နောက်တွင် ၄င်းအီးဘွခ်ပီဒီအက်ဖ်ဖိုင် ဒေါင်းလုပ်ဆွဲရန်လင့်ကို စာဖတ်သူ၏ အီးမေလ်ထဲသို့ ပို့လိုက်မည်ဖြစ်ပါသည်၊

:: ပုံနှိပ်စာအုပ် ၀ယ်ယူရန်အတွက်မူ “ပုံနှိပ်စာအုပ်” ဆိုသည်ကိုရွေး၍ (Buy it now) ခလုတ် ကိုနှိပ်ကာ ရှေ့ဆက်လုပ်ဆောင်၍၀ယ်ယူပေးပါ။                                   

------------------------------------

ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အလုပ်ခွင်မှာ တော် တဲ့သူတွေ ဖြစ်ချင်ကြပါတယ်။ ဒါပေမဲ့ ဘယ်လောက် အနေ အထားရောက်အောင် တော်ချင်တတ်ချင်တာလဲ။

အသင့်အတင့်ပဲလား။

တော်တယ်။

အရမ်းတော်တယ်။

ကိုယ့်နယ်ပယ်မှာ ကိုယ် အတော်ဆုံးလား။ ဒါမှ မဟုတ် ကမ္ဘာပေါ်မှာ အကောင်းဆုံးအတော်ဆုံးသူ ဖြစ်ချင် တာလား။

သင့်မှာရှိတဲ့ အစွမ်းအစက သင့်ကို ကူညီနိုင်ပါတယ်။ ဒါပေမဲ့ သင့်မှာ ရည်မှန်းချက်ရှိမှ ဖြစ်မှာပါ။

လူတိုင်းလူတိုင်း တော်တဲ့သူတွေ ဖြစ်ချင်ကြပါတယ်။ ဒါပေမဲ့ အများစု ဟာ အောင်မြင်မယ့် လူတစ်ယောက်ဖြစ်ဖို့ စွန့်လွှတ်ရမှာတွေအတွက် ကြိုတင် ပြင်ဆင်မှု မရှိကြပါဘူး။

လူအတော်များများက အထင်ကြီးခံရဖို့ကို ပိုပြီး အရေးကြီး တယ်လို့ ထင်ပါတယ်။ ဟုတ်ပါတယ်။ ဒါဟာလည်း အရေး ကြီးတဲ့ အရည်အချင်းတစ်ရပ်ပါပဲ။ ဒါပေမဲ့ တော်တာနဲ့ အထင်ကြီးခံရတာကို မရောထွေးစေချင်ဘူး။ လူအများစုကတော့ တော်တဲ့လူတစ်ယောက် ဖြစ်လာ စေမယ့် နည်းလမ်းအဖြေကို လိုက်ရှာနေကြပါတယ်။

ဒါပေမဲ့ အဲဒီအတွက်အဖြေဟာ အဆင်သင့် မရှိနိုင်ပါဘူး။ ဒါကိုသိမြင်ဖို့ရာကတော့ သင် လုပ်ခဲ့တဲ့ အမှားတွေနဲ့၊ သင်ရခဲ့တဲ့ အတွေ့အကြုံတွေမှတစ်ဆင့် ပြန်လည် သင်ယူရမှာပါ။

ဒီနည်းနဲ့ သင်ဟာ သင်ဖြစ်ချင်တဲ့လူတစ်ယောက် ဖြစ် လာအောင် ကြိုးစားရမှာပါ။

 

“အကောင်းဆုံးက လက်တစ်ကမ်းမှာ “သင့်အတွက် လက်လှမ်းမမီတဲ့နေရာဆိုတာ

မရှိပါဘူး”

ပထမဆုံး သင်စွမ်းဆောင်နိုင်တဲ့ အနေအထားထက် ပိုပြီး ရည်မှန်းချက် ထားရပါမယ်။

သင့်ရဲ့ စွမ်းဆောင်နိုင်စွမ်းဟာ ဘယ်အတိုင်းအတာမှာ ရပ်တန့်သွားမယ်ဆိုတာကို ပုံသေသတ်မှတ်မထားဘဲ လျစ် လျူရှုနိုင်အောင် ကြိုးစားရပါမယ်။

သင်မတတ်နိုင်၊ မလုပ်နိုင်တဲ့ ကိစ္စတွေကို ကြိုးစား လုပ် ဆောင်ကြည့်ပါ။ ( အကောင်းဆုံး ကုမ္ပဏီတစ်ခုမှာ အလုပ်မရနိုင်ဘူးလို့ သင့်ကိုယ်သင် ထင်ထားလျှင် အဲဒီကုမ္ပဏီမှာ အလုပ်ရဖို့ကို သင့်ရဲ့ ရည်မှန်းချက်အဖြစ် သတ်မှတ်ပါ။

သင်ဟာ အလုပ်တစ်ခုခုကို ဦးဆောင်လုပ်ကိုင်နိုင်စွမ်း မရှိဘူးလို့ ကိုယ့်ကိုယ်ကို ယူဆလျှင် ဒါကို လုပ်ကြည့်ဖို့ သင့်ရဲ့ ရည်မှန်းချက်အဖြစ် ထားပါ။

တိုင်းမဂ္ဂဇင်းမျက်နှာဖုံးမှာ သင်နှင့်သင့်လုပ်ငန်း အကြောင်း ပါဖို့မဖြစ်နိုင်ပါဘူးလို့ထင်လျှင် ရအောင်လုပ်ဖို့က သင့် တာဝန်ပါ။

အဓိကက သင်ရောက်ချင်တဲ့၊ ဖြစ်လိုတဲ့အရာကို ရှင်း ရှင်းလင်းလင်း သိမြင်နိုင်တဲ့ အမြင်ရှိဖို့ပါပဲ။

မဖြစ်နိုင်ဘူးဆိုတာ ဘာမှ မရှိပါဘူး။

ကျွန်မ Persil Automatic (အစွန်းချွတ် ဆပ်ပြအမှုန့်) လောက် နာမည်ကြီးချင်တယ်

(ဗစ်တိုးရီးယား ဘက်စ်ဟမ်း)

ဗစ်တိုးရီးယားဘက်ခ်ဟမ်း ဆယ်ကျော်သက်အရွယ်တုန်းက သူမရဲ့ ရည်မှန်းချက်ဟာ သူငယ်ချင်းတွေထက် ပိုတော်နေဖို့ မဟုတ်ပါဘူး။ အဆိုတော်တစ်ယောက်ဖြစ်ဖို့လည်း မဟုတ် ပါဘူး။ သူမ ဖြစ်ချင်တာက လူတိုင်းသိတဲ့ အစွန်းချွတ် ဆပ်ပြာမှုန့်တံဆိပ်တစ်ခုလိုမျိုး နာမည်ကြီးချင်တာပါ။

သူမဟာ ဒါကို စိတ်ကူးယဉ်သက်သက်မဟုတ်ဘဲ အမှန် တကယ်ဖြစ်လာဖို့ ရည်မှန်းချက်ထားခဲ့တာပါ။ ဒါဟာ ကျွန်တော်တို့ အများစုနဲ့ သူမရဲ့ မတူကွဲပြားချက်ပါပဲ။

သူမ ဘယ်လောက်တော်တယ်ဆိုတာ အရေးမကြီးပါ ဘူး။ တော်အောင် သူမ ဘယ်လိုလုပ်ခဲ့တယ်ဆိုတာသာ ပဓာနကျတာပါ။

သူမ ပြောခဲ့တဲ့စကားထဲမှာ စိတ်ဝင်စားစရာ ကောင်း တာက သူမဟာ သူမကိုယ်သူမ ဂျော့ချ်မိုက်ကယ်၊ မာရီယာ ကာရေးတို့နဲ့ မနှိုင်းယှဉ်ဘဲ အစွန်းချွတ်ဆပ်ပြာမှုန့်တံဆိပ် တစ်ခုကိုပဲ သူမရဲ့ စံနှုန်းအဖြစ် သတ်မှတ်ပြီး ကြိုးစားခဲ့တာ ကိုပါပဲ။

ဒါဟာ သင့်အတွက် ရယ်စရာကောင်းနေပါလိမ့်မယ်။ ဒါပေမဲ့ ဒီကနေ့ ဗစ်တိုးရီးယားဘက်ခမ်းရောက်ရှိနေတဲ့ နေရာဟာ ဒီလိုမြင့်မားတဲ့ ရည်မှန်းချက်စစ်စစ်ကြောင့် ဖြစ်တယ် ဆိုတာကိုတော့ ငြင်းစရာလိုမယ် မထင်ပါဘူး။

 

အသေးစိတ်အချက်အလက်အပြည့်အစုံကို ကြည့်ပါ။