Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ဟေမာန်အိမ့် - လုပ်ငန်းခွင်ကိုယ်ဟန်အမူအရာ

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out
Type

ဟေမာန်အိမ့်

သင်ထိုင်သည့်နေရာသည် သင့်စကားနည်းတူ အရေးပါသည်

အောက်ဖော်ပြပါ ထိုင်ခုံနေရာချပုံအများစုမှာ ယခုခေတ်စီးပွားရေးလုပ်ငန်းများ တွင် အများဆုံး အသုံးပြုနေကြသော ပုံစံများဖြစ်သည်။

၁။         စတုဂံပုံစားပွဲ - စတုဂံပုံစားပွဲများသည် အလုပ်စားပွဲအဖြစ် အများဆုံးအသုံးပြုလေ့ရှိပြီး အစည်းအဝေးခန်းမများ၊ဆွေးနွေးပွဲခန်းများတွင် အသုံးများသည်။ စားပွဲ ပုံစံသည်တက်ရောက်သူများကို ညီမျှသောနေရာပေးပြီး အကြည့်အဆက်သွယ် ကိုလည်းဖြစ်ပေါ်စေသည်။

၂။         စားပွဲဝိုင်း - ကော်ဖီစားပွဲအဖြစ်ထိုင်ခုံနိမ့်များနှင့် တွဲဖက်သုံးလေ့ရှိသည်။ လွတ်လပ်၍ သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်ကို ဖန်တီးပေးပြီး ဆွဲဆောင်အားကောင်းသည်။ အာသာဘုရင်သည် သူ၏သူရဲကောင်းများကို ချီးမြှောက်အားပေးမှုအဖြစ် ဤစားပွဲမျိုးအသုံးပြု၍ ဆွေးနွေးခြင်းများပြုလုပ်ခဲ့ သည်။ သီအိုရီအရ ဤစားပွဲမျိုးသည် ထိုင်သူအားလုံးကို ညီမျှသော အခွင့် အာဏာပေးသည်။ လက်တွေ့တွင်မူ အာဏာအမြင့်ဆုံးသူနှင့် အနီးဆုံး ထိုင်ရ သူသည် အာဏာခွဲဝေမှု အများဆုံးရသူဖြစ်သည်။

၃။         စတုရန်းပုံစံစားပွဲ - ဤစားပွဲအမျိုးစားသည် အနီးအနားရှိသူနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးပြီး ဆန့်ကျင်ဘက်ရှိသူများကို တွန်းလှန်မှု ဖန်တီး ပေးသည်။ လူလေးယောက်ထိုင်နေပါက တစ်ယောက်ချင်းစီ၏ မျက်နှာချင်း ဆိုင်တွင် အခြားတစ်ယောက်ရှိနေမည်ဖြစ်ပြီး စားသောက်ဆိုင်များတွင် အများဆုံးအသုံးပြုသည်။ လုပ်ငန်းခွင်တွင် မည့်သည့်နေရာ၌ထိုင်သည် ဆိုခြင်း သည် သင်နှင့်လုပ်ဖော်ကိုင်ဖက်များအကြား အပြန်အလှန်ဆက်နွယ်မှုကို ဖော်ပြ ပြီး သင့်အခြေအနေကိုလည်း တစ်မျိုးတစ်ဖုံ လွှမ်းမိုးသည်။ တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးမှုရှိသူများသည် စားပွဲထောင့်စွန်းများတွင် အတူတကွ နီးကပ်စွာ ထိုင်လေ့ရှိပြီး အပြိုင်အဆိုင်ဖြစ်ရှိနေသောသူများသည် မျက်နှာချင်းဆိုင်နေရာ တွင် ထိုင်လေ့ရှိသည်။

သင်ထိုင်သည့်ခုံသည်လည်း အရေးကြီးသည်

လုပ်ငန်းခွင်တွေ့ဆုံမှု တစ်ခုသို့ရောက်ရှိနေပြီး ဧည်သည်များအတွက် ထားသည့် ခုံတွင် ထိုင်ရသည့်အတွက် သင်စိတ်မသန့်ဖြစ်ဘူးပါသလား။ ယင်း အခြေအနေမျိုးသည် အိမ်သည်လုပ်ငန်းရှင်က သူဂုဏ်ပုဒ်ကိုမြင့်တင်ရန်ရုံးခန်းကို အကောင်းဆုံးပြင်ဆင်ထား ပြီး ရောက်ရှိသူဧည့်သည်အား သိမ်ငယ်စေရန် ဖန်တီးထားခြင်းမျိုးဖြစ်သည်။ ယခုခုံများ နှင့်ပတ်သက်ပြီး သင်သိရှိသင့်သည့်အချက်များကို ဖော်ပြထားသည်။

၁။         ခုံအရွယ်အစားနှင့်အဆင်အပြင် - ထိုင်ခုံနောက်မှီ၏ အရွယ်အစားသည် ပိုင်ရှင် ၏ ဂုဏ်ကိုမြှင့်တင်ပေးနိုင်သလို နိမ့်ကျမှုကိုလည်း ဖြစ်စေနိုင်သည်။ ထိုင်ခုံ နောက်မှီမြင့်လေလေ ထိုင်သူ၏ ဂုဏ်နှင့်အာဏာကို မြှင့်ပေးလေလေဖြစ် သည်။ ဘုရင်မကြီး (သို့) ပုပ်ရဟန်းမင်းကြီးသည် စန္ဒရားတီးသော ထိုင်ခုံ ပုလေးတွင်ထိုင်ပါက သူတို့၏အာဏာအင်အားအတိုင်းအတာကို မည်မျှ ဖော်ပြ နိုင်သည်ဟု သင်ထင်သနည်း။ ဆုံလည်ကုလားထိုင်များသည် အသုံးပြု သူများကို လွတ်လပ်စွာလှုပ်ရှားခွင့်ပေးထားသဖြင့် ထိုင်ခုံအသေများကဲ့သို့ ဖိအားအောက်မှ ရုန်းမထွက်နိုင်သော အခြေအနေမျိုးကို ရင်ဆိုင်ရမှုနည်းစေသည်။

၂။         ထိုင်ခုံအမြင့် - အခြားသူ၏ထိုင်ခုံထက်သင့်ထိုင်ခုံကပိုမြင့်နေပါက သင့်စွမ်း အား ကိုပို၍ တိုးမြှင့်စေသကဲ့သို့ အခြေအနေမျိုးဖြစ်သည်။ အချို့ အလုပ်အမှုဆောင်များသည် နောက်မှီအမြင့်နှင့် ထိုင်ခုံအမြင့်ကိုအမြင့်ဆုံးအခြေအနေသို့ တိုးမြှင့်ထားခြင်းအားဖြင့် အခြားတစ်ဖက်တွင် ထိုင်သူဧည့်သည်အား လွှမ်းမိုး နိုင်မည်ကို သိနားလည်ကြသည်။

၃။        နေရာ - ဧည့်သည်၏ ထိုင်ခုံသည် အလုပ်ရှင် (သို့) အမှုဆောင်စားပွဲ တည့် တည့် မျက်နှာချင်းဆိုင်တွင်ရှိနေပါက သြဇာလွှမ်းမိုးမှုသည် ပို၍သက်ရောက် နိုင်သည်။ သြဇာလွှမ်းမိုးမှုကို ဖယ်ရှားပြီး ကိုယ်ရည်ကိုယ်သွေးကိုပြနိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ စားပွဲနှင့်ဝေးနိုင်သမျှ ဝေးဝေးထိုင်ပါ။

သင့်ဖြစ်တည်မှုနှင့် ယုံကြည်မှုကို လျော့ကျစေနိုင်သော အခြေအနေ အနေအထားမျိုးတွင် နေထိုင်ခြင်းကို ရှောင်ကြဉ် ပါ။

လုပ်ငန်းခွင် ကိုယ်ဟန်အမူအရာ

စည်းမျဉ်း- ၃

အလုပ်ရှင်တစ်ယောက်သည် ယင်း၏အလုပ်သမားနှင့်အငြင်းပွားခြင်း၊ ပြောခဲ့သည့် စကားများကို မမှတ်မိလောက်အောင် စိတ်မသက်မသာဖြစ်ရခြင်းမျိုးကို ရှောင်ကြဉ် လိုပါက မျက်နှာချင်းဆိုင်အနေအထားတွင် မည့်သည့်အခါမှ မထိုင်သင့်ပါ။ မျက်နှာချင်းဆိုင်တည့်တည့်ထိုင်ခြင်းသည် စိတ်မသက်မသာဖြစ်ပြီး ခံစားချက်ဆိုး များ ဖြစ်ပေါ်စေသည်။ မျက်နှာချင်းဆိုင်ထိုင်နေပုံသည် အခြားသူတစ်ယောက်အပေါ် လွှမ်းမိုးလိုသည့်အခါတွင်သာ သုံးသင့်သည်။

လုပ်ငန်းခွင် ကိုယ်ဟန်အမူအရာ

စည်းမျဉ်း-၄

စစ်တမ်းများအရကျောင်းသားများသည် ဆရာမစားပွဲ၏ဘယ်ဘက်တွင် ထိုင်ပါက ရလဒ်ကောင်းများရလေ့ရှိသည်။ ယင်းသို့ဖြစ်ရခြင်းမှာ သင်ကြား သူဆရာ သည် ညာဘက်ထက် ဘယ်ဘက်အခြမ်းကို ပိုမိုအာရုံထားခြင်းကြောင့် ဖြစ်သည်။ အကယ်၍သင်သည် အရောင်းဝန်ထမ်းတစ်ဦးဖြစ်ပါက အကျိုးအမြတ်ကောင်းများ ရရှိစေရန် ဝယ်သူ၏ဘယ်ဘက်တွင်ထိုင်ပါ။ သို့ရာတွင် အစည်းဝေးကဲ့သို့သော နေရာမျိုး၌ အာဏာသက်ရောက်မူရှောင်နိုင်စေရန် အလုပ်ရှင်၏ ညာဘက်တွင် ထိုင်ပါ။

 အမျိုးသမီးများအတွက် လုပ်ငန်းခွင် ကိုယ်ဟန်အမူအရာ

သင်သည်အမျိုးသမီးတစ်ဦးဖြစ်ပါကလုပ်ငန်းခွင်အစည်းအဝေးများ၊ တွေ့ဆုံမှု များတွင် ခြေချိတ်ထိုင်ခြင်းကို ရှောင်ကြဉ်သင့်သည်။ စကတ်အရှည်၊ ဒူးအောက် နားထိကျသောစကတ်မျိုးဝတ်ဆင်ထားချိန်မှလွဲ၍ ခြေချိတ်ထိုင်ခြင်းကို မပြုသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ်ကဲ့သို့ ပွင့်လင်းတိုးတက်သောကာလတွင်ပင် အမျိုးသမီးများ၏ ပေါင်တံကိုမြင်ရခြင်းသည် အမျိုးသားများ အားစိတ်လှုပ်ရှားစေခြင်းကြောင့် အမျိုးသမီး၏ ပြောစကားထက် လူကိုသာအာရုံစိုက်မိစေခြင်းကို ဖြစ်ပေါ် စေသည်။ ရုပ်သံကြေညာသူ အမျိုးသမီး ၉၀%သည်ခန္ဓာကိုယ်အလှနှင့် ပေါင်တံအလှ ကို ဖော်ပြသော အဝတ်အစားများကိုသာ ဝတ်ဆင်ကြသည်။ အကြောင်းမှာ ယင်းဝတ်စား ဆင်ယင်မှုကြောင့် အမျိုးသားများတီဗီအစီအစဉ်ကို အချိန်ပိုမိုရှည်ကြာစွာ ကြည့်လာ စေနိုင်သောကြောင့် ဖြစ်သည်။ သို့သော်အမျိုးသမီး၏ ခြေထောက်နှင့် ပေါင်တံအလှ ကိုအာရုံစိုက်လေလေ သူမပြောသောစကားကို မမှတ်မိနိုင်လေလေဖြစ်သည်။ ထို့ကြောင့် ယခုစည်းမျဉ်းမှာ ရှင်းပါသည်။ မိမိပုံရိပ်ကို ဖော်ပြသောနေရာမျိုးတွင် ခြေချိတ်ထိုင် ခြင်းမှာ ပြသာနာမရှိပါ။ သို့သော် စီးပွားရေးလုပ်ငန်းများတွင် ရှောင်ကြဉ်သင့်သည်။

အမျိုးသမီးတစ်ဦးအနေနှင့်သူ၏ မိန်းမဆန်လှပမှုများကို လုပ်ငန်းခွင် စီးပွားရေး အစည်းအဝေးများတွင်ဖော်ပြခြင်းကယုံကြည်စိတ်ချမှုနှင့် အထင်ကြီး မှုကိုလျော့နည်းစေသည်။

အမျိုးသားများအတွက် လုပ်ငန်းခွင် ကိုယ်ဟန်အမူရာ

သင်သည် အမျိုးသမီးများနှင့် အတူတွဲဖက်လုပ်ငန်းလုပ်ကိုင်ရသော လုပ်ငန်း ခွင်တွင်ရှိနေပါက ခြေထောက်ကားထိုင်ခြင်းကိုရှောင်ကြဉ်၍ ဒူးနှစ်ဖက်ကို အသာစေ့ထိုင် ပါ။ ဒူးကိုကား၍ ထိုင်ခြင်းသည် အမျိုးသားတို့၏ ကိုယ်ဟန်ဖြစ်သည်မှန်သော်လည်း အခြား အကောင်အပေါ် အနိုင်ရရန် ကြိုးစားနေသည့်မျောက်ဝံနှင့်တူသည်။အခြားသူအား ရန်စ စိန်ခေါ်နေသကဲ့သို့ ဖြစ်နေပြီး မထီမဲ့မြင်ပြုရာကျသည်။ အမျိုးသားများသည် ဤအပြုမူကို မသိစိတ်ဖြင့်ပြုလေ့ရှိကြသော်လည်း ရိုင်းပျသောကိုယ်ဟန် အမျိုးအစား ဖြစ်သည်။ လုပ်ငန်းခွင်နှင့် စီးပွားရေးတွေ့ဆုံပွဲများတွင် အမျိုးသားများ ဤသို့ပြုမပါ အမျိုးသမီးများမှာများစွာ စိတ်အနှောင့်ယှက်ဖြစ်တတ်ကြသည်။ ထိုကိုယ်ဟန်မျိုးကို အမျိုးသမီးများက ခြေထောက်များ၊ လက်များကို ရှေ့တွင်ယှက်ထားခြင်းကဲ့သို့သော ခုခံကာကွယ်သည့် ပုံစံဖြင့် တုံ့ပြန်ကြသည်။ သို့မဟုတ် မသိစိတ်မောင်းနှင်မှုဖြင့် ရန်လို သော စကားမျိုးဖြင့် တုံ့ပြန်တတ်ကြသည်။

အမျိုးသမီးများသည် ဤသို့ ခြေထောက်ကားထိုင်တတ်သော အမျိုးသား များနှင့် လုပ်ငန်းခွင်တွင်တွေ့ဆုံပါက ယင်းအပြုအမူအပေါ် ရန်လို၍ တုံ့ပြန်ခြင်း မပြုပါနှင့်။ သင့်တော်သော အခြေအနေတွင် ဟာသနှော၍ မသိမသာ သတိ ပေးပါ။