သဲအင်းဂူဆရာတော်ဘုရားကြီး - ၀ိပဿနာဉာဏ်နှင့်ပညာ
ပဉ္စဂုဏံ၊ အဟံဝန္ဒာမိ
ဒကာကြီး၊ ဒီနေ့ ဘာဟောရမယ် မသိဘူး၊ ဦးပဉ္စင်းဟာ သဲအင်းဂူ နေ့စဉ်နေ့တိုင်း အဓိဋ္ဌာန် တစ်နေ့သုံးကြိမ်၊ သီလရှင်၊ သံဃာတော်အရှင်မြတ်များနဲ့ ယောဂီတွေကို တရားပေးနေတယ်။မအားမလပ်အောင် တရားပြနေရတယ်၊ အဲဒီလို တရားပြနေတုန်း မိုးကောင်းက ယောဂီတွေက ဘယ်လိုလျှောက်သလဲဆိုရင် အရှင် ဘုရားတပည့်တော်တို့မှာစနေ၊တနင်္ဂနွေနေ့များမှာသာအားလပ်ခွင့်ရှိပါတယ်ဘုရား၊သဲအင်းဂူကိုမိုးအခါမှာလာနိုင်တဲ့လူတွေလည်း ရှိပါတယ်။ မလာနိုင်တဲ့လူတွေလည်း ရှိပါတယ်။ မလာနိုင်တဲ့လူတွေ အတွက် တစ်လတစ်ပတ် စနေ၊ တနင်္ဂနွေဟာဖြင့် အပါယ်ဘေးမှ ကယ်ပေးတော်မူပါလို့ လျှောက်တယ်။ ဒကာကြီး ဒီတော့ လာရပြန် တယ်။
အဲ ဦးပဉ္စင်းက ဒီနေ့တော့ ဘာဟောရမှန်း မသိဘူး။ ကျက် ထားတဲ့စာလည်း မဟုတ်တော့ ပစ္စုပ္ပန်ပဲ ဟောရမှာပဲ၊ ဒကာကြီး။
(မှန်ပါ့ဘုရား) တရားဆိုတာက အကုန်လုံး တရားတွေချည်းပဲလို့ ဘုရားက ဟောထားတယ်။ ဘုရားဟောတာ ပြောတာနော်၊ (မှန်ပါ့)။ မြင်တာလည်းတရား၊ ကြားတာလည်းတရား၊ နံတာလည်းတရား၊ အိပ်တာလည်းတရား၊ စားတာလည်းတရား၊ ထိတာလည်းတရား၊ သိတာလည်းတရား၊ ထိုင်တာလည်းတရား၊ အကုန်လုံး တရားချည်းပဲ။ (မှန်ပါ့ဘုရား)။
၁။ ဥပါဒါန်တရား ဥပမာပြပုံ
အခုနကတုန်းက အခန်းထဲမှာ ဒကာကြီး၊ ဦးအေးကြူ က ပုံကလေးတစ်ပုံ ပြောတယ်၊ ဘာပြောသလဲဆိုတော့ မိတ်ဆွေ ကုန် သည် နှစ်ယောက်အကြောင်း၊ ဦးပဉ္စင်းက သူတို့ပြောတဲ့ပုံကလေးကို နာနေတာ၊ (မှန်ပါ့)။ အဲ့ဒီတော့ ဦးပဉ္စင်းက ကျက်ထားတဲ့ တရား မဟုတ်တော့ ပစ္စုပ္ပန်တရား ပေါ်လာတယ်၊ (မှန်ပါ့)။ အဲဒီဒကာ ဦးအေးကြူ က ဘယ်လိုပြောသလဲဆိုတော့ ကုန်သည် နှစ်ယောက်ဟာ ဖြင့် ကုန်ရောင်းကုန်ဝယ် သွားတယ်တဲ့၊ သွားတော့ လမ်းခုလတ်ကျတော့ ဒကာကြီး ဘာတွေတွေ့သလဲဆိုတော့ လျှော်တွေ သွားတွေ့ တယ်။ အဝတ်လုပ်တဲ့ လျှော်တွေ သွားတွေ့တယ်။ တွေ့တော့ သူ တို့ယူလာတဲ့ ကုန်က လျှော်လောက်မှ အဖိုးမတန်တော့ ကုန်သည် နှစ်ယောက်စလုံးက သူတို့ယူလာတဲ့ ကုန်တွေချပြီးတော့ အဲ့ဒီလျှော် တွေကို ထမ်းယူလာကြတယ်။
နောက်ခရီး ဆက်သွားကြပြန်တော့ကာ၊ လမ်းခုလတ်ကျတော့ အဝတ်အထည်တွေ တွေ့ကြပြန်တယ်။ အထည်တွေတွေ့တော့ တစ်ဦးတစ်ယောက်က ဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ကိုးဗျ၊ ဒါတွေ အိမ်ကျရက်နေရဦးမယ်။ အထည်တွေ အဆင်သင့်တွေ့တော့ ဒီလျှော်တွေ အလကားပဲဆိုပြီး လျှော်တွေလွင့်ပစ်ခဲ့တယ်။ လျှော်ကို မယူတော့ဘဲ အထည်တွေ ထမ်းသွားတယ်။ တစ်ယောက်က ငါ အဝေးကြီးက ထမ်းလာတဲ့လျှော် နှမြောတယ်ဆိုပြီး လျှော်ကိုပဲ ဆက်ထမ်းသွားတယ်။ ဒါက အကြောင်းခံကိုပြောချင်လို့ ဟောတာပါ။ တစ်ယောက်က လျှော်တွေပစ်ပြီး အထည်ထမ်းသွားတယ်။
ရှေ့ကျတော့ ဘာတွေတွေ့ပြန်လည်းဆိုတော့ ငွေတွေ တွေ့ပြန် တယ် ဒကာကြီး၊ (မှန်ပါ့)။ ငွေတွေတွေ့ပြန်တော့ တစ်ယောက်သော ပုဂ္ဂိုလ်က ဒီအထည်တွေ လေးလှတယ်။ ငွေတွေတွေ့နေမှ ငွေယူတော့ မယ်ဆိုပြီး အထည်တွေကို လွှင့်ပစ်ပြီး ငွေတွေ ယူပြန်သတဲ့ဗျာ၊ တစ်ယောက်ကတော့ ငါ ထမ်းလာတဲ့ လက်စနဲ့ ငွေလဲမယူတော့ဘူး၊လျှော်ပဲထမ်းမယ် ဆိုပြီး လျှော်ပဲ ထမ်းပြန်တယ်။ ငွေတွေ တွေ့ပြန် လည်း မယူဘူး ဒကာကြီး၊ (မှန်ပါ့)။ အထည်တွေ တွေ့တုန်းကလည်း အထည်ကို မယူဘူး ဒကာကြီး၊ (မှန်ပါ့)။ တစ်ယောက်ကတော့လျှော်ထမ်းလာပြီး အထည်တွေတွေ့တော့ အထည်ယူ လျှော်တွေကို ပစ်ခဲ့တယ် ဒကာကြီး၊ အဲ့၊ အထည်ကနေပြီး ငွေတွေ့ပြန်တော့ အထည်ပစ်ပြီး ငွေယူပြန်တယ် ဒကာကြီး၊ တစ်ယောက်ကတော့ လျှော်ထမ်းလျက်ပဲ၊ ဘာမှမယူဘူး။
အဲ့ဒီတော့ ကုန်သည် ၂ ယောက်ဟာ ရှေ့ဆက်သွားပြန်တော့ ရွှေတွေတွေ့ပြန်တယ်။ ရွှေတွေတွေ့ပြန်တော့ ဒကာကြီး တစ်ယောက်သော ကုန်သည်က ငွေတွေကိုထားပြီး တစ်ခါ ရွှေယူပြန်တယ် ဒ ကာကြီး၊ (မှန်ပါ့)။ ငွေနဲ့ ရွှေဟာ ဘယ်ဟာ အဖိုးတန်သလဲ ဒကာ ကြီး၊ (ရွှေက အဖိုးတန်ပါတယ် ဘုရား)။ အဲ့ဒီတော့ ငွေယူလာတဲ့ပုဂ္ဂိုလ်က ရွှေကို တစ်ခါထမ်းပြန်တယ်၊ (မှန်ပါ့)။ လက်ဦး လျှော် ထမ်းလာတဲ့ ပုဂ္ဂိုလ်က ငွေတွေ့ပြန်လည်း မယူဘူး၊ မှန်ပါ။ ငါ ပင်ပန်းလာတာ၊ ဒီအချိန် ဒီအခါကျမှတော့ ဒီလျှော်ကလွဲပြီး ဒီပြင် ဥစ္စာ အဖိုးတန်ချင်တန် မတန်ချင်နေ ငါ မယူတော့ဘူး။ တစ်ခါတည်း လျှော်မှာ ဥပါဒါန်ကြီး ကပ်တွယ်နေတာ၊ (မှန်ပါ့ ဘုရား)။
အဲ့ဒီတော့ ငွေတွေလည်း မယူဘူး၊ ရွှေတွေလည်း မယူဘူး၊ လျှော်ထမ်းလက်စနဲ့ ရှေ့ဆက်ပြီး လျှော်ပဲ ထမ်းသွားတယ်။ ရှေ့နား ကျတော့ ဘာတွေ့ပြန်သလဲဆိုတော့ ကျောက်သံပတ္တမြား၊ ပြည်တန် တဲ့ပတ္တမြား၊ ရတနာတွေ တွေ့ပြန်တော့ ရွှေထမ်းလာတဲ့ ပုဂ္ဂိုလ်က ပြည်တန်တဲ့ ပတ္တမြားကို ယူပြန်တယ်၊ (ဒီပရိသတ်ကြီးကတော့ အဲဒီပြည်တန်တဲ့ ပတ္တမြားကိုပဲ ယူမှာပါ ဘုရား)၊ မပြောတတ်ပါဘူး။ ယူမလား၊ မယူဘူးလား။ နောက်ပြီး လျှော်ပဲ ထမ်းဦးမလား မသိ ဘူး။ လျှော်ကို ဥပါဒါန် မရှိဘူးလား ရှိသလား၊ စောင့်ကြည့်ရဦးမယ်။ အခုနက လျှော်ထမ်းလာတဲ့ ပုဂ္ဂိုလ်က ဒကာကြီးရေ ရတနာ ပတ္တ မြားတွေ တွေ့ပေမဲ့ လျှော်မှာပဲ ဥပါဒါန်ကြီး ကပ်နေတယ်။ ငါ အဝေးကြီးက ထမ်းလာခဲ့တယ်၊ အခုအချိန်ကျမှ ဒီလျှော်တွေ မပစ်
တော့ဘူး ဆိုပြီး လျှော်ပဲ ဆက်ထမ်းတယ်၊ ပတ္တမြား မရတော့ဘူး။ ငွေလည်း မရ၊ ရွှေလည်း မရ၊ အထည်လည်း မရ၊ လျှော်ပဲ ရတယ်။ ပတ္တမြားရတဲ့ ပုဂ္ဂိုလ်က ချမ်းသာသွားတယ်၊ အဲဒါ ဥပမာ တင်ပေး တာနော်၊ (မှန်ပါဘုရား)။
အဲ့ဒီတော့ ခုနကတုန်းက လျှော်ထမ်းသမားကတော့ ဒကာကြီး ဒီလျှော် ငါ ထမ်းလာရတယ် ဆိုပြီး ဒီလျှော်အပေါ် ဥပါဒါန်ကြီး တွယ်နေတယ်။ ဒီလျှော် ငါ မပစ်နိုင်တော့ပါဘူး။ လျှော်ထမ်းလာတဲ့သညာကြီးကိုး ဒကာကြီးရဲ့ အဲဒီတော့ ခုနကတုန်းက ကုန်သည် တစ်ဦးကတော့ လျှော်ဆိုတဲ့သညာကို အဖိုးမတန်ဘူးဆိုတာ သိတယ်။ အထည်တွေ့တော့ လျှော်သညာကို ပယ်ပစ်လိုက်တယ်။ အဖိုးတန်တဲ့ အထည်ပစ္စည်းကို ယူတယ်။ တစ်ခါ ငွေကိုတွေ့တော့ အထည် ဆိုတဲ့ အဖိုးမတန်တဲ့ သညာကို ပယ်ပစ်ပြီး အဖိုးတန်တဲ့ ငွေတွေကို ယူတယ်။ ငွေအဖိုးတန်တဲ့ သညာကို တွေ့တော့ ငွေဆိုတာ လိုရာ ခရီးရတယ်။ အထည်သညာကို ပယ်လိုက်ပြီး ငွေအဖိုးတန်တဲ့ သညာကို လက်ခံတယ်၊ (မှန်ပါ့ ဘုရား)။ အဆင့်ဆင့်ကိုး ဘာကို ပယ်သလဲ ဆိုတော့ အဖိုးမတန်တဲ့ ဥစ္စာကို ပယ်ပြီး အဖိုးတန်တဲ့ ဥစ္စာကို ယူတယ်၊ (မှန်ပါ့ ဒီပရိသတ်ထဲမှာ လျှော်ထမ်းတဲ့လူ မပါပါ ဘူး ဘုရား။) သေသေချာချာ နာကြ၊ (မှန်ပါ့ဘုရား)။ ဟောတဲ့ တရားက သဘောပေါက်အောင် ဟောမယ်။ ဉာဏ်ဟောချင်လို့ ချီတာ၊ ချီတာ။
၂။ သိရင် သိတဲ့အပေါက်ကထွက်
ဦးပဉ္စင်းက မြိတ်၊ ထားဝယ်၊ ရှမ်းပြည်တွေ သာသနာပြုသွား တဲ့အခါ စီးတာက ဖော်ကာ၊ ဒီတော့ ဖော်ကာချည်းပဲ ဟောခဲ့တယ်။ ဖော်ကာဆိုတာက လေယာဉ်ပျံ အခုတော့ ဦးပဉ္စင်းဂူမှာ တရားလာ အားထုတ်တဲ့ ဒကာကြီး ဦးသောင်းစိန်က “အရှင်ဘုရား တပည့်တော် သဘောပေါက်ပါတယ်”တဲ့၊ ဆရာတော် ပြတာက ဖော်ကာ ထက်မြန်တဲ့ ဂျက်ပါ ဘုရား၊ ဖော်ကာ မဟုတ်ဘူးတဲ့၊ ဖော်ကာမြန်တာ တစ်နာရီ မိုင် ၅ဝဝ လောက်မြန်တယ် ဒကာကြီး၊ အဲဒီကနေ့တော့ ဖော်ကာဖြုတ်ပြီး ဂျက်ဝင်လာမယ်၊ (မှန်ပါ့ဘုရား)။ ဂျက်ဘယ်