Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

သော်တာဆွေ - သူ့သွေးနှင့်သူ့ဓါး

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out
ကဲ ... ဝတ္ထုစပါပြီ
 
အခန်း(၁)
 
         သေနတ်သံ

 

         ၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်။

          ထိုနေ့ညက တကောင်းဆိပ်ကမ်းပေါ်မှ မြေပြင်ကို ကြည့်လိုက်ပါမည် ဆိုလျှင် မြောက်များစွာသော လှေသမ္ဗန်၊ မော်တော်တို့အပေါ်မှ မီးရောင်တို့ သည် မြစ်ရေရောင်ပြန်နှင့် တလက်လက်တောက်ပနေ၍ များစွာပင် ကြည်နူး ဖွယ် ကောင်းလှပေသည်။ ညဦးပိုင်းက တကောင်းသူ၊ တကောင်းသားတို့ သည် ကမ်းနားသို့လေညှင်းခံလာကြရင်း.....ဤရှုခင်းကို ကြည်နူးသွားကြ သည်။

          သို့ရာတွင် ည ၁၀ နာရီကျော်သော အချိန်၌မူ တကောင်းအထွက် တစ်မိုင်၊ နှစ်မိုင်မျှ ကွာသော အရပ်မှ သေနတ်သံတွေတောင်းချောင်း တဒိုင်းဒိုင်းမြည်ဟည်းလာရကား၊ တကောင်းအရပ်လူကြီးများကား...

          “ဟေ....မြစ်ထဲက မီးတွေအားလုံးငြိမ်းကြ၊ ဗိုလ်သံလက်သီး ရွာတွေ စီးနေပြီ” ဟု အော်ဟစ်ကြသည်နှင့်တစ်ပြိုင်နက် မြစ်ပြင်တစ်ခုလုံး မှောင်အတိပြီးသွားလျက် လူတွေရဲ့ တီးတိုးသံ... 

          ခုည...တကောင်းများလာစီးမလား၊

          ဒီ ရွာမကျ မြို့မကျတကောင်းက ခုခံဖို့လက်နက်ကိုင် တပ်ဖွဲ့ မှရှိ ပါလေစ။ ။

လာလျှင် ရေကြောင်းကလာမလား၊ ကုန်းကြောင်းကလာမလား၊ 

ကုန်းကြောင်းကဆိုရင်တော့ တို့ရေထဲကလစ်ရုံပဲ။ 

          အဲ...ရေထဲက သူတို့တပ်ဖွဲ့ နဲ့ လာမယ်ဆိုရင်ဖြင့် မလွယ်ဘူးထင်တယ်။ 

          ဟာ...သူစုန်ကိုယ်စုန်ပြေးရုံပေါ့ ။ 

          သူတို့ကသေနတ်နဲ့ လှမ်းပစ်မှာပါ။ 

          ဒါဖြင့်လည်း ကုသိုလ်ပေါ့လကွာ...

          မြန်မာလူမျိုးတို့၏ “ကုသိုလ်ပေါ့ 'နှင့် တခြား ဘာသာတို့၏ ‘ဘုရား သခင်အလိုတော်ပဲဆိုသည်တို့မှာ စကားချင်းခြားနားကြသော်လည်း အဓိပ္ပာယ်ချင်းကအတူတူပင်ဖြစ်၍ အားလျှော့ခြင်းဖြစ်သော်လည်း စိတ်ထဲ မှာမူ ကိုယ့်ကုသိုလ်ကို အားကိုးခြင်း၊ ကိုယ့်ဘုရားသခင်ကို အားကိုးခြင်း ဖြင့်စိတ်သက်သာရာရသွားကြပေသည်။

          မှန်ပါ၏။ ထိုညမှာ မြန်မာတွေ ကုသိုလ်ကောင်းကြပါသည်။ ဟို ဘာသာဝင်တွေကို ဘုရားမကြပါသည်။ သန်းခေါင်လောက်မှာ ကြားရသော သေနတ်သံတွေ တိတ်ဆိတ်သွားပြီး တကောင်းမှာ ဘာမျှမဖြစ်တော့ဘဲ နံနက်မိုးသောက်နေရောင်ခြည်တောက်ပ၍ လာပါတော့၏။

          ညကတစ်ရပ်ကွက်လုံး အမှောင်ချ၍ ဆိတ်ငြိမ်နေခဲ့သော တကောင်း သည် ယခုအရုဏ်တက်မှ ပြန်လည်၍ အသက်ဝင်ခဲ့ပါပြီ။ လူများလှုပ် ရှားကြပါပြီ၊ ဆိုင်ကန္နားများ ဖွင့်လှစ်ကြပါပြီ..၊ ညက ငါးဖမ်းသွားသော တံငါများလည်းပြန်ရောက်ကြပြီ၊ လှေသမ္ဗန်မော်တော်တို့မှ လူများ ကမ်းပေါ် တက်ကြ၍ လက်ဖက်ရည်ဆိုင်ထိုင်ကြကာ စကားစမြည်ပြောဆိုကြသည်။ မြို့အသီးသီးက တစ်ရပ်တစ်ကျေးမှ ကုန်သည်များဖြစ်ကြသော်လည်း ယခု တကောင်းမှာ ရက်ညောင်းစွာ သောင်တင်နေကြသူချင်းမို့ သိကျွမ်းရင်းနှီး ကြကုန်ပြီ။

          ယင်းစစ်ပြီးစကာလတွင် အထက်ဗမာပြည် မြစ်ညာဒေသဖြစ်သောကသာမြစ်ကြီးနားခရိုင်တို့မှာ စားနပ်ရိက္ခာရှားပါးသည်။ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ပဲတို့မှာ အောက်အရပ်ဒေသကလာမှ ရကြသည်။ ထို့ကြောင့် အင်းဝ၊ စစ်ကိုင်း၊ မန္တလေး၊ အမရပူရကကုန်သည်များ မြစ်ညာ တက်၍ ကျက်စားကြသည်။ တွက်သားကိုက်ကြသည်။

          အဲသည်တစ်ခေါက်တော့ကွဲကြတော့မည်။ ဗိုလ်သံလက်သီးက မြစ် ကျဉ်းကစောင့်လျက်ရှိသည်။ ငါးဖမ်းသွားသော တံငါများကပြောပြသည်။ ငါးအလွန်ပေါသောအရပ်ဖြစ်၍ တံငါများက ဗိုလ်သံလက်သီးအဖွဲ့ အား လိုသမျှငါးရိက္ခာကို နေ့စဉ်တံငါလှေအလှည့်နှင့် ဆက်သည်။ ဗိုလ်သံ လက်သီးတို့ အခုလိုချင်နေတာက ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ပဲ စသော အခြေခံစားကုန်။ ယခုတကောင်းမြစ်ဆိပ်တွင် ဆိုက်ကပ်ထား နေသော လှေသမ္ဗန်၊ မော်တော်တို့မှာ ရှိနေသည်များကလည်း ဤရိက္ခာတွေပဲ။

          ထို့ကြောင့်ကုန်သည်တွေ မျက်ဖြူဆိုက်နေကြ၏။ အစိုးရကွန်ဘိုင်း သင်္ဘောများလာ၍ သူတို့အကာကွယ်နှင့် လိုက်သွားကြပြီး ကသာမြို့ရောက်တော့လည်း ကုန်ပစ္စည်းတွေ စုပြုံကျသည်မို့ ဈေးကောင်းလည်းမရနိုင်တော့ ပြီ။ သည်အတွင်း ဤတကောင်းမှာ သောင်တင်နေစဉ် နေ့စဉ်လှေသမားတို့ အား ထမင်းကျွေးရသည်ကလည်း အရင်းဝင်လှပြီ။ လှေသမားတို့သည် အင်မတန် အစားကြီးကြသူများဖြစ်၏။ သာမန်လူထက် သုံးဆစား၏။ သူတို့၏ ရေထဲလှေထဲတွင်သာအနေများ၍ သရေစာစားသည့်အကျင့်လည်း မရှိကြ၊ ထမင်းဟင်းဆို တဟင်းဟင်းပဲ။

          ထို့ကြောင့် တကောင်းကမ်းနား လက်ဖက်ရည်ဆိုင်များတွင် ညည်း ညည်းတွားတွားနှင့် ထိုင်နေကြသော ကုန်သည်တွေမှာ မည်သူမျှ မျက်နှာ မသာကြပေ။

 

စွန့်ဝံ့သူ 

 

          သို့သော် ယနေ့ညနေကမှ မော်တော်တွင်ဘေးတွဲသမွန်နှစ်စင်းနှင့် ရောက်လာသော ကုန်သည်ပေါက်စလေးဖြစ်ဟန်တူသည့် အသက်အရွယ် ခန့် လူရည်သန့်သန့် သူငယ်တစ်ယောက်ဟာဖြင့် မြစ်ကျဉ်းမှာ ဗိုလ်သံလက်သီး စောင့်နေသည်ကို မသိလေရော့သလား။

           သူကားရွှင်ရွှင်ပျပျပဲအခုမနက်ကမ်းပေါ်တက်လက်ဖက်ရည်သောက်ပြီးသူတို့မော်တော်ထွက်တော့မလို့တဲ့။

          ဘုရား...ဘုရား....ဒီသူငယ်လေးအတင့်ရဲပါဘိ။

သူသည် ဘောင်းဘီရှည်နှင့် ကုတ်အင်္ကျီ အကောင်းစားနှင့် သားနား စွာ ဝတ်ဆင်ထားသည်။ လူပုံလူပန်းကတော့ ထက်ထက်မြက်မြက်ပဲ။

          “ဟေ့ သူငယ် မင်းတို့ မော်တော် တကယ်ပဲခုမနက် အထက်တက် မယ်လား”

          “ဟုတ်ကဲ့ခင်ဗျ” 

          “ဘာကုန်တွေပါလာသလဲ” 

          “ဧည့်မထဆန်အိတ် ၁ဝဝ၊ ကုလားပဲခြမ်းအိတ် ၁ဝဝ”

          “မင်းမြစ်ကျဉ်းမှာ ဗိုလ်သံလက်သီး စောင့်နေတယ်ဆိုတာကော မသိ ဘူးလား”

          “သိပါတယ်ခင်ဗျာ”

          “ဒါဖြင့် မင်းပဲနဲ့ ဆန်တွေဟာ ဗိုလ်သံလက်သီးရိက္ခာတွေဖြစ်သွားလိမ့် မယ်ဆိုတာကော မစဉ်းစားမိဘူးလား”

          “ဒါတော့တစ်ဦးနဲ့တစ်ဦး ကျွေးတုံ့ကျွေးလှည့် ပေးတုံ့ပေးလှည့်ရှိလည်း ပေးရ ကျွေးရတာပေါ့ခင်ဗျာ” 

          “အောင်မယ် တယ်လာတဲ့လူပါလားဟေ့” 

          “ဟုတ်ကဲ့ခင်ဗျာ၊ ကျွန်တော်ပေါင်းတည်မြို့က လာခဲ့တာပါ” 

          “အောင်မာ ပေါင်းတည်သားကိုး၊ နာမည်ကော ဘယ်သူတုန်းကွ” 

          “မိုးကြိုးပါခင်ဗျာ”

          “အောင်မာ ပေါင်းတည်သား မိုးကြိုး အရောင်းအဝယ်သွားတာမှာ ဟိုးဟိုးကျော်မှာပါလား။ ဗိုလ်သံလက်သီးရန်က လွတ်ပြီး မင်းကသာကို ခုအချိန်ရောက်သွားမယ်ဆိုရင်ဖြင့် ဆန်ဈေး၊ ပဲဈေး သိပ်ကောင်းပေါ့ကွာ” 

          “ဒါမျှော်လင့်ပြီးသွားရမှာပဲပေါ့ခင်ဗျာ၊ မြေကြီးနဲ့ ရွှေထီးပဲ” 

          အခြားလူကြီးတစ်ယောက်က 

         “မြေကြီးဘက်ကများသမောင်”

 “ကိစ္စမရှိပါဘူးခင်ဗျာ။ ကဲကျွန်တော့်ခွင့်ပြုကြပါဦး၊ နေလေးမမြင့်မီ ထွက်တာကောင်းမယ်”

          အခြားလူရွယ်တစ်ယောက်“

          အေးကွာ ဗိုလ်သံလက်သီးကိုစောစောသွားပြီး ရိက္ခာဆက်လိုက်ပါ”

          သို့သော် ဤစကားကိုပေါင်းတည်သားမိုးကြိုးသည် စိတ်မဆိုးသည့်ပြင် ပြုံးရွှင်သော မျက်နှာထားနှင့်...

          “ခင်ဗျားတို့ ဒီလိုပဲဆုတောင်းသင့်တယ်၊ ဘာကြောင့်လဲဆိုရင် ကျွန်တော့် ဆီက ဆန်အိတ် ၁၀ဝ၊ ကုလားပဲခြမ်း ၁ဝဝ ရပြီဆိုရင်ဗိုလ်သံလက်သီးတို့မှာတော်တော်ရိက္ခာပြည့်သွားပြီမို့မြစ်ကျဉ်းကပြန်ကြလိမ့်မယ်။ ဒီတော့ ခင်ဗျားတို့တွေ ကသာကို အေးအေးဆေးဆေးသွားကြပေရော့ဆိုပြီး ထိုမိုးကြိုးဆိုသူ လူငယ်သည် ယတိပြတ်ဆုံးဖြတ်ပြီးသော ပုံသဏ္ဌာန်ဖြင့် မြစ်ထဲသို့ဆင်းသွားလေသည်။သူ့နောက်က မော်တော်သမား နှစ်ယောက် လည်း ဘာမျှစိုးရိမ်သောကရှိပုံမပေါ်ကြ။

          ထိုမှ ၁ဝ မိနစ်မျှအကြာတွင် တကောင်းဆိပ်ကမ်းမှ အထက်သို့ ထွက်ခွာ သွားသော ဘေးတွဲသမ္ဗန်နှစ်စင်းနှင့် မော်တော်တစ်စီးကို တကောင်းဆိပ်ကမ်း ပေါ်မှ ရာပေါင်းများစွာသော မျက်လုံးတို့သည် တအံ့တသြကြည့်၍ ကျန်ရစ်ခဲ့ ကြလေ၏။