Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

သော်တာဆွေ - လောကလူ့ပြည်ထ္ထုတိုများ

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out

ကြောက်လက်သီး

 

          အသောက်လောကတွင် ကျွန်တော်သည် မူးလျှင် ရန်ဖြစ်တတ်သူဟု ကျွန်တော့်အပေါင်းအသင်းများက အသိအမှတ်ပြုကြသည်။

          အချို့သည် ဝမ်းနည်းပက်လက် ငိုကြွေးတတ်၏။ အချို့မူ သီချင်းဆို ၍ ကခုန်လေ၏။ သူတို့သဘာဝသည် အန္တရာယ်ကင်း၏။ ကျွန်တော်ကဲ့သို့ ရန်ဖြစ်တတ်သောသူမှာ နောက်ဆက်တွဲတွေ များလှဘိတောင်း။

          ကျွန်တော့်ဘဝတွင် အရက်သောက်၍ သောင်းကျန်မိခြင်းများကြောင့် ဆေးရုံလည်း တက်ခဲ့ဖူး၏။ ရုံးပြင်ကနားလည်း ရောက်ခဲ့ဖူး၏။ ကိုယ်ခန္ဓာ မှာ တစ်သက်တာတွင် မပျောက်နိုင်သောဒဏ်ရာ အမာရွတ်များလည်း ရှိခဲ့ ပြီဖြစ်၏။

          ကျွန်တော်သည် မူးလျှင် ရန်ဖြစ်ချင်သောစိတ်က ဘယ်လိုကဘယ်လို ရောက်လာသည် မသိတော့ချေ။ အံတကြိတ်ကြိတ် လက်သီးတပြင်ပြင် ဖြစ်လာ၏။ ရန်ဖြစ်ဖို့လူရှာရ၏။

          ထိုရန်ဖြစ်ချင်စိတ်မှာ ကျွန်တော့်အဖို့ ငါနိုင်သက်သက်ချည်း မတွက် ပေ။ ဟာ-ဒီကောင်တော့ ငါဆော်လိုက်ရင် လှိမ့်ခံရတော့မှာပဲဟု သဘောမထား၊ ဒီလိုလူမျိုးကိုလည်း ကျွန်တော်မလုပ်ချင်ပေ။ သူတပြန်ငါတပြန် အကြိတ်အနယ်ချလိုခြင်းသာ ဖြစ်၏။ ကျွန်တော့်ရန်ဖြစ်ချင်စိတ်မှာ ရှုံးတာနိုင် တာသည် ပဓာနမဟုတ်၊ တစ်ခါတစ်ရံ၌ သူများက ဆော်သွား၍ ရန်ပွဲအပြီး တွင် ကိုယ့်မျက်နှာမှ တစိမ့်စိမ့်ထွက်နေသော သွေးစက်များကို လျှာနှင့် လျက်နေရသည်မှာ ပူနွေးနွေး ငန်ပျပျနှင့် အရသာရှိလှသည်ဟု အောက်မေ့ မိသည်။ ထိုအချိန်အခါ၌ ကျွန်တော်တို့သည် ပြုံးရွှင်ကျေနပ်လျက်ရှိတတ် ၏။ သို့သော် နောက်တစ်နေ့နံနက်ရောက်၍ အမူးပြေသောအခါ၌ ကျွန်

မှာ ငါ့အမှားပဲဟု လွန်စွာဝမ်းနည်းတတ်၏။ ကိုယ်က သာလိုက်ပြန် လျှင်လည်း ထိုလူက လက်စားချေမှာကို တစိမ့်စိမ့်တွေး၍ ကြောက်ပြန်၏။ ကျွန်တော်က ခံရ၍ကား ဘယ်တော့မှ လက်စားချေရန် စိတ်မကူးချေ။ ပြီး ပြီးသားဟာကို ပြီးလိုက်သည်သာ ဖြစ်၏။

          ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ ၁၁ နာရီခန့် ညမှောင်မှောင် တွင် သိန်းမောင် အမှူးပြုသော လူလေးငါးခြောက်ယောက်နှင့် ကျွန်တော် တစ်ယောက်တည်းချရ၍ ညတွင်းချင်း ကျွန်တော် ဆေးရုံရောက်သွားသည်။ ဒဏ်ရာများက မနည်းလှပေ၊ ဦးခေါင်း၊ နှုတ်ခမ်း၊ ခြေမတို့မှာ သေရွာပါ အမာရွတ်များရ၏ ။

          ဆေးရုံသို့ သိန်းမောင်၏ ဆွေမျိုးများလိုက်လာကာ မူး၍ဖြစ်ကြတာ သက်သက်ညှာညှာပြုရန် ပြော၏။ သိန်းမောင်မှာ အာမခံနှင့်နေရ၏။ 

          ကျွန်တော်က 

          “ခင်ဗျားတို့ပြောစရာမလိုပါဘူး။သိန်းမောင်ကိုသာလွှတ်လိုက်စမ်း ပါ”

          နောက်တစ်နေ့ညနေ သိန်းမောင် တုန်တုန်ယင်ယင်နှင့် ရောက်လာ သောအခါ....၊

          “ဟေ့ကောင် ဘာမှကြောက်မနေနဲ့၊ မင့်ကို ငါအဲဒီည ဟောဒီ နှုတ်ခမ်း အကွဲချုပ်ပြီးကတည်းက ငါစိတ်ကျသွားပြီ၊ မင့်ကို ငါ ဘာမှမလုပ်ဘူး။ ဒါပေမဲ့ ရဲပိုင်တဲ့အမှု ရဲကတော့လုပ်လိမ့်မယ်။ သို့သော် မင်းသက်သာအောင် ငါထွက်ပါ့မယ်”

          ရုံးတွင် အမှုဆိုင်ရသောအခါ ကျွန်တော်က ရဲဘက်ကသက်သေဖြစ်နေသည်။ ကျွန်တော့်လုပ်တာ သိန်းမောင်ပါပဲဟု ပြောရန် တိုက်တွန်းကြသည်။ ဤသို့ထွက်လိုက်ပါက ကိုယ်အင်္ဂါချို့ယွင်းမှုဖြင့် ထောင် ၉-နှစ်အတိကျ နိုင်သည်။ သို့သော် ကျွန်တော်က ညမှောင်မှောင်မှာ ဝိုင်းလုပ်ကြတာ တုတ်ရော၊ ဓားရော၊ ခဲရော၊ ဘယ်သူက ဘာနဲ့ လုပ်မှန်းမသိဘူးဟု ပြောလိုက် သဖြင့် သက်သာသွားသည်။ (အမှန်အတိုင်းလည်းဖြစ်ပါ၏။) သို့တိုင် ခမျာမှာ ထောင် ၉-လကျသွားရှာသေး၏။

စကားမစပ် ဤအထဲ၌ သူယုတ်မာတစ်ကောင် ဝင်လာပုံကို ပြောရဦး မည်။

          ကျွန်တော်ဆေးရုံမှဆင်းလာပြီး ခြေထောက် P.O.P ပလာစတာနှင့် အိမ်မှာလဲလျောင်းနေရစဉ် တစ်နေ့ခင်း အသားညိုညစ်ညစ် ပိန်ညှောင် ညောင်လူတစ်ယောက် ရောက်လာပြီး သူသည် သိန်းမောင်ဘက်က လူဖြစ်ကြောင်း သိန်းမောင်က ကျွန်တော့်ကို ငွေ ၃ဝဝ ကျပ် ပေးပါမည်။ သက် သက်ညှာညှာ ထွက်ဖို့ပြောခိုင်းလိုက်ကြောင်း စကားအိမ် ခင်းလာသည်၌ ကျွန်တော်ရုတ်တရက်ဒေါပွပြီး “သွား...သိန်းမောင် ခေါ်ချေစမ်း” ဟု ကျွန်တော့် ယောက်ဖလေးကို လွှတ်လိုက်လေလျှင် ထိုသူသည် အိမ်ပေါ်မှ သုတ်သုတ်သုတ်သုတ်နှင့် ဆင်းသွား၏။ ကျွန်တော်က “ဟေ့လူ...နေဦး လေ”ဆိုသည့်တိုင် “ကိစ္စရှိလို့ နောက်မှ လာပါ့မယ်” ဟု ပြောပြီးလစ်၏ ။

          သိန်းမောင် ရောက်လာလျှင် ကျွန်တော်က ပြောပြသည်၌... “ဟုတ်တယ်...အဲဒီလူပဲ၊ ကျွန်တော့်အိမ်လာပြီး ငွေ ၅ဝဝိ ပေးရင် ကိုကြင်ဆွေက ကျွန်တော့်အမှု လွတ်အောင် အစစ်ခံမယ်လို့ ပြောခိုင်းလိုက် သတဲ့”

          ကြည့်စမ်း ဒုက္ခသည်တွေကြားက သူငွေ ၂ဝဝိ-ယူဖို့ မိုးကျရွှေကိုယ် သဖွယ် ရောက်လာသည်လေ။ အကယ်တိ သိန်းမောင်ကို ကျွန်တော် အာ ဃာတမပြေလျှင် သူ့အကြံ အောင်ပေမည်။ လောက၌ ဤလိုလူမျိုးလည်း ရှိဘိ၏။

            သိန်းမောင်အတွက် ထိုစဉ်က ကျွန်တော် တော်တော်ပင် စိတ်မကောင်း ဖြစ်ခဲ့ရ၏။ အရင်းစစ်တော့ အမြစ်မြေကဆိုဘိသို့ မူလဘူတမှာ ကျွန်တော့် ကြောင့်သာ ဖြစ်ရ၏။

           ထိုနေ့ညနေ တိတ်တိတ်ပုန်း ချက်အရက် ရောင်းသောအိမ်မှာ ကျွန်တော် အမူးဒီဂရီ ၉ဝ ကျော်တော့ ထုံးစံအတိုင်း ကျွန်တော်ထိုးချင်ခတ်ချင် ဖြစ်လာ ပြီး သူ့ဘာသာသူ လာသောက်သော သိန်းမောင်ကို ရန်စပြီး နောင်ဂျိန်ဇာတ် ခင်း၏။

          ဖြစ်တော့မည်ဆိုကတည်းက ထိုးပုံထိုးကွက်ကို စိတ်ကူးတွင် ဆင်ပြီး သားဖြစ်နေသော ကျွန်တော့်ကို သူ့ခမျာ မယှဉ်ပြိုင်နိုင်ရှာပေ။ တစ်ဖက်သတ် ခံလိုက်ရ၏။

          ဒါကို သူ့မယားနှင့် သူ့တပည့်များ ဒေါပွ၏။ သိန်းမောင်သည် ဖိနပ် ထောင်ဆရာဖြစ်၍ သူ့အိမ်မှာ အလုပ်သမားတော်တော်များရှိ၏။ ည ၁၁ နာရီခန့်တွင် တပ်ထောင်တာဗိုလ်ထု လူစု၍ ကျွန်တော့်အိမ်ရှေ့မှာ လာဆဲ ကြ၏။ အရက်ရှိန်နှင့် အိပ်မောကျနေသော ကျွန်တော်မှာ တော်တော် နှင့်မနိုးချေ။ သူတို့ဆူသံ တော်တော်ကြာတော့မှ ကျွန်တော့်နားထဲ သဲ့သဲ့ သဲ့သဲ့ကြားလာ၏။ ပထမဦး၌မသဲကွဲလှပေ။ ဘယ်သူတွေ ဘာဖြစ်နေသလဲ ဟု ဇဝေဇဝါဖြစ်မိ၏။ နောက် ကျွန်တော့် နာမည်ကို သဲသဲကွဲကွဲကြားရပြီး နောက် “ပေါင်းတည်သား သတ္တိကောင်းတယ်ဆို၊ ခုတော့-ငြိမ်နေပြီလား ကွ” ဆိုသည်ကို ကြားရသည်၌ ကျွန်တော်အိပ်ရာမှခုန်ထပြီး အိမ်သားများဆွဲ ကြသည်ကို တွန်းဖယ်ပြီး “ဟေ့...လာပြီကွ”ဆိုကာ လမ်းမသို့ အပြေးထွက် ခဲ့သည်။

          ရုတ်တရက်မို့ လက်ချည်းဆင်းမိခြင်းကြောင့်သာ ကျွန်တော်ဆေးရုံနှင့် နာမများအကြောင်း ဝတ္ထုရေးရသည်။ ဓားများဆွဲမိခဲ့လျှင် လူထုဦးလှ၊ ဗန်းမော် တင်အောင်တို့ကဲ့သို့ ထောင်ဝတ္ထုများကို ရေးရပေလိမ့်မည်။

ယင်းကိစ္စမှာ ကျွန်တော့်အဖို့ ဘာမျှမထောင်းတာ လှသော်လည်း သိန်း မောင်ခမျာမှာ ထောင် ၉-လကျသွားခြင်းဖြင့် သူ့အလုပ်နှင့် သူ့အလုပ်သမား များ ထိခိုက်သည်။ သူ့ သားမယားကသီလင်တ ဖြစ်သွားရှာသည်။ ကျွန်တော့်အတွက်မူ ဘယ်ဘက်က စပယ်ဖူးသွားတတ်ကလေး ခဲမှန်၍ ဆုံးရှုံးရသည်ကို နှမြောမိပါသည်။ အစားစိုက်သော်လည်း နဂိုပါ စပယ် ဖူးကလေးတော့ မရတော့ချေ။

          ဤကား ကျွန်တော့်တစ်သက်တာတွင် အရက်သောက်၍ ရမ်းကားမိခြင်းကြောင့် တစ်ဖက်သားအတွက် စိတ်မကောင်းဖွယ် ကြုံတွေ့ရခြင်း တစ် ရပ်ပါတည်း။

နောက်တစ်ဖန် ကြုံတွေ့ရပြန်သေးသည်။ ထိုလူကို လွန်စွာ သနားပြီး နောက် ကျွန်တော်၏ ရဲရင့်ခြင်းသည် ကြောက်ရွံ့ခြင်းသို့ ကူးပြောင်းကာ ရယ်ဖွယ် ကိစ္စကလေး တစ်ရပ် ဖြစ်ခဲ့တော့သည်။

 

၁၉၅၁ ခုနှစ် (လတော့ မမှတ်မိတော့ပြီ) တင့်တယ်သည် 

အင်္ဂလန်၌ ၂ နှစ်နေခဲ့ပြီးသူ့ဇနီးမမာ၍ ခေတ္တခွင့်နှင့် ပြန်လာသည်၌

သူရောက်ပြီး နောက် တစ်ညမှာ တာဝါဘာတွင် 

ကျွန်တော်တို့အတော်ပင် မြိုင်ဆိုင်သော သောက် ပွဲကလေးတစ်ရပ်

ကျင်းပကြသည်။ စာရေးဆရာထဲမှ မင်းရှင်၊ အောင်လင်း နှင့် 

အခြားမိတ်ဆွေများပါကြသည်။ ကောင်တာ၏ နောက်ဘက်နား 

ချောင် ကျကျနေရာမှာ စားပွဲ ၂ လုံးဆက်၍ ကျွန်တော်တို့ဝိုင်းမှာ လူ ၈

ယောက်မျှ ရှိ၏။ အရက်တစ်လုံးပြီးတစ်လုံး ထောင်လျက် 

ရေခြားမြေခြားဆို၍ ခနောင်တို လောက်မျှ ရောက်ဖူးသော 

ကျွန်တော်တို့သည် တင့်တယ်၏ ဘိလပ်မှတ်တမ်းများကို တအံ့တသြ 

နားထောင်နေကြရင်း အမူးဒီဂရီတက်၍တက်၍ လာကြရာ ၁၀ 

နာရီလောက်အချိန်တွင် ဟိုတယ်အလယ်စားပွဲမှ လူတစ်

ယောက်သည်ထ၍ သောင်းကျန်းပါလေတော့သည်။ 

          သူသည် အဓိပ္ပာယ်မရှိ ကျယ်လောင်စွာ အော်ဟစ်လျက် ဖန်ခွက်များကို မြှောက်ပစ်သည်။ ဆိုဒါပုလင်းများကို ရိုက်ခွဲသည်။ ထို့နောက် စားပွဲပေါ်သို့ တက်ပြီး မတ်တတ်ရပ်ကာ အင်္ဂလိပ်စကားဖြင့်...... ။

          “ဒီဟိုတယ် တစ်ခုလုံးမှာရှိတဲ့ လူတွေထဲက တစ်ယောက်ချင်းချဖို့ သတ္တိ ရှိတဲ့လူထွက်ခဲ့ပါ။ ဘယ်သူ့ကိုမဆို ချဖို့အသင့်ပဲ” ဟု အင်္ဂလိပ်လို ခံတွင်း တွေ့တွေ့နှင့် အကြိမ်ကြိမ် ဟစ်အော်နေတော့သည်။

          ဘွိုင်ကုလားကသွား၍ တောင်းပန်သည်၌ ပါးကို ဘယ်ပြန်ညာပြန် ဂျပန်ချ ချပစ်လိုက်သည်။ ဟိုတယ်တစ်ခုလုံးက သူ့ကို ဂရုစိုက်သည်။

သို့သော် မည်သူမျှ တုတ်တုတ်မျှမလှုပ်ကြ။

          “လာပါ...သတ္တိရှိတဲ့လူ တစ်ကောင်မှ မရှိကြဘူးလား... တစ်ယောက် ချင်း မချရဲရင် ဝိုင်းချကြလေ....သူနာနာ-ကိုယ်နာနာ ချရတာ ပဓာနပါပဲ ...လာကြပါ”

          ရက်ရက်ရောရော ဖိတ်ခေါ်နေပါသည်။ ယင်း၌ ကျွန်တော့်စိတ်ထဲ တွင် “အင်း...ငါလိုကောင်တော့ တွေ့နေပြီ” ဟု မှတ်ချက်ချမိ၏။ သို့သော် ဒီနေရာမှာ ဗိုလ်သော်တာတစ်ယောက်တည်းမထဝံ့ပါ။ ထိုလူ၏ ကိုယ် ကာယကြီးမှာ ဟည်းနေ၏။ နည်းတဲ့ဗလမဟုတ်၊ အရပ်က ၆ ပေနီးပါးနှင့် လူဂင်တိုကြီးဖြစ်၏။ ကျွန်တော့်လောက် ကိုယ်ကာယကလေးကို ရုပ်ရှင်ထဲ ၌ ဂေါ်လီယက်က ကိုင်ပေါက်ခြင်းမျိုး ခံရပေမည်။

          ထို့ကြောင့်လည်းအခြားစားပွဲကလူများငြိမ်နေတာဖြစ်ပေမည်။သူသည်အရက်တစ်ခွက်ပြီးတစ်ခွက်သောက်ကာ တစ်စထက် တစ်စ ကဲလာ ၏။ မန်နေဂျာတရုတ်များလည်း ဘာမျှ မတတ်နိုင်။

          စားပွဲပေါ်တက် မတ်တတ်ရပ်ကာ... ။ 

          “အိုင်ရဲလင်းချ် အဲဗရီးဘောဒီး၊ သဟိုးလ်ဟိုတယ်” ဟု အကြိမ်ကြိမ် အော်ဟစ်ကာ ဖန်ခွက်များ ပုလင်းများကို ပစ်ကစားနေ၏။”

           ဖန်ခွက်ကွဲတစ်ခု ကျွန်တော်တို့စားပွဲ လာကျသည်၌ကျွန်တော်က ငေါက် ကနဲထ၍... ။

          “လာဗျာ သူဘယ်လောက်ဗလကြီးကြီး ဝိုင်းချရင် နိုင်ပါတယ်။ လာဗျာ ထကြပါ...”

          သို့တိုင်ကျွန်တော့် မိတ်ဆွေများမှာ ရန်ဖြစ်ရန် ဝါသနာပါကြသူများ မဟုတ်မူ၍ ကျွန်တော့် ဆွဲထိုင်ခိုင်းပြီး

          “သူ့ဟာသူ မူးလို့ဟာ နေပါစေ ကိုဆွေရာ၊ ကိုယ်တို့ဟာ ကိုယ်တို့ သောက်နေပါ”

          ကျွန်တော့်မှာ စိတ်မချမ်းသာတော့ပေ။

          လဆန်းရက်ဖြစ်၍ ဟိုတယ်တွင် စားပွဲတိုင်းလိုလူပြည့်နေရာမှ ထိုလူ၏ ရမ်းကားမှုကြောင့် အချို့ ထပြန်သွားကြ၏။ အချို့မှာ မကြားဟန် မမြင် ဟန်ပြုနေကြ၏။ အချို့မှာ မျက်စောင်းခဲနေကြ၏။

          ထိုလူကား သူ့စားပွဲတွင် အခြားလူမရှိ၊ ဘုန်းမောင်တစ်ကောင်တည်း ရမ်းကားနေပေသည်။ ရှပ်အင်္ကျီလက်တို ဘောင်းဘီရှည်နှင့် တောင့်တင်း သန်မာသည့်ပြင် ကိုယ်လုံး ကိုယ်ပေါက်လည်း တော်တော်လှသူဖြစ်၏။ ကျွန်တော့် တစ်သက်တာတွင် တစ်ယောက်တည်း ဤမျှရမ်းကားဝံ့သူကို မတွေ့ခဲ့ဖူးသေးချေ။

          သူ၏ ပုံသဏ္ဌာန်ကို ကြည့်ရခြင်းအားဖြင့် ဗလကောင်းသည့်ပြင် အထိုး အခတ် ကျင်လည်မည်၊ သို့မဟုတ် ဗန်တိုဗန်ရှည်စသည့်ပညာများ တတ်ကောင်းတတ်မည်ဟု တွေးထင်ဖွယ်ရာများရှိ၏။ ဆရာကြီး ရွှေဥဒေါင်း၏ ဇာတ်လိုက်ဇော်ဟိတ်ကို သတိရ၍ ကျွန်တော့်မှာ အလကားနေရင်း ကြောက် သလိုပင်ဖြစ်လာပြန်၏။

          ထိုလူ၏ ရမ်းကားမှုကား မလျှော့။ ဟိုတယ် တစ်ခုလုံးကိုသာ အတွင် မပြတ်ချဲ့လင်းချခေါ်နေပေသည်။

          ယင်း၌ကျွန်တော်တို့စားပွဲမှ လူကောင်ရော အသက်ရော အကြီးဆုံးလူ (နာမည်တော့ မဖော်တော့ပါဘူးနော်၊ ခုအရာရှိကြီးဖြစ်နေမှကိုး) ကျွန်တော် တို့မိတ်ဆွေကြီးသည် ကျွန်တော်တို့အား ဘာမပြော ညာမပြော ထိုလူဆီသို့ ထသွားလေသည်။ သူတို့နှစ်ယောက်မှာ အရပ်အမောင်းချင်းလည်းတူ၏။ ကြည့်ကောင်းတော့မှာပဲဟု အောက်မေ့မိ၏။ 

          သို့သော် ကျုပ်တို့လူက ဘယ်ဟုတ်မှာတုံး သွားတောင်းပန်တာကိုးဗျ။ 

          “ဒီမှာမိတ်ဆွေ၊ အားလုံးပဲ ခင်ဗျားကြောက်လို့ မလာရဲကြပါဘူး။ ဒီ တော့ ပျော်ရပါးရအောင် လာကြတာကို အေးအေးဆေးဆေးပဲ”

          သူ့စကားမဆုံးပေ။ ထိုလူသည် ရှေးနည်းတူဘွိုင်ကုလားကို ဆော်သည့် အတိုင်းပါးကို ဘယ်ပြန်ညာပြန် တီးလိုက်တော့၏။

ကျွန်တော်က ကိုယ့်လူထိ၍ မချိတော့ဘဲ စားပွဲမှထသည်ကို ဆွဲထားကြ ပြန်တော့၏။ ထို့ပြင် ပါးရိုက်ခံပြန်လာခဲ့သော ပုဂ္ဂိုလ်ကြီးကလည်း ကျွန်တော့်ကို တောင်းပန်နေပြန်တော့၏။ အံ့ဖွယ် တော်တော်လည်း သည်း ညည်းခံနိုင်သူများပါပေ။

          ကျွန်တော်စိတ်မကောင်းတော့ပေ။ ကိုယ့်စားပွဲကလူအတီးခံရသည်ကို အခြားလူများ လှမ်းကြည့်တော့ ရှက်လည်းရှက်မိ၍။