Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

သော်တာဆွေ - ဖြတ်စနဲ့ကျော်စံကေး

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

ဘရန်ဒီတစ်ပုလင်း

 

          ၎င်းဝတ္ထု၌ စမ်းချောင်းကွက်သစ်ရှိ အိမ်တစ်အိမ်တွင် မင်းတိုင်ပင် အမတ်ဟောင်း ဦးတုတ်ပေါ၊ သမီး မမြခင်၊ သားမက်ကိုဘနိုင်၊ ၎င်း၏တူ မောင်ဖြတ်စ၊ အစေခံမလေး ဝင်းကြည်တို့ကို တွေ့ရမည်။

          ၎င်းတို့သည် တကယ့်သက်ရှိ ပုဂ္ဂိုလ်များ ဖြစ်ခဲ့၏။ နာမည်များသာ ပြောင်းထားသည်။

          မောင်ဖြတ်စမှာ ကျွန်တော် ဖြစ်ချေသည်။

          ကျွန်တော်သည် ၁၉၄၀ ခုနှစ်တွင် ရန်ကုန်မြို့ ကျောင်းလာနေစဉ်က ဦးလေးတစ်ယောက်၏အိမ်တွင် နေရသည်။ တစ်အိမ်လုံးသည် ဦးလေးလုပ် စာကို စားကြသည်ဖြစ်သည့်အထဲ အတူတူချင်း ဘိုးဘိုးပေါ(ဆိုပါစို့)သူက ကျွန်တော့်ကို မကြည်ဖြူချေ။

          ယင်းသို့ရှိစဉ် တခြားမြို့မှ ကြည့်မြင်တိုင် အေ-ဘီ-အမ် မိန်းကလေး ကျောင်းတွင် ဘော်ဒါလာနေသော သူ့မြေးမ(မော်လီ ဆိုပါစို့)ကို ကျွန်တော် ဂေါ်လိုက်မိပြန်တော့ အဘိုးကြီးက ဆတ်ဆတ်ထိနာကာ “အောင်မာ၊ ဒီတော သားက ငါ့မြေးများ ရာရာစစ အိမ်က အစေခံမလောက်နဲ့ တန်တဲ့ကောင်က” ဟု ဆို၏။

          ဒီတော့ ကျွန်တော်မှာ သူ့ကို အလွန်အမင်း စိတ်ဆိုးသည်။ တသသ နေသော သူ နုတ်ခမ်းမွေး ကုပ်ကိုင်းကိုင်းကြီးကို မီးနှင့်ရှို့ပစ်ချင်သည်။ သူ့ကို အိမ်က အစေခံနှင့် ပေးစားချင်သည်။ အကယ်၍ကား အဘယ်မှာ ဖြစ်နိုင် အံ့နည်း။ သို့သော် ကျွန်တော့်မှာ စိတ်ကူးယဉ်ဖြင့် ဟဒယရွှင်တတ်သူ ဖြစ်ရကား ဤဘရန်ဒီတစ်ပုလင်းဝတ္ထုကို ဇာတ်အိမ်ဖွဲ့ လိုက်တော့သည်။ အစက စာရေးကြံစည်သည်မဟုတ်၊ စိတ်ကူးနှင့် သူ့ကို ကလဲ့စားချေခြင်းသာ ဖြစ် ပေသည်။

 

မယ်တပ်ကုန်း

 

          ၁၉၄၇ ခုနှစ်၊ ဇွန်လ၊ ကျွန်တော်သည် မန္တလေးမြို့မှ ဘရန်ဒီ တစ်ပုလင်းဝတ္ထုကို ရှုမဝတိုက်သို့ ပို့လိုက်ပြီး စွံ့မှန်း၊ မစွံ့မှန်း မသိရမီ ရန်ကုန်မှလာသော ကိုကြီးမောင်(ငွေဥဒေါင်း)နှင့် ဆရာကြီးအိမ်မှာ တွေ့ဆုံ သိကျွမ်းရသည်။

          ဤအခါ ကိုကြီးမောင်က သတင်းထူးအဖြစ်နှင့် ပြောကြားသည်မှာ ရန်ကုန်မြို့တော်ခန်းမတွင် “မယ်ဒဂုန်ရွေးပွဲအကြောင်းဖြစ်သည်။ 

           ကလေးမများ ဘယ်လိုဝတ်ပြီး၊ ဘယ်လို ကော့ပြ၊ ကား ပြသည်။ မြန်မာ့ မျက်စိသက်သက်နှင့် ကြည့်လျှင် အင်မတန်မှ မသင့်လျော်ကြောင်း ပြောသည်။

          ကျွန်တော်တို့မှာ ဤအကြောင်း သတင်းစာထဲတွင်သာ ဖတ်ရ၍ သူက သေသေချာချာ ပြောပြသောအခါ၌ စိတ်ဝင်စားလှသည်။ ယင်းအခါ၌ မန္တလေးမြို့မှာလည်း ရွှေမန်းမယ်ရွေးပွဲ ဈေးဦးပေါက်ကျင်းပရန် စိုင်းပြင်း နေကြပြီ။

          နောက်နောင်၌ ရန်ကုန်၊ မန္တလေးသာမက မြန်မာပြည်ရှိ မြို့တိုင်းပင် ဤရွေးပွဲမျိုးတွေ လုပ်လိမ့်မည်ဟု ကိုကြီးမောင်က ပြောသည်။ ကျွန်တော် ကလည်း ယုံသည်။

          ထို့ကြောင့် ကလောင်ဖြင့် နာမည်ကြီးရန် ကြံနေသော ကျွန်တော်သည် ထိုအရေးပေါ်အကြောင်းကို အခြေခံ၍ ဝတ္ထုရေးရန် စိတ်ကူးဉာဏ်ထုတ်တော့ သည်။

           ကျွန်တော့်ဇာတ်လိုက် ပိန်ချည့်ကုန်းကွ မောင်ဖြတ်စကို ကျန်းမာရေး အင်မတန်လိုက်စားနေသော မယ်ဘွဲ့ရတစ်ယောက်နှင့် တွဲပေးရလျှင် ပိုပြီး “ထိတော့မည်ဟု အကြံပေါ်သည်။

          သော်တာဆွေ သို့အတွက် ဦးတုတ်ပေါ၏မြေး မယ်တပ်ကုန်းဘွဲ့ရ မာဂရက်သာ ပက်ကို ဖော်ထုတ်၍ ဇာတ်အိမ်ဆင်လိုက်တော့၏။

 

စုံထောက် မောင်ဖြတ်စ

 

          မယ်တပ်ကုန်း”ဝတ္ထုကား ကျွန်တော် ကြံခဲ့သည့်အတိုင်းပင် အတော် ထိသည်။ ရှုမဝစာတည်းအဖွဲ့က ဤဝတ္ထုကို အင်မတန်ကြိုက်ပါသော်လည်း ချက်ချင်း မထည့်ဝံ့ခဲ့ကြ။ အမှန်မှာ ဘရန်ဒီတစ်ပုလင်းပြီးလျှင် တစ်ဆက် တည်း ပါဖို့ဖြစ်သည်။ သို့သော် တိုင်းပြည်၌ ဤသို့ ပေါ်သစ်စ အများလူထု စိတ်ဝင်စားနေကြသော ကိစ္စကို ထိပါး၍ တော်ပါ့ မလားဟု သူတို့ ချင့်ချိန်ရ သည်။ ထို့ကြောင့် ၆ လကျော်အကြာ ဤမယ်ရွေးပွဲတွေ တော်တော်ကလေး ရိုးသွားမှထည့်တော့၏။

          အချို့နေရာကိုလည်း အတော်အတန် ဖြတ်တောက်ပစ်လိုက်သေး၏။

          သို့ပါလျက်ကနှင့် ဝတ္ထုထွက်အပြီးတွင် ကျွန်တော့်ကို ဆဲစာများ ထွက် လာသေး၏တကား။

စာတစ်ခုကို ကျွန်တော် ယခုတိုင် အမှတ်တရရှိသည်။

          “ရှုမဝလူကြီးမင်းခင်ဗျား၊ ရှုမဝမဂ္ဂဇင်း တစ်အုပ်လုံးသည် အလွန် တရာ ကောင်းပါလျက် သော်တာဆွေ၏ မယ်တပ်ကုန်းဝတ္ထု ပါနေသောကြောင့် ရွှေစင်တစ်လှည်းတွင် မစင်တစ်ပဲသား စွက်နေသည်နှင့်တူပါသည်။ ထို့ကြောင့် ကျွန်တော်သည် ၎င်းဝတ္ထု စာရွက်တွေကို ကတ်ကြေးနှင့်ညှပ်၊ မီး နှင့် ရှို့၊ ပြာကို အိမ်သာထဲ ချပစ်လိုက်ပါ၏”

          ကျွန်တော့်မှာ ဟက်ဟက်ပက်ပက် ရယ်မောရ၏။ ဝမ်းလည်းသာ လိုက်တဲ့ဖြစ်ခြင်း။ Satire စာပြောင်ရေးသူတို့အဖို့တွင် ဤစာမျိုးသည် ကြီးစွာသော အောင်ဆုကြီး မဟုတ်ပါလော။

          အချို့ကလည်း (မိန်းကလေးတွေများသည်)မာဂရက်လို မယ်ဘွဲ့ ရကို ဖြတ်စလိုအကောင်နှင့် ဤသို့ ဖြစ်အောင် ရေးရမည်လား၊ ဆတ်ဆတ်နာကြ ၏။

          သို့သော် ကျွန်တော့်ဘက်လူများ ရှိသေး၏။ “ဘယ့်နှယ်လဲ ဦးသော်တာဆွေ...။ မယ်တပ်ကုန်းအဆုံးမှာ (မိုးစင်စင်လင်းချေပြီတကား)ဆိုရုံနဲ့ ခင်ဗျားဝတ္ထုက အစမသတ်သေးပါလား။ မယ်တပ်ကုန်းနှင့် မောင်ဖြတ်စ ခင်ဗျား မပေးစားနိုင်ဘူးလား”ဟု ဆိုကြသည်နှင့် ကျွန်တော်သည် သူတို့ နှစ်ယောက် ညားနိုင်ဖို့အကြောင်းကို စိတ်ကူးရကာ ဟိုတစ်ဖက်ကို အရွဲ့တိုက် လိုသည်နှင့် ဤစုံထောက်မောင်ဖြတ်စဝတ္ထုကို ရေးလိုက်ရပေတော့၏။

 

 

ဟစ်လို့သာငိုလိုက်ချင်တော့

 

          ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့၊ ရန်ကုန်မြို့ကို ဂျပန်များ လာရောက်ဗုံးကြဲသောအချိန် ကျွန်တော်လည်း ၂၄ ရက်နေ့တွင် ဇာတိဌာနေ မွေးရပ်မြေသို့ ခွေးပြေးဝက်ပြေး ပြေးခဲ့ရသည်။ သို့သော် အိမ်ရောက်ခါမှ နောက်တစ်နေ့တွင် ကျွန်တော် ဂေါ်နေသော ကောင်မလေးကို သတိရ၍ ဤဝတ္ထုပါ ကျော်စံကေး၏ အကြံအတိုင်း ရန်ကုန်သို့ပြန်ခဲ့ပါသည်။ (ကျွန် တော်သည် ဤကိစ္စ၌ ဗုံးဒဏ်ကို မကြောက်ခဲ့ချေတကား)

         ရန်ကုန်သို့ ရောက်လတ်သော် ဤဝတ္ထု အဆုံးသတ်အတိုင်းပင် တံခါး ပိတ်၍ သော့ခလောက် ချိတ်ထားသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ကျွန်တော့်အဖြစ်ကို “ဟစ်လို့သာ ငိုလိုက်ချင်တော့”ဟု အမည်တပ်လိုက်၏၊လမ်းတွင်ဖြစ်ပျက်လာသောအကြောင်းအရာတို့ကိုကားအကယ်ပင်ကျွန်တော်သည်မော်တော်ကားကြုံနှင့်လိုက်ခဲ့ရာမှ(မိတ်ဆွေချစ်ပန်းနှစ်ခိုင်ဝတ္ထုကိုဖတ်ဖူးလျှင်သိမည်ဖြစ်သော)ကျွန်တော့်ရည်းစား အရိန့်အိမ်သို့ အချိန်မတော် မမျှော်လင့်ဘဲနှင့် ရောက်သွားပါသည်။

          မူရင်းမှာ သူ့လင်သည် ကျွန်တော့်ကို မသိမဟုတ်။ မျက်နှာပျက်နေ သည်။ အရိန်မူကား ကျွန်တော်သည် သူတို့အိမ်ခန်းနံရံကို ကျောမှီထိုင်နေ ရာ ကျွန်တော့်နောက်ဆီမှ နံရံကိုပွတ်လျက် ရှိုက်ငိုနေသံကို ကြားရပါသည်။

အရိန်သည် ကျွန်တော်နှင့် အလွန်အကျွံ ချစ်ခဲ့သော ငယ်ရည်းစား တရုတ်ကပြား။ သို့သော် သူ့အဖေက သူတို့အမျိုးကူနှင့် ပေးစားလိုက်ခြင်း ကို ခံရသည်။ သူ့လင်သည် ကျွန်တော်နှင့်ဖြစ်နေမှန်းသိသိနှင့် အတင်းလုယူသူ။

           ဤအချိန်၌ ကျွန်တော်သည် ဝတ္ထုပါ ကျော်စံကေးကဲ့သို့ မျက်နှာပျက် မနေပါ။ ရှုတင်းတင်းပင် ရှိပါသည်။ 

           အရိန်သည် ကျွန်တော့်နောက်၌ တရှိုက်ရှိုက် လာငိုနေတော့ စိတ်ထိ က်လှ၍ ဟိုလူ၏ကားကို မစောင့်တော့ဘဲ ရထားနှင့်လိုက်တော့မည်ဟု အတင်း ဆင်းခဲ့သည်။ ကိုဘလှဆိုသူမှာသာ အံ့အားသင့်၍ ကျန်ခဲ့သည်။

           သို့သော် ဤအကြောင်းကို ပြန်ပြောင်း၍ ဝတ္ထုရေးရန် စဉ်းစားသော အချိန်၌ ကျွန်တော်သည် လောကကြီး၏ အဆင်မပြေမှုတွေကို ဟက်ဟက် ပက်ပက် ရယ်တတ်နေပြီဖြစ်၍ တစ်စက်ကလေးမှ ကြေကွဲစိတ်မရှိဘဲ အားရ ပါးရ ရယ်မောချလိုက်ခြင်းသာ ဖြစ်ပေသည်။ သို့သော် “ချစ်ပန်းနှစ်ခိုင်”ဝတ္ထု ၌ ကိုယ့်လူ ငိုပါလား ဟု ဆိုအံ့ “ကျုပ် အလွမ်းဝတ္ထုလည်း ရေးတတ်ပါ တယ်ဗျ ..”ဟု သိကြစိမ့်ငှာ ဖြစ်သည်။

          “ဟစ်လို့သာ ငိုလိုက်ချင်တော့”ဝတ္ထုတွင် ကျော်စံကေးကို အရိန်တို့ အိမ်ပေါ်မှစ၍ ချောက်ချလိုက်လေသည်။ သူ့ကိုယ်က ပစ္စည်းတွေကို တစ်ခု ပြီးတစ်ခု ခွာခဲ့ရာ ရန်ကုန်ရောက်သောအခါ၌ ခါးမှာ မထား၍မဖြစ်တော့ သော ဘောင်းဘီတိုကလေးသာ ချန်ထားလိုက်တော့သည်။

           စာဖတ်သူတို့ သည် ရယ်စရာဝတ္ထု၌ ဘာမှရည်ရွယ်ချက် မရှိဟု အောက်မေ့ကြလိမ့်မည်။ သို့သော် ကျွန်တော့်စေတနာရင်းကား စာဖတ်သူ တို့သည် ကျော်စံကေး ချောက်ကျမှုတွေကို ရယ်မောကြသလို၊ သင်တို့ကိုယ် တိုင် ချောက်ကျသောအခါတို့၌ ရယ်မောနိုင်ကြပါစေ၊ လောကဓံကို ကြံ့ကြံ ခံနိုင်ပါစေ ဟု သတိပေးလိုပါသည်။

           ကျွန်တော့်ဝတ္ထုတွေဟာ ... ကျွန်တော့်ဇာတ်လိုက်တွေကို အမြဲတမ်း ချောက်ချပေးနေပါသည်။

          အချို့က “သော်တာဆွေ ဇာတ်လိုက်ဖြစ်ရမှာ ကြောက်ပါဘိ”ဟု ဆို ကြကုန်သည်။ “သော်တာဆွေ ဇာတ်လိုက် မဖြစ်ချင်ရင် သော်တာဆွေ ဇာတ် လိုက်တွေလို မကျင့်ကြနဲ့ပေါ့”

 

ကျော်စံကေး

 

           ကျော်စံကေး “ဟစ်လို့သာ ငိုလိုက်ချင်တော့”အပြီး၌ ဤဝတ္ထုကို ဆက်လက်ရေး ရန် လုံးဝ စိတ်ကူးမထည့်ခဲ့ချေ။ သို့သော် ဟစ်လို့သာ ငိုလိုက်ချင်တော့ ဝတ္ထုထွက်ပြီး ကျွန်တော် မန္တလေးမှ ရန်ကုန်သို့ ထွက်လာသောအခါ၌ ကိုကျော်က ထိုဝတ္ထုတွင် အတွင်းပုံထည့်ရန် “ကျော်စံကေးက မီးရထား ပေါ်တွင် ဟိုမိန်းမကြီး အင်္ကျီတိုကလေးကို ဝတ်လျက် မိန်းမကြီးက သူခိုး စွပ်စွဲနေပုံ”ကို ဦးကိုလေးအား ရေးဆွဲခိုင်းပြီး ဘလောက်လုပ်ပြီးနေမှ ထည့်ရန် မေ့သွားသဖြင့် ဤပုံကိုသုံးရန် ကျော်စံကေးဝတ္ထု ဆက်မရေးနိုင်ဘူးလား ဆိုသောကြောင့် (သူက ကျွန်တော့်အစွမ်းကို စမ်းချင်ဟန်တူသည်) ကျွန်တော် က တစ်ခဏ အတွင်းမှာပင် အာမခံလိုက်သည်။ (ရေးပြီးတော့လည်း ဗဂျမ်း နှင့် ကျွန်တော် ဘက်မိနေပြီဖြစ်၍ ဦးကိုလေးပုံ မသုံးဖြစ်တော့)

          အခြေခံမှာ ထိုဝတ္ထုအဆုံးသတ်အတိုင်း ထိုနေ့ ဂျပန်က ဗုံးလာကြဲမည် ဆို၍ ကျွန်တော် ကိုတင့်ကြီးနှင့်အတူ ဘုရားပေါ်သို့ ရောက်သွားသည်။ ဇရပ် ၌ စိတ်မနှံ့သော ကိုရင်ကြီးကို တွေ့ရသည်။ အရေးထဲ ဂေါ်ချင်စရာကောင်း သော ကောင်မလေးတစ်ယောက်ကို မြင်လိုက်ရသည်။

          ရန်ကုန်က အပြန်မှာ မီးရထားပိတ်ထား၍ ကားကြုံနှင့်ပြန်ခဲ့ရသည်။ ဤအကြောင်းများကိုပင် သယ်ဆောင်၍ ရေးသွားသည်။

          ဖြတ်စနှင့် ကျော်စံကေးတို့သည် လည်ပင်းကျပ်အပြည့်နှင့် ပိန်ချည့် ကုန်းကွ ဖြစ်ရုံမက အကျင့်စာရိတ္တလည်း ဆိုးသွမ်းကြသည်မှာ ထိုခေတ်က ရှေးရိုးစဉ်လာ ဝတ္ထုရေးကြသည်တို့၌ ဇာတ်လိုက်သည် ချော၏။ ပညာတတ် ၏။ အကျင့်စာရိတ္တ အင်မတန်ကောင်းကြ၏။ လူစွမ်းစများလည်း အဘက် ဘက်က ထက်ကြ၏ ... စသည်ဖြင့် အများလူတို့၏ နဂိုမူလနှင့်လွတ်အောင် ဖန်တည်းထားကြသည်များကို အရွဲ့တိုက်လို၍ဖြစ်၏။