Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

သော်တာဆွေ - ပပဝတီ

Regular price 6,000 MMK
Regular price Sale price 6,000 MMK
Sale Sold out

အခန်း (၁)

 

          ဘာနုရာဇာ ဒေါင်းစကြာသည် အရှေ့ကပင်ထွက်ခဲ့၍ အနောက်သို့ ပင် ဝင်မည်ဖြစ်သောနေ့တစ်နေ့ဝယ် ကျွန်တော်သည် သွားနေကျ “မူးလိုက် ဘာ၌ ဘီယာသောက်ရင်း ဘိလိယက်ထိုးခဲ့၍ ညနေစောင်းသည်တွင် အိမ် သို့ မပြန်သေးဘဲ လွတ်လပ်ရေးကျောက်တိုင်ကြီးတည်ရှိရာ ဗန္ဓုလပန်းခြံ တွင်းသို့ လေညင်းခံရန် ရောက်ခဲ့ပါသည်။

          ချိန်ရာသီမှာ ခါနွေကျူး၍ မိုးဦးကို ဖိတ်ခေါ်နေပြီဖြစ်ပေရကား၊ မိုးသား မိုးလိပ် မိုးရိပ်မိုးငွေ့တို့သည် ကောင်းကင်အာကာထက်မိုးပြာတွင် အမြွှာလိုက် အစိုင်လိုက်၊ ဟိုငိုက်သည်ယိမ်း၊ တိမ်းကာကူးကာ၊ ရွေ့ လျောကာဖြင့် သာယာ ပြန့်ပြူး၊ တောင်လေရူးလည်း တဖြူးဖြူးတိုက်ခတ်လျက် ရှိသည်ကို..။

           ယင်းသို့ ကြည်နူးဖွယ်ရာ လောကဓာတ်နှင့် ဇောမနဿကပ်ငြိပြီဆို လျှင် လူတို့တွင် ဟိုရောက်သည်ရောက်၊ စိတ်ရူးပေါက်တတ်ကြသည် ဖြစ်ပေ ရာ၊ မိတ်ဆွေသာ ကျွန်တော့်နေရာ၌ ဖြစ်ဘိမူ အသို့ ရှိမည် မသိသော်လည်း ကျွန်တော်မူကား ယင်းသည့်အခိုက်မှာ မိမိကိုယ်ပင်မိမိ အံ့ဩလိုက်မိပါ သည်။ အကြောင်းမှာ ကျွန်တော်သည် မိတ်ဆွေသိသည့်အတိုင်းပင် အစဉ် သဖြင့် မြာကိုစိတ်ကူးနေသော မြာရူးတစ်ယောက်မဟုတ်ပါဘဲလျက်၊ ဤ သာတောင့်သာယာအချိန်ကလေးတွင် အလွန်တရာချောမောလှပသော မိန်းမပျိုကလေးတစ်ယောက်ကို တမ်းတလိုက်မိပါသည်။

          ထိုမိန်းကလေးသည် ကျွန်တော်နှင့်မနီးမဝေးမှ “အမယ်လေး ကယ် တော်မူပါရှင့်”ဟု အော်သံကြားရ၍ ကျွန်တော်ကြည့်လိုက်သောအခါတွင် လူဆိုးတစ်ယောက်က သူ၏လက်ဝတ်လက်စားကို လုယူလျက်ရှိသည်။ ကျွန်တော်က ဇာတ်လိုက်စတိုင်အတိုင်း အင်္ကျီလက်မောင်းကိုပင့်၍ သူတို့ ဆီပြေးသွားသောအခါ လူဆိုးက “ဟေး ... မဆိုင်သူမကပ်နဲ့ကွ” ဟုဆိုပြီး ခလုတ်နှိပ်မောင်းချဓားကြီးကို ဖျက်ခနဲဖွင့်လိုက်ကာ ကျွန်တော့ရင်ကို တအားစိုက်လိုက်လေ၏။ သို့သော် ကျွန်တော်က ကျင်လည်စွာရှောင်၍ သူ့ လက်ကိုဖမ်းလိမ်လိုက်ရာ ဓားမြေပေါ်သို့ ကျသွားသည်။ ဤအခါ၌ ကျွန်တော်က ပထမလက်သီးနှင့် သူ့ဗိုက်ကိုဆော်လိုက်၍ သူအင့်ခနဲရှေ့ငိုက်အလာ၌ ညာလက်သီးနှင့်မေးကို ပင့်ကော်လိုက်ရာ နောက်သို့တုံးခနဲကျသွားလေ၏။ ထိုမှ ကျွန်တော်က ဒိုင်ဗင်ထိုး၍ အုပ်လိုက်ရာ၌ အမယ် သူကလည်းမခေ၊ ခြေနှင့်ဆီးကန်လိုက်သဖြင့် ကျွန်တော်ခမျာလေး နောက်သို့ ပက်လက်လန် လဲကျသွားသည်။ သူအလျင်အမြန်ထ၍ ကျွန်တော့်ကို ဒိုင်ဗင်ထိုး၍အုပ်ပြန် သည်။ (ကျွန်တော့်လို ကောင်ကလည်းဘယ်ရမလဲ) ကျင်လည်စွာရှောင် လိုက်ခြင်းဖြင့် မြေပေါ်၌တစ်ယောက်တည်း မှောက်လျက်ဖြစ်နေလေ၏။

          ထို့နောက်၌ကား ကျွန်တော်တို့ ပြိုင်တူထ၍ တစ်ယောက်နှင့်တစ် ယောက်အကြိတ်အနယ် တွယ်ကြတော့သည်။ သူတစ်ချက်၊ ငါတစ်ချက်ပါး စပ်က သွေးတွေဘာတွေထွက်လို့ အမေရိကန်ရုပ်ရှင်ဇာတ်လိုက်တို့အတိုင်း နှံလိုက်ကြတာ အကြာကြီး။

          ဤအခါ၌ သူငယ်မက ကျွန်တော့်အတွက် သဲထိတ်လှိုက်ဖိုဖြစ်နေရှာ သည်။ မျက်လုံးကလေး ပြူးပြူး၊ ရင်ကလေး တမမနှင့်ပေါ့ခင်ဗျာ၊ အမယ်လေး ... ကျွန်မကယ်တဲ့လူ နိုင်ပါစေ၊ ကျွန်မကယ်တဲ့လူ နိုင်ပါစေ။

နောက်ဆုံး၌ကား မိတ်ဆွေမျှော်လင့်သည့်အတိုင်းပင် သူကလေး၏ ဆုတောင်းပြည့်ပေတော့သည်။ လူဆိုးရှုံးကာ လက်လျှော့ထွက်ပြေးလေ၏။ ထိုအခါ၌ မချောချောကလေးသည် မောကြီးပန်းကြီးနှင့် ဟောဟဲဟောဟဲ ဖြစ်နေသော ကျွန်တော့ကိုယ်ကို သူ့ရင်ခွင်၌သွင်းကာ အင်မတည့်အင်မတန် ကရုဏာသက်လှသော အမူအရာနှင့် ကျွန်တော့်မျက်နှာက သွေးစသွေးနများ ကို သုတ်ပေးနေလေ၏။

          ကျွန်တော်သည် ခေတ္တမျှ ကလေးမ၏ ပေါင်ပေါ်၌ မှိန်းနေပြီးနောက် အတော်အတန်အမောပြေသည်တွင် သူကလေး၏ပခုံးကိုလက်ဖြင့် ဖေးကာ အားယူ၍ ထမည်ပြုလိုက်သည်၌

          ကျွန်တော်၏ နောက်မှ 

          “ဟေ့ .. အေးဆွေ”

          ဟု ခပ်ဆောင့်ဆောင့်ခေါ်လိုက်သံကို ကြားရသည်၌ လူမှာ အိပ်မက် ကောင်းမက်နေတုန်း ရုတ်တရက် ဖနောင့်နှင့်ပေါက်အနှီးခံရဘိသို့ ရင်ထဲ ဒိတ်ခနဲဖြစ်သွားကာ လှည့်ကြည့်လိုက်သည်တွင် ကျွန်တော့်သူငယ်ချင်း ဂြိုဟ်ကောင် တင်မောင်ကို...

          “ဟေ့ကောင် လန့်လိုက်တာကွာ”

          “အောင်မလေး .... မင်းက နောက်ကနေခေါ်တာနဲ့များ လန့်နေရင် သခင်နု လို သိန်းငါးသောင်းတန် ကျည်ဆန်အာမခံ ကားဝယ်စီးနေလားကွ...”

          “အံမာ... ငါသာ သူ့လို တိုင်းပြည်ကငွေကို ထင်သလိုသုံးနိုင်မယ် ဆိုရင်ကွာ မြို့ထဲဟိုနားသည်နား သွားတာတောင် မြေပြင်က မသွားဘူးကွ၊ ဟယ်လီကော့ပတာ(ရဟတ်ယာဉ်ပျံ) တစ်စီး ဝယ်ထားအုံးမယ်ကွ”

          “ဒါဖြင့် .... မင်းသူ့လို... ဝန်ကြီးချုပ်ဖြစ်အောင် လုပ်ပါလားကွ”

          “မင်းလို.. ငါ့သူငယ်ချင်းက ဗိုလ်ချုပ် အောင်ဆန်းလို လူဆိုရင် ဖြစ်တာပေါ့ကွာ”

          “အောင်မယ်လေး... ငါကပဲ မင့်အတွက် သေပေးနေရအုံးမှာလား ကွာ၊ တော်စမ်းပါ”

          “ငါ့ဗိုက်ထဲ ဘီယာတွေနဲ့ကွာ။ ကော်ဖီနဲ့ မဖြစ်ပါဘူး”

          “မင့် ငါ ကော်ဖီတိုက်ဖို့ မဟုတ်ပါဘူးကွာ၊ ပြောစရာရှိလို့ပါ” 

          “လူရှုပ်တယ်ကွ၊ ငါ့ ကိစ္စအရေးကြီးလို့” 

          “အင်း .. မင့်ကိစ္စမှန်သမျှ တုတ်တုတ်ခဲခဲကြီးချည်းပေါ့”

           တင်မောင်ကို ကို မိတ်ဆွေသိပြီးဖြစ်ပေလိမ့်မည်။ ဒီကောင်မှာ ဂေါ် ကောင်သက်သက်ဖြစ်ပါသည်။ လူ့ဘဝသို့ ဤကိစ္စအတွက် သက်သက် ရောက်လာဘိသို့ ဆယ့်နှစ်ရာသီ ဤဂေါ်မှုနှင့် အလုပ်ရှုပ်လျက်ရှိပါသည်။ ဘယ်တော့မှ စွံတာလည်းမတွေ့ရသေး။ သူ့ဂေါ်ပွဲမှာ အစ၌လည်းကောင်း၊အလယ်၌လည်းကောင်း၊ အဆုံး၌လည်းကောင်း၊ တစ်နေရာရာတွင် တစ် နည်းနည်းဖြင့် အဆင်မပြေ၊ အခြေမလှဖြစ်၍ နေတတ်၏။ တစ်ခါတစ်ရံ၌ သူ့ဂေါ်ကိစ္စတွေမှာ ကျွန်တော့ကိုပင်လာရောက် ဂယက်ရိုက်တတ်လေရာ၊ မန္တလေးရွှေမြို့တော်မှာပင် နှစ်ကြိမ်မျှပေါ်ဦးကသူ့အတွက် ဆောင်ရွက်ပေး ခဲ့ရပါသည်။ မိတ်ဆွေမှတ်မိဦးမလားတော့မသိ။ တစ်ကြိမ်က တောင်ပြုံးပွဲ တော်မှာ နောက်တစ်ခါက ၅၁နှစ်နိုင်ငံတော် သင်္ကြန်တွင်း ရွှေခြေကျဉ်းမှု....။

          ယခုလည်းဤဂေါ်ကိစ္စမျိုးပင်ဖြစ်ရချေမည်။သူ့၌အခြားဘာအလုပ်မှမရှိ။ထို့ကြောင့်ရန်ကုန်မြို့တွင်နေရာသန့်သလောက်လူအရှင်းဆုံးဖြစ်သောဘားမားကော်ဖီဟောက်စ်သို့ရောက်၍ နှစ်ယောက်သား ထိုင်မိကြ သည်တွင် ကျွန်တော်က

          “ကဲ တင်မောင်ကို မင့်ဟာ ဂေါ်ကိစ္စချည်းပဲ မဟုတ်လား” 

          သို့သော် ဒီကောင်မှာ ထုံးစံအတိုင်း မျက်နှာကိုကြံ့ ကာ

          “မင်းပြောလိုက်ရင် ပေါ့ပျက်ပျက်ချည်းပဲ၊ ဒီတစ်ခါ တကယ်အရေး ကြီးတယ်ကွ”

          “အင်း မင့်ကိစ္စမှန်သမျှ သေးသေးသွယ်သွယ်ကို မရှိဘူး။ ဆင်နဲ့ဝေလ ငါးနဲ့ စပ်ကျတာချည်းပဲ”

         “ဟေ့ကောင် တော်စမ်းကွာ၊ ဒီမှာ အေးဆွေ၊ မင်းအချစ်ရဲ့ သဘော တရားကို ဘယ်လောက်နားလည်သလဲ”

          “ဟကောင်ရ၊ ငါ့ကိုယ်ကို ဟိုစာရေးဆရာတွေလို အချစ်အဘိဓမ္မာ ဆရာရယ်လို့လဲ တစ်ခါမှ မကြားဖူးပါဘူးကွာ”

          “တယ် အေးဆွေ စကားညွန့်ရှည်လိုက်တာကွာ၊ ဒီမှာ ဟေ့ကောင် အချစ်စစ် အချစ်မှန်ဆိုရင် အဆင့်အတန်းမခွဲခြားဘူး မဟုတ်လား၊ အကောင်း ပြောစမ်း ....”

          “အင်း ... Love is blind အချစ်မှာ မျက်စိမရှိဘူးလို့တော့ ကြားဖူးတာပဲ”

          ဤနေရာ၌ သူသည် ကိုယ်ကိုကြွ၍ စားပွဲကိုပင် လက်ဝါးစောင်း နှင့်ခုတ်လိုက်ကာ ..

          “အေး ဒီစကားဟာ အင်မတည့် အင်မတန်မှန်တယ်ကွ၊ တကယ့်ပညာ ရှိတွေရဲ့ စူးစမ်းလေ့လာချက်ပဲဟေ့၊ ဒီမှာ ငါအခု ဘယ်သူ့ကိုချစ်နေ သလဲ မင်းသိရဲ့လား ...”

          “ဘယ်သိမလဲကွ” 

          “ဆိတ်မကိုကွ”

           “ဟယ် ”

           ကျွန်တော် မျက်လုံးကို ဖြဲလိုက်ကာ

           “အဲဒါ အက်စ်ပီစီအေက မသိစေနဲ့ မင်းဒုက္ခရောက်လိမ့်မယ်”

           “မင်းကကွာ ဆိတ်မဆိုတာ ငါတို့အိမ်က ကောင်မလေးကို ပြောတာကွ”

           “ငါမှ မသိတာပဲကွာ” 

          “ထမင်းချက်တဲ့ ကောင်မလေးကွ” 

          “ဟင် မင်းဟာက အိမ်ကအစေခံ” 

          “အင်း၊

          ဒါကြောင့် အချစ်စစ် အချစ်မှန်ဆိုတာ အဆင့်အတန်းမခွဲခြား ဘူးမဟုတ်လားလို့ မင့် ငါမေးတာပေါ့ကွ၊ ဒီမှာ အချစ်စစ်အချစ်မှန် ဆိုတာလဲ ငါပြောပြဦးမယ်၊ မဒီတွေရှိုးပေးတဲ့နေရာမှာ မြူချောချောကိုရှာပြီး တမင်္ဂလာ ဂေါ်တဲ့ အချစ်မျိုးကို ခေါ်တာမဟုတ်ဘူးကွ၊ သူ့အလိုလိုမသိမသာ ဖာသိဖာ သာပေါ်လာတဲ့ဟာမျိုးကိုမှ ခေါ်တာကွ၊ ဘယ်လိုလဲဆိုရင် ငါအခုချစ်နေတဲ့ကောင်မလေးဟာ ငယ်ငယ်ကလေးကတည်းက ငါတို့အိမ်မှာ နေခဲ့တာကြာ လှပြီ။ ဟိုတုန်းက ငါ သူ့ကိုဘယ်လိုမှ မအောက်မေ့ခဲ့ဘူး။ ဘယ်လိုမှ စိတ် မကူးခဲ့ဘူး။ ဒါပေမဲ့ နောက်သီတင်းနှစ်ပတ်လောက်ကမှ ငါသူ့ကိုကြည့်ရင်း ကြည့်ရင်းနဲ့ ဘယ်လိုဖြစ်လာမှန်းမသိဘူး။ သနားသလိုလို တို့ခိုင်းစေရတာ အားနာသလိုလိုဘွဲ့ ၊ သူ့ကိုမြင်ရင်လဲ ရုတ်တရက်မျက်စိ မခွာနိုင်ဘူး။ စိုက် စိုက်ကြည့်နေမိတယ်ကွ ..”

          “ကောင်မလေးက ဘယ်အရွယ်ရှိပြီမို့လဲ” 

          “၁၆နှစ်၊ ၁၇နှစ်ပေါ့ကွ” 

          “အင်း မင့်ဟာက တယ်ထူးဆန်းတာပဲ”

          “အေး ဒါနဲ့ ငါ့ကိုယ်ငါ သေသေချာချာ စီစစ်ဝေဖန်ကြည့်တော့လား လား ငါသူ့ကို ချစ်နေတာကိုးကွ၊ အဲဒါမှ ထူးဆန်းတာကွ၊ ဖူးစာပဲလို့ အောက် မေ့တာပဲကွာ”

          “အေး အဲဒါ မင်းဘယ်လိုလုပ်မလို့လဲ”

           “ဒါ မင့်ခေါ်ပြီး တိုင်ပင်တာပေါ့ကွ” 

          “ယူသင့် မယူသင့်လား” 

          “မဟုတ်ဘူး၊ ဘယ်လိုရအောင် ယူရမလဲလို့” 

          “ဟာ ဒါက ကိုယ့်အိမ်ကကြက်၊ ကိုယ့်လက်ထဲနေတာဟာပဲ”

           “မင်းက ဒါလောက်လွယ်တယ် မထင်နဲ့” 

          “မင်း စကြည့်ပါလား” 

          “ငါအတိအလင်းဖွင့်ပြောပြီးပြီ” 

          “ဒီတော့ ဘာပြန်ပြောလဲ” 

          “သူ့အမေပြောတဲ့” 

          “မင်းသူ့အမေ မပြောဝံ့ဘူးလား” 

           “ပြောတာပေါ့ကွ” 

          “ ဒီတော့ ဘာပြန်ပြောလဲ” 

          “ငါ့ဦးကြီးပြောတဲ့”

          “သူ့ဦးကြီးက ဘယ်မှာနေတာမို့လဲ” 

          “အို ငါ့အိမ်က ငါ့ဦးကြီးကို ပြောတာကွ” 

         “ဪ ဆောရီး”

          ဒီကောင်မှာ မိဘမရှိ၊ ပစ္စည်းချမ်းသာသော ဦးကြီးတစ်ယောက်၏ အအုပ်အထိန်းနှင့်နေရသူ ဖြစ်ပါသည်။

          “ ဒီတော့ မင်းဦးကြီးက ဘာပြန်ပြောလဲ”

          “ဟ ဦးကြီး ငါ ဘယ်ပြန်ပြောဝံ့မလဲဟ၊ ငါ့အိမ်က အစေခံယူမယ့်ဟာ ကို ဘယ်နည်းနဲ့မှ သဘောတူမှာမဟုတ်ဘူး”

           “ဒါဖြင့် မင်းဘယ့်နှယ့်လုပ်မလဲ” 

           “အဲဒါတိုင်ပင်တာပေါ့ကွ”

          “ဩော် မင်းကြီးကြီးကို ငါက နားချပေးစေချင်တယ် ဆိုပါတော့၊ ဒါပေ မယ့် မင့်ဦးကြီးနဲ့ ငါနဲ့လည်းမရင်းနှီးပါလားကွာ”

          “အမယ်လေး မင့်ကိုယ်မင်း ကြီးကျယ်လိုက်တာကွာ၊ ရင်းနှီးကော ရမှာလားကွ၊ မင်းနဲ့ငါ ဘာထူးလို့လဲ ဒီမှာ ငါစိတ်ကူးရတာက မင့်လူ ပေါ်အူးဆီ အကြံဉာဏ်တောင်းရရင် ဟန်မလားလို့”

          “အေး အဲဒါ ကောင်းသားပဲ”

          “ဒါဖြင့် လုပ်စမ်းကွာ”