စာအုပ်အချက်အလက်သို့ ကျော်သွားပါ။
1 7

စိတ်ကူးချိုချိုစာပေ

သော်ဇင်အုံး - စာကြည်တိုက်ကလေးကဗျာများ

သော်ဇင်အုံး - စာကြည်တိုက်ကလေးကဗျာများ

ပုံမှန်ဈေး 1,500 Ks
ပုံမှန်ဈေး ရောင်းဈေး 1,500 Ks
ရောင်းရန် ရောင်းကုန်ပြီ
Type

စာကြည့်တိုက်

 

စာကြည့်တိုက်ကို သွားကြမယ် 

ကိုယ်ဖတ်ချင်တာ ဖတ်ပါကွယ်

 

သူငယ်ချင်းတွေ တူတူပျော် 

ဗဟုသုတ ရတယ်နော်

 

ပင်လယ်ပျော်နဲ့ တောင်တန်းသား 

စာအုပ်ထဲမှာ ရှိတယ်ဗျား

 

ရေခြားမြေခြား ကလေးတွေ 

ငါတို့လိုပဲလေ

 

သိချင်တာတွေ သိကြဖို့ 

စာအုပ်လေးတွေ ဖတ်ကြစို့။

 

 

မေမေ ဝတုတ်တုတ်

 

မိုးလင်းမိုးချုပ် 

အလုပ်ရှုပ် 

မေမေ ဝတုတ်တုတ်

 

ဖိုးဝရုပ်နဲ့ မတူပါ 

မေမေ ပိုလှတာ

 

ပါးပြင်ပေါ်မှာ 

ပါးကွက်ကြား 

သားသားမွှေးဖို့ဗျား။

 

 

 

 

နံနက်ခင်း

 

ငှက်သံလေးတွေ ကြားရပြီ 

နံနက်လင်းတော့မည်

 

ဘွားဘွားဆီက ရွတ်သံကြား 

ဗုဒ္ဓမြတ်တရား

 

ငြိမ်းချမ်းပါစေ သတ္တဝါတွေ 

မေတ္တာပို့လို့နေ

 

အမျှဝေလို့ ကုသိုလ်ပွား

အားလုံးရစေသား။

 

လယ်တဲလေး

 

လယ်ကွင်းထဲက တဲလေးမှာ 

ဘိုးဘိုးဘွားဘွား နေကြတာ

 

မိုးတွင်းအခါ စပါးစိုက်

ဆောင်းမှာ ရိတ်သိမ်းလိုက်

 

နွေရာသီမှာ နားကြတယ် 

နောင်နှစ်စိုက်ဖို့ကွယ်

 

ချိုးလေးတွေရယ် ကူသံပေး 

လယ်ကွင်းထဲက လယ်တဲလေး။

 

ဈေးဝယ်သွား

 

ဈေးကိုသွားမယ့် မေမေရယ် 

သားသားလိုက်ခဲ့မယ်

 

မေမေကြိုက်တာ ဝယ်လိုက်ပါ 

သားသားစားမယ်ဗျာ

 

ဆွဲခြင်းကြီးက လေးနေလား 

သားသားဆွဲမယ်ဗျား။

 

အသေးစိတ်အချက်အလက်အပြည့်အစုံကို ကြည့်ပါ။