Skip to product information
1 of 6

Other Websites

သု(သဒ္ဓမ္မရံသီ) - နေ့စဥ်ဘဝလူတိုင်းလှဖို့

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

စီးမျောမှုတွေနဲ့ဘဝ

 

          နေ့စဉ်နဲ့အမျှဘဝလေးမှာ လှုပ်ရှားရ ရုန်းကန်ရနဲ့ သံသရာ ခရီးကြမ်းကို အသော့နှင်နေလေရဲ့ ...။ အချို့ နေရာတွေမှာ သာယာမှု အတိနဲ့ ကုသိုလ်ဖြစ်ဖွယ်ရာ... ကုသိုလ်စိတ်ဖြစ်အောင် မွေးမြူနိုင်ပေ ရာ...။ အချို့ အကွေ့များကျတော့ မသာမယာ မရှုချင့်စဖွယ် အကုသိုလ်စိတ်ဖြစ်အောင်တွန်းအားသန်ခဲ့ကြတယ်။ကုသိုလ်တရား ဟာနေ့စဉ်နဲ့အမှျ  ဖြစ်တိုင်းဖြစ်တိုင်းသောရောက်ရာအရပ်ဖြစ်ရာဘဝကို ဖြူစင်စေပါ၏။ လှပစေပါ၏။သန့်ရှင်းစေပါ၏။ ကြည်လင် စေပါ၏။ တောက်ပစေပါ၏။ ချမ်းသာစေပါ၏။ အကုသိုလ်တရား ကတော့ ထိုသို့မဟုတ်ပါ။ ပစ္စုပ္ပန်အချိန်လေးနဲ့အတူ ဆက်တိုင်း ဆက်တိုင်းသော ဘဝလေးကို အမြဲထာဝရမည်းညစ်စေရာ၏။ လှပမှုဘဝ တစ်ခုကို မတည်ဆောက်ပေးနိုင်ပါ။ စိတ်ထားမြင့်မြတ်ပါမှဘဝမြင့်မြတ်ပါမည်။နေ့စဉ်စိတ်ထားမြင့်မြတ်ပါက နေ့စဉ်နဲ့အမျှဘဝလေးဟာမြင့်မြတ်နေပါမည်။စိတ်တည်ဆောက်မှုမမှန်ကန်တဲ့အချိန်ဟာဘဝတစ်ခုတည်ဆောက်ရာမှာလည်း တည်ငြိမ်အေးချမ်းမှု မရှိနိုင်တော့ပါ။နေ့ရှိသရွေ့ဘဝတွေကုန်ဆုံးအောင်မကျင့်နိုင်သမျှကာလပတ်လုံး စိတ်ကို ဖြူစင်အောင်ကျင့်ဖို့ပါ။

          လောကကြီးမှာ ကိုယ့်ကိုကိုယ်သာလျှင် သနားစရာ အကောင်း ဆုံးပါ။ ကိုယ့်ကိုကိုယ်သာလျှင် ချစ်စရာ အကောင်းဆုံးပါ။ သနားရာ ရောက်အောင် ကျင့်ဆောင်ပါ။ ချစ်ရာရောက်အောင် အနှစ်ဆောင်ပါ။ မည်းညစ်စေရာ မလှပနိုင်စေရာ အကုသိုလ်အကြောင်းတရားတို့ကို ဘယ်သောခါမှ မလွန်ကျူးမိပါစေနဲ့...။ ရတနာသုံးပါး မိဘ ဆရာ သမားတို့ရဲ့ အပေါ်မှာ ဝတ္တရားကင်းမဲ့မှု သတိတရားတို့ မလစ်လပ်ပါ စေနဲ့ ... နေ့စဉ်ဘဝလေးနဲ့ နေ့စဉ် ဝတ္တရားတို့ဟာ သတိရှိသူများအဖို့ (မမေ့မလျော့သူများအဖို့) ကောင်းမြတ်ဖြူစင်တဲ့ နေ့စဉ်ဘဝအတွက် လက်ဆောင်ကောင်းတွေ အပ်နှင်းဖို့ရာ စောင့်ကြိုနေလေရဲ့ ...။

          ဒါနဲ့ လူမိုက်တိရစ္ဆာန်၊ နိဗ္ဗာန်စကား အလွန်ခါးသတဲ့...။ မိုးခါးရေကို သောက်သုံးလိုသူများအတွက်တော့ ချိုမြိန်ရေဟာ အလကားပါ။ နေ့စဉ်နဲ့အမျှ ဖြတ်သန်းနေရတဲ့ဘဝ လှပရေးသည် လူတိုင်းလူတိုင်းမှာ မမေ့မလျော့ မပေါ့မဆ အပ္ပမာဒတရားကိုယ်စီ ရှိကြဖို့ပါ။ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်မယ်။ မိဘအတွက် တာဝန်တွေ ကျေပွန်ကြမယ်။ ကိုယ့်အတွက်လည်း ဥစ္စာ၊ပညာရှာဖွေရာမှာ အကုသိုလ်မစွန်းထင်ဖို့။ မကင်းကွာနိုင်တဲ့ ပက်ဝန်းကျင်ကိုကုသိုလ်စိတ်များများနဲ့ပေးဆပ်လိုက်နိုင်ဖို့။ ထိုဖြည့်ဆည်းဖြည့်စွက်မှု ပီတိကိုရယူခံစားနိုင်ဖို့ရာ အဓိကပါ။နေ့စဉ်ဘဝလေးလှပနေပါမည်။ ဘဝအထီးကျန်သော်လည်းနေ့စဉ်ကြည်နူးမှုတွေနဲ့သာယာနေပါမည်။ ဒါ့ ကြောင့်ဘဝတစ်ခုကိုအရင်းပြုပြီးမတိမ်ကောနိုင်တဲ့အလှသစ္စာတရား။ထိုတရားကိုရှာဖွေကြရာ၏...တဲ့။

 

နေ့စဉ်ဘ၀လေးထဲမှာ ဘယ်လိုနေထိုင်ကြမလဲ 

          ဘဝတစ်ခုဟာ အချိန်ကာလနေ့ရက်တွေနဲ့ အမြဲတစေ ဆက်စပ် လျက်နေ၏။ ဘယ်လိုမှကို ခွဲမရအောင် ဒွန်တွဲလျက်ယှဉ်နေ၏။ အချိန်တွေ ကုန်ဆုံးလာခဲ့သည်နဲ့အမျှ ဘဝထုထည်ကြီး ပါးပါးလာ သည်။ မည်၍မည်မျှ ပါးလျလာခဲ့သည်ကို ဘယ်သူမှ သတိမထားခဲ့မိ ကြ။ ရက်တွေ ကုန်ဆုံးလာသည်နဲ့အမျှ ဘဝတွေဆုံးရှုံးလာခဲ့သည်။ နေ့တွေ ကုန်ခန်းလာသည်နဲ့ အမျှ ဘဝကြီး မှန်းမရအောင် ရွေ့လျား လာခဲ့သည်။ ဤ၌ ကောင်းသောကုန်ဆုံးမှု တွေနဲ့လား...?မကောင်းသောကုန်ဆုံးမှုတွေနဲ့လား...?ဆိုတာကိုတော့စဉ်းစားမှုဖြင့်အချိန်ကုန်ဆုံးလာတတ်ဖို့နဲ့အသုံးချတတ်ဖို့တော့လိုပါမည်။ဒါ့ကြောင့်နေ့စဉ်ဘဝလေးထဲမှာဘယ်လိုနေထိုင်ကြမလဲ?။ ပြီးတော့- နေ့စဉ်ဘဝ လူတိုင်းလှဖို့ကရော...။ ။

          နေ့စဉ်နဲ့ဘဝသည် မကောင်းမှုဘက်မှာရော၊ ကောင်းမှုဘက်မှာ ပါ တူညီစွာ ဖြတ်သန်းကြရသည်။ မကောင်းမှုဖြင့်ဘဝတစ်ခုကိုတည်ဆောက်လာခဲ့ပါမူ ထိုအချိန်ထိုနေ့သည် မကောင်းခြင်းဖြင့် ဆုံးရှုံးသောနေ့တစ်နေ့ပင်ဖြစ်ပါသည်။ ကောင်းမှုများဖြင့် ဘဝတစ်ခုကိုမှီတွယ်အိမ်ဖွဲ့မိမယ်ဆိုရင်တော့ ထိုအချိန်ထိုနေ့သည်ကောင်းခြင်းလက်ဆောင်ပေးဝေသောနေ့၊စုဆောင်းသောနေ့ပင်တည်း။နေ့စဉ်ဘဝလေးသည်မည်းညစ်မှုအကုသိုလ်ဒုစရိုက်တွေနဲ့ မွန်းကြပ်နေမယ် ဆိုရင်တော့ ဘယ်လိုလှပနိုင်အံ့နည်း...။ ဖြူစင်မှုကုသိုလ် သုစရိုက် တို့မှာ တွဲခိုမိမယ်ဆိုရင်တော့ ပြောဖွယ်မရှိ ဖြူစင်နေဘိတော့၏။

          နေ့စဉ်တိုင်းသော အချိန်တို့သည် ဘဝကို သိသိသာသာ ပြောင်းလွဲစေပါ၏။ အသုံးချတတ်မှုမှာ မူတည်သလို အသုံးမချတတ်၊ ဖြုန်းတီးမှုများရင်လည်း အကျိုးပေးသည် မြန်ဆန်ထင်ရှားလှသည်။ ဘဝထဲက နေ့စဉ်အချိန်တွေကို ဘယ်လိုအသုံးချမလဲ...?။ ဘယ် အတိုင်းအတာတစ်ခုအထိ ကျင့်သုံးတည်ဆောက်မလဲ...?။ နေ့စဉ်ထဲကဘဝကိုရောဘယ်အထိညှာတာင့်ကွက်သနားချစ်ခင်တွယ်တာနေဦးမလဲ...?။ဘယ်အတိုင်းအတာအထိ ခိုင်မာရေရာ သေချာစေမည့် စိတ်ဓာတ်မြှင့် တည်ဆောက်မှုတွေ မည်မျှအဆင့်မြင့် ခိုင်မာသေချာနေပြီလဲ...?။ အချိန်သည် နေ့စဉ်ဘဝလေးထဲကို တိုးဝင်သက်ဆင်းနေတာကြောင့် အမူအရာပုံသဏ္ဌာန် သရုပ်သကန် တွေနဲ့အတူ ဆုတ်ယုတ်နေပါမည်။ တိုးတက်နေပါမည်။

          သို့ပါ၍

          အချိန်သည် ဘဝတစ်ခုရဲ့ ကြီးမားသောတန်ဖိုးပါ။ 

          အချိန်ကို အသုံးမချတတ်ပါရင် တန်ဖိုးဆုံးတတ်ပါသည်။

          အချိန်ကို ကြည့်ရှုသုံးသပ်ပါက တန်ဖိုးတွေ သိတတ်ပါသည်။

          အချိန်တစ်ခု ကျော်လွန်လာပါက ဘယ်လိုမှကို ပြန်ငဲ့ယူ၍ မရနိုင်ပါ။

          အချိန်တိုင်း အချိန်တိုင်းဟာ တန်ဖိုးမဖြတ်နိုင်လောက်သော အဖိုးတန်များနဲ့ ပြည့်နှက်နေပါတယ်။

      

         ငွေအသပြာကို ရှာသူများအတွက်- အချိန်တိုင်းဟာ ငွေ အသပြာတွေပါ။

         (All the time is moneny for treaders.)

 

           ပညာကို ရှာသူများအတွက်- အချိန်တိုင်းဟာ ပညာတွေပါ။

          (All the time is wisdom for wiso man.) 

 

          ဥစ္စာကို ရှာဖွေသူများအတွက်- အချိန်တိုင်းဟာ ဥစ္စာတွေပါ။ 

         (All the time is property for hard workers.) 

 

          ဓမ္မကို ရှာဖွေနေသူများအတွက်- အချိန်တိုင်းဟာ ဓမ္မတွေပါ။ 

         (All the time is Dhamma for Dhamma lovers.)

 

          နေ့စဉ်ဘဝလေးကို ငွေအတွက် အသုံးချရှာဖွေသလို ပညာ အတွက်လည်းရှာဖွေနိုင်ပါစေ။ ဥစ္စာရှာဖွေရာမှာအသုံးဝင်သလို ဓမ္မ ဆည်းပူးတဲ့နေရာမှာလည်း ထိရောက်ပါစေ။ ပိုသည်မရှိတဲ့ “သတိ” အမြဲရှိရပါမယ်။ နေ့စဉ် ဘဝလေးကို လောကဝတ္တရားတွေ ကျေပြွန် ပါစေ.......။ လွန်ကျူးနိုင်စေရာ အားလုံးကို ကျော်ဖြတ်နိုင်ပါစေ...။

 

ဆည်းပူးသင့်ရာအားလုံးကို ဖြည့်ဆည်းနိုင်ပါစေ...။ နည်းခံသင့်ရာ အားလုံးကို တိကျနိုင်ပါစေ...။ လောကကြီးသည် နေ့စဉ်ဘဝလေးရဲ့ အားထားစရာ ဆရာပါ။

 

          ချိုမြိန်နေတဲ့လောက

          ချစ်စရာကောင်းတဲ့ လောကကြီးဟာ 

          နေ့စဉ်ဘဝလေးရဲ့ ဆရာ-။ 

          ခါးသက်နေတဲ့လောက 

          မုန်းစရာကောင်းတဲ့ လောကကြီးဟာ 

          နေ့စဉ်ဘဝလေးရဲ့ ဆရာ-။ 

          မနှစ်မြို့ဖွယ်လောက 

          ရွံရှာဖွယ်ရာလောကကြီးဟာ 

          နေ့စဉ်ဘဝလေးရဲ့ဆရာ-။ 

          ကောက်ကျစ်တတ်တဲ့လောက 

          လိမ်ညာလှည့်စားတတ်တဲ့ လောကကြီးဟာ 

          နေ့စဉ်ဘဝလေးရဲ့ ဆရာ-။ 

          ပစ်ပယ်တတ်တဲ့လောက 

          ဥပေက္ခာလောကကြီးဟာ 

          နေ့စဉ်ဘဝလေးရဲ့ ဆရာ-။

          

          ဘာများ ဝမ်းနည်းစရာရှိသလဲ...?။ ဘာကိုများ ကြောက်ရွံ့နေ ကြမလဲ...?။ ဆရာလောကကြီးကို စူးနစ် မျက်လုံးများဖြင့် ရဲရဲကြည့်ပါ။ များများနည်းယူပါ။ ပြီးတော့ ဆရာပေးသမျှဘွဲ့လက်မှတ် တို့ကို ကောင်းမွန်စွာ ရယူသိမ်းဆည်းပါ။ တကယ်လျှောက်တော့မည့် လမ်းကြောင်း (လမ်းကောင်း) ကို ရွေးချယ်ပါ။ မဆုတ်နစ်သော ဝီရိယ (ဇွဲလုံ့လ) တို့ကို အစွမ်းကုန်လွှင့်ထူပါ။ နောက်ဆုံး လျှောက် ဖြစ်အောင်သာ လျှောက်ပါ။

 

         သို့ဆိုပါရင်

         နေ့စဉ်ဘဝလေး 

         မှန်ကန်မှုကျင့်သုံးခြင်းတွေကြောင့်-

         သာယာနေပါမည်။ လှပနေပါမည်။ ငြိမ်းချမ်းနေပါမည်။

 

         နေ့စဉ်ဘဝလေး 

         မမှန်မကန် ကျင့်သုံးဖြစ်မယ်ဆိုရင်

         သာသာယာယာရှိမည်မဟုတ်။ လှပနေမည်မဟုတ်။ ငြိမ်းချမ်းနေမည်မဟုတ်ပါ။

 

          ဥပမာ-သူတစ်ပါးကို မျက်လုံးစိမ်းတွေနဲ့ ကြည့်ဖြစ်လိုက်မယ်၊ ကြည့်လိုက်မိမယ်ဆိုပါရင် ငါ့ကို ဘယ်သူက ငါကြည့်သကဲ့သို့ ကြည့်မလဲ...? သူကြည့်ပါက ငါကရောလက်ခံနိုင်မလား?။ ဘယ်လို တုန့်ပြန်မလဲ...? အစရှိတဲ့ မကောင်းမှုအကုသိုလ်တွေဟာ သံကိလိဋ္ဌအမြဲတစေ ပူလောင်မှုတို့ဟာ ဘယ်တော့မှ ငြိမ်းမည် မဟုတ်ပါ။ နှုတ်နဲ့ ပြောဆိုဆက်ဆံ လွန်ကျူးမှုတွေ...၊ ကိုယ်နဲ့ ပြုလုပ်လွန်ကျူးမှု တွေ အစရှိတဲ့ ပူလောင်မှုအတွေးတွေကို နယ်မချဲ့မိပါစေနဲ့။ နယ် မချဲ့မိအောင် “သတိ” ဆောင်ပါ။

          သတိတစ်လုံး လက်ကိုင်သုံးမိပါက ဆရာလောကကြီး ပေး လိုက်တဲ့ ဘွဲ့ဒီဂရီပညာများထဲက အနုအရွလေး တွေရှိမယ်။ အစူး အရှလေးတွေ ရှိမယ်။

          အနုအရွလေးတွေရဲ့ မြစ်ဖျားကို အသေအချာ ဆုံးခန်းတိုင်အထိ ခံစားကြည့်ပါ။ ဘယ်သူမှ မကန့်ကွက်ပါ။ မတားမြစ်ပါ။ အတော မသတ်နိုင်တဲ့ လောဘဇောနဲ့ပဲ ပြေးရင်းလွှားရင်း မောဟိုက်လာတတ် ပါသည်။ မောလာသမျှတော့ ဘယ်သူဖြစ်ဖြစ် နားချင်လာမည်။ အနားယူချင်လာပါတော့မည်။ ဘယ်မှာနားမလဲ...?။ ဖြတ်သန်း ပြေးလွှားလာခဲ့တဲ့ လမ်းခရီးသည် ငြိမ်းအေးရာမရှိ၍ အမောမပြေနိုင်။ ထို့ကြောင့် နားခိုဖို့ရာ မဖြစ်နိုင်ချေ။ ဒီအတွေးကို ဘယ်ကရသလဲ...? ဘယ်သူ့ကြောင့်လဲ...?။ (လောကကြီးသည် နေ့စဉ်ဘဝလေးရဲ့ ဆရာပါ။

          ဒါဖြင့် ဘယ်မှာနားခိုမလဲ....?

          အစူးအရှလေးတွေနဲ့ တွေ့ထိမိခဲ့ကြမယ်။ အစူးအရှလေးတွေရဲ့ ပေါက်ကွဲမှုသံစဉ်ကို ပြီးဆုံးအောင် နားဆင် ကြည့်ပါ။ဘယ်တော့ပြီးမလဲ...။ဘယ်တော့ရပ်တန့်မလဲ...?။အတောမသတ်နိုင်တဲ့ဒေါသမောဟတွေနဲ့ထွေးလုံးသတ်ပုတ်ရင်းနဲ့ အထိနာလာကြမယ်။ ထိုနာကျင်မှုဝေဒနာကို ပြေလျော့အောင် ပြန်ကလဲ့စားချေ ထွေးလုံး သတ်ပုတ်ဦးမလား...?။ ထိုထွေးလုံးသတ်ပုတ်ခြင်းဖြင့် ငြိမ်းအေး  နိုင်ပါ့မလား...?။ သို့ဆိုပါရင် ပူလောင်နာကျင်မှု့ ဝေဒနာကို ပြေငြိမ်းရလေအောင် စွမ်းဆောင်ဖို့ရာလိုပါမည် ….တဲ့။ ဟုတ်ပါသည်။ တွေးတတ်ပါမှ မကောင်းသော ဇောစိတ်များကို ဝေးဝေးက သတ်နိုင် ပေမည်။ ဤဆင်ခြင်တုံတရားရဲ့ အားသည်ကား.................။

          (လောကကြီးသည် နေ့စဉ်ဘဝလေးရဲ့ ဆရာပါ။)

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)