သုခမိန်လှိုင် - ရိုဘတ်စ်အရော
စုံလင်ခြင်း
တစ်ကြိမ်မျှ မရောက်ဖူးသော မြို့ကလေးသို့
ပထမဆုံးအကြိမ် ရောက်လာပါသည်
လများ၊ နှစ်များ ကြာသောအခါ
မြို့ကလေးကို တော်တော်များများ သိသွားပြီ
လမ်းများ၊ လူများ၊ နာမည်များ၊ ဘဝများ...
သို့သော် ထိုသိသည်မှာ တကယ်သိရဲ့လား၊ စုံလင်ရဲ့ လား
ဘုရားသခင်ထံမှ အသံဟိန်းသွားသည်
စုံလင်ခြင်း ရှိရဲ့လား
idea, August, 2011.
ရိုဘတ်စ်အရော*
ဘာကြောင့် ကိုယ်မသိတဲ့...ကိုယ်မသောက်ဖူးတဲ့...ကော်ဖီနာမည်ကို
ကဗျာနာမည်ပေးရသလဲ
ကိုယ့်နာမည်(အစစ်)နှင့် ကိုယ့်ဘဝကိုယ်တိုင်
ကိုယ်မသိခဲ့တဲ့နာမည်၊ ကိုယ်မသောက်ဖူးခဲ့တဲ့ကော်ဖီ
သေမင်းနှင့်နမ်းပြီး အသက်ရှင်ရတယ်
idea, July, 2011.