Skip to product information
1 of 16

စိတ်ကူးချိုချိုစာပေ

သုခမိန်လှိုင် - နံနံပင်ကိုပဲမုန်းမုန်းတေလာဆွစ်ကိုပဲမုန်းမုန်း

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

ချစ်သောစာ

 

          အချစ်နဲ့အမုန်းကို လှည့်ရေးခြင်းပဲဖြစ်ပါသည်။ 

          အမုန်းက ပိုနိုင်နေသော ကမ္ဘာကို ခံစားခဲ့ရပါသည်။

          ကိုယ်တိုင် ချစ်ရာမှ မုန်းသွားပြီး လက်နက်မကိုင်သော စစ်ပွဲထဲမှာ ပါဝင် သွားသော ကမ္ဘာလည်းဖြစ်ပါသည်။

          ဘာသာရေး၊ နိုင်ငံရေး၊ လူမျိုးရေးမှာ မုန်းကြရာမှ အနုပညာကဗျာမှာပါ ကိုယ်နှင့်မတူလို့ မုန်းသောအမုန်းကို တွေ့မိသွားသောအခါ မာယာကော့စကီ၊ ဆီလ်ဗီယာပလာ့သ်၊ ကိုဘိန်း၊ ကိုငြိမ်းတို့ကို သတ်သူတွေမှာ မုန်းသူတွေမဟုတ်၊ သူတို့ချစ်သူတွေ ဖြစ်နေပုံကို တွေ့ရပါတော့သည်။

          ကိုယ်ကြိုက်တဲ့အသင်း နိုင်စေချင်ပြီး ကိုယ်ကြိုက်တဲ့အသင်း မနိုင်နိုင် မှန်းသိမှ လှည့်ထွက်လို့မရသော လှည့်ကွက်လည်းဖြစ်ပါသည်။

          ကုလသမဂ္ဂမှာ၊ စာအုပ်များမှာ၊ မိန့်ခွန်းများမှာ ဆွေးနွေးပွဲများမှာ အမှာ စကားများ၊ အနုပညာများ၊ စတေးတပ်စ်များ နားထောင်ကောင်း၊ ကြည့်ကောင်း၊  ဖတ်ကောင်း မိုးပျံနေကြပါလိမ့်ဦးမည်။ ဤအထဲမှ ကျွန်တော် တစ်စွန်းတစ်စ ရွေ့ ထွက်လာနိုင်ပါဦးမည်လား။ စူပါမင်းမဖြစ် ဒုက္ခမင်း ဖြစ်ပြီ။

          ကျောင်းသင်ခန်းစာများထဲမှ မရဘဲ ကမ္ဘာကြီးတစ်ခုလုံး ဝရုန်းသုန်းကား အသင်ခံရသော ကိုယ့်ကဗျာသည် ဘယ်သူ့ကို၊ ဘယ်အရာကို အန်တုဖို့ပါလဲ။

          ဖေဖော်ဝါရီ ဗယ်လင်တိုင်းဒေးမှာ 

          ရေးမိနေသော အချစ်စာလည်းဖြစ်ပါသည်။

                                                                                                               ၁၄ ဖေဖော်ဝါရီ၊ ၂၀၁၇

 

 

၁၀-၂-၂၀၁၇ BBC သတင်းကြောင့် 

ဤကဗျာစာအုပ် ဖြစ်လာပါသည်။

 

ကိုယ့်ဘုရားကို သူများမုန်းအောင် မလုပ်မိစေနဲ့

 

                                                            ဘုရားတွေ မတူတဲ့အခါ 

                                                          ကိုးကွယ်မှုတွေ အယူဝါဒတွေ

                                                              မတူကြတဲ့အခါ 

                                            ကိုယ့်ဘုရားကို သူများမုန်းအောင် မလုပ်မိစေနဲ့

 

 

 

         အချစ်နဲ့ကဗျာ

 

          အချစ်နဲ့ကဗျာ 

          ဘယ်အရာကို စွန့်မလဲ

          ညာလက်နဲ့ ဘယ်လက် 

          ဘယ်လက်ကိုများ မင်း စွန့်နိုင်မလဲ