Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

သိမ်းတင်သား - အာလာပသလ္လာပ

Regular price 1,700 MMK
Regular price Sale price 1,700 MMK
Sale Sold out

ရောင်ပြ... လစ်ပြီကွ

 

          မြန်မာပြည်မှာ တိုင်းနဲ့ပြည်နယ် ဘယ်နှခုရှိပါသလဲ။ ခုရော ဘယ်နှ ခုရှိသလဲ ဒီလိုမေးလာခဲ့ရင် အဲဒီဓမ္မဓိဋ္ဌာန်မေးခွန်းကို မဖြေလိုက်နဲ့။ ပြန်ပြီး မေးလိုက်စမ်းပါ ကျောင်းကြီးဒကာ။ မေးတဲ့သူကို ပြောတာ။ မင်းသိတာ ဒါပဲလားလို့။ ကိုယ်ပိုင်အုပ်ချုပ်ရေးလိုချင်လို့ သူပုန်ထတာ (၁၉)ဖွဲ့ တောင် စာရင်းပေါက်သတဲ့။ နည်းသေးတယ်ကွယ်။ ဘယ်လိုလုပ်ငြိမ်းချမ်းရေး ရမှာလဲ။ မျှသာယူကြပေတော့ကွယ်။ ၁၉ နယ်။ ဒီလိုလား.. ဟိုတုန်းကတော့ ဖယ်ဒရယ်မူတွေ ဘာတွေရှိပါဘူး။ တို့ဖတ်ဖူးတာတော့ တိုင်းကြီး ၉ မျိုး၊

မော်ကွန်းထိုး၊ အုပ်စိုးမြန်မာပြည်ပါကွယ်။ ပြောပြမယ်။ ခေတ်တော့ မီချင်မှ မီမယ်။ ဒီလို.. 

          (၁) သုနာပရန္တတိုင်း

                လယ်ကိုင်း၊ ဖောင်းလင်း၊ ကလေး၊ သောင်သွတ် စသောနယ်တို့ရှိရာ။ 

          (၂) တမ္ပဒီပတိုင်း

               ပုဂံ၊ ပင်းယ၊ အင်းဝ၊ မြင်စိုင်း... စသော ပြည်တို့တည်ရာ...။ 

          (၃) ကမ္ဗောဇတိုင်း

                သီပေါ၊ ညောင်ရွှေ၊ မိုးနဲ... စသောပြည်တို့တည်ရာ။ 

          (၄) ဇိန်တိုင်း (သူ့အထဲကအတိုင်းနော် ကိုကို)

                ဗမ်၊ ခွေးလုံး၊ စန္ဒာ... စသော ပြည်တို့တည်ရာ။ 

          (၅) သီရိခေတ္တရာတိုင်း

                သီရိခေတ္တရာ၊ ဥဒေတရစ်၊ ပန်းတောင်း... စသော ပြည်တို့တည်ရာ။ 

          (၆) ဇယဝဒ္ဓနတိုင်း

                ကေတုမတီ၊ ဇေယျဝတီ... စသော ပြည်တို့တည်ရာ... 

          (၇) ရာမညတိုင်း

                ဟံသာဝတီ၊ ဒဂုံ၊ ဒလ၊ ကုသိမ်၊ ရောင်ပြ(မြောင်းမြ)၊ မုတ္တမ စသောပြည်တို့တည်ရာ.. 

          (၈) ဟရိဘုဉ္စတိုင်း

                ဇင်းမယ်၊ ကျိုင်းသည်.. စသော ပြည်တို့တည်ရာ... 

          (၉) ခေမာဝရတိုင်း

                ကျိုင်းတုံ.. စသော ပြည်တို့တည်ရာ.. 

          (၁၀) မဟာနာဂရတိုင်း

                  ကျုံးရုံ၊ မိုင်းစည် စသော ပြည်တို့တည်ရာ..

 

          (စာ ၂၁၅၊ အရှင်သြဘာသာဘိဝံသ၊ သုတေသနသရုပ်ပြ အဘိဓာန်) ဘုန်းတော်ကြီးမို့ Up to dateမဖြစ်ရင်တော့... မတတ်နိုင်ပေါင် ဗျာ။ ဒါပါပဲ။ ပြောချင်တာက.. သပိတ်စုံ၊ သူပုန်ထတဲ့ ကိစ္စမဟုတ်ပါဘူး။ ရောင်ပြ (မြောင်းမြ) ကိစ္စပါ။ “စကြနန္ဒဘုရားကကြည့်ရင် “ချေးတုံး” တွေ မျောနေတဲ့အလှကို တွေ့ရမယ်လို့.. ဇာတ်လမ်းပမာ..ကို ဖျက်ဦးမလို့လား

ကျောင်းကြီးဒကာ။ ခုဟာက လောက်ဖျားကာလမဟုတ်ပေဘူး။ ပိုတယ်။ ရိုးသားကြိုးစား၊ ဧရာဝတီသား၊ တံတားတွေဆောက်၊ လမ်းတွေဖောက်၊ မြန်မြန်ဆောက်၊ များများဆောက်၊ ပြုတ်ကျကျိုးကျ၊ တို့မကြောက်ဘဲဗျ။

          “ရာမည” တိုင်း ကုသိမ်တွင် (ပုသိမ်တွင်) ကြိုးတံတားအသစ် တစ်စင်းနိုင်ငံတော်က စေတနာနဲ့လုပ်ပေးပါတယ်။ ကုသိမ်(ခုတော့.. ပုသိမ်) ပုသိမ်သားတွေ ဝိုင်းပြီးဆီးရွှင်လိုက်ကြတာ (ကျင်ငယ်စွန့်လိုက်တာ)... တံတားက နိမ့်ဆင်းသွားပါရော။ သူတို့ပြောတာနော်။ ။

          ရောင်ပြ(မြောင်းမြ)တံတား.. ကတော့ ၂၀၁၈ ခု၊ ဧပြီဖူးလ်မှာကြက်စာတင်ကားကြောင့် ကျိုးပျက်သွားရှာပြီ။ ပုသိမ်သားတွေက တံတား နိမ့်ရုံပဲ ပေါက်အားသန်တာ။ ပြတ်မကျဘူး။ မြောင်းမြသားတွေ လက်ချက် က... တံတားတောင် ကျိုးကြရရှာပါရောလား။ ထို့ကြောင့်.. ရာမညတိုင်း သားတို့သည် “အပေါက်သန်သည်ဟု ပြောရပေသတတ်။ မေးခွန်းတောင်... ပြင်မေးရတော့မှာ ကျောင်းကြီးဒကာ။

          မြန်မာပြည်ရှိ ကြိုးတံတားများကား သေးဒဏ်ခံနိုင်ရည် ရှိ၊ မရှိ လေ့လာစရာ... လို/မလို တင်ပြပါ... ဟူသတတ်။ ကောင်းကွာ...။ “လောက်ဖျားတို့၏ “ပေါက်အား” ကို သုံးသပ်ပါရန်။ တိုင်းကြီး(၁၀)တိုင်း တွင်... ရိုးသားကြိုးစား၊ ပြင်းအားသန်သော ရာမညတိုင်းသားများပေ တကား။ ခုတော့... လစ်သွားပေပြီ။

မှတ်ချက်။ ။ ဧပရယ်ဖူးလ်လုပ်ခြင်းမဟုတ်ပါကြောင်း။

 

ဂြိုဟ်တု ကျင်စိန်

          ဧပရယ်ဖူး တကယ်လုပ်သွားတာက... အပြန့်(ခေါက်ဆွဲကြော်ဆိုင် ပိုင်ရှင်) ပါ။ ကိုယ့်ဟာကိုယ်... အေးအေးဆေးဆေး... ဝက်သားသုပ်ရောင်း၊ ဘာဖြစ်မလဲ။ နာရီပြင်ပါလား၊ ကွန်ပါဘူးလုပ်ပါလား။ ဖောင်တိန်လုပ်ပါ လား၊ ဝက်အူချောင်းထဲ ယမ်းစိမ်းထည့်နည်း... အနီးကပ် ကျူရှင်ပေး.. ဘာဖြစ်ရမှာလဲ၊ ခုတော့.. ဂြိုဟ်တုလုပ်သတဲ့။ (လန်ကြောက်ပဲ)အီကြာကွေး မှမလုပ်တော့ဘဲ ဟန်းဖုန်းလုပ်သတဲ့။

 

ကိုးကုဋေစုပေါင်းအိမ်ရာ

          လုပ်သာလုပ်၊ တရုတ်လုပ်၊ တရုတ်စက်... တစ်ရက်စုတ်ပေါ့။ ခုဟာ က.. မကောင်းသူထိပ် ကောင်းသူထိပ်တဲ့။ မြေပြင်က ဘယ်လိုမှ သူ့ဂြိုဟ်တု ကို ပြန်ထိန်းသိမ်းဖို့ မဖြစ်နိုင်တော့ဘူးတဲ့။ စက်ပျက်ပြီတဲ့။ ကျချင်ရာကျ။ မင်းခေါင်းပေါ်သာမကျနဲ့။ သပိတ်မှောက်မှာစိုးလို့တဲ့။ ကောင်းရော.. (အပြန့် ရေ..) နာမည်က စွတ်ရွတ်မခေါ်လိုက်နဲ့၊ အသံမမှန်ဖြစ်နေမယ်။ မခေါ်ရဲဘူး။ Tiangong-1တဲ့ဗျား။ ကြယ်ကြွေသလို ကျလာမှာတဲ့။ ကြည့်သာနေ၊ ဘာမှ မဖြစ်ပါဘူးဆိုဘဲ။ သူငယ်ချင်း.. (ပန်းချီအေးကို) ဆိုတဲ့ ဖိုးတုတ်လည်း

ဒုံးပျံလုပ်မယ် တကဲကဲနဲ့။ သူက မိုးပျံပူဖောင်းရောင်းတဲ့ တရုတ်။ ဟုတ်တယ် လေ... သူတို့တောင်လုပ်သေးတာပဲတဲ့။ အဲဒါ... တစ်နာရီ ကီလို ၂၆၀၀၀

ကျော်နှုန်းနဲ့ကျလာမှာတဲ့ဗျာ။ မန္တလေး-ရန်ကုန် ရထားလမ်းအတိုင်းပဲ။ နယူးဇီလန် သို့မဟုတ် အမေဒစ်ကန်-အနောက်-အလယ်ပိုင်းကို ကျလာပြီ ဆိုပဲ။ အနောက်ဆိုလည်း အနောက်၊ ခုတော့ အနောက်-အလယ်ပိုင်းတဲ့ ကိုကျင်စိန်၊ တရုတ်စက်ဆိုတော့ မြေကျသာပါ့မလား။ တောနစ်ဆိုဖာ” ပဲ ဂွတ်ပါအပြန့်။ ခင်ဗျားဆောက်တဲ့ “မြောင်းမြတံတား” လည်း လစ်သွားပြီ။ ကိုဒေါင်းတို့ခမျာ ဒုက္ခ။ ခု-ဂြိုဟ်တုပျက်ကျပြန်ပြီ။ ခင်ဗျားတို့မှာ သေသေ ချာချာကောင်းတာဆိုလို့...အစိမ်းကြော်... သာကောင်းတာပါဗျာ။ “အပြန့် ရာ...” ကားဘရိတ်ပေါက်လို့ နတ်စိမ်းတော့ မဖြစ်ပါရစေနဲ့။ ကျေးဇူးတင် တယ်... 

 

ပုသိမ်အိမ်ရာ (ငါးပြားတန်း)

          နိုင်ငံတော်သမ္မတကြီးဟောင်း ဦးသိန်းစိန်ကို မုန့်ဟင်းခါးကျွေးပြီး မျက်နှာလုပ်ချင်သူတွေ ပုသိမ်ကစောင့်နေလေရဲ့။ တကယ်ရှိတာပါ။ ခုဆိုရင် စင်ကာပူလို ဖြစ်နေရှာတဲ့ သမ္မတကြီးရဲ့ ရွေးကောက်ခံနယ်ကကောင်တွေကထောင်ထောင်ထောင်ထောင်နဲ့ ။ ခုတော့... မုန့်ဟင်းခါးသွားစားလဲ.. ပါရဲ ယိုး(ပါဂျဲရိုး)နဲ့၊ ထုံဖုန်းနဲ့ ၊ ဟွန်ဒါဖစ်နဲ့ ဒေါင်ဖန်းနဲ့..နဲ့ ။ ကော်ရည်သွား

သောက်တာတောင်... သမ္မတကြီးကလည်း ငါတို့ ဓနိတန်းရုံးကို လွမ်းနေမှာ ပဲ လုပ်နေသေးတယ်။ ကြံဖွတ်မဲ... စစ်တပ်မဲ...၊ သိုးမည်းတွေရဲ့.. မဲ.. ထက်ကျော်ပြီး ဆရာ... သမတဖြစ်သေးတာပဲ၊ ပုသိမ်မှာ သမတကွက်သစ် မျိုးလို သမ္မတကြီးမှ လှူဒါန်းသည်ဖြစ်အောင်.. တစ်ခုခုလုပ်ပေးပါလား ဟင်။ ဥပမာ.. သမ္မတကန်စွန်းခင်း.. ဆိုတာမျိုးပေါ့။ နဂို... ဝန်ကြီးချုပ်လုပ် သွားလို့ ပုသိမ်သားတွေ ချမ်းသာနေပါပြီ။ ဆိုက်ကားတောင် မနင်းကြတော့ ဘူး။ ဒီတော့ကာ... သမ္မတကြီးလုပ်ပေးပါ။ စဉ်းစားပါ။

          ပုသိမ်တံတားမှာ `သေး” မပေါက်ရေးတို့၊ "YBS" လိုမျိုး.. "PBS" တို့၊ ပဲ့ထောင်စီမံကိန်း”တို့ “ပုသိမ်တက္ကသိုလ် နွားနို့ကုမ္ပဏီ”တို့... လုပ်စရာ တွေ အများကြီးပါ။ မြို့ဝင်ကြေး၊ ဘီးခွန် အဲ.. တံတားတော့ ကြပ်ကြပ်စစ်ပေးပါခင်ဗျာ။ “မုန့်ဟင်းခါး”တကယ်မစားဘူးဆိုရင်... ငွေနှစ်သိန်းတော့ လက်ခံပါခင်ဗျာ။ ကန်တော့တာပါ။ လာဘ်ငွေမဟုတ်ပါဘူး။ စကားမစပ် . ‘တာကိုင်းပုစွန်ချဉ်” သိပ်ကောင်းတယ်ဗျာ။ တော်ကြာ... “ဦးပိုင်” က... ချုပ်သွားဦးမယ်နော်။ “တာကိုင်း” ဆိုတာ ပုသိမ်တစ်ဖက်ကမ်းမှာရှိတဲ့ ရွာပါ။

          သမ္မတ ဒေါက်တာဘဦး(ပုသိမ်သား)က.. “မြေတွေလှူလို့ပုသိမ် မှာ သမ္မတကွက်သစ်တဲ့(ကျွန်တော်တို့နဲ့ သိပ်ဝေးဘူး) ဖြစ်သေးတာ။ သမ္မတ ကုန်စုံဆိုင်တော့... မလုပ်ပါနဲ့ဗျာ။ ဦးသိန်းစိန်က... မုန့်ဟင်းခါးရောင်း သလို.. ဆရာက.. ကိုးသန်း၊ ကိုးသောင်း၊ ကိုးသိန်း.. စတဲ့ရပ်ကွက်တွေရှိ သလို.. ကိုးကုဋေ စုပေါင်းအိမ်ရာသာ ဆောက်ပါ။ မြို့သစ်တည်ပေးပါ။ ဒီဘက်ကမ်းမှာပဲလုပ်ပေးပါ။ ငါးပြားတန်း” က... သမ္မတကြီးကို ပုသိမ်သား တွေက တောင်းဆိုတာပါ။ အရေးကြီးတာ တံတား’ မထိုးဖို့ပါပဲ။ နော်.. ကိုကို.. နော်။ ပုသိမ်က နာမည်ပေးတာက.. ကဗျာဆရာ ကိုအောင်ပွင့်တို့၊ ကိုတိုးဝေတို့ထင်ရ။ အရင်ဝန်ကြီးချုပ်ကြီးက (ကြံ / ဖွတ်) ကြီးက.. ပန်းတင် ကုန်း၊ ပန်းကြို... ရပ်တွေရဲ့ အဆက်ဖြစ်မှာပေါ့.... ခု(ကို)ဇော်ဇော်အောင်

ဆောက်နေတာ... 'ပန်းဆက်” ဆိုပဲ၊ နိပ်သဟ၊ ဒီတော့... သမ္မတကြီးကိုးသန်း၊ ကိုးသောင်း၊ ကိုးသိန်း... ရပ်ကွက်တွေထက်သာရအောင်... “ကိုးကုဋေအိမ် ရာ” သာလုပ်တော့ဗျာ။ “ကုဋေ ၈၀” တော့ မလုပ်လေနဲ့။ အခွန်ဆောင် ရမယ်နော်။ ကျောတစ်ပြားစာ.. တို့ကမ္ဘာပဲဗျာ။ ဇီးသီး(ဆီးသီး)ဗန်း ပုသိမ် တွင်မရှိပါ။ ပုသိမ်.. က... သမ္မတကြီးကို... လေးစားစွာ ဂုဏ်ပြုကြိုဆိုပါ တယ်။ တရားရုံး ခဏခဏပြောင်းတဲ့.. ဘီးလစ်စာရေးကြီး သူငယ်ချင်း “ဦးမင်းဦး ́(ကိုရေချမ်း)ကိုသာ.. စောင့်ရှောက်ပါသမ္မတကြီးခင်ဗျား။