Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

သိမ်းတင်သား - အရှင်လတ်လတ်တွေ့ခဲ့ဖူးသူများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type
စောဘွဲ့မှူး
 
မရေးရင် မနေနိုင်တာကလွဲလို့
စောဘွဲ့မှူးအကြောင်း

 

          “အနုပညာဆိုတာ Intrinsic Value အစစ်အမှန်တန်ဖိုး တစ်ခု အမြဲ ရှိနေတာကွ။ Extrinsic Value ခေါ်တဲ့ အသုံးချတန်ဖိုးပဲရှိမယ်ဆိုရင်... အဲဒီ Worksဟာ ဂိုက်မကျတော့ဘူး။ ကာလတစ်ခုအထိပဲ အသုံးကျမယ်။ ခေတ်ကာလအဆက်ဆက် အလုပ်မဖြစ်တော့ဘူး။ ဟန်မကျတော့ဘူး။ ဥပ မာကွာ.. စခန်းအခြေသာပြီလေx x လမ်းစဉ်ပါတီ ဦးဆောင်ခဲ့ပြီလေx x” ဆိုတဲ့သီချင်း ... မင်း အခုကာလမှာ ဘယ်မှာ နေရာကျတော့လို့လဲ။ ဒါ့

ကြောင့် ဘယ်အနုပညာတစ်ရပ်ရပ်ပဲဖြစ်ဖြစ် Intrinsic Value ရှိအောင် ဖန်တီးမှနေရာကျတာကွ” ဒီလို အယူအဆတစ်ရပ်ကို ပို့ချ၊ လမ်းညွှန်၊ ဆွေးနွေး၊ တင်ပြခဲ့သူက ဆရာ ဦးသိန်းဇံ (ဒေါက်တာ နန္ဒာသိန်းဇံ၊ ကွယ် လွန်)ပါ။ အချိန်က ၁၉၈၅ /၈၆ ကာလကပါ။ နာယူခဲ့သူတွေက ဦးစန်း တင့် (လ/ထ ကတိက ငြိမ်း)၊ ဖိုးသာထူး (တင်မျိုးလွင်)၊ ကိုစိုးလွင် (သုည လူ)၊ကိုသော်တာဇံ (ကွယ်လွန်)၊ကိုမြင့်မိုး (မြင့်မိုးအောင်)၊ ကိုတူး (ကထိက၊ အင်္ဂလိပ်စာဌာန၊ ပုသိမ်တက္ကသိုလ်)နဲ့ အောင်ကျော်ဦး (စာရေးသူ)တို့ ဖြစ် ခဲ့ပါတယ်။ ဆရာ့စကားအခြေအမြစ် ရှိ မရှိကိုတော့ စာဖတ်သူသာ ဆုံးဖြတ်ပါလေ။

          အဲဒီကာလကပေါ်ထွက်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဟာ သီချင်းအင်္ဂါရပ် တွေနဲ့ ညီညွတ်နေတဲ့အပြင် ၊ အဆင်ပြေလွန်းလို့ ကျွန်တော်တို့ အဆောင် မှာ Serenate လုပ်တိုင်း ဆိုဖြစ်ခဲ့ကြတယ်။ သီချင်းဆိုသူက...လွှမ်းမိုး၊ ရေးသူက ကိုဇော်ဝင်း(Plucking) ခေါ် စောဘွဲ့မှူး။ ။

          “မဟာရန်ကုန်အရှေ့ပိုင်းမှာ နေထိုင်ကြီးပြင်းခဲ့တဲ့ ချစ်သူဆီx x မဟာရန်ကုန်အနောက်ပိုင်းက တို့မသွားနိုင်ပါx x မဟာအုတ်တံတိုင်း ပိုင်း ခြား နေပါပေါ့ x x အရှေ့ဘာလင် x x အနောက်ဘာလင်လိုx x ပကာ သနတံတိုင်း ပိုင်းခြားနေပါပေါ့x x အရှေ့ရန်ကုန်x x အနောက်ရန်ကုန်x x

          ဘယ်လောက် လှပတဲ့ အဖွဲ့ အနွဲ့ လည်းဗျာ။ ဒီကာလက ကိုဘွဲ့မှူး ကို ကျွန်တော် မသိခဲ့ရသေးဘူး။ သူ့အရည်အချင်းကိုတော့ ညွှတ်နေမိပြီ။ သူဟာ ဇာနည်စံထွန်း (Professional တီးဝိုင်းထောင်သူ၊ ကိုကြီးစံ၊ အခု အဆိုတော် ဉာဏ်လင်းအောင်ရဲ့ အဖိုးအရင်း)ဆီမှာ ဂီတာတီးသင်တန်းပေး နေကြောင်း၊ အဲဒီမှာစတည်းချပြီး လူငယ်တွေကို ဂီတာသင်ပေးနေကြောင်း၊ သီချင်းတစ်ပုဒ်ကို ကိတ်မုန့်တစ်လုံးနဲ့ လဲပစ်တာရှိသလို၊ အလကားလည်း ပေးတတ်ကြောင်း... ကျွန်တော်တို့ တီးဝိုင်းက ကိုဘွဲ့မှူးရေးခဲ့တဲ့ ကိုစော အေး (စောကိုကို ဆိုပြီး စီးရီးထွက်ခဲ့ဖူးပါတယ်)က ပြောပြဖူးတယ်။ ကိုဘွဲ့မှူးရေးခဲ့တဲ့ အဲဒီ သီချင်းတွေကို ကျွန်တော်တို့ တီးဝိုင်းက Owntune အဖြစ် Arrangement လုပ်ပြီး တီးခဲ့ဖူးပါတယ်။

          ဦးဇော်ဝမ်းပြန်ဆိုခဲ့တဲ့ မော်တော် ဆိုင်ကယ်” စံပွင့်လေး “မာမီကြီး နဲ့ ဘကြီးဖျက်ကြတယ် ...စတာတွေပါ။ နောက်တော့ ကိုဘွဲ့မှူးတို့အဖွဲ့ ပုသိမ်ကိုလာတီးတယ်။ ဖြစ်ချင်တော့.. သူ့ ယောက်ဖဟာ “ကိုသောမတ်စ်” ဆိုတဲ့ ရေတပ်က ဘောလုံးသမား၊ ကျွန်တော်တို့လမ်းထိပ်တင် နေတာပါ။ ကိုဘွဲ့မှူး အဲဒီမှာ တည်းတယ်။ ဝက်ခေါင်း တစ်ခေါင်းလုံးကုန်အောင် တုတ်ထိုး လုပ်စားပစ်တယ်လို့ သိလာရတယ်။ ဒီတုန်းက သိပ်မဝသေးဘူး။ ဒါပေမဲ့ မောနေလို့ ဇာတ်စင်ပေါ်မှာ ကုလားထိုင်တစ်လုံး တင်ပေးထားရ

တာ မှတ်မိနေပါတယ်။ သူဆိုတော့ ..'ကြက်ခြံထဲက အလွမ်း .. ကဲ ကြည့် ဦး။ ဒီကာလက 'စကက်နက်”က “ပစိဖိတ်အလွမ်းဆိုပြီး Hit ဖြစ်နေတာကိုကိုဘွဲ့မှူး လုပ်ပေါက်က ဒီလို။ ပြီးတော့.. Linda, Linda မလင်းဒါ... သူရာမူလင်းဒါ တဲပါလားလို့လည်း ဆိုပြတယ်။ လင်ဒါက လူနာမည်၊ သရာမူဆိုတာ စကောကရင် စကားနဲ့ ဆရာမ။ တဲပါလား ဆိုတာဟာ လည်း ကရင်စကားပါပဲ။ ငါ့ကိုပြောပါ။ သူမို့ ပေါက်ပေါက်ရှာရှာ။ အင်္ဂလိပ်လိုရော၊ ကရင်လိုရော၊ ဗမာလိုရော Hybrid လုပ်တတ်ပါပေ့။ ကိုဘွဲ့ အကြောင်းရေးရရင် အကြာကြီးရေးရမှာပါ။ မြန်မာ့ခေတ်ပြိုင် ဂီတလောကမှာ “ကလေးx x ကိုယ့်ကို နားလည်ပေးပါကလေးရယ် x x လူတွေ လူတွေမေးငေါ့မျက်စောင်းထိုးx x အခု (ကိုညွန့်) ချစ်ကောင်း သီဆိုအောင်မြင်နေတဲ့ အဲဒီသီချင်းဟာ ကိုဘွဲ့မှူး ရေးခဲ့တာပါ။ “မျိုးညွန့်နဲ့ စောဖြူ တို့ရဲ့ စီးရီးမှာ အရင်ဆုံးပါခဲ့တာ။ စောဖြူဆိုတာက Drummer ပါ။ အဲဒီသီချင်းဟာ ကောင်းခဲ့သလို ကိုဘွဲ့မှူး မအပ်မရာ လုပ်ခဲ့တာလည်း အဲဒီစီးရီးမှာ ပါခဲ့ပါတယ်။ ဘယ်သူမှ ဒီနေ့အထိ မလုပ်ဝံ့၊ မလုပ်သေး၊ (မလုပ်ချင်ကြတာလားတော့ မပြောတတ်ဘူး) မကြံစည်ဖူးတာကို ကိုဘွဲ့ မှူး လုပ်ပစ်ခဲ့တယ်။ ။

          “ဆရာဝန်ညွှန်ကြားချက်ကြောင့် x x မင်းလေးထံx x မောင်ပြန် လာခဲ့ပြီ။ ဆရာဝန်ညွှန်ကြားချက်ကြောင့် မင်းလေးထံ မောင်ပြန်လာခဲ့ပြီ” အဲဒီစာသားနဲ့ မယ်လိုဒီ အတက်အဆင်းပဲပါတယ်။ တစ်ပုဒ်လုံး ဒါချည်း ပြန်ပြန်ဆိုထားတာလေ။ လုပ်ရဲတာပြောပါတယ်။ ကိုဘွဲ့မှူးရဲ့ .. “ရပ်ကွက် ထဲမှာ ဒီလိုပဲရှိတယ်”တို့ “မော်တော်ဆိုင်ကယ်” တို့ “ကားပြိုင်ပွဲ”တို့ဆိုတာ .. ဒီနေ့ထက်ထိ အံကျဖြစ်တုန်းပါ။ “ဟုမ်းလမ်းခုံးတံတားကို ကျော်လာ ရင်xx မြန်မာပြည် ဟောလိဝုဒ်ကို ရောက်ပြီx x x ဟောလီဝုဒ်ရပ်ကွက် ထဲကx x အိမ်တွေက နွေဆို မီးလန့်လန့်လို့နေ x x ခွက်လက်ဆွဲဖို့ ကိုx x မတုန်လှုပ်အားx x x ဒီက အတီးအမှုတ်သမား လုပ်သားတွေ x x အမေရိကန် ဟောလိဝုဒ်က Rolls Royce ကားကြီးတွေစီးနေတဲ့ အနု ပညာရှင်တွေနဲ့ ရန်ကုန် ဟုမ်းလမ်းအောက်ချိုင့်က အနုပညာရှင်တွေကို နှိုင်းယှဉ် ရေးဖွဲ့ခဲ့တာ သိပ်ကောင်းခဲ့တာပါ။ အဲဒီ ကိုဘွဲ့မှူးကို ကျွန်တော် ခင်မင်ခွင့်ရခဲ့ပါတယ်။ သူ့အကြောင်းတွေလည်း သိခဲ့ရပါတယ်။ သူ့အဖွဲ့ သားတွေ (ဒီတုန်းက Symphony အဖွဲ့ ပဲရှိပါသေးတယ်။ IC မဖြစ်သေးပါဘူး) ကတော့...ခင်ဗျား ကိုစောဘွဲ့ အုန်း၊ ဘာတွေ Own သွားသလဲ”တဲ့။

          ကိုဘွဲ့မှူးဟာ Owntune တွေ ရေးသလို၊ Own တာတွေလည်း လျှောက်ပြောတတ်တယ် ဆိုပဲ။ မသိဘူးလေ။နားထောင်လို့တော့ ကောင်း ခဲ့ပါတယ်။ ကိုဘွဲ့မှူး အုန်း” တာက ..

          အဲလေ ... ပြောပြဖူးတာက သူ့အဖေဟာ “ကာနယ်စောထွန်းစိန် ဖြစ်ကြောင်း၊ အမှတ် ၃ ကရင်သေနတ်ကိုင်တပ်ရင်းမှူး၊ စစ်ရဲတပ်ရဲ့ ရဲတပ် မင်း၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘော်ဒါ၊ နောက်ရန်ကုန်တိုင်း တရားသူကြီး ဖြစ်လာခဲ့တယ်တဲ့။ ဒီမှာတင် “နတ်” ဖြစ်နေတဲ့ ကိုဘွဲ့မှူးကို “ဇော်ဝင်း... မင်းနဲ့ငါ တရားရုံးမှာ 15 (B), 14(D) နဲ့ မတွေ့ချင်ဘူး။ မင်း ဖြတ်ရမယ်” ဆိုပြီး ၃၈ လမ်းထဲမှာ အခန်းဝယ်ပေးပြီးထားခဲ့ကြောင်း၊ တစ်နေ့တော့ အဲဒီအခန်းကို ဗိုလ်မှူးကြီး စောထွန်းစိန် ရောက်အလာ ... ငါကကွာ... ဖြတ်နေတော့ ဂေါက်နေပြီလေ။ ငါ့အဖေကို Daddy ခေါ်လား၊ ကရင်လို အပါးခေါ်သလား၊ ဖေဖေလို့ခေါ်လား မမှတ်မိတော့ဘဲ ... Baby လို့ ခေါ်မိ လိုက်တယ်ကွာ ..”ဆိုပဲ။ ကိုဘွဲ့မှူးဆိုတာ ဒီလိုပုဂ္ဂိုလ်ပါ။ တစ်ရက်လည်း ငါက သီချင်းဆိုမိတယ်ကွာ။ငါတို့ဗမာပြည် မိဘတိုင်းကကွယ်x x ကိုဘွဲ့ မှူးလို သူရဲကောင်းတွေ မွေးရမယ်”လို့ ဆိုလိုက်တာ ငါ့အဖေက သေနတ်နဲ့ လိုက်ပစ်တော့တာကွာ” ဆိုပဲ။ အုန်း” တာလားတော့ မသိပါဘူး။ နား ထောင်လို့တော့ ကောင်းခဲ့ပါတယ်။ အခြေအနေအရ စကားစဉ်ကို ချုံရပါ တော့မယ်။ ဒီလို IC စဖွဲ့ ပါတယ်။ သူတို့ Session ထွက်မတီးကြေး လုပ်ပါတယ်။ ဒီကာလမတိုင်ခင်မှာ အဆိုတော် အောင်ရင်က မန်နေဂျာ လုပ်ပြီး လိဒ်ဂစ်တာ ကိုဘွဲ့မှူး၊ ဘေ့စ် ညီညီသွင်၊ ရစ်သမ် ထူးအိမ်သင်၊ ကီးဘုတ် လီယိုနာ့ဒ် မောင်မောင်လွင်။ ဒရမ် တွတ်ကီ၊ ကြွက်နီဆိုပြီး Success အမည်ခံလို့ အတော်တီးဖြစ်ခဲ့တာပါ။ ပိုးပိုး(ပိုးဒါလီသိန်းတန်) ကို ကိုအောင်ရင်က ပထမဆုံး ပွဲထုတ်ခဲ့တာပါ။ ပိုးပိုးလည်း အောင်မြင် လာရော သူ့အမေ (မမပရယ်) ဒေါ်ဧပြီချစ်ခင်က သမီးလေးနောက် လိုက်ရ ပါတော့တယ်။ ပိုးပိုးက ကလေးလေးပါ။ ဒီမှာတင် ..ကိုဘွဲ့မှူးကို ကိုတွတ် ကီတို့က “စောဘွဲ့မှူး၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး၊ ကျောက်ဆည် ဆင်ကြီး” လို့ စပါတယ်။ ကိုဘွဲ့မှူး အရမ်းစိတ်ဆိုးခဲ့ပါတယ်။ ဆိုးစရာပါလေ။ နောက်တော့ IC ပွဲဦးတွေမှာ မိုက်စမ်းမောင် (ချစ်စမ်းမောင် မဟုတ် ဘူးနော်) အဖြစ် ထွဏ်းထွဏ်းနဲ့ “ကောင်းဆက်” အမြဲပါတယ်။ သူတို့ အသီးသီး အောင်မြင်သွားတော့ ... IC ရဲ့ ဆရာကြီးအစစ် ကိုဘွဲ့မှူးက ဆိုပါတော့တယ်။ “ကိုယ့်အသည်းကို မြန်မြန်ခွဲပါx x ခွဲခန်းကို မြန်မြန်ပို့ ပါx x တို့၊ “ဖန်စီဒိုင်း” တို့၊ အခုနာမည်ကျော် “ရောဂါ” တို့ကို ဆိုရမှ သူ စိတ်ကျေနပ်တတ်တာပါ။ ဒီတုန်းက IC မန်နေဂျာ ဒေါက်တာကိုကိုလွင် က “ကိုဘွဲ့.. ဒီည မိတ်မဆက်ရဘူး”လို့ တားမြစ်လိုက်ရင် သူ စိတ်ကောက် ပါလေရော။ ဂစ်တာလည်း မတီးတော့ဘဲ ငူငူကြီးထိုင်နေပါရောလား။ တစ်ခါက မန္တလေးမှာ IC ပွဲရှိလို့ ကျွန်တော်လည်း ကိုသျှပ်(ထူးအိမ်သင်)ရဲ့ PSO အဖြစ် ပါသွားခဲ့ရပါတယ်။ “ထွန်းလှဟိုတယ်”မှာ ကောင်းနေတုန်း၊ ကိုဘွဲ့ ကတော် မဖောက ကျွန်တော့်ကို လာခေါ်ပါ တယ်။ “ဟဲ လာပါဦး၊ နှင့်အစ်ကို သွေးတွေတက်ပြီး အသက်မရှူနိုင်တော့ဘူး၊ လာနှိပ်ပေးစမ်း ပါ”တဲ့။ ကျွန်တော်က အဲဒီကာလမှာ အနှိပ်တော်နတ်” ဖြစ်နေခဲ့တာပါ။

ကောင်းပြီးရင် လက်က လျှောက်နှိပ်နေပြီလေ။ ဒါနဲ့ ကျွန်တော် လိုက်သွား ပြီး နှိပ်ပေးတော့... ကိုဘွဲ့ က ကိုယ်တုံးလုံးကြီးနဲ့။ အသက်ပြန်ရှူး။ ပြန်ကောင်းသွားပြီးမှ ဘာဖြစ်တာလဲ မေးတော့... “ငါကွာ.. ကျုံးဘေးမှာ ဆိတ် ဦးနှောက်တွေ့လို့ ကြိုက်ပြီး စားလိုက်တာ ၅ လုံးလောက် ကုန်သွားရော၊ ဒီလို သွေးတွေတက်ပြီး ကံကောင်းလို့ လစ်တော့မလို့ကွာ”တဲ့။ ကျွန်တော် က... “ကိုဘွဲ့ ရာ ဆင်ဦးနှောက် ၅ လုံးသာ စားဗျာ။ လစ်သွားတော့အေး ရော” လို့ ပြောပစ်ခဲ့ရတယ်။ ဒါ့ကြောင့် ပုသိမ်မှာ ဝက်ခေါင်းတစ်လုံးလုံး ကုန်တာ ယုံရတာပေါ့လေ။ တစ်ခါကလည်း ၁၉ လမ်းမှာ ဝက်လက်၊ ဝက်ခြေထောက် သွားစားတာ ဆိုင်က မရောင်းတော့ဘူးဆိုပြီး မောင်းထုတ် လိုက်တယ်တဲ့။ စားနေတုန်း သူ့ဆိုင်မှာ လစ်သွားရင် ဒုက္ခပဲလေ။

          ဪ... ဂီတဆရာကြီး ကိုဘွဲ့မှူး တော်တော်မမာဖြစ်လို့ ဆေးရုံ တက်ရတော့... ကိုချုပ် (လူနာသွားမေတုန်း)ကို မေးသတဲ့။ “ဟိုကောင် ရော”တဲ့။ ကိုသျှပ်က.. “ကရင် မင်းကို ကိုဘွဲ့မှူး မေးနေတယ်။ သွားနိုင်ရင် သွားလိုက်ဦးကွာ”ဆိုတော့ ....... ဘာမှ ဖြစ်ဖြစ်မြောက်မြောက်လည်း မဟုတ် ဘဲ ကိုယ်မရှိရင် မပြီးတော့သလိုလို အလုပ်တွေရှုပ်နေတဲ့ ကျွန်တော် မသွားဖြစ်လိုက်ဘူး။

          တစ်ခါက Studio Dမှာ “အိမ်ရှေ့မှာ အိမ်ကခွေးတွေ ဟောင်တိုင်း လည်း ဧည့်ကောင်းတွေလာတတ်သတဲ့ x” ဆိုတဲ့သီချင်းကို ကက်ဆက် နဲ့ အဆိုတော်အတွက် ဆိုထည့်ပေးနေတုန်း ကျွန်တော်ရောက်သွားတော့ “ဟာကွာ မင်းနဲ့ ဆုံရပြန်ပြီ၊ ဒါက ပိုးပိုး(ပိုးဒါလီသိန်းတန်)အတွက် စာသားကွ၊ ဒါက ... ကိုသိန်းတန် (သူ့အဖေဆိုဖို့) 2 in 1၊ မယ်လိုဒီက ဒါပဲကွာ” ဆိုပြီး လုပ်နေတာ ကျွန်တော် မိလိုက်ပါတယ်။ ကိုဘွဲ့မှူးလုပ်ရင် ဒီလိုဖြစ်တတ်တယ်။ တစ်ခါကလည်း “မြတ်မြတ်နိုးနိုး”ဆိုတဲ့ သီချင်းကိုကောင်မလေးနှစ်ယောက်ကို မေ့ပြီး ရောင်းမိလို့ အဆိုတော် ကောင်မလေး နှစ်ယောက် ထသတ်ကြတာ မချစ်ရင် မနေနိုင်တာကလွဲလို့” ကိုလည်း မေ့ပြီး ရောင်းမိတာ ကိုဘွဲ့မှူး (အစစ်)ပါ။

          ကဲ .... ကိုဘွဲ့ ရေ ... ဆရာနန္ဒာသိန်းဇံ ပြောသလို Intrisic Value ရှိရမယ်ဆိုတာ ခင်ဗျားလက်ခံမလားဗျာ။ ဘာလင်တံတိုင်းလည်း ပြိုကျခဲ့ ပြီ။ IC လည်း မြန်မာပြည်ရဲ့ အဓိပတိတီးဝိုင်းကြီး ဖြစ်ခဲ့ပြီ။ ငှက်ကြီး လည်း လစ်ပြီ။ အန်ကယ်တိုး (ကိုခင်မောင်တိုး)လည်း လစ်သွားပြီ။ ခင်ဗျား သား ဘိုတောက်ကိုတောင် ပလေးဘွိုင်း ဦးသန်းနိုင်က အကြိုက်ဆုံး ဒရမ် မာလို့ ကျွန်တော့်ကို ပြောခဲ့ပြီ။ ဟော... မစ္စတာဘာရက် အိုဘားမားလည်း ဟုမ်းလမ်းဟောလိဝုဒ်ကို ရောက်လာခဲ့ပြီးပြီ။ အခု အောင်မြင်နေတဲ့ ဉာဏ်လင်းအောင်ဆိုတာ .. ကိုကြီးစံ (ဇာနည်စံထွန်း)ရဲ့ မြေးအရင်းဗျ။ ကိုဘွဲ့ အကြောင်း ကောက်ကြောင်းမျှကို မရေးရင် မနေနိုင်တာကလွဲလို့ ကျွန်တော်ရေးလိုက်မိပါပြီ။

          တစ်နေ့တော့... ကျွန်တော်တို့ ပြန်တွေ့ကြတာပေါ့။ ဒီကျရင် အပြစ် ရှိတဲ့ ကျွန်တော်က အပြစ်မရှိတဲ့ ဂစ်တာ ကို ပခုံးထက်ထမ်းပြီး ဆင်းခဲ့ချိန် ကတော့... Venture တေးတွေနဲ့ x x x” ဆိုကြရအောင်ပါ။