Skip to product information
1 of 19

စိတ်ကူးချိုချိုစာပေ

သိန်းဖေမြင့် - အဏ္ဏ၀ါခရီးသည်နှင့်ပုလဲဒေ၀ီ

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out
အဏ္ဏဝါခရီးသည်နှင့် ပုလဲဒေဝီ
အခန်း (၁)
 သင်္ဘောဒါယကာနှင့်တွေ့ခြင်း

 

          ၁၉၆၇ ခုနှစ် စာဆိုတော်နေ့ အတွက် မြိတ်မြို့ကို ရောက်စဉ် ကျွန်တော်သည် အခြားကိစ္စတစ်ခုကိုလည်း ပြုလုပ်ခဲ့လေသည်။ ကျွန်တော် တည်းခိုနေသော ဟိုတယ်သို့ တို့ဗမာအစည်းအရုံးဝင် သခင်၊ သခင်မ

ဟောင်းကြီးများကိုဖိတ်ကြားပြီး မြိတ် တို့ဗမာအစည်းအရုံး၏ သမိုင်းနှင့် ပတ်သက်သောအချက်အလက်များကို မေးမြန်းစုံစမ်းခြင်းဖြစ်၏။ သခင်၊ သခင်မ ဟောင်းကြီးများ တော်တော်စုံလင်စွာ တက်ရောက် လာကြ၏။ ၁၉၅၄ ခုနှစ်တုန်းက တွေ့ခဲ့ဖူးသော သခင်မ မမြသွေးကိုကား မတွေ့ရတော့ပြီ၊ ဒေါ်မြသွေးကား ကွယ်လွန်ခဲ့ပြီဖြစ်၏။ ကျွန်တော်နှင့် ခပ် မှန်မှန် ဆက်စပ်မှုရှိနေသော သခင်အုန်းညွန့် (အလင်းရောင် စာပေဖြန့်ချိ ရေး)ကား ကျန်းမာသန်စွမ်းတုန်းဖြစ်ပြီး ရောက်ရှိလာကြသော သခင်၊ သခင်မ ဟောင်းကြီးများအနက် အတက်ကြွဆုံးဖြစ်နေပေ၏။ အမှန်မှာ ထိုတွေ့ဆုံပွဲ ကို သူကစီစဉ်ပေးခဲ့ခြင်းဖြစ်လေသည်။

          သူတို့ထဲတွင် ယခင်က ကျွန်တော် သိကျွမ်းဖူးခြင်းမရှိသေးသော သခင်အဘိုးအိုတစ်ယောက် ပါလာလေသည်။ သခင်အဘိုးအိုဆိုသော်လည်း တို့ဗမာအစည်းအရုံး ဌာနချုပ် ဥက္ကဋ္ဌဟောင်း သခင်သိန်းမောင်ကြီးတို့လို မအိုပါ။ အသက် ၆၀ ကျော်နေပြီဖြစ်သော်လည်း သန်သန်မာမာ တောင့်

တောင့်တင်းတင်းပင်ဖြစ်လေသည်။ ခါးလည်းမကိုင်း၊ နားလည်းမထိုင်းသေး ပါ။

          သူ့အမည်မှာ သခင်ငွေအောင်ဖြစ်၏။

          သခင်၊ သခင်မဟောင်းများနှင့် အစည်းအဝေးပြီးသောအခါ သခင် ငွေအောင်က ကျွန်တော်အားမည့် အချိန်တစ်ချိန်တွင် သူ့အိမ်လာပြီး လက်ဖက်ရည်ကြမ်းသောက်ပါဦးဟု တကူးတက ဖိတ်ကြားခဲ့လေသော

ကြောင့် မြိတ်စာဆိုတော်နေ့ကော်မတီလူကြီးတစ်ဦးမျှမပါဘဲ သူ့အိမ်သို့ ကျွန်တော်ချည်းသက်သက် ရောက်ခဲ့ရသေးသည်။ သူ့အိမ်ကား အုတ် တံတိုင်းကာ အဝင်ဝ သံတံခါးကြီးနှင့် တိုက်ဟောင်းကြီးတစ်လုံးဖြစ်လေ သည်။ တစ်ခါတုန်းက လူချမ်းသာတစ်ဦးဖြစ်ခဲ့မည်မှာ နေအိမ်တွင် ပေါ်လွင် နေပေသည်။

          မြိတ်မြို့ မင်းစိုး သူဌေးသူကြွယ်တို့၏ ထည်ဝါသော ရပ်ကွက်တွင် PEARLHOUSE ခေါ်ပုလဲဟာသည်ရှိ၏။ ပုလဲဂေဟာကို ဘိုင်အဟာ မက်ခေါ် ဦးရွှေမြက တည်ဆောက်ခဲ့သည်။ ဦးရွှေမြမှာ ပုလဲလုပ်ငန်းလုပ်ရန် လိုင်စင်ရပြီး ပုလဲဖမ်း၍ ကြီးပွားချမ်းသာလာခဲ့သော ပုလဲသူဌေးဖြစ်လေ သည်။ ဦးရွှေမြ၏ ဆွေမျိုးသားချင်းများသည် ယနေ့တိုင် မြိတ်မှာ ကျန်ရှိ နေသေးသည်။ သို့သော် မထင်ရှားကြချေ။

          သခင်ငွေအောင်မှာ ဘိုင်အဟာမက်ခေါ် ဦးရွှေမြ၏ လက်အောက် တွင် အလုပ်လုပ်ခဲ့ဖူး၏။ သွေးသားလည်း မကင်းဟုဆို၏။ သို့သော် ဦးရွှေမြတို့လို အစ္စလာမ်ဘာသာဝင် မဟုတ်ချေ။ သူသည် ပြောင်းပြန်ကျင့် သုံးခဲ့၏။ အစ္စလာမ်ဘာသာကို စွန့်လွှတ်ပြီး ဗုဒ္ဓဘာသာဝင် ဇနီးနှင့်လက် ထပ်ကာ ကိုယ်တိုင် ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့လေသည်။ သူသည် စစ်ကြီး မဖြစ်မီကစပြီး ဦးရွှေမြလက်အောက်မှ ခွဲထွက်ကာ ပုလဲနှင့်ငါးဖမ်းလုပ်ငန်း ကို လုပ်ခဲ့လေသည်။ တို့ဗမာအစည်းအရုံးပေါ်လာသောအခါ သခင်များကို ထောက်ခံအားပေးခဲ့လေသည်။ သခင်ကိုယ်တော်မှိုင်း မြိတ်သို့ ခရီးလှည့်လာစဉ်က ဧည့်ခံကော်မတီတစ်ရပ် ဖွဲ့ခဲ့ရာ သူသည် ငွေထိန်းဖြစ်ခဲ့၏။ ၁၃ဝဝ ပြည့်နှစ်အရေးတော်ပုံတွင် သူရော သူ့လုပ်သားများပါ ပြည်သူ့ဆန္ဒ ပြပွဲများတွင် ပါဝင်ခဲ့ဖူး၏။ စစ်ကြီးဖြစ်လာ၍ ဗိုလ်ရန်နိုင်၊ သခင်ထွန်း စိန်စသူများ ဦးဆောင်သည့် ဘီအိုင်အေနှင့် စစ်အတွင်း ဗမာ့လွတ်လပ်ရေး လှုပ်ရှားမှုများ ဖြစ်ပေါ်လာသောအခါ လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့၏။ ဗိုလ် ချုပ်အောင်ဆန်းခေါင်းဆောင်သော ဖက်ဆစ်တော်လှန်ရေးနှင့် ဖဆပလအဖွဲ့ ချုပ်တို့ကို လူအား၊ ငွေအားဖြင့် ထောက်ခံအားပေးခဲ့၏။ ဖဆပလ ကွန်မြူ နစ်ကွဲပြီး ဖဆပလ အစိုးရတက်နေသော အချိန်၌ကား သခင်ငွေအောင်သည် နိုင်ငံရေးတွင် မပါဝင်မရောယှက်တော့ဘဲ စီးပွားရေးသက်သက်ကိုသာ လုပ် နေခဲ့လေသည်။ သို့သော် အားလုံးသော နိုင်ငံရေးသမားများနှင့်ကား လူမှု ရေးအရ သင့်မြတ်အောင် ပေါင်းသင်းဆက်ဆံသည်။ သူ့ပုလဲနှင့်ငါးဖမ်း လုပ်ငန်းကား များစွာတိုးတက်ခဲ့၏။ ဖက်စပ်များခေတ်ကောင်းစဉ်က သူ သည် စင်ကာပူမှ တရုတ်သူဌေးများနှင့်လည်းကောင်း၊ ဂျပန်ကုမ္ပဏီများနှင့် လည်းကောင်း ဖက်စပ်လုပ်ကာ သူ့လုပ်ငန်းကို တိုးချဲ့ ခဲ့လေသည်။ သို့သော် သူသည် ဖက်စပ်လုပ်ငန်းများကို ကြာရှည်လက်ခံမထားခဲ့ချေ။ တော်လှန် ရေးအစိုးရ မတက်မီကာလကလေးတွင်ပင် နိုင်ငံခြားသားနှင့် ဖက်စပ်လုပ် ငန်းများကို ရပ်ဆိုင်းခဲ့၏။ သူ့လက်ထဲတွင် ငါးဖမ်းသင်္ဘောကြီးတစ်စီးနှင့် စက်လှေကြီးနှစ်စီးအပါအဝင် ထုတ်လုပ်မှုကိရိယာအများအပြားကျန်ရစ်ခဲ့ ပေသည်။ အလွန်အဖိုးတန်သော ပုလဲအများအပြားရရှိခဲ့ရာ နိုင်ငံခြားသား ပါတနာများက ထိုပုလဲများကို သူတို့ဝေစုအဖြစ်ဖြင့် ခွဲယူကာဖက်စပ်လုပ်ငန်း ဖျက်သိမ်းခြင်းကို ကျေကျေနပ်နပ်ကြီး လက်ခံသွားကြသည်ဟု သိရလေ သည်။

          တော်လှန်ရေးအစိုးရတက်ပြီးနောက် ၁၉၆၄ ခုနှစ်သို့ ရောက်သော အခါ သူသည် လောဘသိမ်းလိုက်ပြီး ငါးဖမ်းသင်္ဘောကြီးနှင့် စက်လှေကြီး တစ်စင်းမှအပ ပုလဲနှင့် ငါးဖမ်းလုပ်ငန်းတစ်ခုလုံးကို ပစ္စည်းကိရိယာများ၊ ငွေသားလက်ကျန်များနှင့်တကွ သူ့စီးပွားဖက်များနှင့် အလုပ်သမားများကို ခွဲဝေပေးလိုက်လေသည်။

          ထိုအကြောင်းများကို ကျွန်တော့်အား ပြန်ပြောပြီးနောက် သခင်ငွေအောင်က....

          “အသက်ကလည်း ကြီးပြီလေ။ လောဘဆိုတာ သတ်နိုင်မှကောင်း တယ်၊ လောဘမသတ်လည်း မဖြစ်နိုင်ဘူး။ ဒီအစိုးရက တကယ်လုပ်မယ့် အစိုးရဗျ၊ ပုဂ္ဂလိကလုပ်ငန်းတွေအတွက် တက်လမ်းမရှိနိုင်တော့ဘူး။ ကျုပ် ဒီတော့ ရှိတာလေးနှင့်ထိုင်စားနေတော့မယ်” ဟု ရှင်းပြလေသည်။

           ကျွန်တော်က …

           “ခင်ဗျားက အနိုင်နှင့်ပိုင်းလိုက်တာပဲ ဆိုပါတော့” 

           သခင်ငွေအောင်ပြုံးလျက် …

           “ဟဲ... ဟဲ ဆိုမယ်ဆိုလည်း ဆိုနိုင်ပါတယ်။ ကျုပ် ဒီအစိုးရရဲ့ နိုင်ငံခြား သား စီးပွားရေးသမားတွေကို ကိုင်တွယ်ပုံတယ်သဘောကျသဗျာ”

          သခင်ငွေအောင်သည် ကျွန်တော့်အားလက်ဖက်ရည်ကြမ်းတိုက် သည်ဟုဆိုသော်လည်း မြိတ်သားတို့ထုံးစံအတိုင်း အမျိုးစုံကျွေးပါလေသည်။ မြိတ်မြို့ ပြည်တော်သာ ဟိုတယ်၌ ကျပ်တစ်ရာ၊ တစ်ရာ့ငါးဆယ်ပေးချေ ရသော လက်ဖက်ရည်ကြမ်းဝိုင်းနှင့် ခပ်ဆင်ဆင်ဖြစ်နေပါသည်။

          သခင်ငွေအောင်က သူသည် အဘယ့်ကြောင့် ကျွန်တော့်ကိုချည်း သက်သက်ဖိတ်၍ ဤသို့ လက်ဖက်ရည်ကြမ်းပွဲနှင့် ဧည့်ခံရပုံ၊ ဘာ့ကြောင့် ကျွန်တော့်ကို ကြည်ညိုလေးစားပုံ ရှင်းပြလိုက်ပါသေးသည်။ သူသည် ငယ်ငယ်က အလုပ်လုပ်ကောင်းသလောက် အပျော်အပါး မိန်းမလိုက်စား ခဲ့သည်။ ရောဂါရသော်လည်း မကြောက်ခဲ့၊ မဆင်ခြင်ခဲ့၊ ကျွန်တော်ရေး လိုက်သော တက်ခေတ်နတ်ဆိုးကိုဖတ်ရမှ အသိတရားရကာ မိန်းမပျက် များနှင့် လုံးဝကင်းဝေးတော့သည်။ ဆင်ဆင်ခြင်ခြင် ကောင်းကောင်းမွန်မွန် နေတော့သည်။ ထို့ကြောင့်သူသည် ကျွန်တော့်ကို အမြဲကျေးဇူးတင်နေသည် ဆို၏။

          မြိတ်ကျွန်းစုမှ ဝေးလံသောကျွန်းများနှင့် ပင်လယ်ပြင်သို့ သွား လည်ရန် စိတ်ကူးရှိကြောင်း ကျွန်တော်ကပြောပြသောအခါ သခင်ငွေအောင် က သူ့စက်လှေကြီးနှင့်သော်လည်းကောင်း၊ ငါးဖမ်းသင်္ဘောကြီးနှင့်သော် လည်းကောင်း ကျွန်တော်ကြိုက်သလို လိုက်ပို့မည်ဟု အာမခံလေသည်။ ကျွန်တော်က ယခုတစ်ခေါက်တော့ မသွားနိုင်သေးကြောင်းပြောသောအခါကျွန်တော်အလိုရှိ၍ အကြောင်းကြားပါက သူ့စက်လှေကြီးကိုဖြစ်စေ၊ သင်္ဘောကိုဖြစ်စေ ကျွန်တော့်ထံသို့ အချိန်မရွေး ပို့ပေးမည်ဖြစ်ကြောင်း ကတိပြုပြန်လေသည်။

          သို့ကလို မြိတ်ကျွန်းစုနှင့် ကပ္ပလီပင်လယ်ပြင်တွင် ခရီးလှည့်နိုင် ရန် သင်္ဘောဒါယိကာတစ်ယောက် တွေ့ရလေသောအခါ တစ်နေ့သော အဏ္ဏဝါခရီးစဉ်တစ်ခု အထမြောက်တော့မည်ဟု ဝမ်းမြောက်နေမိလေသည်။ သို့သော် မြိတ်မှရန်ကုန်ပြန်ရောက်ပြီး အခြား စိတ်ဝင်စားဖွယ်ကိစ္စ များကို တွေ့နေလေရာ ကျွန်တော်သည် အဏ္ဏဝါခရီးစဉ်တစ်ခု အထမြောက် အောင် တစ်စုံတစ်ရာမည်မည်ရရ ဆောင်ရွက်ခဲ့ခြင်းမရှိချေ။

          သို့ဖြင့် ၁၉၆၈ ခု၊ မတ်လအတွင်းသို့ ရောက်လာပြီး သုတေသန ဆွေးနွေးပွဲကြီးကျင်းပသည်။ အထက်တစ်နေရာတွင် ဖော်ပြပါရှိသကဲ့သို့ ကျွန်တော်သည် ဒု-ဗိုလ်မှူးကြီး ခင်မောင်မြင့် (ရေ)၏ အဏ္ဏဝါဗေဒမိန့် ခွန်းကို ကြားနာရပြီး အဏ္ဏဝါဗေဒသုတေသနလုပ်ငန်းမှာ များစွာ စိတ်ဝင် စားသွားခဲ့လေသည်။

          ထို့ ကြောင့် ကျွန်တော်ကြံစည်နေသော အဏ္ဏဝါခရီးစဉ်သည် အဏ္ဏဝါဗေဒသုတေသနခရီးစဉ်သာ ဖြစ်ရမည်ဟု ဆုံးဖြတ်လိုက်လေသည်။ ပြီးနောက် ဒါယိကာ သခင်ငွေအောင်က ကတိပြုထားသော သင်္ဘောအကူ အညီကို မကြာမီယူတော့မည်ဖြစ်ကြောင်း စာရေးခြင်း၊ အဏ္ဏဝါဗေဒ သုတေ သနခရီးစဉ်တွင် လိုက်ပါမည့် သုတေသီပညာရှင်များကို ရှာဖွေစည်းရုံးခြင်း စသည်ဖြင့် မည်မည်ရရပြင်ဆင်မှုအလုပ်စလေတော့သည်။

          ထိုအချိန်မှာ ကျောင်းပိတ်ချိန်ဖြစ်သဖြင့် တက္ကသိုလ် ဆရာများနှင့် ကျောင်းသားကြီးများလိုက်ပါရန် အဆင်ပြေမည်ဖြစ်သည်၊ သို့သော် ရာသီ ဥတုက အဆင်ပြေမည်မဟုတ်။ ဧပြီလလယ်လွန်ပြီး မြန်မာနှစ်သစ်ဆန်း သည် ဆိုလျှင်ပင် လေပြင်းတိုက်ခတ်လာပြီး ပင်လယ်က ကြမ်းသွားနိုင် သည်။ ထို့ကြောင့် နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် အဏ္ဏဝါခရီးထွက်ရန် ခန့်မှန်းထားလေသည်။