သိန်းဖေမြင့် - စာပေဆွေးနွေးပွဲ
စာပေဆွေးနွေးပွဲ
စာပေလုပ်သား ရဲဘော်ရဲဘက်များခင်ဗျာ
ဒီနေ့တော့ စကားမပြောခင် ရေ အရင်သောက်ရ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့က ပရိသတ်ထဲမှာ စာပေ
လောကက ဆင်ကြီးတွေ ပါပါတယ်။ အဲဒီဆင်ကြီးတွေ ရှေ့မှာ ကျွန်တော့်ကိုမေးထားတဲ့ မေးခွန်းတွေဟာ စုံလို့ပဲ။ အဲဒါတွေကို ဖြေရင်းနဲ့ ကျွန်တော်တို့ စာပေရေးရာနဲ့ပတ် သက်တဲ့ ပြဿနာတွေကို ဆွေးနွေးတင်ပြမယ်။ အဲဒီလို ဆွေးနွေးတင်ပြတဲ့အခါမှာ လူငယ်များရှေ့မှာ တင်ပြရတာ လောက် မလွယ် ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော် ရင်ပူ မိပါတယ်။ ခုအခါ ဟောခါ ပြောခါစ ရှိသေးတယ်၊ အသံ ချဲ့စက်ကလည်း ပူပင်စရာ ကြောင့်ကြစရာ ဖြစ်လာပြန်ပါ တယ်။ အဲဒီတော့ ဒီနေ့ ဆွေးနွေးပွဲဟာ အဆင်မပြေလို့ ရှိရင် ဖြင့် ခွင့်လွှတ်ကြပါလို့ ကြိုတင်တောင်းပန်ရပါတယ်။
ကျွန်တော်တို့ မေးခွန်းတွေကိုဖိတ်ခေါ်ထားခဲ့ပါတယ်။ ဖိတ်ခေါ်ပြီးတော့ တစ်ရက် ကြိုတင်ပြီး ရနိုင်အောင် စီစဉ်ပါ လို့ စီစဉ်သူ၊ စည်းရုံးသူ၊ စီမံခန့်ခွဲသူ၊ ကမကထပြုလုပ်သူမောင်သာရကို ပြောလိုက်ပါတယ်။ သူလည်း မေးခွန်းတွေ ကြိုတင်ရရှိအောင် တတ်နိုင်သလောက် ကြိုးစားတာပဲ။ မနေ့က မေးခွန်းပေါင်း ၈ ခု ကြိုတင်ရခဲ့ပါတယ်။ ကျွန်တော့် လက်ထဲ ရတာတော့ မဟုတ်ဘူး။ သူ့ဆီမှာ ရတာ။ ဒီနေ့ မနက်မှ သွားယူပြီးတော့ အဲဒီ ၈ ခုကို ကျွန်တော် ကြိုက်သလို စဉ်လိုက်တယ်။ နောက်ပြီး ဖြေဖို့၊ ပြောဖို့ တတ်နိုင်သလောက် ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ အဲဒီလို အစီအစဉ် ကြိုက်သလို လုပ်ပြီးတော့ မေးခွန်း ၈ ခုထဲက ၂ ခုကိုတော့ သိပ်ပြီး ဖြေစရာ မရှိတဲ့အတွက် မဖြေတော့ဘူး။ မဖြေတဲ့ အကြောင်းရင်းကို လည်း ရှင်းပြပါမယ်။ ကျန်တဲ့ ၆ ခုကိုတော့ ကျွန်တော် ကြိုက် သလို စီစဉ်ထားပါတယ်။ မေးခွန်း ၆ ခုအတွက် အချိန် တစ် နာရီ ကျော်ကျော်လောက်ယူမယ်လို့ ကျွန်တော် ခန့်မှန်း ပါတယ်။ ခုပဲ တစ်နာရီ ခိုးထားပြီးပါပြီ။ ဆရာ ကိုတိုက်စိုး ကတော့ ပြောတာပဲ။ တစ်နာရီက ၄ နာရီအထိ နာရီပေါင်း ၃ နာရီကို ၃ ကျပ် ယူထားတယ်။ ခု နာရီဝက် ကုန်သွားပြီ ဆိုတော့ သူ့မှာ ပြား ၅ဝ ဆုံးရှုံးသွားပါပြီတဲ့။ ကိုတိုက်စိုး ခင်ဗျာ၊ ဒီနေ့တော့ ဒီ ပြား ၅ဝ ကို မဖြတ်ပါနဲ့။
ကျွန်တော် မဖြေချင်တဲ့ မေးခွန်း ၂ ခုကတော့
၁။ မောင်မြင့်သိန်း
မြန်မာစာ စတုတ္တနှစ်၊
ဝ/သ တက္ကသိုလ်၊ ရန်ကုန်။
ဝတ္ထုရှည်နှင့် ဝတ္ထုတို မည်သည်က စာဖတ် သူ တို့ အပေါ် ပို၍ ထိရောက်ပါသနည်း။ အဘယ် ကြောင့်နည်းလို့ မေးထားပါတယ်။
၂။ တက္ကသို လ်သုလင်
၂၁ လမ်း၊ လသာမြို့နယ်။
အတော်တော့ ထူးဆန်းတဲ့ နာမည်ပါပဲ။ ဘယ်သူ့ လင်မှ မဟုတ်ဘူး၊ သူ့လင်တဲ့။
ဟာသဝတ္ထုသည် ကာတွန်းထက် ထိရောက်ပါ သလား။ ကာတွန်းသည် ဟာသဝတ္ထုထက် ထိရောက် ပါသလား လို့ မေးထားပါတယ်။
ကျွန်တော့်အမြင်မှာ ဝတ္ထုတိုနဲ့ ဝတ္ထုရှည်ကို ခြားနားတဲ့ သဘောမျိုးနဲ့ တစ်ခုနဲ့ တစ်ခု (Contrast) လုပ်တာ၊ အဲဒီ သဘောမျိုးကို လက်မခံနိုင်ပါဘူး။ သူ့ဟာနဲ့သူ အကျိုးသက် ရောက်မှု ရှိကြတာပဲ။ ဘယ်ဟာက ဘယ်လို ပိုပြီးအကျိုး သက်ရောက်တယ်လို့ မဆိုနိုင်ပါဘူး။ ဒါကြောင့် ဒီမေးခွန်း ကို မဖြေနိုင်ပါဘူး ခင်ဗျာ။
နောက်တစ်ခုက ဟာသဝတ္ထုနဲ့ ကာတွန်းကို အဲဒီလိုပဲ ခြားနားပြီးတော့ အပြိုင်ခိုင်းထားတယ်။ ဘယ်ဟာက ပို ထိရောက်သလဲလို့ မေးထားပါတယ်။ အဲဒါမှာ ဘယ်ဟာက ပိုထိရောက်လိမ့်မယ်လို့ မယှဉ်ပြိုင်စေလိုပါဘူး။ ကျွန်တော် ကလည်း ယှဉ်ပြိုင်ပြီးတော့ မဖြေနိုင်ပါဘူး။
အခု ကျန်တဲ့မေးခွန်း ၆ ခုထဲမှာ ကျွန်တော် အဖြေချင် ဆုံးနဲ့ ပထမဆုံး ဖြေအပ်တယ်လို့လည်း ထင်တယ်။ ရှေ့လျှောက်ပြီး ဆွေးနွေးသွားရာမှာလည်း ဒီအစီအစဉ်နဲ့ ဆွေး နွေးသွားရင် ပိုပြီးပြေလည်မယ်၊ ပြေပြစ်မယ်ထင်တဲ့ အဲဒီ ပထမဆုံး မေးခွန်းကို ဖတ်ပြပါမယ်။
မောင်သိန်းလွင်
သမိုင်းအဓိက၊
တတိယနှစ် ၀/သ တက္ကသိုလ်၊ ရန်ကုန်။
ဆွေးနွေးမေးမြန်းလိုတဲ့ အကြောင်းအရာက
ခေတ်စမ်းစာပေအပေါ် ဘယ်လိုသဘောထား ပါသလဲ။
စာပေရေးသားမှု စံ။
နိုင်ငံရေး စံ။
အနုပညာ စံ။
အဲဒီလို မေးထားပါတယ်။ ဆွေးနွေးရမယ့် ပြဿနာ ဖြစ်ပါတယ်။
ဒါကို ပထမဆုံး ရွေးချယ်လိုက်တာကတော့ ရှေ့ လျှောက်ပြီးဆွေးနွေးတဲ့နေရာမှာ ခေတ်သစ် မြန်မာစာပေရဲ့ သမိုင်းနောက်ခံသဖွယ်ဖြစ်တဲ့အတွက်ကြောင့် ဒီအမေးကို ပထမဆုံး ရွေးရခြင်းဖြစ်ပါတယ်။
ပထမဆုံး ခေတ်စမ်းစာပေနဲ့ပတ်သက်လို့ ကျွန်တော့် သဘောထားကို စာပေသမားတချို့လည်း သိထားကြပါ တယ်။ တချို့လည်း သိမထားကြဘူး။ အဲဒါကို တစ်ပါတည်း ကျွန်တော် ရှင်းပြသွားပါမယ်။
ရှေ့ဦးစွာ ကောက်နုတ်ချက်တစ်ခု ကျွန်တော် ဖတ်ပြ ပါမယ်။
‘ခေတ်စမ်းစာပေသည် မြန်မာစာပေသမိုင်း၏ မှတ်တိုင်”
‘ခေတ်စမ်းစာပေသည် မြန်မာစာပေ၏ သမိုင်း အားယူချက်”
“ခေတ်စမ်းစာပေသည် မြန်မာစာပေ၏ မီးရှူးတန်ဆောင်”
အဲဒီ ကြွေးကြော်သံကို လွှင့်သူက ဦးဖေမောင်တင် မဟုတ်ပါဘူးခင်ဗျ။ ပုဂံစာအုပ်တိုက်ပါ။
ပုဂံစာအုပ်တိုက်ဆိုတော့ စာအုပ်ရောင်းရဖို့ ရည်ရွယ် ချက်လည်း ပါတယ် ထင်ပါရဲ့။ ဒါကြောင့် ဒီကဲ့သို့ ကြွေးကြော်သင့်သည်ထက် ပိုပြီးတော့ ကြွေးကြော်ထားတယ်လို့ ယူဆပါတယ်။ တချို့ကလည်းပဲ ခေတ်စမ်းစာပေကို ပေး သင့်တဲ့ နေရာထက် ပိုပြီးပေးခဲ့ကြပါတယ်။ အဲဒါကြောင့် တစ်ခါတုန်းက ကျွန်တော်က ခေတ်စမ်းစာပေဟာ သမိုင်း မှတ်တိုင်အဖြစ်နဲ့ ထားသင့် မထားသင့် မေးခဲ့ဖူးပါတယ်။ အဲဒါဟာလည်း အကြောင်းမဲ့မဟုတ်ပါဘူး။ ကျွန်တော် ဟိုတုန်းက ခေတ်စမ်းစာပေ စပေါ်တဲ့ ၁၉၃ဝ ကျော် ၁၉၃၃ ခုနှစ်လောက်ကစပြီး ကျွန်တော်ခံစားခဲ့ရတဲ့အတိုင်း ဒီ သဘောထားကို မေးတာဖြစ်ပါတယ်။ ယခုလောလောဆယ် als cossoss al$comodo (Literary Autobiography) စာပေရေးရာ အတ္ထုပ္ပတ္တိစာပေရေးရာကို ရေးတဲ့အခါကျတော့ ထပ်ပြီးတော့ လေ့လာရပါတယ်။ အဲဒီခေတ် အဲဒီအခါတုန်း က စာတွေ ပြန်ဖတ်ရပါတယ်။ မဂ္ဂဇင်းတွေ၊ ဂန္ထလောကတွေ ပြန်ဖတ်ရပါတယ်။ ဒီအခါကျတော့ စောစောကပြောခဲ့တဲ့ ခေတ်စမ်းစာပေ သမိုင်းမှတ်တိုင်ကို ချိုးပစ်ကြဆိုတဲ့ ယုံ ကြည်ချက်ဟာ ပိုပြီးပြင်းထန်လာတယ်။ ကျွန်တော် ဒါကို ပိုပြီးယုံကြည်လာတယ်။ ခုန ကျွန်တော် ရွတ်သွားတဲ့ ...