Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

သိန်းဖေမြင့် - ချစ်၍ခေါ်ရာ

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out

အခန်း(၁)

 

          မျိုးမြင့်၏ရှေ့က စားပွဲပေါ်တွင် ထောင်ထားသော မှန်တွင်း၌ မျိုးမြင့်၏ မျက်နှာသာပေါ်နေသည်မဟုတ်။ သူ၏လက်ဝဲဘက်ရှိ ပြတင်းပေါက်သည် လည်း ပေါ်နေလေသည်။ ထို့ကြောင့် နွေအကုန်မိုးအကူး တစ်ခုသော နံနက် ခင်း၏ တိမ်ဖြူ တိမ်ညိုအလွှာ အလိပ် အတွန့် အတက်များသည်လည်း ပြတင်းပေါက်မှဝင်ကာ မှန်ပေါ်တွင် အရိပ်ထင်နေကြ၏။ သို့ရာတွင် မျိုးမြင့်၏ မျက်စိအာရုံသည် တိမ်ဖြူတိမ်ညိုတို့ဆီသို့ မရောက်။ သူ့ဗိုလ်ကေဆီသို့သာ စူးစိုက်လျက်ရှိလေသည်။ သည်ဘီးနှင့် ပြုံးလိုက်ရရုံနှင့် မကျေနပ်သေး။ ဟိုဘီးကိုင်ပြီး အချောသပ်လိုက်ရမှ ကျေနပ်မည်။ ခေါင်းပြီးပြန်တော့လည်း ကုပ်ပေါ်မှာရေရွှဲနေပြန်သဖြင့် မျက်နှာသုတ်ပဝါကြီးနှင့် သုတ်ပစ်ရသေးသည်။

          ပေါင်ဒါထည့်ပြီးချိန်တွင် သာယာညင်းပျောင်းသော စောင်းသံကို ကြားစပြုလေသည်။ သည်တော့မှ နားစွင့်မိလေ၏။ စောင်းသံသည် တငြိမ့် ငြိမ့်နှင့် လှိမ့်၍လှိမ့်၍ ဝင်လာ၏။ မျိုးမြင့်သည် မှန်နှင့်စားပွဲကို ကျောပေး ကာ မျက်စိမှန်းလျက် အရသာခံစားနေမိ၏။ ဤစောင်းသံဘယ်ကလာသလဲ။ စောင်းကောက်ကြိုးပေါ်မှာ လက်ချောင်းကလေးများနှင့် ထိလိုက် ခတ်လိုက် တော့လိုက် နော့လိုက်၍ ဖြစ်ပေါ်လာသော ဤစောင်းသံသည် ဘယ်ကလာ ပါသလဲ။

          မျိုးမြင့်သည် စောင်းသံဝင်လာရာဖြစ်သော လက်ဝဲဘက်က ပြတင်းပေါက်သို့ ဖြည်းဖြည်းကလေးလျှောက်သွားကာ အောက်သို့ငုံ့ကြည့်လိုက်၏။ လက်ဝဲဘက်တွင် ဘေးချင်းတိုက်လျက် တစ်ထပ်အိမ်ကလေး တစ်ခုရှိသည်။ ထိုအိမ်ကလေးမှ ပြတင်းပေါက်တစ်ခုသည်၊ မျိုးမြင့်၏ ပြတင်းပေါက်နှင့် တည့်နေ၏။ ထိုပြတင်းပေါက်၏ အလင်းရောင်တွင် မိန်းမပျိုကလေးတစ်

ယောက်သည် ကျုံ့ကျုံ့ကလေး ယဉ်ကျေးစွာထိုင်လျက် စောင်းကောက်ကြီး ကို တီးနေပေရာ မျိုးမြင့်သည် အပေါ်ကစီး၍ မြင်ရပေ၏။

          မိန်းမပျိုကလေး စောင်းပိုက်ထား၍ တီးနေဟန်မှာ မိခင်ကသားငယ် ကိုပိုက်လျက် မြူချော့နေဟန်နှင့်တူ၏။ စောင်းကြိုးကလေးများကို ကနွဲ့က လျ ထိလိုက်ခတ်လိုက်၊ တော့လိုက်နော့လိုက် လုပ်နေသည့် ဝင်းဝါသွယ် ပျောင်းသော လက်ချောင်းကလေးများနှင့် မိန်းမပျို၏ လှုပ်လဲ့လှုပ်လီ ဖြစ် နေသော ဆံတောက်ကို ကောင်းစွာမြင်ရ၏။ ကိုယ်လုံးသဏ္ဌာန် ကြော့ရှင်း ဟန်ကိုလည်း မြင်နိုင်၏။ သို့သော် မိန်းမပျို၏ မျက်နှာကိုကား မမြင်နိုင်ချေ။

          မျိုးမြင့်သည် မမြင်ရသော မျက်နှာကလေးကို မြင်လိုလှ၏။ စောင်း" လက်ချောင်းကလေးများနှင့် ဆံတောက်တို့သည် သူ့အားမမြင်ရမြင်ရအောင် ဉာဏ်ဆင်ရန် နှိုးဆွပေးနေကြလေ၏။ မိန်းမပျိုကလည်း တစ်ချက်မျှ မှော်မ ကြည့် အတီးမှာသာစူးစိုက်လျက်ရှိသည်။

          ထိုအချိန်တွင် မျိုးမြင့်ကား ရေချိုးပြီးစ စွပ်ကျယ်လက်ပြတ်ကလေး နှင့်ဖြစ်၏။ သူသည် စားပွဲဆီသို့ ပြန်သွားပြီး တင်ထားသော ရှပ်အင်္ကျီကိုယူ ကာ ဝတ်လေသည်။ ၄င်းနောက် ပြတင်းပေါက်သို့လာပြန်၏။ မိန်းမပျိုကား တီးတုန်းပင်ဖြစ်၏။ စောင်းကောက်မှာ မှန်စီရွှေချထားသဖြင့် ဝင်းတောက်လျက် ရှိသည်။ လက်ကလေးများက အသော့တီးလိုက်သောအခါ စောင်းဖျားမှ ပန်းဖွားကြီးများသည် မိန်းမပျို၏ ဆံတောက်နှင့်အတူ လှုပ်လဲ့လှုပ်လီ ဟို သည် ယိမ်းနေကြ၏။

          တီးပြီးသောအခါ မိန်းမပျိုသည် စောင်းကိုဘေးမှာ တရိုတသေ ချ ထားလိုက်၏။ ထိုအခိုက် မျိုးမြင့်သည် အဟမ်းခနဲ ဖိုသံပေးလိုက်ရာ မိန်းမ ပျိုသည် မော့ကြည့်လိုက်မိပေ၏။ မိန်းမပျိုက လှပဝင်းဝါသော မျက်နှာ လည်း ရှိပေသည်။ မော့ကြည့်လိုက်ရင်း တောက်ပနေသည့် မျက်လုံးများနှင့် အံ့သြခြင်းသည် ဟတတဖြစ်သွားသော နှုတ်ခမ်းများသည် မျိုးမြင့်အား

ချောက်ချားသွားစေရုံမက ဆွဲငင်သိမ်းယူခြင်းလည်း ပြုလိုက်လေသည်။ ဒီအိမ်မှာ ဒီလိုသူငယ်မကလေးမျိုးရှိတာ ငါမသိပါလားဟု မျိုးမြင့်မှာ တအံ့ တသြ ဖြစ်သွားသလို၊ ဒီတိုက်မှာ ဒီအရွယ် ဒီအစ်ကိုမျိုး ဘယ်တုန်းက ရောက် နေပါလိမ့်ဟု မိန်းမပျိုမှာ တွေးတော ငေးမောမိလေသည်။

          မျိုးမြင့်က ရဲဝံ့စွာ ရွှန်းရွှန်းစားစား ကြည့်နေဆဲမှာပင် မိန်းမပျိုသည် ဣနြေလုပ်ကာ ပြတင်းပေါက်ဝမှဝေးရာ အရှက်၏ခေါ်ရာသို့ ပျောက်ကွယ် သွားလေ၏။

          မျိုးမြင့်သည် သက်ပြင်းချ၍ စားပွဲသို့ ပြန်လာခဲ့သည်။ လုံချည်လဲ အပေါ်အင်္ကျီဝတ်ပြီး စာအုပ်များကိုယူကာ အောက်ထပ်သို့ဆင်းခဲ့သည်။

          မျိုးမြင့် ဤတိုက်သို့ ရောက်လာသည်မှာ မကြာသေးပေ။ ဤတိုက် မှာ ရန်ကုန်မြို့ စမ်းချောင်းရပ် မင်္ဂလာလမ်းပေါ်တွင်တည်ရှိ၍ တိုက်ကို ပိုင်သူမှာ သူ၏ဦးလေး ဦးကျော်လှဖြစ်သည်။ ဦးကျော်လှမှာ စစ်ကိုင်း မြင်းမူဘက်မှဖြစ်ပြီး ဇာတိရပ်ရွာမှ စွန့်ခွာလာခဲ့သည်မှာ အတော်ကြာလေ ပြီ။ ယခုအခါ ရန်ကုန်မြို့၌ အတော်အတန် စီးပွားဖြစ်လျက်ရှိ၏။ သူက အသက် ၅ဝ ကျော်၍ ဇနီးသည် ဒေါ်အေးခင်က ၅ဝ နီးပါးဖြစ်၏။ သို့ရာ တွင် သားသမီး မထွန်းကားချေ။ မျိုးမြင့်သည် မန္တလေးကောလိပ်၌ အိုင်အေ

အောင်မြင်ပြီး ရန်ကုန်ယူနီဗာစီတီတွင် ဆက်လက်သင်ကြားရန် ဦးလေးအိမ် ၌ လာရောက်နေထိုင်သောအခါ ဦးကျော်လှနှင့် ဒေါ်အေးခင်မှာ သားအရင်း သဖွယ် ကြိုဆိုလက်ခံထားကြလေသည်။ 

          အထက်ထပ်အောက်ထပ်ကူးထားသော လှေကားမှာ တိုက်တွင်းမှာ သာရှိ၍ နောက်ပိုင်း၌ ဖြစ်၏။ လှေကား၏ အရှေ့ဘက်တွင် ချိပ်ဆေးသုတ် ထားသော ကျွန်းသားဖြင့် ကာထားသည့် အခန်းတစ်ခန်း ရှိလေသည်။ ထိုအခန်းရှေ့၌ ဆက်တီကုလားထိုင်နှင့် စားပွဲဝိုင်းများ ရှိလေသည်။ လှေကား အောက်တွင် ကြည့်မှန်တပ်ထားသော ဗီရိုကြီးတစ်ခုရှိရာ တောက်လွန်းအား ကြီးသဖြင့် အဝတ်ဖုံးထားလေသည်။    ထိုဗီရို၏ရှေ့တွင် သစ်သားကွပ်ပျစ် တစ်ခုနှင့် သစ်သားခုံရှည် (ရသေ့လျောင်း) တစ်ခုရှိ၏။

            ဦးကျော်လှသည် ကွပ်ပျစ်ပေါ်၌ ပက်လက်လှဲလျက် သတင်းစာ ဖတ်နေလေသည်။ သူသည် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးဖြစ်ပြီး ခေါင်းတုံး တုံးထားသည်။ ဒေါ်အေးခင်မှာ ဆွမ်းအုပ်ကိုကိုင်ပြီး ခုံရှည်ပေါ်မှာ ထိုင်လျက် လမ်းဘက်သို့ကြည့်နေသည်။ အိမ်ရှေ့တွင် သံခေါက်တံခါးကြီး ၂ ခုရှိရာ ဆက်တီကုလားထိုင်များဘက်ရှိ တံခါးမှာ ပိတ်ထား၍ ကွပ်ပျစ်ဘက်က တံခါးမှာ ဖွင့်ထားသည်။ ဒေါ်အေးခင်မှာ မနိမ့်မမြင့် မဆူမကြုံ တော်ရုံသာ ဖြစ်ပြီး အသားမှာညိုသည်။ 

          “ဦးလေး ကျွန်တော်ကျောင်းသွားတော့မယ်” ဟု မျိုးမြင့်က ခွင့်ပန် လိုက်သောအခါ ဦးကျော်လှက သတင်းစာ ချထားလိုက်ပြီး

          “အေးအေး သွားသွား” ဟု သဘောတူလိုက်သည်။ 

           ဒေါ်အေးခင်ကမူ..........

          “အို စောလှချည်လား မောင်မျိုးမြင့်ရယ် ထမင်းမစားတော့ဘူးလား” ဟု ဆိုလိုက်လေ၏။

          “ဒီနေတော့ ထမင်းမစားဘဲ သွားရမှာပဲဒေါ်ဒေါ်၊ ကောလိပ်က ဖွင့်တဲ့နေ့ဆိုတော့ အချိန်စာရင်းတွေ ဘာတွေ မသိသေးဘူး။ ဒီတော့ စော စောသွားတာပဲ ကောင်းတယ်ဒေါ်ဒေါ်” ။

           ဒေါ်အေးခင်မှာ ဘုန်းကြီးများကို မြင်သည်နှင့် ဆွမ်းအုပ်ကိုင်၍ ထ သွားသည်။

            ဦးကျော်လှက လှဲနေရာမှ ထထိုင်ပြီး..

           “နေ့လယ် မုန့်စားဖို့ ဆိုင်တွေဘာတွေ ရှိမှာပါပဲကွာ” 

           “ရှိမှာပါပဲ ဦးလေးရဲ့” 

           “အေးအေး... ဒါဖြင့် သွား” 

           မျိုးမြင့်သည် လမ်းပေါ်သို့ရောက်သောအခါ မိန်းမပျိုကလေး ရှိသော အိမ်ရှေ့ဘက်သို့ လျှောက်သွားလေရာ ဆွမ်းလောင်းနေသော ဒေါ်အေးခင်၏ စိတ်ထဲမှာ ဘာ့ကြောင့် ပြည်လမ်းဘက်သို့မထွက်ဘဲ ရှမ်းလမ်းဘက်သို့ ထွက်ပါလိမ့်ဟု အံ့သြခြင်းဖြစ်မိသေးသည်။ သို့ရာတွင် ဘာမှထွေထွေ ထူးထူး ထပ်မစဉ်းစားပဲ မေ့ပစ်လိုက်လေသည်။

          မိန်းမပျိုကလေးတို့၏ အိမ်မှာ အိမ်နိမ့်ကလေးဖြစ်ရုံမက ကျဉ်းလည်း ကျဉ်းလေသည်။ ကျဉ်းရသည့်အထဲတွင် အိမ်ကို နှစ်ပိုင်းပိုင်းလျက် နှစ်ဦး နေကြရသည်။ ထိုအိမ်ရှေ့မှာ မြေလွတ်လေးပေမျှရှိ၏။ ထိုလေးပေမျှသော မြေလွတ်တွင် ပိန္နဲပင် တစ်ပင်ရှိ၍ အရိပ်အတန်ကောင်းလေသည်။

          ပန်းပင်ကလေးများလည်း စိုက်ထားသည်။ မျိုးမြင့် အိမ်ရှေ့မှ လျှောက် သွားချိန်တွင် မိန်းမပျိုသည် ခွာညိုပင်ကလေးကိုရေလောင်းလျက်ရှိ၏။ မျိုးမြင့်သည် မိန်းမပျိုကို သမင်လည်ပြန်ကြည့်ကြည့်၏။ မိန်းမပျိုကမူ ရေလောင်းရာမှ တစေ့တစောင်းခိုးကြည့်လိုက်၏။ ၎င်းနောက် မျက်လွှာချ၍ ရေလောင်းမြဲလောင်းနေသည်။ သူဘယ်တုန်းက ဒီတိုက်ရောက်နေပါလိမ့်၊ လူရည်က သန့်သန့်ပြန့်ပြန့် ကိုယ်ဟန်ကချောချော၊ အသက်က နှစ်ဆယ် လောက်။ ထိုခဏအတွင်း မိခင်ဒေါ်သိန်း၏ ခေါ်သံကို ကြားရပြန်သည်။

          “မခင်ဝင်း”

           “ရှင်.......”

          အော်...မခင်ဝင်းဆိုပါလား၊ သူငယ်မလေးက လှကလှသနှင့် သူ့ စောင်းသံကလေးက နွဲ့ပျောင်းသလို သူ့ကိုယ်ကလေးက နွဲ့နှောင်းလှပါဘိ။ မျိုးမြင့်သည် ခေါင်းငိုက်စိုက်ချ၍ ခပ်သွက်သွက်လျှောက်ရင်း ချီးကျူးမ ကုန်ဖြစ်နေလေသည်။ အင်း... ဒါပေမဲ့ ပတ်ဝန်းကျင်ကြည့်ရပုံက ဆင်း ဆင်းရဲရဲပဲထင်ရဲ့ ။    မျိုးမြင့်၏အတွေးရပ်သွားသည်။ ရှမ်းလမ်းဘက်သို့ ရောက်နေသော ခြေလှမ်းကို ပြန်တုံ့ပြီး ပြည်လမ်းဘက်သို့ ထွက်လာခဲ့ လေသည်။