Skip to product information
1 of 2

Other Websites

သာဓု - အာယုနှင့်မေမေလတ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အာယု

          “တော်ပါတော့ မေမေညွန့်ရဲ့ တော်ပါတော့ ယုယု အလိမ်းချင်ဘူး၊ သနပ်ခါး အလိမ်းချင်ဘူး”

          ဖြူဖြူတုတ်တုတ် ပါးဆုပ်ဖောင်းဖောင်းနှင့် ချစ်စဖွယ်ကောင်း လှသော အသက်သုံးနှစ်ခန့်အရွယ် ကလေးငယ်သည် လက်တစ်ဖက် ကို ခပ်တင်းတင်းဆုပ်၍ ဆွဲထားသော မိန်းမရွယ်တစ်ယောက်၏ လက်ထဲမှ တလွန့်လွန့်နှင့် ရုန်းကန်ရင်း ဤသို့လျှင် တတွတ်တွတ် ပြောနေသောကြောင့် ... ။ 

          “ငြိမ်ငြိမ်နေစမ်း ငါခေါက်လိုက်မယ်"

          ချော၍လှပြီး လှသလောက် ကျက်သရေရှိသည့် အသွင်ဆောင်နေသော အဆိုပါ မိန်းမရွယ်သည် ခပ်ဆောင့်ဆောင့်ကလေး ရုန်းနေသော ကလေးငယ်အား မျက်နှာထားနှင့် တစ်ချက်ငေါက် လိုက်၏။ သို့ငေါက်လိုက်သည့် စကားလုံးမှာ အနည်းငယ် ကြမ်း လိုလို ရှိသော်လည်း သူ့မျက်နှာထားမှာမူ ထိုကလေးအတွက်ဆိုကအသက်ပါပေးရန်အသင့်ရှိသကဲ့သို့သော ကြင်နာမှု အရိပ်အရောင်များဖြင့် လွမ်း၍သန်း၍ နေသည်သာ ဖြစ်၏။

          “ကြည့်ပါလား ငါရိုက်မိလိမ့်မနော် အာယု” . လက်ဝဲလက်ဖြင့် ကလေးကို ကိုင်ထားပြီး လက်ျာလက်ဖြင့် သနခါးကိုပွတ်လိမ်းပေးရင်း လက်တစ်ဖက် ရွယ်မြောက်၍ ငေါက်မှ အာယုလည်း အရုန်းအကန် ရပ်သွားတော့၏။ သို့သော် အာယု၏ မျက်နှာကဲကား၊ မေမေညွန့်ဆိုသူကို ကြောက်ရွံ့ သောကြောင့် သူ၏ ရုန်းကန်ဟစ်အော်မှုကို ရပ်လိုက်သည့် လက္ခဏာမျိုးမဟုတ်၊ တစ်စုံတစ်ရာကို အကြံယူနေသကဲ့သို့သော အသွင်ဖြင့် မှင်သေသေ ငြိမ်သက်သွားခြင်းသာ ဖြစ်၏။

          “မေမေညွန့် ဒါ ဘာဖြစ်တာလဲဟင်”

          အာယုသည် ဖောင်းအိဖြူဖွေးနေသော လက်ခုံကလေး တစ်ဖက်ကို ခပ်ကွေးကွေး ကောက်ပြရင်းက ဤသို့ မေးလိုက်၏။

          “သောက်ကောင်လေး ဉာဏ်မများနဲ့နော်ခြင်ကိုက်တာမှန်း သိရက်သားနဲ့”

          အမှန်အားဖြင့်ဆိုလျှင် အာယုသည် မိမိကိုယ်၌ တစ်စုံတစ်ရာ သော အဖုကလေးများ တွေ့ရလျှင် “ကြမ်းပိုးထိုးသွားတယ်” “ခြင်ကိုက်တာ” စသဖြင့် တစ်ခုမဟုတ် တစ်ခုကိုကား ပြောတတ် သည်။ သိသည်သာ ဖြစ်ပါလျက် ယခုကဲ့သို့ စကားမရှိစကားရှာလိုက် သည်မှာ တမင်သက်သက် ဉာဏ်ဆင်ခြင်းသာ ဖြစ်၏။ ထိုသည်ကို သူ့ မေမေညွန့်ကလည်း အတပ်သိ၏။

          မျက်နှာ၊ လက်၊ ရင်ပတ်နှင့် ပေါင်၊ ခြေသလုံး စသည်တို့ကို သနပ်ခါးရေကြဲ ခပ်ရွဲရွဲ ပွတ်လိမ်းနေသည်ကို အာယုသည် ငြိမ်သက်စွာပင် ခံနေသေး၏။ ကျောက်ပြင်ပေါ်တွင် သွေးထားသောသနပ်ခါးများ ကုန်သလောက် ရှိသွားသည်နှင့် မေမေညွန့်သည် အာယုကို ဆုပ်ကိုင်ထားရာမှ လွှတ်လိုက်ပြီး သနပ်ခါးတုံးကို စုံကိုင်၍ သွေးနေပြန်၏။

          သနပ်ခါး လိမ်းနေစဉ်က ခပ်ကားကား မြှောက်ထားသော လက်ကလေးနှစ်ဖက်ကို ပြန်ချရန် သတိမေ့နေဘိသည့်အလား အာယုသည် ဖြူတုတ်သော လက်မောင်းကလေးနှစ်ဖက်ကို မြောက်မ,၍ ကွတတ ရပ်နေရာမှ ထိုမ,ထားသော လက်ကလေး နှစ်ဖက်ကို ဆတ်ခနဲ ချလိုက်၏။ ချိုင်းအိုးနှင့် လက်မောင်းနှစ်ဖက် စလုံးမှလည်း သနပ်ခါးလိမ်းပြီးစ ဖြစ်သည့်အတိုင်း စိုထိုင်းထိုင်းပင် ရှိနေသေးရာ သို့လက်နှစ်ဖက်ကို ချလိုက်သည်နှင့် “ချမ်း”သွား သောကြောင့်လားမသိ အာယုသည်လက်ကလေးနှစ်ဖက်ကို ဖြုန်းခန့် ပြန်မလိုက်၏။ ဤသည့်အချိန်တွင် ဖြစ်ပေါ်လာသည့် အာယု၏ နက်နှာထားမှာ တစ်မျိုးတစ်မည် ထူးခြားလာ၏။ တောင်, မြောက်လေးပါးကို မျက်လုံးကလေး ကစားရင်း သူ့မေမေညွန့်အား တစ်ချက် စိုက်ကြည့်လိုက်ပြီးမှ ချာခနဲ လှည့်၍ အခန်းထဲမှ လစ်ပြေးတော့၏။ ထိုသို့ အပြုအမူမျိုးကို အမြဲတမ်းလုပ်တတ်သော အာယု၏ အကျင့်ကို သိပြီးဖြစ်သော သူ့မေမေညွန့်လည်း မျက်ခြေမပြတ်ကဲခတ်ရင်း သနပ်ခါးသွေးနေရာမှ အာယုလှည့်လိုက်သည်နှင့် လမ်းဆွဲရန် ထလိုက်သည်တွင် ရင်ရှားထားသော ထမီက ရုတ်တရက် လျှောကျသွားသောကြောင့် ထမီပြင်ဝတ်နေသည်နှင့် အာယုလည်း လွတ်သွားတော့၏။

          အာယုသည် သနပ်ခါး လိမ်းနေရာ အခန်းမှ သုတ်ခြေတင်၍ ပြေးထွက်လာပြီး မျက်နှာချင်းဆိုင် တံခါးပေါက်ထဲသို့ ခပ်သွက်သွက်ကလေး စွပ်ဝင်သွားကာ အခန်းဒေါင့် တစ်နေရာရှိ ခုတင် အနီးသို့ အလောသုံးဆယ် ချဉ်းကပ်၍ ချထားသော ဇာခြင်ထောင်ကို ဖျာပျာသလဲ ဆွဲမ,လိုက်၏။ 

          “သား သား၊ ဘာဖြစ်လာသလဲ ဘာလဲ” ဦးခေါင်းတွင် လက်ကိုင်ပုဝါစီးထားသော ခုတင်ပေါ်မှ မိန်းမရွယ်သည် လှဲနေရာမှ ကမန်းကတန်း ထ,၍ ခြင်ထောင်တစ်ချမ်းကို မ,ကာ ခြင်ထောင် ချိပ်တွင် ချိပ်လိုက်ရင်းက ဤသို့ မေးလိုက်သည်နှင့်

          “ဒီမှာ ကြည့်ပါဦး မေမေကြည်ရယ်၊ ဒီမှာ ဒီမှာ၊ ယုယုကိုလေ ဟိုဟို ခြင် ကိုက်သွားဒယ် မေမေကြည်ရဲ့ ”

          ခုတင်ပေါ်တွင် ခြေတွဲလောင်းချ၍ အာယု၏ လက်မောင်း ကလေးနှစ်ဖက်ကို ဆုပ်ကိုင်ထားသော မေမေကြည်အား အာယုသည် မျက်လုံးဝင်းဝင်းကလေးနှင့် စိုက်ကြည့်ကာ လက်ခုံကလေးကိုပြရင်း ပြောလိုက်သည်နှင့် မရှေးမနှောင်းပင် မေမေညွန့် ဆိုသူလည်း အခန်းထဲသို့ ရောက်လာ၏။

          "အာယု နင် လူပါးမဝနဲ့နော် ခွေးကလေး ညာတာပါတေးနဲ့ လစ်ပြေးတယ်၊လာခဲ့ သနပ်ခါးဖြင့် ပြီးအောင် မလိမ်းရသေးဘူး”

          ပြောပြောဆိုဆို မေမေညွန့်က အာယု လက်တစ်ဖက်ကို လွမ်းဆွဲလိုက်ည်တွင် အာယုလည်း ကိုယ်ကလေးကြံ၍ နောက်သို့ ဆုတ်ရှောင်လိုက်၏။

          “တော်ပြီ တော်ပြီ ယုယု, အလိမ်းချင်တော့ဘူး” 

          “ဘာ မလိမ်းချင်ဘူးလဲ လာခဲ့”

          မေမေညွန့်ကဆွဲ အာယုက ရုန်းကန်နှင့် ဖြစ်နေစဉ်

          “မညွန့်မေ ညည်းကလေးသိပ်တာ သေသေချာချာမှ ခြင်တွေ ဘာတွေ ခါရဲ့လား၊ ကြည့်စမ်းကလေးလက်မှာ ခြင်ကိုက်ဖုတွေ”

          ခုတင်ပေါ်မှ မိန်းမရွယ်သည် အာယု လက်တစ်ဖက်ကို ကိုင်ပြရင်းက ဤသို့ ပြောလိုက်သောကြောင့်

          “ခါတာပဲ မမရဲ့ ၊ တစ်ကောင်တစ်လေ ကျန်လို့ ကိုက်တာ ဖြစ်မှာပေါ့။ ဒီသောက်ကောင်လေးကို ရှည်တယ်၊ လာပြီးပြရ သေးတယ်” ။

          သို့လျှင် တစ်ဆက်တည်း ပြောရာမှ မညွန့်မေသည် အာယုအား လက်နှင့် ရွယ်လိုက်သဖြင့်

          “မလုပ်နဲ့နော်၊ ညည်းကလေးကို”

          “ဟုတ်သားပဲ မမကလည်း ခပ်ပိုပို၊ ဒီခွေးကောင်ကလေး ကလည်း ခပ်သဲသဲ”

          “ဘာ သဲတာလဲ၊ ဘာပိုတာလဲ၊ ငါတစ်နေ့တစ်လေ နေထိုင်မကောင်းလို့ ကလေးဝေယျာဝစ္စ လုပ်မပေးနိုင်ရင် ဒီလိုပဲ၊ ခြင်ထောင်ထဲက ခြင်ကိုမှ ညည်းတို့ စင်အောင် မခါနိုင်ဘူး။ ကြည့်စမ်း နည်းတဲ့ ခြင်ကိုက်ဖုကြီးလား” မေမေကြည်ဆိုသူ၏ စကားဆုံးသည်နှင့် မညွန့်မေလည်း အာယုကို ဆတ်ခန် ကောက်ချီလိုက်ကာ

          “အင်း မမသားကို မမနေကောင်းမှပဲ စိတ်ရှည်လက်ရှည်လုပ်၊ ကျွန်မတော့ မလုပ်နိုင်ဘူး”

          မဲ့ပြုံးကလေး ပြုံးကြည့်ရင်း ပြောပြောဆိုဆို ထွက်သွားသော ကြောင့် မေမေကြည်တွင် “ကမြင်းမနော်”ဟူသော စကားလုံးကို သာ အထပ်ထပ်ရေရွတ်ရင်း ကျန်ရစ်ခဲ့၏။

          ရန်ကုန်အရှေ့ပိုင်း၊ ပုဇွန်တောင်ရပ်ကွက်၊ ရွှေဘုန်းပွင့်လမ်းရှိ တစ်ခုသော နှစ်ထပ်တိုက်ကလေးနှင့် မျက်နှာချင်းဆိုင် မြေကွက်လပ်တွင် ဖြစ်သလိုဆောက်ထားသော တဲကလေးတစ်ခု အတွင်း၌ အလယ်အလတ် အရွယ်ဖြစ်သော ဇနီးမောင်နှံတစ်စုံသည် ထမင်း လက်ဆုံစားရင်း စကားတွေ ဖောင်လျက် ရှိ၏။

          “ကျွန်မတော့ ခက်တာပဲ ကိုအောင်ရွှေရယ်၊ ဒီကလေး ကိုယ်ဝန်ရှိမှ သစ်သီး၊ ပန်းသီး၊ ထောပတ်၊ ဘီစကွတ်ဆိုတို အဖိုးတန်တွေသာ စားချင်စားချင်နေတော့တယ်၊ ဟင်းဆိုရင်လည်း ဝက်သား၊ ကြက်သားမှ စားချင်တယ်၊ ခု ငါးပိရည်နဲ့ ပဲပြုတ်ကြော်လောက် စားရတာတောင် တစ်နေ့ သုံးနပ်ကျတယ်၊ သဘောရှိသော စားရမယ်ဆိုရင်တော့ အင်းတစ်နေ့ ငါးနပ်လောက် စားမိမလားပဲ"

          ဇနီးသည် လုပ်သူက ဘူးရွက်ပြုတ်ကို ထမင်းထဲသို့ မြှုပ်နေရာမှ ဤသို့ ပြောလိုက်သည်နှင့် ကိုအောင်ရွှေတွင် ပါးစပ်ထဲသို့ သွင်းဟန်ပြုလိုက်သော ထမင်းလုပ်သည် မေးစေ့နားတွင် ရပ်တန့်သွားရာမှာ

          “အို စားချင်တာပဲဟာ စားပေါ့ ပန်းဝါရယ်၊ မင့်ကို ဘယ်သူက မစားနဲ့ ပြောလို့လဲ၊ တစ်နေ့ ငါးနပ်မကလို့၊ ဆယ်နပ် စားတော့ကော ဘာဖြစ်သလဲ"

ကိုအောင်ရွှေသည် စကားကို အဆုံးသတ်ပြီးသည်နှင့် ထမင်းကို ပါးစပ်ထဲသို့ ခပ်သုတ်သုတ် သွင်းလိုက်၏။ မပန်းဝါ သည်လည်း သူ့ထမင်းထဲသို့ မြှုပ်ထားသော ဘူးရွက်ပြုတ်ပေါ်သို့ ငါးပိရည်ကြံကြံကို ခပ်ရွှဲရွှဲဆမ်းလိုက်ပြီးမှ

          “အင်း ရှင်ကတော့ စေတနာ တစ်ခွဲသားနဲ့ စားသာစား ဆိုပေမယ့်လည်း ကျွန်မမှာက နေ့ဖို့ ညစာ ကြည့်ရသေးတယ်။

          ရှင့်ဝင်ငွေက မှန်တာမဟုတ်ဘူး။ အင်မတန် ကံကောင်းတဲ့နေ့ ငါးကျပ်ရပေမယ့်၊ တစ်ခါတစ်လေလည်း တစ်ပြားမှ မရဘူးဟုတ်လား၊ ဒီကြားထဲ ဆိုက်ကားရှင်ကိုပေးဖို့မှ လောက်အောင် မရတဲ့အခါ အိမ်က စိုက်ရသေးတယ်။ ဒီတော့ ကျွန်မ စားချင်တိုင်း အရမ်းကာရော စားပစ်လို့ ဘယ်ဖြစ်ပါ့မလဲ ကိုအောင်ရွှေရယ်"

          မပန်းဝါ ဤသို့ ပြောလိုက်မှပင် ကိုအောင်ရွှေလည်း မိမိ တို့၏ ချို့တဲ့လှသော ဘဝကို သတိထားမိလာတော့၏။ တစ်နေကုန် တစ်နေခမ်း ပင်ပန်းတကြီး ဆိုက်ကားနင်းနိုင်မှ ကိုအောင်ရွှေမှာ ၃-ကျပ်မှ ၆-ကျပ်လောက်အထိ ရ၏။ ထိုအထဲမှ ဆိုက်ကားရှင်အား ငှားခ ၂-ကျပ် ပေးရသဖြင့် သူ့အတွက် သက်သက်မှာ တစ်နေ့ -၃ကျပ်မှ ၄-ကျပ်မျှသာဖြစ်၏။ တစ်ခါတစ်ရံတွင်မူ ဆိုက်ကားရှင် အား ငှားခ ၂-ကျပ်ပေးလောက်အောင်ပင် မရရှာသောကြောင့် အိမ်မှ စိုက်ပေးရသည်မှာလည်း ရှိသေး၏။

          ယင်းသည့် ဝင်ငွေ၊ ထွက်ငွေ စာရင်းကို မူလက ကိုအောင်ရွှေ လည်း မစဉ်းစာမိ၊ ဂရုလည်း မစိုက်ခဲ့ပေ။ ရသမျှငွေကို မပန်းဝါ လက်ထဲသို့ ထည့်လိုက်ခြင်းသည်သာလျှင် သူ့ဝတ္တရား၊ စားဖို့၊သောက်ဖို့ကိစ္စသည် မပန်းဝါ၏ တာဝန်ဟု သဘောထားခဲ့ကာ တစ်နေ့တစ်လေ ဝင်ငွေနည်းသဖြင့် ဆိုက်ကားရှင်ကို စိုက်ပေးရမည့် ရှိသည့်အခါတွင်သာ “ပိုက်ဆံရှိရင် တစ်ကျပ်လောက်ပေးပါဦး။ ဒီနေ့ မဟန်ဘူး”ဟု ပြောဆိုတောင်းရမ်း တတ်သည်မှအပ၊ ကိုအောင်ရွှေ ဘာမှ မစဉ်းစားမိ၊ ဝင်ငွေ၊ ထွက်ငွေ မျှ,မမျှလည်း သူမသိဘဲ ယခု မပန်းဝါ ညည်းညည်းညူညူ ပြောလိုက်မှပင် သူတို့၏ ဝင်ငွေကို စိတ်ဝင်စားလာတော့၏၊ တွေးလာ၏၊ငေးလာ၏။ ငေးရာ တွေးရာမှလည်း ခါတိုင်းထက် ပို၍ ကြိုးစား နင်းရန် စိတ်ပိုင်းဖြတ်လိုက်၏။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)