Skip to product information
1 of 15

စိတ်ကူးချိုချိုစာပေ

သာဓု - ရေးနည်းဝထ္ထုတိုများ

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out
Type

ချစ်သော မေတ္တာ

 

မောင်...

           တင့်ကို ဒီနေ့ည ၁၀ နာရီလောက် လာခေါ်ပါနော်။ ခေါ်ဖြစ်အောင် လာခေါ်ပါ။ နို့မို့ မောင်နဲ့ တင့်တို့ ဝေးကြလိမ့်မယ်။

          တင့်နဲ့ မောင်တို့အကြောင်းကို အိမ်က ရိပ်မိသွားပြီ။ ဒါကြောင့် မနက်ဖြန်ခါ မနက် ၆ နာရီ ရထားနဲ့ တင့်တို့အဒေါ်ဆီကို ပို့ကြလိမ့်မယ်။ တင့်ကို ဆက်ဆက်လာခေါ်လှည့်ပါနော်၊ တင့် မျှော်နေမယ်။

           ည ၁၀ နာရီမှာ အိမ်သာနားက ခြံပေါက်ကို လာခဲ့ပါ မောင်။

                                                                                                                       တင့်...

 

          ထိုစာကို ဈေးကူလီ တစ်ယောက်မှတစ်ဆင့် မောင်သည် အချိန်မီ ပင် ရရှိခဲ့၏။ စာရသောအချိန်မှာ နေ့ တစ်ချက်တီးခန့် ဖြစ်သောကြောင့် သွေးအေးအေးနှင့် စဉ်းစားလျှင် ထိုစာပါကိစ္စအတွက် ကြံရန်ဖန်ရန် ၉ နာရီလုံးလုံး အချိန်ရနေသေး၏။

           သို့သော် မောင့်အဖို့၌ သွေးအေးအေးဖြင့် မစဉ်းစားနိုင်၊ တစ်ခါမျှ မထားဖူးသော ရည်းစားဦးလည်းဖြစ်၊ တစ်ယောက်နှင့်တစ်ဦး ချစ်ကြိုက် ခဲ့သည်မှာလည်း ငါးလမျှသာ ရှိသေးသည်တွင် ရုတ်တရက် ဆိုသလို မမျှော်လင့်ပါဘဲလျက် ဤလို “ခိုးပါတော့” ဟူသည့် စာမျိုးဖတ်လိုက် ရသည်၌ အသက် ၂၀ မျှသာ ရှိသေးသော လူပျိုရိုင်း လူပျိုရိုးကလေး မောင်သည် အဘယ်မှာလျှင် မတုန်လှုပ်ဘဲ ခံနိုင်ပါတော့မည်နည်း။

          နေ့ တစ်ချက်တီးတွင်ရသော စာ၌ ည ၁၀ နာရီတွင် လာခေါ် လှည့်ပါဟူသောအချိန်သည် မောင့်အဖို့ အလွန်တိုတောင်းလှတော့၏။ စာဖတ်၍ဆုံးသည်နှင့် လူတစ်ကိုယ်လုံး တုန်ခါနေ၏။ ဘာ ဘယ်လို လုပ်ရမည်ကိုပင် မောင်သည် အစရှာမတွေ့၊ အဘယ်ပြဿနာကို ပထမ ထား၍ စဉ်းစားရမည်ကိုလည်း သူ တွေးမရ။ တုန်လှုပ်ခြင်း၊ ချောက်ချား ခြင်းဖြင့်သာ တစ်နာရီမျှသော အချိန်သည် ကုန်မှန်းမသိ ကုန်သွားတော့ ၏။

          နှစ်ချက်နှင့် ၁၅ မိနစ်လောက်တွင်မှာ မောင့်လှုပ်ရှားမှု၊ ချောက်ချားမှုများ မသိမသာ တည်ငြိမ်လာတော့၏။ သို့ တည်ငြိမ်လာ သည်နှင့်အမျှ ဦးခေါင်းအေးအေးထား၍ စဉ်းစားစပြုလာ၏။

          “ည ၁၀ နာရီ လာခေါ်ပါတဲ့။ ငါ သူ့ကို ဘယ်ခေါ်သွားရမလဲ၊ ဘယ်မှာထားရမလဲ”

           မောင်သည် ဤသည်ကို ဦးစားပေးကာ လေးလေးနက်နက် တွေး လိုက်၏။ အမြော်အမြင်ရှိသော လူငယ်တစ်ယောက်အနေဖြင့် မောင် သည် ဤအတိုင်းပင် တွေးရပေမည်။

          သူသည် မက်ထရစ်စာမေးပွဲကို သုံးနှစ်သုံးကြိမ် ဆက်၍ကျခဲ့ သောကြောင့် စိတ်ပျက်လက်ပျက် ကျောင်းထွက်ကာ လျှံဝါရှပ်ဆိုင်တွင် စာပေးစာယူနှင့် အရောင်းစာရေးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့၏။ ထိုလျှံဝါရှပ်ဆိုင်ပိုင်ရှင်သည် တရုတ်လူမျိုးပင် ဖြစ်လင့်ကစား မြန်မာပြည်ကို မြတ်နိုး၍ မြန်မာလူမျိုးကိုချစ်သော တာဝန်သိသည့် တရုတ်ဖြစ်၏။

          “ကျုပ် ပြည်ကြီးသားအစစ်ပါပဲ။ ဒါပေမဲ့ ကျုပ် မြန်မာပြည်မှာ နေတယ်။ မြန်မာတွေနဲ့ အရောင်းအဝယ်လုပ်တယ်။ မြန်မာဆန်ကို စားတယ်။ ဒီလိုနေပြီး မြန်မာလူမျိုးအပေါ်မှာ စိတ်ကောင်းမထားရင် ကျုပ် လူမဟုတ်တော့ဘူး။ ခွေးပဲ.. ခွေး... ခွေး” ပြီး

          လျှံဝါရှပ်ဆိုင် ပိုင်ရှင်သည် စကားစပ်မိတိုင်း (ဝါ) အကြောင်း ဆိုက်လာတိုင်း ဤသို့လျှင် လေးလေးပင်ပင်နှင့် အဓိပ္ပာယ် အဆီအသား ပါပါ ပြောတတ်၏။ ပြောသကဲ့သို့လည်း လက်တွေ့ကျင့်သူ ဖြစ်၏။ သူသည် ရိုးသားမှုကို အထူးအရေးပေး၏။ ချစ်တတ် ခင်တတ်၏။

          “ဟေ့... မောင်ညွန့်မောင်၊ ဘာလဲကွ။ မင်း စာမေးပွဲကျပြန်ပြီလား၊ စိတ်မညစ်ပါနဲ့ကွာ။ ငါ့ဆီမှာ အလုပ်လုပ်လေ။ ထမင်းကျွေးမယ်၊ လက် ဖက်ရည်ဖိုးပေးမယ်၊ လခ တစ်လ တစ်ရာယူပေါ့ကွာ။ မင်း စာမေးပွဲ အောင်ရင်လည်း ရုံးမှာ အလုပ်လုပ်မယ် ဟုတ်လား၊ ဒီလောက်ပဲ ရမှာပဲ”

          နောက်ဆုံးအကြိမ် မောင်ညွန့်မောင် စာမေးပွဲကျ၍ စိတ်အပျက် ကြီး ပျက်နေစဉ် လျှံဝါဆိုင်ရှင်က သို့လျှင် အားပေးစကား ပြောလိုက် သောကြောင့် ချက်ချင်းဆိုသလို ကျောင်းထွက်၍ အလုပ်ကို လက်ခံ လိုက်တော့၏။

          အကယ်တိ မောင်ညွန့်မောင် ကျောင်းဆက်နေမည်ဆိုကလည်း စာမေးပွဲ တဖုတ်ဖုတ်သာ ကျနေဦးမည်သာဖြစ်၏။    ပညာသင်နေဆဲ တွင် လက်တည့်စမ်းကာ ချစ်ရေးငင်ခဲ့သောကြောင့် ဘီအိုစီကိုယ်စား လှယ်၏ တစ်ဦးတည်းသော သမီးကလေး “တင့်” နှင့် ချစ်ကြိုးသွယ် မိခဲ့ကြ၏။ အဘယ်မှာလျှင် ဟုတ်တိပတ်တိ ကျောင်းစာကို ကြိုးစား နိုင်ပါတော့မည်နည်း။

           ဤသည်ကတစ်ကြောင်း၊ အခြားအကြောင်းတစ်ခုမှာမူ သူ စာမေး ပွဲအောင်က ဝင်ရောက်လုပ်ကိုင်မည်ဟု ရည်မှန်းထားသော အစိုးရရုံး အလုပ်သည် ယခုခေတ်၌ မလွယ်သည်ကို တွေးမိပြီး သေချာသည့် အလုပ်ကို လက်ခံလိုက်ခြင်းအားဖြင့် သူ့အဖို့၌ (အလုပ်နှင့်အကိုင်နှင့်) ဟူသော ဂုဏ်ပုဒ်ကလေးရှိလာမည် တစ်ကြောင်းတို့ကြောင့် မောင်ညွန့် မောင် အလုပ်လက်ခံလိုက်ခြင်းဖြစ်၏။

          လူပျို လူရွယ် လူငယ်တို့သဘာဝ သူ၏ တစ်ခုတည်းသော မျှော် မှန်းချက်မှာ သူ၏ချစ်သူကလေး “တင့်” နှင့် ဖူးစာဖက်ရမည့်အရေး သာလျှင် ဖြစ်သည့်အတိုင်း သူရရှိသော လစာငွေ ၁ဝဝ အနက် ထက် ဝက်ကို သူ့မိဘအားပေးလျက် ၂၀ မျှ သူသုံးပြီး ပိုငွေကိုမူ မှန်မှန် ကြီး စုခဲ့၏။

          သို့နှင့် ငွေပေါင်း ၉၀ မျှသာ စုမိသေးသောအချိန်၌ “ခိုးပါတော့” ဟူသည့် ဧရာမအချစ်ပြဿနာကြီး ပေါ်လာသောကြောင့် မောင် ညွန့်မောင်တွင် အထက်ပါအတိုင်း ခေါင်းနားပန်းကြီးသွားခြင်း ဖြစ်ဟန် တူ၏။ အကယ်တိ တင့်ကလေးမှာသည့်အတိုင်း ခိုးယူတော့မည်ဆိုစို့၊မောင်ညွန့်မောင်သည် တင့်အား မည်သည့်အရပ်၊ မည်သည့်အိမ်သို့ ခိုးသွား ခေါ်သွားရပါမည်နည်း။ ဤသည်မှာ သူ့အဖို့ ပြဿနာအမှတ် (၁) ဖြစ်နေ၏။

          ထိုအမှတ် (၁) ဖြစ်သော နေရာထိုင်ခင်းကိစ္စကိုသော်မှ အတည် တကျ တွေးမရသေးမီ စားရေးသောက်ရေး၊ ဝတ်ရေးဆင်ရေးအထိ အကျော်တလွှား တွေးနေမိပြန်၏။ သို့နှင့်ပင် နောက်ထပ် တစ်နာရီ သော အချိန်သည် သူ့အဖို့၌ အရှိန်မြန်စွာဖြင့် ကုန်သွားပြန်ပြီ ဖြစ်၏။

          ယင်းသို့လျှင် သူတွေ့ရမည့်အခက်အခဲ ပြဿနာများကို တသီ တတန်းတွေးရင်း ငေးရင်းဖြင့် ညနေ ၆ နာရီအချိန်သို့ ရောက်လာခဲ့သည်တွင် မောင်ညွန့်မောင် ပို၍လှုပ်ရှားလာ၏။ သူ့အတွေးသည်လည်း ဖျာပျာသလဲ ဖြစ်လာ၏။ ည ၁၀ နာရီဘက်သို့ နီးလာလေ သူ့တွင်ပို၍ ရင်ခုန်လာလေ ရှိနေခဲ့ရာမှ ၈ နာရီထိုးလုနီးနေသည်အထိ ဘာတစ်ခုမျှ အတိအကျ မဆုံးဖြတ်ရသေး။

          တွေးမရတော့သည့်အဆုံး၌ မတတ်သာတော့ပြီ ဖြစ်သည့်အတိုင်း သူ၏ အားထားရာဖြစ်သော လျှံဝါရှပ်ဆိုင်ပိုင်ရှင်အား အလုံးစုံဖွင့်ဟ ပြောဆိုရင်း အကြံဉာဏ် တောင်းရတော့၏။

          “အောင်မလေးကွာ... မိန်းမ ခိုးတာပဲ၊ အဆန်းမဟုတ်ပါဘူးကွ။ သူက ကြိုက်လို့လိုက်လာတာဆိုရင် ပြီးတာပဲ။ ဟေ့... မင်း ဘာမှ မကြောက်နဲ့ ညွန့်မောင်၊ အုတ်ကြွပ်တန်းမှာ သူငယ်ချင်းအိမ် ရှိတယ်။ အို.. မင့်ကို ငါစာပေးခိုင်းဖူးတဲ့ အိမ်လေ။ သိတယ်မဟုတ်လား၊ အဲဒီ အိမ်ကို ခေါ်သွား၊ ဘာမှမကြောက်နဲ့” ဟူ၍ စိတ်ရောကိုယ်ပါ အားပေးရုံ သာမက

          “ည ၁၀ နာရီ ခိုးမယ်လား မင်း”

          “ဟုတ်ကဲ့၊ ၁ဝ နာရီ လာခေါ်ပါလို့ မှာစာထဲပါတာပဲ”

          “အေး.. ဒါဖြင့် ငါ အခု သွားပြောထားမယ်ကွာ” ဟူသည်အထိ ပင် ကိုယ်ဖိရင်ဖိ အကူအညီရနေပြီ ဖြစ်သောကြောင့် ညွန့်မောင်တွင်ကျေးဇူးတင်၍ မဆုံးနိုင်သလောက် တစ်ဖက်တွင်လည်း ချစ်သူကလေး နှင့် နီးရတော့မည့်အရေးကို ရင်တလှပ်လှပ်နှင့်တွေးကာ ပြုံးစိစိကြီး ငေးနေမိတော့၏။

        

 *****  

 ၉ နာရီထိုးသည်နှင့် မောင်ညွန့်မောင်လည်း ထိတ်လန့် တုန်လှုပ် နေသော စိတ်ကို တံတွေးမျိုချရင်းရဲ

ဆေးတင်ကာ စိတ်အချရဆုံးနှင့်