Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

သာဂဒိုး - ဝထ္ထုတို ၅ ပုဒ်

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

နာမည်ကျော် ကြည်ကြည်ဌေးယောက်ျား

 

          ဒီနေ့ ကျကျနန ဝမ်းလျားမှောက်လိုက်ပြီးနောက် ယနေ့တော့ ငါ လူဝတ္ထုတစ်ပုဒ် ရေးထုတ်အံ့” ဟု စိတ်သွင်း စိတ်ကူး လုပ်လိုက် ပါသည်။ သာဂဒိုးသည် သေသေချာချာ ဝမ်းလျားမှောက်၍ စာရေး ခြင်းအတတ်ကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းထံမှ ရရှိလိုက်သည် ဖြစ်ရာ ဒီနောက်တော့ စာရေးတိုင်း ဝမ်းလျားမှောက်တော့သည်။ကောင်း၏။ ကျန်းမာ၏။ ဟုတ်ပြီ။ ဒီနေ့ လူဝတ္ထုရေးဦးမည်ဟု တအားစိတ်ကူး၏။ လူဝတ္ထုဟူသည် အဘယ်နည်း (နို့ ဘယ်ဟာက ခွေးဝတ္ထုနည်း။ ဒီလိုတော့ ဘုမမေးလင့်)၊ လူဝတ္ထုဟူသည် တကယ် ရှိ လူကို တကယ်ရှိကိစ္စ၌ မွမ်းမံ၍ ရသစွက်ကာ ရေးသည်ဖြစ်၏။ ဒီလိုယူ၏။ ဒီရက်မှာမှ ဒိုးက ဦးအောင်သိန်းကြီး မျက်နှာကို တဝဲဝဲ မြင်ယောင်နေမိလေသည်။ ဦးအောင်သိန်းမျိုးစုံတွေ မြန်မာပြည်ရှိရာ ၌ ဒိုးမြင်ယောင်သော ဦးအောင်သိန်းကား နှယ်နှယ်မဟုတ်။ ချာချာ မဟုတ်။ တစ်ချိန်တွင် ရုပ်ရှင်ပြဇာတ်နယ်တွင် ကိုယ့်မယားမှီ၍ ဘုန်း မီးနေလ သိပ်ထွန်းတောက်ပခဲ့သော သူ့လင်အကောင်းစား ဦးအောင် သိန်းတည်း (ဝါ) သူကား ကြည်ကြည်ဌေးယောက်ျားကြီး ဦးအောင် သိန်း နှင်နှင်တည်း။ တစ်နေ့ဆီက ဂီတလုလင်မောင်ကိုကိုသည် သတင်းစာအတွက် ဆောင်းပါးလာပေးရာ ဟိုပြောသည်ပြောနှင့် ဦးအောင်သိန်း အကြောင်းလည်းရောက်၊ ကြည်ကြည်ဌေး တိုက်ကြီး ဟည်းနေတာလည်း ဖြစ်သွားသည်။ ဒီနောက်တော့ ကွယ်လွန်သူ ဦးအောင်သိန်းကြီးမျက်နှာက ဒိုးဆီမှာ သတိတရပြန်ကာ တဝဲဝဲ လာ ဖြစ်တာနှင့် တူသည်။ မကောင်းသော်လည်း တစ်ချိန်ကအကြောင်း ကို ပြန်ပြောင်းပြောမည်။ သာဂဒိုး၏ မုန်းတီးမြင်ပြင်းကတ်များ စာရင်းတွင် ထိုဦးအောင်သိန်းကြီးသည် ထိပ်ဆုံးက လုံးလုံးပါနေခဲ့ လေပါသည်။ ဘာကြောင့်နည်း။ အဲဒါတော့ ကိုယ့်ဘာကိုယ်လည်း ရေရေရာရာ မသေချာခဲ့ချေ။ ခက်၏။ ကိုယ့်ကုသိုလ် သူ့ ကုသိုလ်ပဲ ထင်ရ၏။ သူနှင့် သိကျွမ်းခြင်းလည်း မရှိပါ။ ပတ်သက်ဆက်စပ်ဖူး ခြင်းလည်း မရှိ။ သို့သော် မြင်လိုက်တာနှင့် ဒူးနှင့်တိုက်ချင်စိတ်က ဒူးခေါင်းမှာ ပေါ်ပေါ်လာတတ်သတည်း။ အဲဒါဘာနည်း။ တစ်ခုပဲ ရှိသည်။ ထိုဦးအောင်သိန်းကြီးအကြောင်း ဟိုကဒီက ဝေနေယျတို့ ပြောကြတာတွေ ကိုယ့်နားထဲ အခမဲ့ တသွင်သွင်တွေ ဝင်နေလို့ပဲ ဖြစ်မည်။ ဒါပဲရှိသည်။ သူ့အကြောင်းနှင့် ပတ်သက်၍ ဒိုး၏ ထိတွေ့ ရာ သတင်းစာနယ်၊ စာပေနယ်၊ ရုပ်ရှင်ပြဇာတ်နယ်ဝန်းကျင်တွင် ဆိုးဆိုးပြောသူသာ တွေ့လျက် တွေ့လျက် ကောင်းကောင်းပြောသူ ကိုကား မတော်မခိုက် ခလုတ်တိုက်၍ပင် မတွေ့ပါချော့။ သို့ဖြင့် သူ့ကိုမြင်လျှင် ချဉ်စိတ်ကစ၍ အလိုလို အော်တိုမက်တစ်ပေါ်သည်။ အလိုလိုနေရင်း ကိုယ့်အကြောတွေ တင်းသွားသလို ဖြစ်သည်။ ကိုယ် က အလကား မေတ္တာထားနေပုံ ဖြစ်သည်။ ထိုဦးအောင်သိန်း၊ ဤဦးအောင်သိန်းနှင့် ကျွန်ုပ် သာဂဒိုးသည် တစ်နေ့သောအခါ၌ နဖူး

တွေ့ ဒူးတွေ့ တွေ့မှောက်လျက် အလုပ်လုပ်ဖက် ဖြစ်လာမည်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့ချေဗျာ။

          ရန်ကုန်မြို့ ပန်းဆိုးတန်း ဝင်းဝင်းရုံဘက်၌ ပြဇာတ်များ ခေတ် စားနေချိန်တွင် ရဲဘော်ဒိုးသည် ယင်းနှင့် မနီးမဝေး လွစ္စလမ်း၌ အိုးဝေဆိုသော သတင်းစာတွင် သတင်းထောက်တစ်လှည့်၊ အယ်ဒီတာ တစ်လှည့် လုပ်စားနေချိန်ဖြစ်သည်။ နေ့ခင်းတွင် ထောက်စရာရှိတာ တွေ လိုက်ထောက်သော သတင်းထောက်ဖြစ်လျက် ညပိုင်းတွင် ကိုယ်ထောက်တာရော သူများထောက်လာတာရော သတင်းစုံတွေ ကိုင်ကာ အယ်ဒီတာပြန်ဖြစ်ရတာ ဖြစ်သည်။ ဒီလို နေ့တစ်မျိုး ည တစ်သွယ်နှင့် အလဲလဲ လုပ်စားတာ ဖြစ်သည်။

          ထိုအချိန်မှာ နည်းနည်းအားပြီဆိုလျှင် ဝင်းဝင်းရုံရောက်၊ ပြဇာတ် ကားတွေ ဆက်တင်ကြားရောက်၊ မင်းသမီး၊ မင်းသား၊ ပြဇာတ်သမား တွေ ကြားရောက်လျက် သတင်းထောက်က ထောက်တတ်သည်။

          အဲဒီမှာ တကားကားနှင့် မင်းသမီးယောက်ျား လုပ်စားနေသော ငရဲသားကြီး ဦးအောင်သိန်းကို စတွေ့ ဖူးရသည်။ သူ့ကို စိတ်ထဲမှာ အားမနာ ပါးမနာပါဘဲ ငရဲသားကြီးဟု စိတ်ကခေါ်သည်။ သူ့ဗလ ကြည့်၍ အသံထွက်၍တော့ အဘယ်ခေါ်မည်နည်း။ 

          လူက ဗလကောင်းကောင်း၊ အသားညိုညို၊ လူတိုတို၊ မေးရိုး ခိုင်ခိုင်၊ ဗိုက်ရွဲ့ရွဲတွဲတွဲ။ သူလာလျှင် ရှောင်ကာရှားပေတော့ဟု လက် ကား၍ လျှောက်တတ်သည်။

          လုံချည်ကို ဗိုက်ရွှဲဖော်ကာ ချက်အောက်ထိုးဝတ်လျက် ခြောက် လုံးပြူး အတွဲကြီးကလည်း ခါးမှာ အမြဲပြူးနေအောင် ချိတ်ထားသည်။ မျက်နှာက ရယ်မောနေသည်ကို မြင်ရခဲသည်။ သုန်သုန်မှုန်မှုန် ဘီလူး

သံပရာရည် လူးသလို မျက်နှာက စူး-စု-စူ၍ နေသည်မှာ သူ့မဟာ အကျင့်တည်း။

          ပြောရလျှင် အလကားနေရင်း ဒေါသပြင်း၍ မနောက သဝေ ထိုးထိုးပြီး စိတ်ဆိုးနေတဲ့ မျက်နှာဖြစ်သည်။

          သူက အဲဒီလူက နာမည်ကျော် ရုပ်ရှင်ပြဇာတ်မင်းသမီး ကြည် ကြည်ဌေး၏ ယောက်ျားစင်စစ် ဧကန်ဖြစ်နေလေသည်။

          သူ့ဘာသာသူဆိုလျှင် သူလည်းအနေသာ ကိုယ်လည်းအနေသာ ဖြစ်သည်။ ဆိုင်စရာ၊ ပတ်စရာ နှမ်းတစ်စေ့ မရှိပါဖြစ်၏။ သို့သော် သူက နာမည်ကျော် ကြည်ကြည်ဌေး၏ လင်ယောက်ျား ဖြစ်နေသည် ဆိုတော့ ကိုယ်က ကြည်ကြည်ဌေးနှင့် လုပ်စားဖို့ ဖြစ်လာသောအခါ ဒါကြီးနှင့် မပတ်သက်ချင်၍ မရနိုင်ဖြစ်ရတော့သည်။

          ၅၈ ခုနှစ် ဒီနောက်ပိုင်း လေး၊ ငါးနှစ်မျှ ကျွန်တော်သည် ရုပ်ရှင် တွေ တော်တော်လုပ်ဖြစ်လိုက်ရသည်။    ပညာသည်စုံ၊ လူစုံ၊ ဇာတ်လိုက် စုံ၊ မင်းသမီး မင်းသားစုံတွေ တွေ့ဆုံပေါင်းသင်း၍ ဒီ ဝေနေယျ သတ္တဝါတစ်မျိုးတွေနှင့် လုပ်ကိုင်စားခဲ့ရတာ ဖြစ်သည်။

          “ကဲ ကိုရင်ဒိုးရဲ့ ဒီနောက်တစ်ကားမှာတော့ မင်းသမီး လဲကြ ဦးစို့လား။ ကြည်ကြည်ဌေးနဲ့ ရိုက်ချင်တယ်”

           ရဲဘော်ဒိုးသည် ကြည်ကြည်ဌေးနဲ့ဟု ဆိုကတည်းက တစ်ချီ တည်း သူ့လင်ကြီး တန်းမြင်မိရလေသည်။

           ရုပ်ရှင်လုပ်သည့် ပိုင်ရှင်များက ဒီလိုအဆိုပြုရာ ကျွန်တော့်မှာ တကယ် ထိုငရဲသားကြီး လှမ်းမြင်၍ ကျောပြင်မှာ ငလျင်လှုပ်နေမိ လေသည်။

          ကြည်ကြည်ဌေးကို ပြောစရာ မရှိပါဘူး။ စွယ်စုံချွန်သည့် မင်း သမီးပေပဲ။ သူနှင့် အလုပ်လုပ်၍ ဒါရိုက်တာ မပင်ပန်းပါ။ စိတ်မညစ်ရပါ။ အလုပ်တွင်မှာ သေချာသည်။ အကွက်ကောင်းတွေ ဖြစ်

မြောက်မှာ သေချာသည်။ သို့သော် သူ့နောက်က သူ့လင်ကသာ ခက်တာဖြစ်သည်။ ကြားကြားသမျှ မလွယ်။   ခြောက်လုံးပြူး တကား ကားနှင့် ငရဲသားကြီးကို မြင်ယောင်ကာ ကျွန်တော် ထိုင်ရာမထ ခေါင်းမူးသည်။

          ဝင်းဝင်းရုံတုန်းက မြင်ဖူးပြီ။ သူက လူကိုကြည့်တာကိုက ဘယ် တော့မှ တည့်တည့်မကြည့်။ ကြည့်တာက ဘေးတစောင်းစောင်းနှင့် ဘုကြည့်၊ မိုက်ကြည့်၊ ဆင်ကြည့် ကြည့်တာ ဖြစ်သည်။

          ပြောတာကော၊ ဘုစကားက စလာသည်။ ဆဲတာလေးက အဆစ် ပါရန် ဝါသနာရှိသည်။ ဒါကြီးနှင့် ငါတွေ့ရ လုပ်ရမည်ဆိုတော့ တော်တော်အိပ်မပျော်ပင် ဖြစ်ရသည်။

          ကြားရတာကလည်း သူ့သတင်းအားလုံးက သံချောင်းလို ခပ် မာမာ သတင်းချည်း ဖြစ်သည်။ ကြည့် ဝင်းဝင်းရုံဇာတ်ခုံမှာ သူ့ မယားမင်းသမီး ပါးပိတ်ရိုက်တာ ချာခနဲ ပစ်လဲ၍ သတိတောင် လစ်သတဲ့။    မင်းသားလုပ်ပုံ မကျေနပ်တာ ဆက်၍ ဒေါသထွက်တဲ့ ပြီး ဒါမျိုးနှင့် မကနဲ့ဟု သူ့မယား မင်းသမီး ပါးပိတ်ရိုက်တာတဲ့။ အိုက်တင်လုပ်တဲ့ မင်းသမီးမှာ အိုက်တင်မလုပ်နိုင်ဘူး။ တဟီးဟီး မျက်ရည်ဖြာအောင် ငိုရှာရသတဲ့။

          ဒီလိုတွေ ကြားတာက အားလုံးခပ်ပူပူ သတင်းဆူဆူချည်းသာ ဖြစ်တော့သည်။ ဒါကြီးနှင့် အလုပ်လုပ်ရမည်လား။ သူ့ဇနီးနှင့် အလုပ် လုပ်တာ အဖြောင့်အရိုးလုပ်ပါလျက် အဖြောင့်အရိုးမထင်လျှင် ခက်ပဲ ခက်ရချည်ရဲ့ဟု နေရင်းထိုင်ရင်း အံတင်းနေမိရသည်။

          ထိုစဉ်ခိုက်မှာ သာဂဒိုးဆိုတာကလည်း ထောင်ထွက်၊ စစ်ထွက် လူမိုက်၊ ဘုရားမရှိ၊ တရားမရှိ ခပ်ပေပေထဲကလို ဖြစ်နေသည်။ ဘာလို့မှန်းမသိ အဲဒီတုန်းက ဒိုးက ခါးထဲမှာ ဓားကလေးဆောင်သွား ရမှ နေတတ်စားတတ်ချိန် ဖြစ်သည်။ အချို့မြင်ကြသည်။

          ဒီတော့ သာဂဒိုးဆိုတာ ကြည်ကြည်ဌေးနှင့် ရိုက်မည်ဆိုတော့ ရုပ်ရှင်သမားပါးစပ်တွေက ခပ်စွာစွာပြောကြသည်။ ကြည့်တော့ လှမယ့် အကွက်ဂါ့။ ဒီက ကလောင်လူမိုက်ပဲ သေနတ်ထိပ်မှာ ကားကားလေး နေမလား၊ ဟိုဘတ်စ်ကား လူမိုက်ကြီး မင်းသမီးလင်ပဲ ရင်ကွဲပြီး မိုးဦးဖားကြီးလို တဟင်းဟင်း ဖားပေါင်စင်းမလား၊ ကြည့်ရမယ့်ပွဲကတော့ ပွဲကောင်းပွဲလှကွနော်။ ဒီလိုစောင်ခြုံကြားက လက်ခုပ်သံပေးနေ ကြသည်ဟု နောက်မှ သိရသည်။

          ရုပ်ရှင်နယ်မှာ ထိုစဉ်ခိုက်၌ ကြည်ကြည်ဌေးလင်က တစ်ခုထွင် တာကလည်း ရှိသည်။ ရုပ်ရှင်ကုမ္ပဏီတွေက သူ့အား မင်းသမီးလင် ဖြစ်လို့ လင်ကြေးပေးရတာ ဖြစ်သည်။ သူ့စနစ်က ဒီလို။ မင်းသမီး အလုပ်ခွင်ရောက်သည်နှင့် သူ့ကို ငွေကျပ် ၂ဝ ပေးရန်၊ အလုပ်မပြီး ၍ ညနေခြောက်နာရီကျော်လျှင် ထပ်၍ အချိန်ပိုလင်ခက ၂ဝ ထပ်မံ ပေးရန်၊ ထိုမှမပြီး၍ ည ၁၂ နာရီကျော်ဦးမည်ဆိုလျှင် ထပ်၍ လင် အပိုကြေး ၂၀ ပေးရန်။ ဒီလိုဖြစ်သည်။ ဒါကို ကုမ္ပဏီတိုင်းက ပေး တာတောင် သဒ္ဓါကြည်ဖြူကြောင်းပြ၍ ပြုံးပြုံးလေး ကုန်းကုန်းလေး ပေးရသည်။

          ထိုစဉ်ကာလ၌ ကြည်ကြည်ဌေးဆိုတဲ့ မင်းသမီးကလည်း အား ကြီးတန်ခိုးကြွနေသည်မှာ အစိုးရပွဲတွေပင် သူမပါ မပြီးသလိုဖြစ် သည်။ နိုင်ငံရေးပါတီပွဲတွေကလည်း အလုအယက်ဖြစ်သည်။ ပွဲတိုင်း

ကျော်သည်။ ဖဆပလတွေ ကွဲကြသည်။ ပထစဆိုတာ ဖြစ်လာသည်။ ရိုးရိုးဆိုရှယ်လစ်နှင့် ဆိုရှယ်နီဆိုပြီး ကွဲကြသည်။ ပထစတွင်မှ တစ်ခါ “ဦး” ရယ်၊ “ဗိုလ်”ရယ်၊ သခင်ရယ်ဆိုပြီး သေးသေးလေးတွေ ကွဲလိုက် သေးတော့သည်။ နိုင်ငံရေးမှာတော့ ဒီလိုဟိုလိုတွေ ယခုကဲ့သို့ ကွဲသည်။ သို့သော် သူတို့သည် ကြည်ကြည်ဌေး ကြိုက်တာချင်းတော့ အားလုံးတူခြင်းက တစ်မျိုးထူးတော့သည်။

          သူတို့ သူတို့ ပွဲလမ်းများတွင် ကြည်ကြည်ဌေးကို အငမ်းမရ ပါဘဲ အတင်းအရခေါ်ကြသည်။ ချော့ခေါ်သူရော၊ ခြိမ်းခြောက်၍တောင်ပြမြောက်ပြ လုပ်၍ ခေါ်သူရော တွေ့ကြရသည်။ သူတို့ပွဲ တွေတွင် ကြည်ကြည်ဌေးကို ကစေ ဆိုစေသည်။ ကြည်ကြည်ဌေး ပါလျှင် နိုင်ငံရေးမှာတောင် အရောင်ထွက်၍ ဂုဏ်တက်သည်တဲ့။ ဒီပြည်မှာ ဒါလိုတွေ ဖြစ်ခဲ့တာ ဖြစ်သည်။ 

          ဒီတော့ ကြည်ကြည်ဌေး ယောက်ျားကြီးက လက်မကြီးထောင် ထောင်၊ ခြောက်လုံးပြူးကြီး ထောင်ထောင်နှင့် ထောင်တာတွေ လုပ် တာ ဘာဆန်းအံ့နည်း။

          ဒါကြီးနှင့် ဒိုးက တွေ့ရ၊ လုပ်ရတော့မှာ ဖြစ်သည်။ ပြီး ဒီရက် မှာ ဒိုးက မျက်နှာပူစရာတစ်ခုက လုပ်မိလိုက်သည်။ မင်းသမီး လင်များ၊ မင်းသမီးရည်းစားများ ဒိုးက စိတ်ပေါက်ပေါက်ရှိသည်နှင့် သတင်းစာဆောင်းပါးတစ်ခု ရေးထည့်ပြီး ဘေးကို ကန်မိတာ ဖြစ် သည်။

          ထိုဆောင်းပါးက ဆိုသည်မှာ ဒီလိုဖြစ်သည်။

          “ဗမာပြည်မှာ မင်းသမီးလင်တွေ တော်တော်ခက်နေတယ်။ မင်းသမီးရည်းစားတွေကလည်း ဝင်ဝင်ခက်တယ်။ ယခု ရုပ်ရှင်လုပ် စားသူတွေမှာ ဒါရိုက်တာတွေ၊ ပိုင်ရှင်တွေရောပါပဲ။ မင်းသမီး

ကြောက်ရတာတစ်မျိုး၊ မင်းသမီးလင်တွေ ကြောက်ရတာတစ်မျိုး ဖြစ် နေတယ်။ တောင်းဆိုချက်တွေ၊ ဆန္ဒတွေ၊ သဘောထားတွေ အမျိုးမျိုး ဆိုကြ တောင်းကြ ဖြစ်နေတယ်။ ခက်တာက မင်းသမီးတွေကတစ်ယောက်တစ်ပေါက်၊ မင်းသမီးလင်တွေကလည်း တစ်ယောက် တစ်ငေါက်၊ သိပ်ခက်တယ်။ ဒီပြဿနာဟာ ရုပ်ရှင်လုပ်စားတဲ့လူတွေ သိပ်စိတ်ညစ်ရပြီး တစ်နေ့တခြား ဖု၍ ခုလုလုဖြစ်လာနေတယ်။ ဒီပြဿနာ ပြေလည်လွယ်ကူအောင် ဒီလို တစ်ခုလုပ်ကြပါလားဗျ။ မင်းသမီးလင်တွေ စု၍၊ ညှိ၍၊ ခေါင်းချင်းဆိုင်တိုင်ပင်၍ မင်းသမီး လင်များအသင်းလို့ အသင်းဖွဲ့ ဗျာ။ ဒီအသင်းမှာ မင်းသမီး ရည်းစား များလည်း အရန်အသင်းဝင်အဖြစ် အရန်ဖွဲ့စည်းပါ။ ဒီလင်အသင်းက ဘာလုပ်ရမလဲ။ ခင်ဗျားတို့ လိုချင်တာတွေကို စုပေါင်းညှိ၍ စုပေါင်း ဆုံးဖြတ်ပြီး တောင်းဗျာ။ ပြောဗျာ။ ဒီလိုဆိုလျှင် ကျုပ်တို့ အခု ခင်ဗျားတို့က တစ်ယောက်တစ်ပေါက်တွေ၊ တစ်ငေါက်တွေ၊ တောင်တောင်း မြောက်တောင်း ပြု၍ စိတ်ညစ်ကြရခြင်းမှ လွတ်ကင်းကာ လွယ်ကူအေးချမ်းစွာဖြင့် ရှင်းရှင်းလေး လိုတာပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ခင်ဗျားတို့ စိတ်ကူးမလွဲပါနဲ့ ။ ရှင်းရှင်းပဲ မင်းသမီးလင် တွေအသင်း အမြန်ဖွဲ့ ကုန်လော့”

*******

 

          ဒီလို ဒီလို အရည်ခပ်ကျဲကျဲ အဆီရွှဲရွှဲဖြင့် ဒိုးက သတင်းစာမှာ ရေးလိုက်တာဖြစ်သည်။ ဒီလိုမိုက်လုံးထွားထွားဖြင့် ရေးသားလိုက် တာ ဖြစ်သည်။ ပြီးတော့ ကြည်ကြည်ဌေးယောက်ျားက ဘယ်သို့၊ မြင့်မြင့်ခင်လင်က ဘယ်နှယ်၊ ခင်ယုမေရည်းစားတော့ ဘယ်နေရာ မှာ ထားဟူ၍ လင်အမှုဆောင်တောင် လျာထားဖွဲ့ စည်းပေးလိုက်သေး သည်။

          ဒီလို ထင်တာရေးပြီးတော့မှ မျက်နှာပူစရာ ကြည်ကြည်ဌေး ယောက်ျားနှင့် မျက်နှာဆုံကာ အလုပ်လုပ်ဖို့ လာဖြစ်ရသည်။