ဒေါက်တာသန်းထွန်း - မိုးကျရွှေကိုယ်
စာရေးစားပွဲတစ်ဖက်မှာ ထိုင်နေတဲ့မိတ်ဆွေက သူလေ့လာဆဲစာရွက်တွေကိုဖတ်ရင်း ကျွန်တော့်ကို လှမ်းကြည့်ပြီး “ဒီမှာ လက်မှတ်ထိုး၊ ဒါပဲ” လို့ ပြောလိုက်တယ်။
ညနေခင်းလေအေးအေးမှာဖယောင်းတိုင်မီးကလှုပ်နေတယ်။မီးရောင်ကြောင့်ထွက်ပေါ်လာတဲ့အရိပ်တွေက၊အခန်းကျဉ်းနံရံပေါ်မှာကိုးရိုးကားရားပုံတွေပေါ်နေတယ်။ဖွင့်ထားတဲ့ပြတင်းကဝင်လာတဲ့အလုပ်ကဆင်းပြီးအိမ်ပြန်ရောက်သူတွေရဲ့ပြောသံဆိုသံတွေကို၊ခပ်တိုးတိုးခပ်သဲ့သဲ့ကြားနေရပါတယ်။တစ်ခါတစ်ခါသုံးဘီးကားတွေ ခပ်လှမ်းလှမ်းက ဖြတ်သွားသံ၊ လမ်းမီးမှိန်မှိန်မှာ လမ်းသလားသူ တွေကို ရှောင်ပါရှားပါးလို့ သတိပေးသံတွေ ဖြစ်ပါတယ်။
ပြတင်းတစ်ဖက်မှာ ဇာခန်းဆီးချထားတဲ့ ရုံးတံခါးပေါက်ကနေပြီး မြင်နေ ရတဲ့ 'ရုံးသူရုံးသားတွေက ဘာများထပ်ခိုင်းမလဲလို့ဂရုတစိုက်နားစွင့်နေကြဟန်ရှိတယ်။တို့ဆီကိုခုမှအသစ်ရောက်လာတဲ့နယ်ပိုင်ဝန်ထောက်(sp၀)နဲ့ဘယ်ပုံစခန်းသွားကြရမလဲပေါ့။သူကခင်မင်စရာသွက်လက်ချက်ချာတဲ့လူလား၊စိတ်တိုပြီးဝရုန်းသုန်းကား ကပေါက်ခိုကပေါက်ချာလူလား၊လူပျင်းလူညံ့၊မဟားတရားပြက်တီးပြက်ချော်လူလား။နှစ်နှစ်တစ်ခါသုံးနှစ်တစ်ခါလောက် လူသစ်ရောက်လာ တတ်ပြီး၊ သိပ်မကြာခင် အဲဒီလူဟာ ဘာလို့သိမှာပါ။အခု အခိုက်အတန့်မှာတော့ မြို့ငယ်ကလေးမှာ လူကြီးအသစ်ရောက်တဲ့အခါ၊ ရုံးသူရုံးသားတွေက ညနေစောင်း ပေမယ့် အိမ်မပြန်သေးဘဲ၊ ပျော်ပျော်ပါးပါး ရုံးမှာပဲ စောင့်ဆိုင်းနေကြတယ်။ ဒါပေမဲ့ တို့ဆီကို ခုရောက်လာတဲ့လူသစ်က ဘယ်လို ဘယ်ညာနဲ့၊ အိမ်ကသားမယားမကျန် လူရင်း-လူစိမ်းမခွဲဘဲ လက်ဖက်ရည်ဆိုင်မှာ ဖြစ်ဖြစ်၊ အိမ်မှာ ညစာစားရင်းပဲဖြစ်ဖြစ် စကားဖောက်သည် ချလိုနေကြပြီ။
ရုံးကတကျစ်ကျစ်မြည်တဲ့ကလောင်တံကြီးနဲ့၊ကျွန်တော်လက်မှတ်ထိုးပြီးတာနဲ့တစ်ပြိုင်နက်၊“ကော့ကရိတ်တိုက်နယ်ရဲ့အုပ်ချုပ်ရေးဦးစီးအရာရှိငါဖြစ်ပြီကော”ဆိုပြီးအားမာန်ဝင်လာတယ်။ အခွန်စည်းကြပ်မယ်၊ အခွန်ကောက်မယ်၊လူငှား၊လယ်၊အပေါင်အနှံ၊အင်းခွန်၊တံငါခွန်၊မုတ်ဆိုးလိုက်၊သေနတ်လိုင်စင်လဲ။တိုက်နယ်တရားသူကြီး၊ ရဲစခန်းကိုထိန်းပြီး ပစ္စည်းခိုးထုတ်-ခိုးသွင်း၊ ဂျင်ဝိုင်း ဖဲဝိုင်း၊အရက်ပုန်းတွေကိုကာကွယ်ဟန့်တားဖမ်းဆီး ဆိုတာတွေနဲ့၊ ရာထူးအရ ရပ်ရွာငြိမ်း ချမ်းရေးကော်မတီ၊ ကျန်းမာရေးကော်မတီ၊ မြူနီစီပယ်၊ ဆေးပေးခန်းကအစ နေရာ တကာ သေချာကျန စည်းကမ်းတကျဖြစ်အောင် အုပ်ချုပ်ရတဲ့ဥက္ကဋ္ဌ ဖြစ်လာပါပြီ။
တိုက်နယ်တစ်ခုလုံးမှာအကြီးမြင့်ဆုံးရာထူးရှိတဲ့ငါဟာ၊မင်းဧကရာဇ်ရဲ့ကိုယ်စားတာဝန်ခံပုဂ္ဂိုလ်ဖြစ်လာတဲ့အတွက်၊ ဒီနယ်ကို စစ်သေနာပတိကြီးဖြစ်ဖြစ်၊ လေကြောင်း ရေကြောင်း ဦးစီးပဲဖြစ်ဖြစ်၊ ငါ့ထက်ရာထူးကြီးတဲ့ ဘယ်သူမဆို ငါတို့ ဌာနကအရာရှိမပါဘဲ ရောက်လာရင်၊ ငါ စီမံတာကိုခံရမယ်။
ရက်စွဲနဲ့အတိအကျပြောရရင်၊ ၁၉၄ဝပြည့်နှစ် စက်တင်ဘာလ ၇ ရက်နေ့မှာကျွန်တော့်အသက်က ၂၅နှစ်။ ကျွန်တော့်ထက် အတွေ့အကြုံများပြီး ကော့ကရိတ်ကို အရင်သုံးနှစ်က ရောက်လာခဲ့တဲ့ ကျွန်တော်တို့ဌာနက `အထက်ဆရာ လက်ထဲကတာဝန်ကို ကျွန်တော် လွှဲပြောင်းယူလိုက်ရပါတယ်။ အနှစ်ငါးဆယ်အတွင်းမှာဒီနယ် "ဟာအရင်ကထက်ပိုပြီးအရေးပါတဲ့နေရာဖြစ်လာတာတော့အမှန်ပါ။သက်ဆိုင်ရာစာရွက်စာတမ်းတွေမှာလူဟောင်း-လူသစ်အပြန်အလှန်လက်မှတ်ထိုး ကြပြီး ရုံးဆင်းခဲ့တယ်။ လူဟောင်းက မကြာခင် ကျွန်တော့်အိမ်ဖြစ်မယ့် သူ့အိမ်ကိုပြန်တယ်။ကျွန်တော်ကဇနီးဒိုရင်းစောင့်နေတဲ့မင်းတဲကိုပြန်ရတယ်။ရာထူးလွှဲပေးပြီးထုံးစံအတိုင်းမဆိုင်းမတွ၊သူက-နောက်တစ်နေ့မနက် ကော့ကရိတ်က ထွက်သွားပါတယ်။
ဌာနချုပ်လုပ်ထားတဲ့ ကော့ကရိတ်ဟာ အင်္ဂလိပ်တွေက ကောင်တီ(county) ‘ခေါ်တဲ့တိုက်နယ်လောက် မြေဧရိယာရှိပါတယ်။ မြို့ကလေးကလည်း အခုအနှစ် ငါးဆယ်အတွင်းမှာ ကြီးလာတယ်။ လူဦးရေနဲ့ပြောရရင် လူခုနစ်ထောင်-ရှစ်ထောင် လောက်ရှိနေပြီ။ လမ်းမကြီးကကတ္တရာခင်းပြီး၊လယ်ကွင်းတွေကြားကဖြတ်ပြီးတစ်ဖက်ဟောင်သရောမြစ်ပေါ်ကကျုံဒိုးကိုရောက်တယ်။ အဲဒီကနေ့စဉ်မော်လမြိုင်နဲ့ပြေးဆွဲနေတဲ့သင်္ဘောကလေးရှိတယ်။ နောက်တစ်ဖက်မှာတော့၊သွားရင်းသွားရင်းပျက်လိုက်နေတဲ့လမ်းနဲ့ဒေါနတောင်ရိုးကို လိမ်ပတ်ဖြတ်ကျော်တဲ့မိုင်လေးဆယ်အကွာက ယိုးဒယားနယ်စပ်ဖြစ်ပါတယ်။ မြို့ပေါ်မှာကြွားစရာဆိုရင်ရေနွေးငွေ့နဲ့ခုတ်မောင်းတဲ့ဆန်စက်သုံးလုံးရှိတယ်။ ဘုန်းကြီးကျောင်းတွေ၊စေတီလေးတွေလည်း အတော်အသင့်ရှိပါတယ် တိုးတက်ရေးလမ်းကြောင်းပေါ်ရောက်ပြီလို့ပြောနိုင်တဲ့ အချက်ကလျှပ်စစ်နဲ့လမ်းမီးပေးနိုင်ပြီ။ ချမ်းသာကြွယ်ဝဖို့ လမ်းစကစပါးထွက်ကောင်းဖို့ ၊ ကုန်သေးရောင်းတဲ့လုပ်ငန်း သွက်လက်ဖို့ပဲ အားထားရမယ်။
လမ်းမကြီးပေါ်ကဈေးကို ဖြတ်ပြီးလမ်းလျှောက်ကြည့်မယ်ဆိုရင် လူမျိုးစုံကို တွေ့ရလို့ အံ့ဩသွားမယ်။ ရိုးရာအဝတ်ရောင်စုံနဲ့ ဗမာ၊ရှမ်း၊ကရင်၊မွန်၊တရုတ်၊ကုလားအားလုံးရောထွေးပြီးသွားနေကြတယ်။ကော့ကရိတ်က နယ်ခြားမြို့ဆိုတဲ့ အတိုင်း လူမျိုးပေါင်းစုံရောနှောနေတယ်။ ဟိုမှာ ဒီမှာ အစုလိုက်၊ ရွံ့တွံတွံနဲ့လူစုကို-တွေ့မယ်။ အဝတ်ကလည်းကြမ်းတယ်။အနီးအပါးရွာတွေကလာတဲ့လူတွေပါ။ဈေးဝယ်မယ်၊စွန့်စားပြီးဘိုင်စကုတ်ဝင်ကြည့်မယ်။၊ ညမှာတော့ ပွဲကြည့်မယ်။ ပွဲကို နှစ်သက်ကြပါတယ်။
ကျွန်တော်တို့က ကော့ကရိတ်ကို တောစခန်းလို့ပြောနေတယ်။ ကျွန်တော်တို့-အရင်ကနေသွားတဲ့ မင်းကတော် ကဆိုရင်၊' ဒီနေရာတောကျလိုက်ပုံကအံ့ရော လို့ပြောတယ်။အခုလိုချောင်ကျတဲ့ရွာတွေမှာနေကြရတဲ့လူတွေကတော့ စပါးအထွက်ပဲ အားကိုးစရာရှိပါတယ်။ သူတို့အဖို့ “မြို့တက်တယ်ဆိုတော့ မော်လမြိုင်လိုနေရာကို မဆိုလိုပါ။ အခုဒီနေရာလေးမှာ လူစုစုကိုလာပြီးရောနှောတာကို ဆိုလိုပါတယ်။ ခနော်ခနဲ့ဘတ်စကားတွေက ထွားပြီးသွားနေကြပါတယ်။ `စပယ်ယာက တစာစာအော်ပြီး၊ သွားမယ့်ခရီးစဉ်ကိုရွတ်တယ်။ ထိုင်ခုံမှာလူပြည့်မှ ထွက်မှာပါ။ စိတ်မပျက် ပါနဲ့၊ ဒီကားမှမစီးရရင် တောင်ကျော် တောဖြတ်ပြီး ခြေကျင်သွားရမှာ ဖြစ်ပါတယ်။
သူတို့ရဲရွာငယ်တွေမှာဆိုရင်၊ မြန်မာတွေတီထွင်ထားတဲ့ ဘေးတွဲ(ဆိုက်ကား)မှာ စီးပြီး ဟန်မာန်အပြည့် ခရီးသွားနိုင်တာမဟုတ်ပါ။ သူတို့ရွာမှာ လျှပ်စစ်'လမ်းမီး မရှိ။ နေဝင်မိုးချုပ်ထိရောင်းတဲ့ ဈေးဆိုင်မရှိ။ လမ်းသွားလမ်းလာကို ရင်းသောက် ဖို့လက်ဖက်ရည်ဆိုင်မရှိ၊ ဒါတွေက ကော့ကရိတ်နဲ့ဘယ်လိုမှ မဆိုင်ပါ။ လူတွေ ရယ်ကာမောကာနဲ့၊ ပြောမကုန်အောင် အေးချမ်းသာယာတဲ့စည်းစိမ် ခံနိုင်တယ်။
နယ်စပ်သို့'လို့လမ်းပြတဲ့ဆိုင်းဘုတ်အလွန်မှာလမ်းမကြီးဟာမြေပြင်က'သိသိသာသာမြင့်တက်သွားပါတယ်။ အဲဒီကုန်းမြင့်ပေါ်မှာ အရာရှိ “မင်းတဲ'ရှိတယ်။ အထပ်နှစ်ထပ်ရှိတဲ့ အိမ်ကလေးပါ။အပေါ်ထပ်ကကြည့်ရင် တောကိုဖြတ်ပြီး သွားရ တဲ့မြို့ လမ်းကို မြင်ရပါတယ်။ သူရဲ့ ရှေ့တူရူကိုသွားရင် ဒေါနတောင်တန်း၊ အမြဲ စိမ်းလန်းစိုပြည်တဲ့တောလမ်း၊ တို့နဲ့နယ်စပ်ကြားမှာ အဲဒါတွေပဲရှိတယ်။ ခံ့ညားတဲ့တောင်တန်းတွန့်တွန့်မှာ သစ်ပင်စိမ်းစိမ်းတွေက ဖုံးလို့။ ဒါတွေကိုဖယ်ပြီး (ကျော်ဖြတ် ပြီး)သွားနိုင်ရင် နယ်စပ်မြို့ဖြစ်တဲ့မြဝတီကို ရောက်ပြီပေါ့။
ဆူညံနေတဲ့ဘတ်စ်ကားသံ၊ ပြွတ်သိပ်ပြီးတင်ထားတဲ့ ခရီးသည်တွေရဲ့ အသံ၊ မညီမညွတ်လမ်းပေါ်မှာ တထိတ်ထိတ်တက်-ဆင်းနေရတဲ့ကားသံ၊တော်တော်ဝေးတဲ့အရပ်ကပဲကြားနိုင်တဲ့ကားဟွန်းသံ၊အဲဒါတွေကိုဆက်စပ်ပြီးအတွေးကောင်းရင် စစ်ဘုရင်သေနာပတိ အလောင်းမင်းတရားရဲ့ စစ်တပ်ကြီး ချီတက်နေသလား ထင်ရ တယ်။ အမှန်ကလည်း ခရစ်နှစ် တစ်ဆယ့်ရှစ်ရာစုနှစ်မှာ အလောင်းမင်း တရားက ယိုးဒယားကိုသိမ်းဖို့ သူ့မြင်းတပ်ခြေလျင်တပ်တွေကိုချီတက်စေပြီး အောင်ပွဲရခဲ့တဲ့ လမ်း မဟုတ်လား။ ယိုးဒယားမြို့တော်အယုဒ္ဓယကို တိုက်ခိုက်ဖျက်ဆီးပြီး၊ မြဝတီမှာအောင်မြင်ခြင်းအထိမ်းအမှတ်နဲ့ စေတီတစ်ဆူတည်ခဲ့တာကို အခုထိ မြင်နေကြ တယ်မဟုတ်ပါလား။ မြေတာရိုးနဲ့ ရွာကိုပတ်ပြီး ခံတပ်လုပ်ခဲ့တာလည်း မြင်ရတယ်။
မိုးရာသီမှာ မိုးရေတွေအများကြီးရွာချတာကို ကော့ကရိတ်ကကြုံတွေ့ရမြဲဖြစ် ပါတယ်။ ဒီလိုရွာတာကို ကျေနပ်တယ်။ မိုးရေချိန်လက်မ ၂၅ဝရှိတယ်။ အိမ်တွေနဲ့တောင်ခြေအတွင်းမှာ တောဖြစ်နေပါတယ်။ ရွာနဲ့သိပ်မကွာတဲ့နေရာမှာ ဆောက် ထားတဲ့ ဘုန်းကြီးကျောင်းကိုတောင် တောကွယ်လို့မမြင်နိုင်ပါ။ မိုးစဲလို့ နွေရာသီရောက်တဲ့ အခါကျပြန်တော့ အတားအဆီးမရှိ၊ ပူပြင်းလိုက်တဲ့နေက အလွန်အကျွံမို့ - မီးတိုက်ထားသလို ခံစားရပြန်တယ်။ သစ်ပင်တွေလည်းအစိမ်းရောင်က အညိုရောင်ပြောင်းပြီး အပင်ဖျား အကိုင်းအလက်ဖျားတွေ ခြောက်ကုန်ပြီ။ ဒီအခါကျမှ ဘုံအဆင့်ဆင့်နဲ့ကျောင်းအမိုးကို ခွဲခွဲခြားခြား မြင်နိုင်ပါတော့တယ်။ တောမီးကလည်းလောင်လိုက်တာကျွန်တော်တို့ခြံစပ်အထိပြောင်သွားပါတယ်။ညနေအခါနေဝင်ရီတရောမှာဘုရားရှိခိုးဖို့နှိုးဆော်တဲ့အခါတီးတဲ့ ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သံနဲ့။တောင်တန်းဘက်ကိုကြည့်ရင်တောင်ရိုးတစ်လျှောက်မှာ မီးခိုးငွေ့ငွေ့ မီးတောက်မကျ တကျ လောင်ကျွမ်းနေတာကို မြင်နိုင်ပါတယ်။ တောချုံအမည်းကို ရွှေရောင်နှုတ်ခမ်း ကွပ်ထားတယ်လို့ ထင်မိပါတယ်။
ကျွန်တော်တို့ရောက်စကလက်ဆောင်ရတဲ့ဒေါင်းဟာသစ်ပင်ပေါ်မှာနားသလား၊အိမ်ခေါင်မိုးစွန်းမှာနားသလား မသိနိုင်ပေမယ့်၊(လူဝင်လူထွက်ကို)အမြဲ စောင့်ကြပ်နေတယ်။ ကက်ပီတယ်က အစောင့်ဘဲငန်းတွေနဲ့ တူလိုက်တာ။အိမ်စောင့်ခွေးထက် စိတ်ချရသေးတယ်။ နေ့-ညမရွေး လူစိမ်းသူစိမ်းလာရင် နားနေရာကို ရွှေ့ ရွှေ့ပြီး သတိပေးမြဲဖြစ်ပါတယ်။ ဒေါင်းခွပ်တယ်ဆိုတာကို မလေးမစား မလုပ်နဲ့။ ဒါကိုကြောက်လို့ ဧည့်သည်မလာရဲတာ အမှန်ပါ။ အိမ်မှာမွေးထားတဲ့ ကြောင်က သူ့ကိုကြောက်ရတယ်။ ကျွန်တော်တို့ဘက်ကို လှည့်လာလေမလားလို့ ကျွန်တော်တို့ ထမင်းစားပွဲမှာထိုင်နေရင်း ကြောက်မိပါတယ်။
ကျွန်တော်တို့နေတဲ့မင်းတဲဆိုတာကကျွန်းသစ်နဲ့ဆောက်ထားတာ။အတက်အဆင်းလုပ်ဖို့ပန်းပုလက်ရာပါတဲ့လှေခါးကို အိမ်အပြင်ကကပ်ထားပါတယ်။ ဒေါက်ထောက်ရတဲ့တံခါးရွက်ကြီးတွေက ဝင်ရ-ထွက်ရတယ်။ အပေါ့အလေးစွန့်ဖို့နေရာ ရယ်လို့၊ ရန်ကုန်ကလွဲရင်ဘယ်နေရာမှာမှသီးသန့်နေရာလုပ်မပေးထားပါ။အိမ်တွင်းသုံးဖို့ ရေလွှတ်ပေးထားတဲ့စနစ်လည်း မရှိပါ။ ရေတွင်းလည်း တစ်လုံးမှ တူးမထားပါ။ လှည်းနဲ့ရေစည်ကိုတင်လာပြီး ရေပေးတဲ့လူတော့ ရှိတယ်။ မြန်မာ အဘိုးကြီး၊ သူ့အသက်ဘယ်လောက်ရှိပြီဆိုတာ သူကိုယ်တိုင်သိဟန်မတူပါ။ အများအပြောက သူဟာတစ်ခါက သူဌေးမြေပိုင်ရှင်တဲ့၊ လောင်းကစားတာအလွန်အကျွံ ဖြစ်ပြီးအခုတော့ သိပ်မွဲသွားပြီ။ သူက ရေစည်တင်တဲ့လှည်းကို တကျီကျီနဲ့ အခေါက် ခေါက်ရေတွင်းရှိရာတောင်ခြေကိုရေလာသယ်တယ်။ ခပ်လှုပ်လှုပ်နဲ့မနားမနေ အလုပ် လုပ်ရှာတယ်။ တစ်ခါကချမ်းသာတယ်လို့ မထင်ရလောက်ပါ။ ပြုံးပြုံး ပြုံးပြုံးနဲ့ လူတကာကို ခင်ခင်မင်မင်ဆက်ဆံတယ်။
ဒီလိုနှစ်သက်စရာပတ်ဝန်းကျင်မှာ ကျွန်တော်က အုပ်ချုပ်သူ မိုးကျရွှေကိုယ် အဖြစ်နဲ့ရောက်ရှိနေပါတယ်။ ရှေးရှေးကပဲအဆက်ဆက် ရှင်ဘုရင်ဆိုရင် မိုးကျ ရွှေကိုယ်” ဆိုပြီး လေးစားကြတယ်။ ကျွန်တော်က ဒီနေရာကို ဆက်ခံရပါတယ်။ တာဝန်ကကြီးပေမယ့် လုပ်ပျော်တယ်။ ရုံးချုပ်မှာထိုင်ရတာနဲ့ သိပ်ကွာခြားတယ်။ ဒီမှာတော့ ကိုယ်တစ်ယောက်တည်း၊ မြုပ်ချင်မြုပ်ပေါ်ချင်ပေါ် ငါစိုးငါပိုင် မဟုတ်လား။