Skip to product information
1 of 8

Other Websites

ဒေါက်တာသန်းထွန်း - ငိုချင်း(မိုးကျရွှေကိုယ်)

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အဝေးရောက်အစိုးရ

 

          ဂျပန်ထိုးဝင်လာလို့ ထောင်နဲ့ချီပြီး အိန္ဒိယကို ၁၉၄၂ မှာရောက်လာတဲ့ စစ်ပြေးတွေကို အိန္ဒိယဘက်က မကြည်ဖြူပါ။ အိန္ဒိယမှာလည်း သူ့ပြဿနာနဲ့သူ ဗျာများနေပါတယ်။ ဒီတော့ သန်းနဲ့ချီပြီးဝင်လာတဲ့ဧည့်သည်ကို ပျူပျူငှာငှာဧည့်မခံနိုင်ပါ။ ပြီးတော့ဧည့်သည်တွေကလည်း စုတ်ပြတ်ပြီး စိတ်ရော့လူရော ဆင်းရဲပင်ပန်းလာသူတွေဖြစ်ပါ တယ်။ ဒီလိုပြေးထွက်ခဲ့ရသူတွေဟာ အများစုက သူတို့နဲ့တစ်မျိုးတည်းသား ကုလား တွေ ဖြစ်ပါတယ်။ ဒီပြည်ပြေးတွေက သူတို့ကို အိန္ဒိယအစိုးရကတာဝန်ယူရမယ်လို့ ပြောတာကလည်းတစ်ဖက်သတ်ကျလွန်းပါတယ်။         

          တချို့ဥရောပတိုက်သားတွေက သူတို့နဲ့မျိုးတူတွေဖြစ်တဲ့ ဒီစစ်ပြေးတွေကို : သူစိမ်းလို သဘောထားတယ်။ သူတို့လုပ်ပုံက နှင်မပစ်တာဘဲ ကျန်တော့တယ်။ ဒါဟာ အရှေ့ဖျားအရေးအခင်းက တကယ့်အဖြစ်အပျက် ဖြစ်ပါတယ်။ ကာလကတ္တားမှာ ရှိရင်းလူတွေက အခြေအနေကိုငဲ့ပြီး ပြည်ပြေးတွေကို မကူညီလိုပါ။ တချို့က တကယ့်ကို မောင်းထုတ်တာမျိုး လုပ်ပါတယ်။

          ဒိုရင်းက ကံကောင်းတယ်။ ကာလကတ္တားကိုရောက်သွားတော့ သူက လက် တစ်ဖက်က ကလေးကိုချီ၊ ကျန်လက်တစ်ဖက်နဲ့ ဂျပန်ဓားရှည်ကြီးဆွဲပြီး သူ့နာမည် ပါတဲ့လူကို ရှာတယ်။ အဲဒီလူက မိုးကျရွှေကိုယ်တစ်ဦး ဖြစ်တယ်။ သူက ဂရုတစိုက် အလုပ်အကိုင် အထောက်အကူပေးနိုင်တဲ့သူဌေးတစ်ဦးကို ရှာပေးတယ်။ တခြားလူတွေ ကတော့ သူ့လိုကံမကောင်းကြပါ။ သူတို့ရောက်သွားချိန်က ကာလကတ္တားမှာ သိပ်ပြီး ရာသီဥတုပူပြင်းချိန်ဖြစ်လို့ သတင်းတစ်ပတ်အတွင်း သားငယ်အတွက် ကလေးဝတ် တွေ အလုံအလောက်စုပြီး ဆင်းမလားကိုထွက်ခဲ့ပါတယ်။ အဲဒီမြို့က စစ်ဖြစ်တဲ့ အချိန်အထိ နွေရာသီစခန်းအဖြစ်နဲ့ အိန္ဒိယအစိုးရက ရုံးရွှေ့ထားလေ့ရှိတဲ့နေရာ ဖြစ်ပါတယ်။ နွေအခါ ဘုရင်ခံချုပ်ရုံးစိုက်တဲ့နေရာ ဖြစ်ပါတယ်။

           ဒီလိုလုပ်တာ သင့်တင့်လျောက်ပတ်တယ်။ အိန္ဒိယအစိုးရက မြန်မာနိုင်ငံက ပြေးလာရတဲ့အစိုးရကို ဆင်းမလားမှာရုံးစိုက်ဖို့ ခွင့်ပြုတယ်။ ဆင်းမလားမှာပဲ အခြေ စိုက်ပြီး အုပ်ချုပ်ရေးဆက်လုပ်ဖို့ ဖြစ်ပါတယ်။ အိန္ဒိယအစိုးရက နွေရာသီစခန်း အဖြစ်နဲ့ ဆင်းမလားကိုမသုံးတော့ပါ။ ဒါ့ကြောင့် ဒီမြို့မှာ အရာရှိအိမ်တွေ ရုံးတွေ လုပ်ဖို့ လွယ်လွယ်နဲ့ အဆောက်အအုံလိုသမျှ ငှားယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော် ဆင်းမလားကိုသွားပြီး အဝေးရောက်မြန်မာအစိုးရ လက်အောက်မှာ ဝင်ရောက်အမှုထမ်းပါတယ်။ ကျွန်တော့်မှာ ငှက်ဖျားရောဂါရှိတယ်။ ပြီးတော့ ပြင်းပြင်း ထန်ထန်ဝမ်းကိုက်တဲ့ရောဂါလည်း ရှိတယ်။ အဲဒီတုန်းက (စွမ်းလှတဲ့)ဆာဖိုနမိုက် မပေါ်သေးဘူးဆိုတော့ ကျွန်တော့်ကိုဆေးရုံတင်ပြီး ဝမ်းကိုက်ရောဂါပိုးတွေသေအောင် ကုပေးနေပါတယ်။ အဲဒီအခိုက်အတန့်မှာပဲ မြန်မာနိုင်ငံအစိုးရ အတွင်းဝန်ချုပ်ရုံးကို အသစ်စက်စက်ဖွင့်ပြီး ကျွန်တော့်ကို လက်ထောက်အတွင်းဝန်ချုပ်တာဝန် ပေးအပ် ပါတယ်။

          ခံ့ညားတဲ့ဘွဲ့နာမည်နဲ့ရာထူးကြီး ဆိုပေမယ့် တကယ့်တကယ်မည်မည်ရရ လုပ်ငန်းတာဝန်ရယ်လို့ မရှိပါ။ လက်ခံရရှိတဲ့အမှုကိစ္စနဲ့ပတ်သက်တဲ့ စာရွက်မှတ် တမ်းတွေကို ပြည့်စုံရဲ့ လား၊ အကြောင်းအချက်ညီညွတ်အောင် စီစဉ်ထားသလား၊ ကိုယ် တိုင်မှတ်ချက် ကောက်ချက်ပေးပြီး ဆုံးဖြတ်နိုင်သလား၊ ကိုယ့်အထက်လူကြီးဆီကို တင်ပြရမှာလား၊ ပြည်ပြေးအစိုးရဆိုတော့ ဘာမှမပြီးမပြတ် - တန်းလန်းဖြစ်နေတဲ့ ကိစ္စရယ်လို့ မရှိနိုင်သေးပါ။ ရန်ကုန်မှာ အဲရစ်အာနိုကို လက်ထောက်အတွင်းဝန်ချုပ် ခန့်ထားစဉ်ကနဲ့ အရမ်းကွာနေတယ်။ သူဆိုရင် အသက်ကခပ်ငယ်ငယ်၊ ဖျတ်လတ် သန်မာတက်ကြွတယ်။ ရုံးစတက်တဲ့နေ့၊ မပြတ်သေးတဲ့အမှုတွဲရှိသမျှ ကျုပ်ဆီကိုပို့လို့ အမိန့်ပေးခဲ့တယ်။ နောက်တစ်နေ့ သူ့ရုံးကိုရောက်သွားတဲ့အခါ တစ်ခန်းလုံးမှာ အမှု တွဲတွေပြည့်လျှံနေလို့ သူထိုင်စရာနေရာ မကျန်တော့ပါ။ တချို့ အမှုက အရင်ဆယ်နှစ် ကကိစ္စ၊ အနှစ်နှစ်ဆယ်က၊ အနှစ်သုံးဆယ်ကအမှုတွဲတွေဖြစ်တယ်။ အခုအတိုင်းဆွဲထားလိုက် ဦး၊နောက်တစ်နှစ်ကြာမှ ထပ်ပြီးတင်ပေးလို့(ဣန္ဒြေမပျက်) ပြောလိုက် ရတယ်။

           မြန်မာနိုင်ငံအစိုးရကို ဆင်းမလားမှာတရားဝင်ဖွင့်လှစ်ကြောင်း ကြေညာ လိုက်တဲ့အခါ မြန်မာနိုင်ငံက ပြေးခဲ့ရတဲ့ ဥရောပတိုက်သား၊ အင်္ဂလိပ်-မြန်မာကပြား၊ ကုလားနဲ့ မြန်မာလူမျိုးစုံဟာ ဒီရုံးကိုလာပြီး ရောက်ရှိကြောင်းအစီရင်ခံပြီး၊ ပေးအပ်တဲ့တာဝန်ကိုဆက်လက်ဆောင်ရွက်ရမယ် ။တချို့ကလူကိုယ်တိုင်လာတယ်။ လက် ထောက်အတွင်းဝန်က သူလုပ်ပိုင်ခွင့်ရှိတဲ့ အမှုထမ်းငယ်တွေရဲ့ ကိစ္စကို သူကဘာလုပ် သင့်တယ်လို့ ပြောတယ်။ သူမပိုင်ဘူးထင်ရင် (ဘုရင်ခံစတဲ့ အထက်အရာရှိကြီးတွေ ဆီကို တင်ပြရတယ်)။ အထက်အရာရှိဆိုရင် အခု ဆင်းမလားမှာနေရမယ်လို့ အမိန့် ထုတ်ထားလေတော့ ခဏဖြစ်ဖြစ် ခဏထက်ပိုကြာရင်ဖြစ်ဖြစ် ကိုယ့်ဘာသာ မြို့ ပတ်ပြီး နေအိမ်ရှာငှားရတယ်။ သင့်တော်တဲ့အိမ်နေရာဆိုတာလည်း တွေ့ဖို့မလွယ် ဘူး။ ဘာပြုလို့လဲဆိုတော့ အရာရှိကြီးတွေဟာ သူများကသင့်ပါတယ်ဆိုတိုင်း သူတို့က လက်မခံဘဲ ကြေး(ဂျီး)များ တတ်တယ်။ ဒါပေမဲ့ ကျေနပ်သလို မကျေနပ်သလိုနဲ့ ရတာပဲယူပြီး နေကြရပါတယ်။

          ကျွန်တော်တို့ အတွက် အစမှာ အလုပ်လုပ်ဖို့အခန်း တစ်ခန်းပဲရတယ် နောက် သီတင်းသုံးလေးပတ်ကြာမှ ဧလီစီယမ်ဟိုတယ်မှာ ဒိုရင်းလုံ့လနဲ့ နောက်မှာ အခန်း ၂ခန်း၊ ၃ခန်းအတွဲပါကဲအဖီတစ်ခု ရတယ်။ အဲဒီဟိုတယ်မှာ ကျွန်တော်တို့လို မြန်မာနိုင်ငံကပြေးခဲ့ရတဲ့လူတွေ . အပြည့်ရောက်နေပါတယ်။ အခန်းခလည်း သက် သာတယ်။ နေရာအခင်းအကျင်းလည်း ကောင်းတယ်။ အဲဒါနဲ့ ကျွန်တော်တို့ အဖော်လည်းရဆိုပြီးဒီမှာပဲဆက်နေကြပါတယ်။ ကျွန်တော်တို့က ကလေးငယ်လေးရှိတော့ ညနေပိုင်းမှာ(ကပွဲတို့၊ ထမင်းစားပွဲတို့ကို အချိန်မပေးနိုင်ဘူး) ကိုယ့်အခန်းမှာပဲကိုယ် နေကြပါတယ်။ စာရေးတဲ့အခါ ရေး၊ မာကျောက်ကစားတဲ့အခါ ကစား၊ ကြုံကြိုက် တဲ့လူရှိရင် စကားပြော၊ ရစ်ချက်ကလေးအတွက် အာယားငှားထားတယ်။ အာယားနဲ့ ကြီးလာရင် အမေအဖေကိုစိမ်းသွားမှာစိုးလို့ ကျွန်တော်တို့လည်း ကလေးနဲ့ လက်ဖက် ရည်သောက်ချိန်မှာ နေပါတယ်။ အခုရောက်နေတဲ့ဒေသမှာ ရှုမျှော်ခင်းကတော့ အံ့ဩစရာ ဆီးနှင်းထူထပ်တဲ့ဟိမဝန္တာ ဖြစ်ပါတယ်။ အခုလပိုင်းအတွင်း ကြုံခဲ့ရတဲ့ ဒုက္ခတွေကိုနှစ်သိမ့်နိုင်ဖို့ ဖန်လာတာဖြစ်မယ်။ အဲဒီက တောင်ကြောကိုကျော်ရင် တိဘက်ကိုရောက်သွားမှာ ဖြစ်ပါတယ်။ 

          အုပ်ချုပ်ရေးအရာရှိကြီးတွေက အငြိမ်းစားမယူမီ ကြိုတင်အနားယူခွင့်ရပြီလို့ ယူဆတယ်။ တချို့လည်း လေကြောင်းနဲ့မြန်မာနိုင်ငံက ထွက်ခဲ့ပြီးအတွင်းရေးမှူးချုပ်နဲ့ ပူးတွဲပြီးအတွင်းရေးမှူးချုပ်မှာ ကျန်ရှိသမျှအာဏာကို မျှပြီးသုံးစွဲနေကြပါတယ်။ မြန်မာနိုင်ငံကိုလက်လွတ်ခဲ့ရတာကို ခေတ္တခဏ အခြေအနေညံ့သွားတာပဲ ဖြစ်တယ်။ဒီစစ်မှာနောက်ဆုံးတော့ မဟာမိတ်တွေပဲမုချနိုင်ရမယ်။ ဒီလိုဆိုရင်မြ န်မာနိုင်ငံကို ပြန်သွားတဲ့အခါဘာတွေလုပ်မလဲလို့ပြင်ဆင်ရမယ်။မြ န်မာနိုင်ငံမှာ နောက်ဆုံးရက်အထိ နေခဲ့ပြီးမှ ထွက်လာခဲ့တဲ့ အလယ်အလတ်အရာရှိတွေ ရှိတယ်။ သူတို့က တမူး မြောက်ဘက်က ပိုပြီးခက်ခဲတဲ့လမ်းကလာခဲ့ကြရတယ်။ အဲဒီလူတွေက စီမံကိန်းလုပ် တော့လုပ်ပါ။ အဲဒီစီမံကိန်းကိုလက်လုပ်ရင် ကျုပ်တို့လုပ်မယ်။ ဟို'မင်းသားကြီး တွေမပါနဲ့ပြောကြပါတယ်။ ဘုရင်ခံ ဆာဒေါ်မန်စမစ်ကိုယ်တိုင်က ကဲဘိနက်အမတ် ကြီးဖြစ်တယ်။ သူ့ကို အင်္ဂလန်မှာရှိတဲ့ စစ်ကဲဘိနက်ကခေါ်ပြီး အရှေ့ဖျားဒေသ အတွက် မဟာမိတ်တွေရဲ့ အရေးပါတဲ့) လုပ်ငန်းတစ်ရပ်ဟာ မြန်မာနိုင်ငံ ပြန်လည် ထူထောင်ရေးဖြစ်ရမယ်လို့ မှာတယ်။ သူ ဆင်းမလားကိုပြန်ရောက်ပြီး အလယ်လူ အဖြစ်နဲ့ အဲရစ်အာနိုကို ပြန်လည်ထူထောင်ရေးအတွင်းဝန် ခန့်လိုက်တယ်။

          ပြန်လည်ထူထောင်ရေးဌာနရဲ့ ပထမဆုံးမှတ်တမ်းက အဲရစ်ကို ဘုရင်ခံက ရာထူးခန့်တဲ့အမိန့်စာ ဖြစ်ပါတယ်။ ဒုတိယစာက အဲရစ်က ကြေညာချက်ထုတ်ပြန်ပြီး ကျွန်တော့်ကို ပြန်လည်ထူထောင်ရေးဌာနမှာ လက်ထောက်အတွင်းဝန်ချုပ် ခန့်တဲ့စာဖြစ်ပါတယ်။ အဲဒီလို နည်းနည်းကလေးနဲ့ စခဲ့တဲ့ရုံးဟာ နောင်နှစ်နှစ်ကြာတဲ့အခါ အစိုးရဌာနစေ့အောင် ဘယ်လိုပြုပြင်စီမံချက်တွေ လုပ်မယ်၊ ရန်သူ့လက်က ကယ်ဆယ် လို့ရတဲ့ မြန်မာနိုင်ငံရဲ့ အရေးအခင်းရှိသမျှ(ပေါ် သမျှ)ကို ထည့်သွင်းစဉ်းစားပြီး စီမံချက် တွေထုတ်လိုက်ကြတာ ရန်ကုန်ကို ရထားကုန်တွဲကြီးတစ်တွဲစာလောက် သယ်ယူခဲ့ ရပါတယ်။

          ကျွန်တော်တို့ရုံးကိုဂျက်ကိုအောက်တောင်စောင်းမှာရှိတဲ့ဂရိဟိုတယ်လေးမှာစဖွင့်တယ်။တောင်ဝှမ်းချိုင့်နက်နက်ရှိတယ်။ အဲဒီချိုင့်ရဲ့ တစ်ဖက်မှာ မျောက် - အလွန်ပေါတယ်။ ပြတင်းပေါက်မှာ သံဆန်ခါတပ်ထားရတယ်။ နေ့စဉ်ဆိုသလိုမျောက်တစ်ကောင်လောက် ပြတင်းပေါက်ဘောင်ပေါ်မှာလာထိုင်ပြီး အိမ်တွင်းက လူသတ္တဝါတွေ ခုံပေါ်ထိုင်ပြီး ဘာတွေလုပ်နေကြသလဲ လာကြည့်တယ်။ ကျွန်တော်တို့ ကလည်း ပြန်ကြည့်တယ်။ ဒီတော့ သူကစိတ်တစ်မျိုးပေါက်ပြီး၊ တီးမြည်ပြီးသစ်ကိုင်းတွေကိုလက်နဲ့ချိတ်ဆွဲကာထွက်သွားတတ်ပါတယ်။      

            အဲရစ်က ဌာနအမှုထမ်းစုပါတယ်။ ဌာနပုံစံနဲ့တူသွားပြီ။ အစိုးရဌာနရှိ သမျှကို ဘယ်လိုဖွဲ့ မယ်၊ ဘာလုပ်စေမယ်၊ ဌာနတစ်စုစီအတွက် ပြန်လည်ထူထောင်ရေး နေရာချထားရေး အရာရှိခန့်တယ်။ ဌာနလက်ကိုင် အတွေ့အကြုံရှိပြီးလူတွေနဲ့ အကျယ်တဝင့်ဆွေးနွေးတယ်။ အနာဂတ်ရဲ့ “စက္ကူပြာ”(blueprint)ကို ရေးဆွဲကြပါ . တယ်။ ကျွန်တော်က လက်ထောက် အတွင်းဝန်ချုပ်ဆိုတော့ စောစောကပြောတဲ့ ကော်မတီတိုင်းမှာ အတွင်းရေးမှူးလုပ်ရတယ်။ သဘာပတိနဲ့တိုင်ပင်ပြီး အစီရင်ခံစာ အချောရေးရတယ်။ '

          ဂျပန်မကျူးကျော်မီကမြန်မာနိုင်ငံဟာဩစတြေးလျ၊ကနေဒါတို့လိုဒိုမီနီယံကြီးတွေလောက်မပြည့်စုံပေမယ့်၊ ဓနသဟာယထဲမှာ လွတ်လပ်ရေးအများကြီးရနေပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံကထွက်ရတဲ့အခါမှာလည်း ဒိုမီနီယံအဆင့်ကို ဘယ်ပုံ“ဘယ်နည်း ရောက်အောင်ပို့ရမလို့လဲ စဉ်းစားတယ်။ အခုအခါပြောပုံမျိုး ပြောရရင် “ဓနသဟာယထဲမှာနေပြီး ဒိုမီနီယံအဆင့်ကိုပေးဖို့ ဖြစ်ပါတယ်။ ပြန်လည်နေရာချထားရေး ဌာနကလည်း ဒီသဘောမျိုးပဲ အမှန်ရှိတယ်။ ရက်စွဲအတိအကျ ဘယ်တော့ ဒိုမီနီယံအဆင့်ပေးမယ်လို့ကြေညာနိုင်ရင် သာလို့ကောင်းမယ်လို့ ထင်ပါတယ်။ စစ် ထောင်းလို့ကြေမွနေတဲ့နေရာကို ပြန်လည်ထူထောင်ဖို့ ကူညီရဦးမယ်။ သုံးနှစ်နဲ့ ခုနစ်နှစ် လောက် အချိန်ယူသင့်တယ်လို့ ထင်တယ်။ အဲဒီအယူအဆကို ပြတ်သားအောင် လန်ဒန်မှာ တင်ပြကြပါတယ်။ လက်သင့်မခံပါ၊ ဘာဖြစ်လို့လဲဆိုတော့ ချာချီက “အင်ပါယာဖျက်ပွဲမှာ ငါက လူကြီးမလုပ်ချင်ဘူးလို့ ပြောထားတဲ့အတွက် ဖြစ်ပါတယ်။

          ဇာတ်လမ်းအစမှာပဲ ပြန်လည်နေရာချထားရေးမှာပါဝင်မယ့် လူတွေကို မြန်မာနိုင်ငံကိုပြန်လိုက်မယ့်လူတွေကပဲ ရွေးပါ။ သူတို့ကလည်း မြန်မာတွေလိုလားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ပေးချင်စိတ်ရှိပြီးသား ဖြစ်ရမယ်။ အဲဒါကြောင့် တစ်ယူသန် ဆက်ပြီးအုပ်ချုပ်ရမယ်လို့ ယူဆတဲ့လူတွေကို ကျွန်တော်တို့ဌာနမှာ အလုပ်မခန့်ပါ။ ဒါပေမဲ့သူတို့ အယူအဆကိုလည်း လွတ်လွတ်လပ်လပ်တင်ပြခွင့်ပြု ပါတယ်။ ဒါကြောင့်သူတို့ကလည်း အခုဖွင့်တဲ့ဌာနကို မေးငေါ့ပြီး ရှုတ်ချကြပါတယ်။ 

           ဌာနဖွင့်ပြီးမကြာမီ မြန်မာကော်မရှင်မှာထင်ရှားတဲ့ မြန်မာနှစ်ယောက်ရောက်လာပါတယ်။ ဦးတင်ထွတ်က ၁၉၂၁က(အိုင်စီအက်ခေါ်) အိန္ဒိယပဋိညာဉ်ခံ ဝန်ထမ်းကို ဝင်ရောက်ခဲ့တဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ အဲဒီရာထူးရဖို့ အင်္ဂလန်မှာ အပြိုင် စာမေးပွဲဝင်ဖြေပြီးအောင်မြင်လို့ မြန်မာကိုလာပြီးအမှုထမ်းတဲ့ အင်္ဂလိပ်တွေရတဲ့ ပင်လယ်ရပ်ခြားပံ့ပိုးငွေ(လစာအပို)ရတဲ့လူ ဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ်က အထွေထွေ အကြံပေးလူကြီး ဖြစ်လာပါတယ်။ နောက်တစ်နှစ်ကြာတော့ ဦးကျော်မင်း ဝင်လာလို့ သူ့ကို ဒီဌာနရဲ့ လုပ်ငန်းသဘာပတိ ခန့်ပါတယ်။

          မြန်မာနိုင်ငံအစိုးရအဖွဲ့ရဲ့ နန်းရင်းဝန်ဟောင်းဦးစောက ဦးတင်ထွတ်ကို သူ့ အတွင်းရေးမှူးအဖြစ်နဲ့ခေါ်ပြီး ၁၉၄၁ နှစ်ကုန်ခါနီးက အင်္ဂလန်ကို ကိုယ်စားလှယ် - အဖွဲ့သဘောမျိုး သွားတယ်။ ကောင်းကောင်းမွန်မွန် လက်ခံပြုစုပါတယ်။ ဒါပေမဲ့ ချာချီဆီက စစ်ပြီးပြီးချင်း(သို့မဟုတ်) အတိုက်အခိုက်ရပ်စဲရင် ရပ်စဲချင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးကို ကြေညာပေးပါမယ်လို့ ကတိစကားကိုတော့ မရခဲ့ပါ။ ဒါနဲ့ အဖွဲ့က အမေရိကကို ဆက်သွားတယ်။ မြန်မာနိုင်ငံကို ဟာဝါအီကျွန်းဘက်ကလှည့်ပြန်တဲ့ အခါ ဂျပန်က ပါလ်သင်္ဘောဆိပ်ကို ဗုံးစကြဲပြီဖြစ်လို့ခရီးလမ်းစဉ်ကိုပြောင်းရတယ်။ လစ်စံကလှည့်ရမယ်။လစ်စဗုံရောက်တော့ ဦးစောတစ်ယောက်တည်းက ဂျပန်သံ အမတ်နဲ့တွေ့ပြီး မြန်မာနိုင်ငံကိုဂျပန်ဝင်ရင် မြန်မာက ဂျပန်အကူအညီကိုယူပြီး အင်္ဂလိပ် တော်လှန်ရေးလုပ်မယ်။ (အင်္ဂလိပ်ကို မြန်မာမြေက မောင်းထုတ်ကြမယ်လို့ ဆိုလိုတယ်။) အဲဒီက ခရီးဆက်လို့ နောက်တစ်စခန်းဖြစ်တဲ့ ဟိုင်ဖာကိုရောက်တော့ သူတို့နှစ်ယောက်ကို ဖမ်းဆီးလိုက်တယ်။ ဦးစောကို စစ်မပြီးမချင်း ယူဂန်ဒါမှာထား တယ်။ နောက်ဦးတင်ထွတ်ကိုတော့(ဦးစောအစီအစဉ်ထဲမှာ မပါဘူးဆိုပြီး) ဆင်းမ လားအထိပြန်ခွင့်ပြုလို့ ပြည်ပြေးအစိုးရမှာ ဆက်လက်အမှုထမ်းခွင့်ရပါတယ်။ 

          ဦးတင်ထွတ်က မြန်မာမျိုးချစ်တစ်ဦးဖြစ်လို့ အစပထမက ပြန်လည်ထူထောင် ရေးဌာနကို သိပ်ပြီးယုံကြည်အားထားပုံ မပေါ်ပါ။ ဒါပေမဲ့ တဖြေးဖြေး အာဃာတ တွေလျော့ပြီး သူ့လူမျိုးကောင်းစားရေးကို အမှန်ဆောင်ရွက်ပေးနိုင်တယ်လို့ယုံကြည်ပြီးကျွန်တော်တို့လုပ်ငန်းကိုဝင်ရောက်ကူညီပါတယ်။   သူအရာရှိငယ်ဘဝက စိတ်နာ ကြည်းစရာအချက်တစ်ခု ကြုံဖူးတယ်။ ခရိကက်ကစားအပြီး၊ ရေးချိုးပြီးအဝတ်လဲဖို့ ပဲခူးကလပ်ကိုဝင်လာတော့ လက်မခံလို့ ခပ်ညံ့ညံ့နေရာတစ်ခုကိုဝင်ပြီး လဲရတယ်။ အိန္ဒိယနဲ့ မြန်မာနိုင်ငံတွေမှာ အင်္ဂလိပ်က တိုင်းရင်းသားတွေကို လူလူချင်းဆိုတဲ့ သဘောနဲ့မဆက်ဆံဘဲ အထက်စီးပြောဆိုဆက်ဆံတာဟာ၊ တကယ့်အုပ်ချုပ်ရေး ကိစ္စတွေမှာ အထက်စီး အနိုင်ယူတာထက်ပိုပြီး တိုင်းရင်းသား တွေက နာတယ်။ ဒါမျိုးက နိုင်ငံရေး၊ စီးပွားရေးမှာ အသာအကဲယူတာထက်ပိုပြီး အာဃာတဖြစ်စေတယ်။ (ဦးတင်ထွတ်)က အင်မတန် အရည်အချင်းပြည့်မီတဲ့ပုဂ္ဂိုလ် ဖြစ်တယ်။ သူ့ကို အုပ်ချုပ် ရေးကို စိတ်ချလက်ချလွှဲအပ်နိုင်တယ်။ သူကလည်း အင်္ဂလိပ်က မြန်မာကို လွတ်လပ် ရေး တကယ်မပေးမီ ကုလသမဂ္ဂကို ခေတ္တအပ်ထားသင့်တယ်လို့ အကြံဉာဏ်ပေးမှာ ဖြစ်ပါတယ်။ ဒီလိုမလုပ်ရင် အခြေအနေအားလုံး ပျက်စီးကုန်မှာဖြစ်တယ်လို့ သူက သတိပေးလိုဟန်တူပါတယ်။

          မြန်မာနိုင်ငံအစိုးရနဲ့ အတူထွက်လာတဲ့ နောက်မြန်မာတစ်ဦးက ဆာပေါ်ထွန်း ဖြစ်ပါတယ်။ သူက ဦးစောအဖမ်းခံရပြီး၊ ဦးစောနေရာကိုဆက်ခံတဲ့ နန်းရင်းဝန် ဖြစ်ပါတယ်။ ဆင်းမလားအဝေးရောက် နန်းရင်းဝန်အနေနဲ့မြန်မာနိုင်ငံအုပ်ချုပ်ရေးနဲ့ပတ်သက်သူတွေကိုမကြာခဏဖိတ်ကြားပြီးလက်ဖက်ရည်ပွဲလုပ်ပါတယ်။ ပြောလေ့ ရှိတဲ့အကြောင်းအရာကဆာပေါ်ထွန်းကသိပ်တော်တယ်ဆိုတဲ့အကြောင်းပဲ ဖြစ်ပါ တယ်။ သူကိုယ်တိုင်ကလည်း အမှုကိစ္စတစ်ခုကို မြန်မြန်နဲ့ပြီးပြတ်အောင် ဘယ်လိုလုပ် တယ်လို့ ပြောပြလေ့ရှိပါတယ်။ သူ့ကျန်းမာရေးက ပိုပိုပြီးညံ့လာတော့ အဲဒီအစည်း အဝေးကို အကျဲသွားပါတယ်။

         ကျွန်တော်တို့ဌာနမှာ အစကတော့မျှော်လင့်ချက်တွေနဲ့ အလုပ်လုပ်ပုံဖျတ် လတ်ပြီး တက်ကြွပါတယ်။ အရာရှိတွေက သူတို့ဆိုင်ရာဆိုင်ရာဌာနတွေမှာ ဘာတွေ -

 

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)