သန်းထွဋ်အောင် - ၂၂နှစ်ဆိုတာပြန်လာစေချင်သည်နှင့်အခြားဆောင်းပါးများစုစည်းမှု
ဝေဖန်ခြင်း၏နောက်တွင်
ဤဆောင်းပါးကို ရေးရခြင်း၏နောက်တွင် ကျွန်တော့်အားအဓိကစေ့ဆော်ခဲ့သော အကြောင်းတရား(၄)ရပ်ရှိပေသည်။
နံပါတ်တစ်မှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နာယကဗိုလ်ချုပ်ကျော်ဝင်းနှင့်တွေ့ဆုံမေးမြန်းလို့“အဖွဲ့ချုပ်ကို ဝေဖန် နိုင်ပါတယ်။ အကြံပြုနိုင်ပါတယ်။ ကျွန်တော်တို့ကို မေးခွန်းထုတ်တာ၊ ဝေဇန်တာ အကြံပြုတာကို ကျွန်တော်တို့ မနိုင်စရာ မရှိပါဘူး”ဟုပြောကြားခဲ့သော စကားဖြစ်သည်။ မီဒီယာသမား တိုင်းနှစ်သက်ကြသည်။ ကျွန်တော်လည်း နှစ်သက်ပါသည်။
နံပါတ်နှစ်မှာ ဘင်းမ်စတက်လူငယ်ပြိုင်ပွဲဝင်အသင်း သတင်းစာရှင်းလင်းပွဲတွင် ကျွန်တော်တို့ First ElevenSportsJournal>PremierElevenSportsJournalမှသတင်းအဖွဲ့တက်ရောက်သတင်းယူနိုင်ခြင်းမရှိသည့်ကိစ္စဖြစ်သည်။(အငယ်တန်းသတင်းထောက်တစ်ဦးသာပွဲပြီးခါနီးမှရောက်ရှိသွားသည်)တာဝန်ခံအယ်ဒီတာက ၁ဝ နာရီစမည့် အခမ်း အနားကို ၉း၃၀ မှအကြောင်းကြား၍ မတက်ရောက်နိုင်ခြင်း ဖြစ်သည်ဟုဆိုသည်။
ကျွန်တော်လက်မခံနိုင်ပါ။ နံပါတ်သုံးမှာကျွန်တော်စီမံခန့်ခွဲနေသောဂျာနယ်(၃)စောင် First Eleven SportsJournal,PremierElevenSportsJournal,ElevenInternationalJournal အယ်ဒီတာအဖွဲ့ဝင်များနှင့်ကျွန်တော်(သို့)သီးသန့်ဖိတ်ကြားထားသော ဧည့်သည်တို့ တစ်ပတ်(၂)ကြိမ်ဆွေးနွေးပွဲရှိသည်။ တစ်ခုသောဆွေးနွေးပွဲတွင် ကျွန်တော်ကသူတို့ကိုသူတို့ ဂျာနယ်၏ပြင်ပဆိုင်ရာမေးခွန်းများမေးခွန်းထုတ်သည်။ အများစုမှာမိမိဂျာနယ်ပြင်ပ ဗဟုသုတအကြောင်းအရာများ၌ အားနည်းလှသည်။ အထူးသဖြင့်အားကစားဂျာနယ်မှ အယ်ဒီတာ အဖွဲ့ဝင်များမှာဘောလုံးအားကစား၌သာကျွမ်းကျင်လျှင်ပြီးရောဟု အမြင်ရှိကြသည်။ သူတို့ကျွမ်းကျင်ကြ သည်။ ကျွမ်းကျင်ချင်သည်ကလက်ရှိဥရောပပွဲများသာဖြစ်ကြသည်။ ကျွန်တော်အားမရပါ။
နံပါတ်လေးမှာ နိုင်ငံတကာစာပေများ၊ နိုင်ငံတကာမှ ထုတ်ဝေနေသောစာနယ်ဇင်းများကိုလေ့လာနေသော၊ အင်တာနက်ကို မပြတ်ကြည့်နေသောလူငယ်တစ်ဦးက“နိုင်ငံတကာမှ ထုတ်ဝေသော စာနယ်ဇင်းများ၌ တစ်ခုတွင်ဖော်ပြသောအကြောင်းအရာအချက်အလက်၊သတင်းဆောင်းပါးများကိုအခြားတစ်ခုမှ (အထူးသဖြင့်ပြိုင်ဘက်များတွင်) ဝေဖန် ခြင်း၊ ထည့်သွင်းခြင်း၊ အမှားထောက်ပြခြင်း၊ ပုဂ္ဂိုလ်ရေးဝေဖန်ခြင်းမရှိပါ။ ဥပမာ Time မဂ္ဂဇင်း ၌ ဖော်ပြသည့်ဆောင်းပါးတို့ကိုNewsweekမဂ္ဂဇင်းကဖော်ပြ၍ဝေဖန်ခြင်း၊နိုင်ငံတကျော်ထုတ်ဝေနေသောသတင်းစာများအားလုံး (သူလက်လှမ်းမီသမျှ)ဤကဲ့သို့ရေးသားခြင်း လုံးဝမရှိပါ။ သို့ရာတွင် ယခုမြန်မာဂျာနယ်များတွင် ဤကိစ္စများကိုအထူးဇောင်းပေးရေးနေသောဂျာနယ်အများအပြားရှိနေပါသည်။အချို့ဂျာနယ်များတွင်ပုဂ္ဂိုလ်ရေးအရပြောဆိုရေးသားမှုများသာမကဂျာနယ်များ၏မျက်နှာဖုံးများကိုပင်တင်၍ဝေဖန်မှုများရှိသည်။မီဒီယာတို့၏ကျင့်ဝတ် (Media Ethics) နှင့်ပတ်သက်၍သိချင်ပါသည်ဟုဆိုသည်။ မေးသင့်မေးထိုက်သောမေးခွန်း ဖြစ်သလို ကျွန်တော်လည်းသိချင်၍ရှာဖွေခဲ့သည်။
မီဒီယာသမားတစ်ယောက်(Journalist)အတွက်အတိုဆုံးသော ဆောင်ပုဒ်တစ်ခုကို မိတ်ဆွေတစ်ဦးက ရှာဖွေပေးခဲ့သည်။ " Trust me, I am a Journalist." Journalism နှင့် Ethics (ကျင့်ဝတ်)အတွက် အတိုဆုံးနှင့် အထိရောက်ဆုံးဖြစ်သည်။
Journalistတစ်ယောက်ဖြစ်ရန်(သို့) မီဒီယာတစ်ခုပီသရန် အခြေခံလိုအပ်ချက်မှာ ရိုးသား၊မှန်ကန်မှုရှိ၍ ယုံကြည်အားကိုးလောက်သောအရည်အချင်းရှိရန် (Trust-worthy) ဖြစ်သည်။
၎င်းအရည်အချင်းများရှိလျှင် ကျွန်တော်စာရေးရန် လှုံ့ဆော်စေခဲ့သော အကြောင်းအရင်း(၄)ချက်ကိုဖြေရှင်းပြီးသားဖြစ်ပေမည်။
မီဒီယာတစ်ခု(သို့) Journalist တစ်ယောက်အတွက် အခြေခံအားဖြင့်
(၁) တိကျသော မူဝါဒ (Policy) (သို့) ခိုင်မာသော ရပ်တည်မှု (Principle) ရှိရမည်။
(၂) မိမိရေးသားသော အကြောင်းအရာနှင့် ပတ်သက်၍လုံလောက်သော ကျွမ်းကျင်မှု ရှိရမည်။
(၃)မိမိလုပ်ကိုင်သောအလုပ်အကိုင်နှင့်ပတ်သက်၍လိုက်နာအပ်သောကျင့်ဝတ်(MediaEthics)တို့ကိုစောင့်ထိန်းလိုက်နာရမည်။