Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

သန်းဆွေ - ဝထ္ထုတို ၅ ပုဒ်

Regular price 900 MMK
Regular price Sale price 900 MMK
Sale Sold out
Type

ကြာတောမိုး

 

သူငယ်ချင်း….

           ငါတော့ ဘယ်လိုမှ အဖြေရှာမရတဲ့ ပြဿနာ တစ်ရပ်နဲ့ ရင်ဆိုင်နေရပြီ။ စင်စစ်တော့ ဒီပြဿနာဟာ ငါတစ်ဦးတည်းနဲ့သာဆိုင်တဲ့ ပြဿနာပဲ...။ ငါ့အသည်း နှလုံးထဲမှာ ငါ့သွေးစေးနဲ့ မံပြီး ပိတ်ဆို့ထားသင့်တဲ့ ကိစ္စပဲ..။ ဒါပေမဲ့ မင်းကတော့ ဝတ္ထုရေးဆရာမို့ ဖွင့်ပြောရ မှာပဲ။ မင်းဆီက ကျေနပ်လောက်တဲ့အဖြေမျိုး ရလိမ့် မယ်လို့လည်း ငါယုံကြည်တယ်လေ....။ နောက်ပြီး.. မင်းက ဒီလိုလောကမှာ ဘယ်လိုမှ ဖြေရှင်းလို့မရနိုင်တဲ့ ပြဿနာမျိုးတွေကို ရေးတတ်တယ်ဆိုတာ ငါ သတိ ထားမိပါတယ်..။

          ဥပမာ လွန်ခဲ့တဲ့နှစ် ဒီအချိန်လောက်က ရှုမဝ မဂ္ဂဇင်းထဲမှာ မင်းရေးလိုက်တဲ့ “စိန်ပန်းနီနီ” တို့၊ မနှစ်

က သွေးသောက်မှာ ပါဖူးတဲ့ “သည်မောင် သည်နှမ”။ နောက်ပြီး ရှုမဝထဲမှာပဲ လွန်ခဲ့တဲ့နှစ်နှစ် သုံးနှစ်လောက်က ပါခဲ့ဖူးတဲ့ “သိလျက်နှင့်ပင်” တို့၊ “ဘယ်ဝဋ်နှောင် ဖန် လာမှန်း”တို့ဆိုတဲ့ ဝတ္ထုတွေဟာ ဘယ်လိုမှ ဖြေရှင်းလို့ မရနိုင်တဲ့ ပြဿနာတွေပဲ..။ “ဪ... ဗိုလ်သက်တင်” ဆိုတဲ့ ဝတ္ထုလည်း ရှိပါသေးတယ်။

          စင်စစ်တော့လည်း.. ဘယ်လိုနည်းနဲ့မှ ဖြေရှင်း လို့မရနိုင်တဲ့ ပြဿနာတွေကြောင့်လည်း ဘဝရဲ့ ကြေ ကွဲဖွယ်ရာ အဖြစ်အပျက်တွေ။ အလွမ်းဇာတ်လမ်းတွေ ဟာ ပေါ်နေရတာပဲလို့ မင်းဆိုချင်တာကို ငါရိပ်မိပါ တယ်...။ ဖြစ်ပေါ်လာသမျှ ပြဿနာတွေကို အလွယ်နဲ့ သာ ဖြေရှင်းနိုင်ကြမယ်ဆိုရင်... ကမ္ဘာလောကကြီးတစ်ခု လုံးဟာ ချမ်းအေးသာယာပြီး စိတ်ညစ်စရာ ဇာတ်လမ်း တွေဟာ ဘယ်ပေါ်နိုင်တော့မှာလဲ။

          ဖြစ်ပုံက ဒီလိုကွ..။

          ငါ ဒီမြို့ကို အလုပ်တာဝန်နဲ့ ရောက်လာတော့ ပထမဆုံး စတင်သိကျွမ်းရတဲ့လူဟာ နွဲ့”တို့အစ်ကိုပဲ ကွ..။ ဆွေမျိုးသားချင်းကလည်းမရှိ။ ရောက်ခါစမို့... အသိအကျွမ်းကလည်း မရှိမို့ ပျင်းပျင်းရှိတိုင်း ဘိလိယက် ခုံမှာ အချိန်ဖြုန်းနေရင်းက နွဲ့”တို့အစ်ကိုနဲ့ တွေ့ရတော့ တာပဲဟေ့...။ တဖြည်းဖြည်းနဲ့ လူချင်းလည်း ခင်မိကြ ရော... သူက အိမ်လည်ခေါ်သကွ..။ သူ့မိဘတွေ နှမ တွေ အစ်ကိုတွေနဲ့ မိတ်ဖွဲ့ ပေးသကွ။ တစ်အိမ်သားလုံး စိတ်သဘောထား ကောင်းကြပါတယ်..။ ငါ့ကိုလည်းမြင်မြင်ချင်းပဲ ခင်ရှာပါတယ်..။ ကွဲကွာနေတဲ့ ဆွေမျိုး တစ်ယောက် ပြန်တွေ့ကြသလိုပဲ ရင်းရင်းနှီးနှီး ခင်ခင် မင်မင် ပြောကြဆိုကြ ကျွေးမွေးကြပါတယ်။ ညီအစ်မ နှစ်ယောက်ရှိကြတဲ့အထဲမှာ နွဲ့ ကအငယ်.. လဲ့က အကြီး ကွ.. တွေ့စသိစတုန်းကဆိုရင် လဲ့ကသာ ရဲရဲတင်းတင်း ခေါ်ဝေါ်ပြောဆိုပေမဲ့ နွဲ့ ကတော့ ခပ်တင်းတင်းပဲကွ...။

           ပထမတော့ “ဟန်ကြီးပန်ကြီးလုပ်လိုက်တာ”လို့ ဒေါပွမိသေးတယ်။ ဒါပေမဲ့ လူချင်းရင်းနှီးလာတော့မှ နွဲ့ ရဲ့ ကိုယ်နေအမူအရာကိုက အခုလို ခပ်တည်တည်နေ တတ်တာပဲရယ်လို့ သိလာပြီး စိတ်မဆိုးဘဲ နေနိုင်တော့ တယ်...။

           တစ်မြို့တစ်ရွာက ရောက်လာတဲ့ တစ်ယောက် တည်းသမားလည်းဖြစ်ပြန်၊ ရာထူးဌာနန္တရနဲ့ တည် တည်တံ့တံ့ နေပြန်၊ အပြောအဆိုကလည်း ယဉ်ကျေး ပြန်၊ မာနကလည်း မထားပြန်ဆိုတော့ ငါ့ကို သူတို့အိမ် . သားတွေက ခင်ကြတာပေါ့...။ သူတို့ညီအစ်မထဲမှာ ငါ့ စိတ်ကို လှုပ်ရှားအောင် လုပ်နိုင်တာကတော့ နွဲ့ ပဲ..။ လူတစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံခင်မင်ကြတယ် ဆိုတာဟာ အံ့သြစရာတော့ အတော်ကောင်းတာပဲ။ ငါတို့တစ်တွေဟာ မမြင်နိုင်တော့တဲ့ အတိတ်ဘဝကနေပြီးလာခဲ့ကြတယ်...။ ပစ္စုပ္ပန်ဘဝမှာ တွေ့ကြဆုံကြ ကြုံကြ ရတယ်..။ အနာဂတ်မှာ ဘာတွေဖြစ်လို့ ဘယ်လို ကြုံ ကြရမယ်ဆိုတာ မသိသေးဘူး..။ အခုပစ္စုပ္ပန်မှာ ဆုံကြ တွေ့ကြ ခင်မင်ကြရဖို့ဟာလည်း အင်မတန် ခဲယဉ်းလှ တဲ့ ကိစ္စတစ်ရပ်ပဲ။

          ခင်မင်ရင်းနှီးမှုဆိုတာ အမြဲတမ်း နီးကပ်နေရပေ မဲ့ ရင်းနှီးချင်မှ ရင်းနှီးတာမျိုးရယ်..၊ အိမ်ချင်းကပ်နေတဲ့ အိမ်နီးချင်းကို အိမ်နီးချင်းတစ်ယောက်အနေနဲ့ ဝတ္တရား အရ ဆက်ဆံရပေမဲ့ စိတ်ထဲက လှိုက်လှိုက်လှဲလှဲ ခင်မင် ဖို့ ခဲယဉ်းတယ်...၊ ကုန်ကုန်ပြောမယ်..။ ညီအစ်ကိုမောင်နှမအရင်းတောင်မှ သူစိမ်းတစ်ရံဆံလောက် ခင် မင်ရင်းနှီးခြင်း ရှိချင်မှ ရှိကြတာပဲ...။ တဒင်္ဂပဟာန်တွေ့ ကြတဲ့ လူချင်းဖြစ်ပေမဲ့ စိတ်ထဲမှာ လှိုက်လှိုက်လှဲလှဲ ခင်မိတာလည်း ရှိတယ်... ဒါကို... ရေစက်လို့ပဲ ခေါ် မလား... သဘောချင်း တိုက်ဆိုင်မှုလို့ပဲ ခေါ်မလား...

          နွဲ့ တို့အိမ်သားတွေက ငါ့အပေါ်မှာ ခင်မင်ရင်းနှီး စွာ ဆက်ဆံကြပုံတွေကို ပြန်စဉ်းစားလိုက်ရင် အံ့သြဖွယ် ရာကြီး တစ်ခုပါပဲကွာ... မှန်တာဆိုရရင် သူတို့ရဲ့ ခင် မင်မှုဟာ ငါရဲ့ ခင်မင်မှုထက် ပိုတယ်လို့ ဆိုရမှာပဲ။

          ကြာတော့... အစိုးရက လုပ်ငန်းတာဝန်အရ ပေး ထားတဲ့ ရပ်ကွက်မှာတောင် နေလှတယ် မရှိတော့ဘဲ နွဲ့ တို့အိမ်သားတွေနဲ့ပဲ အချိန်ကုန်နေတော့တာပဲ... ငါ ကလည်း ထူးထူးချွန်ချွန် ထွန်းထွန်းပေါက်ပေါက် ဘာ တစ်ခုမှမရှိပေမဲ့ ဘယ်ဘာသာရပ်ကိုမဆို အနည်းအကျဉ်း လောက်တော့ ခေါက်မိတဲ့လူဆိုတော့ သူတို့ တစ်အိမ် သားလုံးနဲ့ ခင်မင်စရာအကြောင်းဟာ ပိုပြီး ခိုင်မာခဲ့တာ ပေါ့ကွာ.. နွဲ့ တို့အစ်ကိုတစ်ယောက်က ဘိလိယက် ထိုးတတ်တယ်ကွာ ငါကလည်း ဘိလိယက်ထိုးတယ်... နွဲ့ တို့ဖေဖေက အဂ္ဂိရတ်ထိုးတယ်...။ ငါကလည်း ငါ့အဘိုးကို ဖိုဆွဲပေးရင်း အဂ္ဂိရတ်လင်္ကာတွေ ဘာတွေ ရွတ်တတ်နေတော့ အဘိုးကြီးက ငါ့ကိုခင်တာပေါ့ကွာ... “ဂဠုန် ဂဠုန် ဆိုပါတုံလည်း တမှုန်မွှားမွှား အယူမှား၍ နဂါးမသေ၊ ဖားမကြေတည့်” ဆိုတဲ့ လင်္ကာတွေ “အဂ္ဂိရတ် ဝယ်- မှတ်စဖွယ်- ဘယ့်နှယ်နဝင်း သတ်မည်နည်း” ပိဋကတ်ကို နှောက်၍ရှာ ဗေဒင်ကြောင်းနဲ့ ပေါင်းလိုက် ပါ” ဆိုတဲ့ အမေးအဖြေတွေ “ဟေဝန္တာက ရသေ့များ မြွေကို ဖုတ်၍စား” စတဲ့ စာတိုအစလေးတွေ... “သံဘေ မသိ ဒါန်ကိုကြည့်” တို့ “အဲ့သံသေမြေကျ ရှာမရ” တို့ ဆိုတဲ့ ဆောင်ပုဒ်ကလေးတွေကို ရထားပြန်တော့ အဘိုး ကြီးနဲ့ သိပ်ပြီး လေပေးဖြောင့်နေတာပေါ့...။

          အမယ်ကြီး ကျပြန်တော့လည်း ရာဇဝင်သမားမို့... အထိုက်အလိုက် ပြောနိုင်ခဲ့ပြန်တယ်... ဘယ်မင်းဟာ ဘယ်သူရဲ့ သား၊ ဘယ်ဘုရင် နန်းတက်တော့ ဘယ်လို အတိတ်တဘောင် ပေါ်တယ်ဆိုတာတွေကို အဘွားကြီး က မေ့နေတဲ့အခါ ငါက ထောက်... ငါကမသိလို့ မေး တဲ့အခါ အဘွားကြီးက ဖြေနဲ့ အပေးအယူ ညီညွတ်နေ တာပေါ့လေ...။

          အဲ... အနွဲ့ တို့ညီအစ်မ ကျပြန်တော့လည်း... စာရူး ကဗျာရူးတွေကွ။ အနွဲ့ မောင်ကျတော့ မယ်ဒလင်လေး တတုံတုံနဲ့ သီချင်းတအေးအေး နေချင်တဲ့လူကွ။ ကြုံရပုံ များနှယ်ကွာ... တစ်အိမ်သားလုံးက ဝါသနာပါသမျှ တွေကို ငါက အခြေခံလောက်တော့ ခေါက်မိနေတယ်...

             ငါကိုယ်တိုင်ကလည်း ကျောင်းတုန်းက ကဗျာရူး စာရူးပီပီ ရတုတွေ ကဗျာတွေကို ကြိုက်လာရင် မင်းနဲ့ ပြိုင်ပြီး အလွတ်ကျက်ခဲ့တာဟာ မင်းလိုတော့ ဝတ္ထုရေး ဆရာ ဖြစ်မလာဘူး... ကဗျာရူးမ၊ အရူးမလေးနဲ့ ဆက် ဆံရာမှာတော့ ရင်းနှီးရာ ရင်းနှီးကြောင်းတစ်ခု ဖြစ်လာ တယ်... ကဗျာနဲ့ ဂီတဆိုတာဟာလည်း အင်မတန်မှ နီးစပ်လေတော့ ဟိုတုန်းက နေ့လယ်ကြောင်တောင် နေ ပူခေါင်ခေါင်မှာ ဘင်ဂျိုတဒေါင်ဒေါင်တီးပြီး စိန်ချူး ကြာညောင် ညည်းခဲ့တာတွေဟာလည်း အဖွဲ့တို့မောင်နှမ တွေနဲ့ ရင်းနှီးစရာဖြစ်လာတော့တာပေါ့...။

          အဲဒီလို.. သင်းတို့အိမ်သားတွေနဲ့... ငါတစ်ယောက် တည်း ခုနစ်ထွေကနေရင်းနဲ့ပဲ... အတော်လေးကို ခင်    မင်ရင်းနှီးသွားရော ဆိုပါတော့ကွာ.. ခင်သမှ တကယ့် ကို ဆွေမျိုးရင်းချာလိုပါပဲကွာ...

          ငါတို့စိတ်ထဲကသာ ဆွေမျိုးရင်းချာလို သဘော ထားပြီး ရင်းရင်းနှီးနှီးနေကြပေမဲ့.. ဆွေမျိုးမှန်းမသိတဲ့ ပတ်ဝန်းကျင်ကတော့ ငါတို့ရဲ့ အနေအထိုင်ကို အကဲ ခတ်ပြီး ဝေဖန်လာတော့တာပေါ့.. ငါနေတဲ့ အကွက်ထဲ က လူတွေကလည်း ငါ့ကို စောင်းပါးရိပ်ခြည် ပြောကြား လာကြတယ်။ စောင်းပါးရိပ်ခြည် ပြောကြရာက ဗြောင် ပြောတဲ့အထိ ဖြစ်လာတော့တယ်... သူတို့အပြောကတော့ အဆိုး တစ်ခုမှ မပါပါဘူး..... အကောင်းတွေချည်း ပါပဲ။ လျော်ကန်လှပါကြောင်း၊ သင့်မြတ်လှပါကြောင်း၊ အတိုင်းထက်အလွန် သင့်လျော်လှပါကြောင်းတွေချည်းပါပဲ...

          ပထမတော့.. ငါ့စိတ်ထဲမှာ လန့်သွားတယ်..

          လန့်တာက ဒီလိုပါ။ ငါရဲ့ နေပုံထိုင်ပုံဟာ လွဲနေ ရော့သလားလို့ လန့်တာပေါ့။ ငါ့ကိုယ်ငါ ပြန်ပြီး ဆန်းစစ် လိုက်တော့ ငါဟာ လူရှေ့သူရှေ့မှာ အမြင်မတော်ဖြစ်လောက်အောင် မနေခဲ့တာကို တွေ့ရတယ်.. နောက်ပြီး ငါကိုယ်တိုင်ကရော၊ ပတ်ဝန်းကျင်ကထင်သလို တစ်ယောက်ယောက်အပေါ်မှာများ ချစ်နေမိပြီလားလို့ မေး ခွန်းထုတ်မိပြန်တယ်။ အဖြေကတော့ ငါဟာ ညီအစ်မ နှစ်ယောက်စလုံးအပေါ်မှာ တွယ်တာစိတ် ကြီးမားနေ တာကို တွေ့ရတယ်... ချစ်တယ်... နှစ်ယောက်စလုံးကို ချစ်တယ်...။ ဒါပေမဲ့ အိမ်ထောင်ဖက်အဖြစ် ချစ်တာ မဟုတ်ဘူးလို့ တော့ ငါ့ကိုယ်ငါ ယုံကြည်တယ်...။ ယောက်ျားကလေးတစ်ယောက်ဟာ မိန်းကလေးအပေါ် မှာ အိမ်ထောင်ဖက်အဖြစ် ရည်ရွယ်ပြီး ချစ်တယ်ဆိုရင် စိတ်ဝိညာဉ်နဲ့သက်ဆိုင်တဲ့ အချစ်သာမကဘဲ ရုပ်ခန္ဓာနဲ့ ဆိုင်တဲ့အချစ်ပါ ရောလာပေလိမ့်မယ်...။ လူချင်းတွေ့ရင်မောင်နှမလို ဆက်ဆံတာမျိုး၊ မိတ်ဆွေလို ဆက်ဆံတာ မျိုးထက် ပိုလာပေလိမ့်မယ်...။ ယောက်ျားလေးသူငယ် ချင်းချင်း လက်ဆွဲပခုံးဖက်ကာမျိုးထက်ပိုပြီး... ကိလေ သာကို နှိုးဆွတဲ့ အပြုအမူမျိုးတွေ ပြုမိပေလိမ့်မယ်.. ကုန်ကုန်ပြောရရင်.. ကျူးကျူးလွန်လွန်ဖြစ်နိုင်တဲ့ အခွင့် အရေးကိုပါ ချောင်းပြီး အခွင့်ရတာနဲ့တစ်ပြိုင်နက် မိုက် မဲတဲ့ အပြုအမူတွေကို ပြုမိပေလိမ့်မယ်။ ပြုလည်း ပြုဖို့

ရည်ရွယ်ခဲ့ပေလိမ့်မယ်...။ ကာယကံက အထမမြောက် တောင် မနောကံကတော့ အမြဲ ကြံနေပေလိမ့်မယ်...။

          ငါဟာ သင်းတို့ညီအစ်မအပေါ်မှာ တစ်ခါတစ်ရံ အမှတ်မထင် ပခုံးကိုင်မိတာမျိုး၊ လက်ကိုင်မိတာမျိုးတော့ ရှိခဲ့သပေါ့..။ ဒါဟာ... ခုခေတ်မှာ ဆန်းလှတာ မဟုတ် ပါဘူး...။ ရင်းနှီးရာတောင် ရောက်ပါသေးတယ်။ ဒါပေ မဲ့... သင်းတို့အပေါ်မှာ မိုက်မိုက်မဲမဲ မကြံမိခဲ့တာကို တော့ဖြင့် သစ္စာရေသောက်ပြီး ကျမ်းကိုင်ရဲပါတယ်...။

          ဒါပေမဲ့ “မပြေးသော် ကန်ရာရှိ” ဆိုတာလို... ဘယ် လိုပဲ သန့်ရှင်းပါတယ်ဆိုပေမဲ့.. အနေအထိုင်က လို အပ်တာထက်ပိုနေရင် ပတ်ဝန်းကျင်အတွက် ငြင်းဖို့ မခက်ပေဘူးလား..။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင် မှပဲလို့တွေးပြီး သင်းတို့တစ်တွေဆီကို အရင်ကလို နေ့ တိုင်းညတိုင်း သွားမလည်တော့ဘဲ ရက်ခြားရက်ခြား လည်ရတော့တယ်...။ ရက်ခြားလည်ရာကနေပြီး တစ် ပတ်တစ်ခါဆိုတာမျိုး လုပ်ရပြန်တော့တယ်။

          ဒီလိုလုပ်တာဟာ ဘာကြောင့်လဲဆိုရင်.. ပတ် ဝန်းကျင်ရဲ့ ဂယက်ကို ကြောက်တာကလည်းတစ်ကြောင်း၊ ကိုယ်ကိုယ်တိုင်ကလည်း နွဲ့ တို့ညီအစ်မလို အချော အလှလေးတွေနဲ့ အခုအတိုင်း သိပ်ရင်းရင်းနှီးနှီး နေ သွားရင် ကာလံဒေသံဆိုတဲ့ အခါကာလတို့၊ နေရာဌာန တို့က မငြင်းဆန်နိုင်လောက်အောင် ဖန်တီးလာရင် မစွမ်းရင်းအရှိမှာ ကန်စွန်းခင်းအငြိမှာ ကြောက်တာက လည်း တစ်ကြောင်းကြောင့်ပဲ..။