Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

သန်းဆွေ - ချစ်တံတျာရှင်

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

လှိုင်းရေယဉ်ဦး

 

          “ကြမ်းတမ်းလှတဲ့ ဘဝခရီးကို ဖြတ်ကျော်ရင်းနဲ့ပဲ ငါဟာ ချမ်း ရိပ်ငြိမ်တဲ့ ကမ်းသာဆိပ် တစ်ခုကို ရောက်ခဲ့တယ်.....”

          မြအသွေးလို ကြည်လင်နေတဲ့ “ဂီတမြစ်နဒီ” ရဲ့ ရေအပြင်ကို စိတ်ကူးယဉ် ညင်းလေပြည်နုကလေးတွေ ပက်ဖျန်းလိုက်တိုင်း တလွန့် လွန့်လူးနေတဲ့ လှိုင်းချိတ်လှိုင်းတွန့်ကလေးတွေ ထပြီး ကမ်းသာစပ်ကို   တစ်ဆယ့်နှစ်ပါးသော အသံနဲ့ တဖျတ်ဖျတ် ရိုက်ခတ်နေပုံကလေးတွေ ကဖြင့် သာယာလှချေရဲ့ ကွယ် ... ။

           ဟောသည်က ငါ့လက်ထဲမှာတော့ကာ နီနီ၊ ဝါဝါ၊ ပြာပြာ၊ ဖြူးဖြူ၊

ရောင်စုံတောက်ပနေတဲ့ စာပေပန်းပွင့်ကလေးတွေနဲ့ တစ်ပွေ့တစ်ပိုက်ကြီး ပါပဲ...”

          သည်ပန်းပွင့်ကလေးတွေကတော့ ဘဝကန္တာရရဲ့ တောတောင် ခရီးတစ်လျှောက်ကို ဖြတ်ကျော်ရင်း ပင်ပင်ပန်းပန်းနဲ့ ကြိုးစားဆွတ်ခူးခဲ့မိ လို့ ရလာတဲ့ ငါ့ကိုယ်ပိုင် ရတနာများပေါ့... ငါဟာ ဂီတ စမ်းရေယာဉ် ရဲ့ တွန့်ယှက်ကွေ့လိမ်တဲ့ လှိုင်းရေယဉ်လေးတွေပေါ်မှာ စာပေပန်းပွင့်များ ရဲ့ ကာရန်ပန်းချပ်လွှာနုကလေးတွေကို အရောင်အသွေး အစပ်တည့်သလို တစ်ချပ်ချင်း တစ်လွှာချင်း ရွေးချယ်ဖြုတ်ခြွေပြီး မျှောချနေခဲ့မိ တယ်...၊

          အို ... ရောင်စုံတောက်ပတဲ့ ပန်းချပ်လွှာကလေးတွေဟာ တစ်ခုနဲ့ တစ်ခု ဖောင်ဖွဲ့ပြီး...တငြိမ့်ငြိမ့် လှုပ်ရှားနေတဲ့ လှိုင်းရေယဉ် ပေါ်မှာ မျောနေပုံကလေးတွေကို အာရုံဝင်စားရင်းနဲ့ပဲ...ငါဟာဖြင့် ဘယ်

လောက်ကြာအောင် မိန်းမော တွေဝေနေမိခဲ့သလဲ မသိပါဘူး....။ ငါရဲ့ ပန်းလျနွမ်းနယ်လှတဲ့ အတိတ်ကိုတောင်မှ မေ့လုလု ရှိခဲ့ပါပြီ။ 

          ဒါပေမဲ့........ခုတော့ဖြင့် ရေပြင်မှာ ကြံကြံဖန်ဖန်လာပြီး ထင်တဲ့ ဓူဝံကြယ်ရောင်ရိပ်ဟာဖြင့် စာပေကဗျာ ပန်းချပ်လွှာများနဲ့ ထံတျာလှိုင်းအိ ကလေးတွေပေါ်မှာသာ အာရုံဝင်စားနေမိတဲ့ ငါ့ရဲ့ စိတ်ကို ထွေပြားစေခဲ့ ပါပေါ့ ကွယ်... 

          ရွှန်းဝင်းတောက်ပတဲ့ အရောင်နဲ့ တလက်လက် လင်းနေတဲ့ ကြယ်ရောင်ရိပ်ဟာလည်း ထံတျာလှိုင်းတွန့်ကလေးတွေထဲမှာတော့ ပျောက်ချည် ပေါ်ချည်နဲ့မို့ ပန်းချပ်လွှာနဲ့ လှိုင်းယဉ်သာများဆီက မျက်စိ အာရုံကို လုံးလုံးရုပ်သိမ်းပြီး တကယ်အစစ် ကြယ်ဓူဝံကလေးရှိမယ် ထင်တဲ့ မြောက်ဘက်မိုးဝန်း စက်ဝိုင်းစွန်းဆီကိုသာ ငေးမော့လို့ မျှော် ကြည့်လိုက်ရရင်ဖြင့် တော်လေမလားလို့တောင် အောက်မေ့မိပါတယ်....

          ဒါပေမဲ့.........ငါဒီလို မျှော်ကြည့်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း လှိုင်းယဉ်သာပေါ်မှာ မျောပါနေတဲ့ ငါ့ရဲ့ အချစ်ပန်းချပ်လွှာကလေးတွေ ကို မျက်ခြည်အပြတ်ခံရတော့မှာပဲ...... 

          ကိုစောညိန်းသည် သူ၏ စာနုလွှာကို ဆက်၍ မရေးနိုင်တော့ဘဲ ဖောင်တိန်ကို ဘေးသို့ချကာ ငေးနေလေ၏။

          အချိန်သည်ကား ညဉ့်တစ်နာရီ ကျော်ခဲ့ပေပြီ... 

          ဘတ်စ်ကား မြင်းလှည်း စသော ယာဉ်ရထားများနှင့် လူသံတို့ဖြင့်ဆူညံရှုပ်ထွေးခဲ့သော ကြည့်မြင်တိုင် ရပ်ကွက်မှာလည်း အိပ်ပျော်သွား သော ကလေးဆိုးကဲ့သို့ ငြိမ်သက်လျက် ရှိလေသည်။ 

          သူ၏စိတ်အာရုံမှာမူ ထိုကြည့်မြင်တိုင် ရပ်ကွက်ကို ကျော်လွန် ကာ ငယ်စဉ်က အဖြစ်ဟောင်းများကို ပြန်ပြောင်းတသ သတိရမိလေ၏။

          သူဖြတ်ကျော်လာခဲ့ရသည့် ဘဝခရီးကား ပင်ပန်းလှဘိသည်။

                                                         --------

 

          သူ၏ မိဘများဖြစ်ကြသည့် ဦးမောင်ကြီး ဒေါ်တင်တို့မှာ အထက်ဗမာပြည် မြင်းခြံနယ် ရွာသာယာ၌ ဆီဆုံဖွင့်ကာ စီးပွားရေး ချောင်လည်ခဲ့ရာမှ ၁၂၈၆ ခုနှစ် တန်ခူးလဆန်း ၈ ရက်နေ့တွင် သားဦး ယောက်ျားဖြစ်သော သူ့အား မွေးဖွားခဲ့လေသည်။ သားဦးယောက်ျားလေး မွေးပြီးနောက် တစ်နှစ်ခန့်အကြာတွင် ဆီဆုံကို မီးလောင်လေတော့ရာ သားအဖသုံးဦးမှာ ရွာသာယာတွင် မနေနိုင်ကြတော့ဘဲ အောက်မြန်မာ ပြည်သို့ ဆင်းခဲ့ပြီး ရန်ကုန်မြို့ ဘုရားလမ်း ယခင်က မြင်းပြိုင်ကွင်းဟောင်း အနီး၌ နေရင်း ပြိုင်မြင်းများကို မွေးမြူနေထိုင်ခဲ့ကြလေသည်။ ရှေးက အကျိုးဆက်နိမ့်ခဲ့ပြီဖြစ်သော ဦးမောင်ကြီး ဒေါ်တင်တို့ကား ရန်ကုန်တွင် နေခဲ့ရသော်လည်း ပြန်လည်၍ စီးပွားတိုးတက်ခြင်း မရှိ တော့ဘဲ အခြေအနေမှာ လျော့ပါး၍သာ လာခဲ့လေတော့သည်။

          သားဦးလေး ကိုစောညိန်း တစ်ယောက် ကျောင်းနေချိန် ရောက် လာသည်တွင်လည်း ကျောင်းကြီးများ၌ မထားနိုင်ရှာဘဲ ရန်ကုန်မြို့ ၂၁ လမ်းတွင်ရှိ ဦးဘိုးအေးကျောင်း၌ တိုင်းရင်းဘာသာစာပေကို သင် ကြားစေခဲ့ကြ၏။ ထိုကျောင်းက ခုနစ်တန်းအောင်ပြီးသည်တွင်မှ သရက်တော ဦးပရမကျောင်းတွင် ဆက်လက်၍ ဆယ်တန်းအောင်သည်အထိ ပညာရှာစေခဲ့လေသည်။

          ကိုစောညိန်းကား ထိုစဉ်အခါကပင် ကျယ်ဝန်းနက်ရှိုင်းလှစွာ သော အနုပညာ သမုဒ္ဒရာကြီး၏ ကမ်းစပ်ဆီသို့ လှမ်းကပ်ခဲ့သူ ဖြစ် လေသည်။

          သူကား အချိန်အားရပါက တေ တငိုင်ငိုင်နေရာက စာသား မပီသသော တေးသွားများကို ညည်းညူရွတ်ဆိုနေတတ်သည်လည်း ရှိ၏။ ဇာတ်ထဲက မင်းသားကြီးများဟန်ဖြင့် ကိုယ်ကလေး တနွဲ့ နွဲ့ မော့ လျက် တစ်ချီရယ်လျက် တစ်ဖုံအမူအရာ.. အစုံစုံဖြင့် ဆိုကာမြည်ကာ ဟန်ချီကာ နေတတ်သည်လည်း ရှိ၏။ ထိုမှ ဒူလေတေလေ တီးမှုတ် လိုသည့် စိတ်ပေါ်လာသည့်အခါ မိဘများကို အပူမရှာဘဲ သူ့ဘာသာသူ ကြိုးတပ် တူရိယာတစ်ခု ပြုလုပ်ကာ တီးခေါက်နေသောအခါ ဖခင်လုပ် သူက သူ့အား တယောပြား တစ်လက်ကို ရှာဖွေဝယ်ယူ၍ ပေးခဲ့လေ သည်။

          သူတို့နေရသည့် အိမ်မှာ ဂျူဘလီဟောနှင့် နီးလေရာ ဂျူဘလီ ဟောမှာလည်း ထိုအခါက မကြာမကြာ ပွဲလမ်းသဘင်များ ဆင်ယင် ကျင်းပတတ်လေရာ ထိုပွဲသဘင်များဆီမှ ကြားရသော တေးဂီတသံများ ကို ကိုစောညိန်းခမျာမှာ သူကိုယ်ပိုင်အသံဖြင့် မီသမျှ နားလည်သမျှ သီဆိုရင့်ကျူးခဲ့ရှာလေသည်။

          သူကား ဂီတတွင်သာလျှင် ပါရမီရင့်သန်ခဲ့သည်သာ မဟုတ်။ စာပေနှင့် ပန်းချီတွင်လည်း ဖြစ်မြောက်အောင် ရေးဆွဲခဲ့သူ ဖြစ်လေသည်။

          ခရစ်သက္ကရာဇ် ၁၉၃၈ ခုနှစ်လောက်ဆီက မြို့မကျောင်းသား ကိုညီညီ(ယခု သမာဓိတိုက်အုပ်)က ကာတွန်းရုပ်စုံ ဟူသော အမည်ဖြင့် ကာတွန်းမဂ္ဂဇင်း တစ်ခု ထုတ်ဝေခဲ့လေသည်။ တစ်ခါတွင်မူ ထိုရုပ်စုံ တိုက်မှ ကာတွန်းဝါသနာပါသူ ကျောင်းသားများအတွက် “အရုပ်ဆွဲနေ သူ” ဟူသော ခေါင်းစဉ်ဖြင့် ကာတွန်းဆွဲပို့ကြပါရန် ကာတွန်းပြိုင်ပွဲအစီအစဉ် တစ်ခုကို ကြေညာခဲ့လေရာ ကိုစောညိန်း၏ကာတွန်းမှာ ပထမဆုအဖြစ် ရွေးချယ်ခြင်း ခံရလေသည်။ ကိုစောညိန်း ဆွဲလိုက်သည့် ပုံကား “ပန်းချီ အရုပ်ကားကို ရေးဆွဲနေသည့်ပုံ မဟုတ်ဘဲ...ကလေးမ ကလေး တစ်ယောက်က ကစားစရာအရုပ် တစ်ခုကို ကြိုးဖြင့်ချည်၍ ဆွဲလာသောပုံ ဖြစ်လေသည်။ 

          စိတ်ကူးဉာဏ်ကောင်းလှသော အသက်ဆယ့်လေးနှစ်အရွယ် ကျောင်းသားလေး ကိုစောညိန်းအား ကာတွန်းရုပ်စုံတိုက်သို့ခေါ်၍ ပထမ ဆုအဖြစ် ငွေကိုးကျပ် ချီးမြှင့်သောအခါ ကိုစောညိန်းက “ကျွန်တော် ဒီ ကာတွန်းပြိုင်ပွဲကို ဝင်တာဟာ...ငွေလိုချင်လို့ မဟုတ်ပါဘူး...ကာတွန်း ဆွဲချင်လို့ ပန်းချီဆွဲချင်လို့ပါဗျဟု အရွယ်နှင့် မတန်သော စကားကို ဆိုလိုက်လေရာ... ကာတွန်းရုပ်စုံ အယ်ဒီတာ ကိုညီညီမှာ လွန်စွာ သဘော ကျ နှစ်ခြိုက်သွားပြီး သူ့အား ကာတွန်းရုပ်စုံတွင် အပတ်စဉ် အခန်း တစ်ခန်း ယူ၍ ဆွဲရန် တာဝန်ပေးအပ်လေတော့သည်။

          ထိုစဉ်က ကာတွန်းရုပ်စုံ၌ သူဆွဲရသော အခန်းကား “မောင်ကျ ဘမ်း” ဖြစ်လေသည်။ သူ့၌ စာပေဗဟုသုတ ကျယ်ဝန်းသည်နှင့်အမျှ သူ့ကာတွန်းဇာတ်လိုက် မောင်ကျဘမ်းမှာလည်း ကြီးကျယ်လေးနက် သရော်တော်တော် စကားလုံးများဖြင့် ကာတွန်းရုပ်စုံ လူထုအား ဖျော်ဖြေ နိုင်ခဲ့လေသည်။

          ဆယ်တန်းအောင်၍ ကျောင်းမှ ထွက်သောအခါ၌ကား ကာတွန်း ရုပ်စုံတွင် ကာတွန်းဆရာအဖြစ်ဖြင့်သာမက ကာတွန်းရုပ်စုံတိုက်၏ စာ ရေးအဖြစ်ဖြင့်ပါ ကိုညီညီ၊ ကိုဘုန်းကြွယ် (ကွယ်လွန်သူ မြို့မဘုန်းကြွယ်) တို့နှင့်အတူ တွဲဖက်လုပ်ကိုင်ခဲ့ရလေသည်။ 

          ထိုအခိုက် ဒုတိယကမ္ဘာစစ်တည်း ဟူသော မုန်တိုင်းသည် ပြင်း ထန်စွာ တိုက်ခတ်လိုက်လေရာ ကိုစောညိန်း၏ ဘဝခရီးမှာလည်း ကပြောင်းကပြန်ဖြစ်ကာ မှောင်အတိကျခဲ့ပြန်လေတော့သည်။

           ကမ္ဘာစစ်မဖြစ်မီအတွင်း ကြည့်မြင်တိုင် ပိတောက်တန်းတွင် ပြောင်းရွှေ့နေထိုင်ခဲ့ရာမှ စစ်ဖြစ်လာသောအခါ ခရမ်းမြို့ဘက်ဆီသို့ ပြေးရှောင် ပုန်းခိုနေခဲ့ကြလေသည်။

          မည်သို့ပင် ခေတ်၏ ပုတ်ခတ်ချက်ဖြင့် ကြုံခဲ့စေကာမူ သူကား တုန်လှုပ်ခြင်းမရှိဘဲ သူ၏အနုပညာ တိုးတက်ရာ တိုးတက်ကြောင်းကို သာ ကြံစည်ကြိုးစားနေခဲ့သူပီပီ ရောက်ရာအရပ်တွင် တယောပြားကို အဖော်ပြု၍ သူ၏ ဘဝအား သက်သာရာရစေခဲ့လေသည်။

          ဂျပန်ခေတ်အတွင်း၌လည်း သူကား သူ၏ဂီတဖြင့်သာ ပျော်ခဲ့ လေသည်။ ခရမ်းတွင်နေရင်း.......တယောဖြင့်သာ ပျော်နေခိုက် ဂီတတွင် အကျွမ်းဝင်သူ မိတ်ဆွေအချို့၏ ဖိတ်ခေါ်ချက်ကြောင့် ကိုစောညိန်းမှာ ဒေးဒရဲမြို့ဆီသို့ လိုက်သွားခဲ့လေသည်။ ထိုသို့ ကိုစောညိန်း ဒေးဒရဲသို့ လိုက်သွားသည့်အချိန်အခါကား အခါကာလကောင်း မဟုတ်။ ဂျပန်များ ကို တော်လှန်ပုန်ကန်ပြီးနောက် အင်္ဂလိပ် အမေရိကန်တို့ မြန်မာပြည်သို့ တစ်ဖန်ပြန်၍ ဝင်လာကြသည့်အချိန် နိုင်ငံရေး ပါတီရေးတို့ ရှုပ်ထွေးပွေ လိမ်နေချိန် ဖြစ်၏။

          ကိုစောညိန်းကား ခေတ်ကို ဂရုထားသူ မဟုတ်၊ သူ့ဘဝ၌ သူ ဂရုထားသည့်အရာမှာ ဂီတသာလျှင်ဖြစ်လေရာ ဂီတအကျွမ်းဝင်သူများ ၏ ဖိတ်ခေါ်ချက်ကြောင့်သာ လိုက်ပါလာခြင်းသာ ဖြစ်၏။ သို့သော် ထိုမြို့ပေါ်ရှိ နိုင်ငံရေးသမားများကမူ...သူ့အား သင်္ကာမကင်းရှိကြပြီး နောက်ယောင်ခံနေကြရာမှ သူ၏ဘဝမှန် အနေမှန်ကို သိလာကြသော အခါ ခင်မင်ရင်းနှီးလာကြလေတော့သည်။ ဤတွင် “ရန်ကုန်ဘဆွေ

လေး” “ဂီတလုလင်မောင်ကိုကို” စသော ဂီတပညာရှင်၊ ပန်းချီအနုပညာ ရှင်တို့နှင့်ပေါင်းမိကာ “စစ်ပြန်” ဟူသော ပြဇာတ်တစ်ခု ဖန်တီးမိကြပြီး ရန်ကုန်မြို့ပေါ်သို့ တက်လာခဲ့လေသည်။

           ကိုစောညိန်းကား သူကိုယ်တိုင် ဇာတ်ခုံပေါ်သို့တက်ကာ ဇာတ် ကောင်အဖြစ်ဖြင့်လည်း ပါဝင်ခဲ့လေသည်။ ထို့နောက် ထိုပြဇာတ်အဖွဲ့ ဖြင့် လိုက်ရင်း ကျန်းမာခြင်း ချို့ယွင်းလာသဖြင့် မိဘများထံသို့ ပြန်ခဲ့ရ လေသည်။ 

          သူ ကျန်းမာလာသောအခါ၌ ရန်ကုန်တွင် ကာတွန်းရုပ်စုံ စာ စောင် တစ်ဖန်ပြန်၍ ဖွင့်လှစ်နေပြီကို သိရသောအခါ ရန်ကုန်သို့ တက်ခဲ့ ပြီး ကိုညီညီ၊ ကိုဘုန်းကြွယ်တို့နှင့်အတူ နေထိုင်ခဲ့လေသည်။ ထိုသို့ နေရင်းက သူ လေ့လာဆည်းပူးထားသော အဘိဓမ္မာတရား၊ လောက ဓာတ်ပညာနှင့် ဂီတအနုပညာတို့ကို ချစ်ရေးကြိုက်ရေးဖြင့် ရောမွှေခြယ် လှယ်ထားသော ဝတ္ထုတစ်ပုဒ်ကို ရေးခဲ့လေသည်။ ထိုဝတ္ထုကား “မရဏ

မောင်းသံ” ဟူသော အမည်ဖြင့် ခေတ်ပြင် စာအုပ်တိုက်မှ ထုတ်ဝေခဲ့လေ သည်။ 

          သို့သော် စာပေလောကဆိုသည်မှာလည်း ပန်းမွေ့ရာခင်းထား သကဲ့သို့ ဖြောင့်စင်းသာယာသောဒေသ မဟုတ်လေရာ ကိုစောညိန်း ခမျာမှာ မသေချာ မရေရာလှသော စာပေနယ်တွင်းသို့ ချဉ်းနင်းဝင်ရောက် ခြင်းငှာ မဝံ့ရှာဘဲ ကာတွန်းရုပ်စုံတိုက်မှ တိုးချဲ့ဖွဲ့စည်းလိုက်သော သမာဓိ သတင်းစာတိုက်တွင်ပင် စာရေးဘဝဖြင့် လခမှန်မှန်ရသော အလုပ်ကို လုပ်၍ နေခဲ့ရလေသည်။

          ဤသို့လျှင် သူ့ဘဝသည် နိမ့်တုံမြင့်ချည် မညီမညာ ပူကာ တစ် လှည့် အေးတစ်လှည့်ဖြင့် ကြုံရစေကာမူ သူ့အား အစဉ်အပန်းဖြေလျက် ရှိသော အရိပ်ကောင်းတစ်ခု ရှိခဲ့၏။ ထိုအရိပ်ကား 'ဂီတရိပ်သာ” ပင် ဖြစ်လေသည်။

                                                         ---------------