Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

သစ္စာနီ - သက်တန့်အင်္ကျီ

Regular price 1,200 MMK
Regular price Sale price 1,200 MMK
Sale Sold out

အမေ့ကတ်ကြေး

 

 အမေက သူတို့နှစ်ယောက်စားနေတဲ့ အခန်းထဲကို ဝင်လာတယ်။ အမေ့ မျက်နှာက နှင်းဆီပန်းလို နီနေတယ်။ အမေ ဒေါသ ဖြစ်နေပြီ။

          “ငါ့ကတ်ကြေးအသစ်ကလေး ပျောက်နေတယ်။ ဘယ်သူ ယူဆော့ တာလဲ။ ယူပြီးရင် နေရာတကျ ပြန်ထားဖို့ သတိမရဘူးလား”

           အမေ့အသံက တုတ်တစ်ချောင်းလို မာနေတယ်။

          “ကျွန်မ မယူဘူး အမေ” အငယ်မ သီရိဝေက အလျင်ဦးအောင် ဖြေလိုက်တယ်။

           အမေက ..

          “အေး ငါက နင့်ကို အမြဲ အလျင်မေးနေကျကိုး၊ အကြီးမ အင်ကြင်း မွန်ရော”

          “အို ဟုတ်ပါရဲ့၊ ကျွန်မ မနေ့က ယူသုံးမိတယ် အမေ။ အမေ့ဆီ ခွင့်မတောင်းမိတာ အဲဒီတုန်းက အမေ အပြင်သွားနေလို့ပါ”

          “မင်းအပြစ်ကို ဝန်ခံတာတော့ သဘောကျတယ်။ ဘာကြောင့် ကတ်ကြေးကို သူ့နေရာသူ ပြန်မထားရတာလဲ”

          “ကျွန်မ ပြန်ထားဖို့ မေ့သွားတယ်။ မနေ့က ပန်းညှပ်ဖို့ ပန်းခြံထဲကို ယူသွားတာ။ ကျွန်မ ပန်းခြံထဲ သွားရှာလိုက်ဦးမယ်”

           အင်ကြင်းမွန်က အိမ်ရှေ့က ပန်းခြံထဲ ပြေးထွက်ပြီး ကတ်ကြေး လေးကို ရှာတယ်။ ဒါပေမဲ့ ဘယ်မှာမှ ရှာလို့မတွေ့ဘူး။ သူ့ အမေဆီ ပြန်ရောက်တော့ ...

           နင်ဟာ ဘာလုပ်လုပ် ဒီလိုပေါ့တီးပေါ့ဆပဲ၊ နင့်ကိုငါက ဂရုမစိုက်ဘဲ မေ့မေ့လျော့လျော့ မွေးမြူလာတာ မဟုတ်ဘူး။ နင့်ကို အပြစ်ပေးရမယ်။ ငါ့အကောင်းဆုံး ကတ်ကြေးကို ဖျောက်ပစ်တဲ့အတွက် နှင့်ရဲ့ အကောင်းဆုံး အရုပ်အသစ်ကလေး ဘာဘီနဲ့ ကစားခွင့် ပိတ်လိုက်မယ်။ ငါ့ကတ်ကြေးကို ပြန်မတွေ့မချင်း ကစားခွင့် မပြုဘူး”

          အင်ကြင်းမွန် ဝမ်းနည်းသွားတယ်။ ဒီဘာဘီ အရုပ်သစ်ကလေးကို သူ သိပ်သဘောကျတာ။ အရုပ်ကလေးနဲ့ အပြင်ထွက် လမ်းလျှောက်တယ်။ ကစားတယ်။ အခုတော့သူ အဲသလို မလုပ်နိုင်တော့ဘူး။ နှစ်ယောက်မိုင်ခုံ ပေါ်မှာ ချထားတဲ့ အရုပ်ကလေးကိုကြည့်ပြီး 

           (ဘယ်လောက် သနားစရာကောင်းတဲ့ ဘာဘီလေးလဲ၊ အခုတော့ ငါ သူနဲ့ မကစားနိုင်တော့ဘူး) လို့ တစ်ကိုယ်တည်း တွေးနေမိတယ်။ 

           အဲဒီအချိန်မှာ သီရိဝေက အနားရောက်လာတယ်။

          “မမ ... နင် ဘာဘီလေးနဲ့ မကစားရဘူး မဟုတ်လား၊ ညီမလေးကို ပေးကစားပါလား၊ ဘာဘီလေးကို ညီမလေးလည်း သဘောကျတယ်”

          “နိုးနိုး .. ဘာဘီလေးက ငါ့အရုပ်ပဲ၊ နင့်ကို ပေးမကစားနိုင်ဘူး”

           အင်ကြင်းမွန်က ငြင်းလိုက်တယ်။ 

           ဒီတော့ သီရိဝေက ... 

          “မမက စိတ်ကောင်း မရှိဘူး၊ သနားလည်း မသနားတတ်ဘူး၊ ဘာဘီလေးဟာ သူနဲ့ ကစားမယ့်လူ မရှိလို့ ပျင်းနေရှာတယ်။ သူလည်း အပြင်ထွက် လမ်းလျှောက်ချင်မှာပေါ့”

          လို့ပြောတယ်။ ဟုတ်တယ်၊ အပြင်ဘက်မှာ ရာသီဥတုက သာယာ တယ်။ နေရောင်ခြည် နွေးနွေးကလည်း ဖြာကျလို့ ပန်းရောင်စုံတွေလည်း ပွင့်နေတယ်။ လေကတောင် ပန်းခြံထဲမှာ ဆော့ပြေးနေတယ်။ အင်ကြင်းမွန်က ဘာဘီ အရုပ်ကလေးကို ကြည့်လိုက်တယ်။ အရုပ်ကလေးက “သူ့ကိုဘာလို့ ပန်းခြံထဲ ခေါ်မသွားတာလဲ။ ဘာလို့ သူနဲ့ မကစားတာလဲ”လို့ မသိနား မလည်လို့ မေးခွန်းထုတ်တဲ့ပုံနဲ့ ပြန်ကြည့်နေတယ်။ အင်းကြင်းမွန်စိတ်ကူးပြောင်းလိုက်တယ်။ ဒါနဲ့ သီရိဝေကို သူ့အရုပ်ကလေး ဘာဘီနဲ့ ကစားခွင့် ပေးလိုက်တယ်။

          သီရိဝေက သိပ်ပျော်သွားပြီး အရုပ်ကလေးကိုယူကာ ပန်းခြံထဲ ဆင်းခဲ့တယ်။ အရုပ်ကလေးကို ပွေ့ပိုက်ပြီး ပန်းခြံထဲမှာ လမ်းလျှောက် နေတုန်း လေတစ်ချက်တိုက်လိုက်တော့ ဘာဘီ အရုပ်ကလေးရဲ့ ခေါင်းမှာ

ဆောင်းထားတဲ့ ဦးထုပ်ကလေးဟာ လွင့်ထွက်သွားတယ်။ သူလိုက်ရှာတော့ စပယ်ပန်းရုံပေါ်မှာ တင်နေတာ တွေ့ရတယ်။ သူ လှမ်းယူမယ် လုပ်တော့ လေတစ်ချက် တိုက်လိုက်ပြီး စပယ်ချုံပေါ်က အောက်ကို လွင့်ကျသွားပြန် တယ်။ သီရိဝေက မြက်ခင်းပေါ်မှာ ဒူးထောက်ထိုင်ပြီး စပယ်ပန်းရုံအောက်က ဦးထုပ်ကလေးကို ကောက်မယ်လုပ်တော့ ဗြုန်းခနဲ အဲဒီပန်းရုံရဲ့ အောက်မှာ အရောင်တလက်လက် တောက်နေတဲ့ အမေရဲ့ ကတ်ကြေးအသစ်ကလေးကို ပြန်တွေ့တော့တာပဲ။ သီရိဝေက ဝမ်းသာသွားတယ်။

         “မမရေ အမေ့ရဲ့ ကတ်ကြေးလေးကို ပြန်တွေ့ပြီ”

          လို့ အော်ပြောပြီး အင်ကြင်းမွန်ဆီ ကတ်ကြေးကို ယူသွားတယ်။ သူ မသွားဘူး၊ အမေက ကတ်ကြေးလို၊ ဝါးလို ချွန်ထက်တဲ့အရာကို ကုံးသွားတဲ့အခါ ပြေးမသွားရဘူးလို့ ဆုံးမထားလို့ပါ။ ချော်လဲရင် ကို သော်လည်းကောင်း၊ အနီးက လူကို သော်လည်းကောင်း .. ထိ ်နိုင်တယ်တဲ့။ အင်ကြင်းမွန်က ဝမ်းသာအားရ ...

          “ဒါဆို ဘာဘီရုပ်ကလေးနဲ့ ငါ ပြန်ကစားလို့ ရပြီပေါ့” 

          လို့ ပြောလိုက်တယ်။ သီရိဝေက ဝမ်းနည်းသံနဲ့

          “ညီမလေးလည်း ကြာကြာတောင် မကစားရသေးဘူး”

          ဆိုပြီး ဘာဘီ ရုပ်ကလေး ပြန်ပေးတယ်။ အင်းကြင်းမွန်က လှမ်း မယူဘဲ

          “နင့်ကြောင့် ကတ်ကြေးပြန်တွေ့တာ နင့်ကို ကျေးဇူးတင်တယ်။ နင်ပဲ ဝ,အောင် ကစားပါ။ တစ်မနက်လုံး၊ တစ်နေ့ခင်းလုံး ဒါမှမဟုတ် နင်စိတ်ရှိသလောက် ကစားနိုင်တယ်”

            လို့ ပြောတော့ သီရိဝေက ပျော်သွားတယ်။ ပြီးတော့ 

  သူ့အမေကို ပြောတယ်။

          “ညီမလေးတို့ နှစ်ယောက် အတူတူ ကစားကြတာပေါ့ နော်”

  [ဟဒယ ဟာသမဂ္ဂဇင်း၊ ဇန်နဝါရီ၊ ၂၀၀၆ ]