စာအုပ်အချက်အလက်သို့ ကျော်သွားပါ။
1 10

စိတ်ကူးချိုချိုစာပေ

သင်းမြမြကို - သူငယ်ချင်းကောင်းလေးဦး

သင်းမြမြကို - သူငယ်ချင်းကောင်းလေးဦး

ပုံမှန်ဈေး 2,250 Ks
ပုံမှန်ဈေး 2,500 Ks ရောင်းဈေး 2,250 Ks
ရောင်းရန် ရောင်းကုန်ပြီ
စာအုပ်အမျိုးအစား

သူငယ်ချင်းကောင်းလေးဦး

 

         နွေဦးရာသီဟုဆိုလိုက်တာနဲ့ သူ့ရဲ့ကိုယ်ပိုင်အဓိပ္ပာယ်က ရှိပြီးဖြစ်ပါတယ်။ နွေဦးရာသီဟာ ကောင်းကင်မှာ ကြည်လင်သာယာပြီး တိုက်သောလေကလည်း သန့်ရှင်းလတ်ဆတ်လျက်ရှိပါတယ်။ 

         “မိုးလ်”ဆိုတဲ့ ပွေးသတ္တဝါလေးကတော့တစ်မနက်လုံး သန့်ရှင်းရေးတွေလုပ်နေလေရဲ့။ 

          နောက်တော့ သူက အစာစားတယ်။

        

        ပြီးတော့ “ပျင်းလိုက်တာ”လို့ ရေရွတ်ပြီး အပြင်ကိုထွက်ဖို့ သူ့ရဲ့မြေအောက်လမ်းအတိုင်း လျှောက်လာခဲ့လိုက်တယ်။

          ပွေးလေးက အပြင်ကိုရောက်တာနဲ့ ခြေဆန့်လက်ဆန့်လုပ်လိုက်တယ်။

 နေရောင်ခြည်အောက်မှာ သူ့ကိုယ်ကို ယိမ်းနွဲ့ပြီးလှည့်ပတ်လို့ က,နေလိုက်သတဲ့။

 

          သူက ဟိုသည်လျှောက်သွားရင်းနဲ့ မြစ်တစ်စင်းနားကို 

 ရောက်လာခဲ့တယ်။ သူက မြစ်ပြင်ကျယ်ကို တစ်ဖက်ကမ်းရောက်တဲ့အထိ ဖြတ်ကူးလိုက်တယ်။

        သူ့ဘဝတစ်သက်တာမှာ အဲဒီလိုမျိုးမြစ်ကို တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။ 

ပွေးလေးက တော်တော်လေးကိုပျော်ရွှင်ကျေနပ်နေပါသတဲ့။

 

အသေးစိတ်အချက်အလက်အပြည့်အစုံကို ကြည့်ပါ။