Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

သင်းမြမြကို - ရောင်းရေးဝယ်တာ(၇)ရက်သင်ခန်းစာ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

      စီးပွားရေးအရ ပြိုင်ဆိုင်မှုတွေ သိပ်ပြင်းထန်တဲ့ စင်ကာပူနဲ့ ဟောင် ကောင်နိုင်ငံတွေကို အမြဲတစေ ခရီးသွားလေ့ရှိပါတယ်။ အဲဒီမှာရှိတဲ့ စာနယ်ဇင်းတွေက ကျွန်မစာအုပ်ထဲမှာပါတဲ့ နိယာမနဲ့ သင်ခန်းစာတွေ အကြောင်း မေးခွန်းတစ်ခု မေးပါတယ်။ “မစ္စစ်အာဗေးရေ၊ ခင်ဗျားက ဘာလို့ အရောင်းသမားတွေရဲ့ ရောင်းအားရည်မှန်းချက် (Sales Target) နဲ့ ပတ်သက်ရင် နည်းနည်းလေးမှ အလျှော့မပေးနိုင်တာလဲ။   ကိုယ့်ဟာကိုယ် အကောင်းဆုံးလုပ်ရုံနဲ့ မလုံလောက်ဘူးလား”တဲ့။

          အဲဒီတော့ ကျွန်မ ပြန်ဖြေလိုက်တယ်။ “ရှင်သာ အိုလံပစ်အပြေး သမားတစ်ယောက်ဆိုရင် နေ့စဉ်လေ့ကျင့်တိုင်း ဘယ်အကွာအဝေး ဘယ် အရှိန်ပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ကြိုးစားမယ်ဆိုပြီး ပြေး လား၊ ဒါမှမဟုတ် ရှင့်ရဲ့ လိုချင်တဲ့ပန်းတိုင်ရောက်ဖို့ အကွာအဝေးနဲ့ အရှိန်ကို သတ်မှတ်ပြီး ပြေးလား”လို့ပါ။

          အဲဒီအဖြေကို သူ ကျေနပ်သွားပါတယ်။ လူတွေအတွက် အလုပ် ကြိုးစားဖို့၊ အကောင်းဆုံးလုပ်ဖို့၊ ရည်မှန်းချက်အမြင့်ကြီးထားပြီး ကျရှုံး ဖို့ဆိုတာတွေက သိပ်ကိုနာကျင်ဖို့ ကောင်းပါတယ်။

           ဒီနေ့မှာတော့ သင်နဲ့ အသင့်တော်ဆုံး ပန်းတိုင်တွေကို ဘယ်လို သတ်မှတ်မယ်ဆိုတာနဲ့ အဲဒီ ပန်းတိုင်ဆီကို ဘယ်လို ရောက်အောင် သွားမယ်ဆိုတာကို ချမှတ်နိုင်ဖို့ လေ့လာရပါမယ်။ ဒီနေ့အပြီးမှာ သင် ဟာ ကံထပြီးပိုကောင်းလာမယ့် အရောင်းပမာဏနဲ့ တစ်ချိန်ချိန်မှာ တိုး တက်လာမှာပါဆိုပြီး စောင့်ဆိုင်းနေရတဲ့ အရောင်းသမားမျိုး မဟုတ် တော့မှာ သေချာပါတယ်။

          အဲဒီအစား သင့်ရဲ့ အောင်မြင်မှုအတွက် အကောင်းဆုံးဖော်မြူ လာကို ချမှတ်နိုင်မှာပါ။ အောက်ပါ အရည်အသွေးတွေကို ဒီနေ့ သင် ခန်းစာမှာ သင်ယူလေ့လာနိုင်ပြီးပြီဆိုရင်ပေါ့။

          - အသစ်အဆန်းများနှင့် အသားကျခြင်း

          - တစ်ပေါင်းတည်းပန်းတိုင်ကို ချမှတ်ခြင်း 

          - နေ့စဉ်ရည်မှန်းချက်များ ချမှတ်ခြင်း 

          - ရလဒ်ကို တိုင်းတာတတ်ခြင်းနဲ့

          - အောင်မြင်မှုအတွက် လိုအပ်တဲ့ ပြင်ဆင်မှုနဲ့ လုပ်ရပ်တွေကို အကောင်အထည်ဖော်နိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

         

အသစ်အဆန်းများနှင့်အသားကျခြင်း

          

          သင် နောက်ဆုံးအလုပ်ပြောင်းခဲ့တဲ့အချိန်ကို မှတ်မိပါသလား။ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေရော လုပ်ခဲ့ရပါသေးလား။ အဖြစ်နိုင် ဆုံးကတော့ သင့်ရဲ့ နေရာသစ်မှာ အသားကျဖို့ အချိန်ယူခဲ့ရတယ်ဆိုတာ ပါပဲ။

          ကုမ္ပဏီထောင်ပြီးပြီးချင်း လန်ဒန်ကနေ ချီကာဂိုသွားရတဲ့ ကျွန်မ ဘဝရဲ့ ပထမဆုံး မိတ်ဖက်လုပ်ငန်းရှင်ဆီသွားတဲ့ လေယာဉ်ခရီးစဉ်ကို သတိရမိပါတယ်။ ကျွန်မ အရင်အလုပ်က လုပ်ဖော်ကိုင်ဖက်တွေရော၊ အရင်အလုပ်ကိုရော တမ်းတနေမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မရဲ့ လက်ရှိဘဝအသစ်အတွက် အတွေ့အကြုံ လုံးဝ မရှိသေးလို့ ပါပဲ။ သင်လည်း ဒီလိုပါပဲ။ ကုမ္ပဏီအသစ်၊ ရာထူးအသစ်မှာ အမြဲတစေ အဲဒီလိုမျိုး ထပ်တူခံစားဖူးမှာပါပဲ။

          ဒါပေမဲ့ စိတ်ပညာရှင်တွေပြောတာက ကျွန်မတို့ရဲ့ အခြေကျမှုဖြစ် စဉ်ကို မြန်မြန်ဆန်ဆန်ပြီးဖို့ အများကြီး လုပ်လို့ရပါတယ်တဲ့။ မိမိကိုယ် ကို နေရာသစ်မှာ အလုပ်လုပ်ပုံ၊ သက်သောင့်သက်သာရှိနိုင်ပုံနဲ့ အလုပ်သစ်ကို လက်ခံရမယ့်ပုံတွေကို ပုံဖော်ကြည့်ခြင်းမျိုးနဲ့ ကျွန်မတို့နေရာသစ် နဲ့ မြန်မြန်အသားကျနိုင်ပါတယ်တဲ့။

          ကျွန်မတို့ဟာ အရောင်းပိုင်းနယ်ပယ်နဲ့ လုံးဝသူစိမ်းဆန်နေရင်ပဲ ဖြစ်ဖြစ်၊ လက်ရှိအခြေအနေက တိုးတက်ချင်လို့ပဲဖြစ်ဖြစ်၊ နည်းလမ်းအ သစ်၊ အရာရာအသစ်တွေနဲ့ အသားကျဖို့ လိုအပ်ပါတယ်။ လမ်းကြောင်း အသစ်တွေ၊ ဖိအားအသစ်တွေအောက်ကို ကိုယ့်ကိုယ်ကိုယ် တွန်းပို့ဖို့ မိမိကိုယ်ကိုယ် ပြဋ္ဌာန်းတတ်ဖို့နဲ့ ပန်းတိုင်အသစ်ချမှတ်တတ်ဖို့ လုပ်ရ ပါတယ်။ အဲဒီအရာတွေအားလုံးကို လုပ်ဖို့ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် ကွဲပြားစွာ မြင်တတ်ဖို့ လိုပါတယ်။ စောစောစီးစီး လုပ်နိုင်လေ၊ စောစီး စွာ အောင်မြင်နိုင်လေပါပဲ။

          အရောင်းနယ်ပယ်မှာ အောင်မြင်စွာ လှုပ်ရှားနိုင်ဖို့ ဘယ်လို ဧရိယာ မျိုးတွေမှာ သင့်ကိုယ်သင် မြှင့်တင်ရမယ်ဆိုတာတွေကို ကြည့်ရအောင်။

                  အောင်မြင်မှုအတွက် ပြင်ဆင်ခြင်း

                  ၁။ တစ်ပေါင်းတည်းပန်းတိုင်ကို ချမှတ်ပါ။ 

                  ၂။ နေ့စဉ်ရလဒ်တွေအဖြစ် ခွဲခြားပစ်လိုက်ပါ။

                  ၃။ နေ့စဉ်အလုပ်ကို ပြီးမြောက်အောင်လုပ်သွားပါ။

                  ၄။ အလားအလာရှိတဲ့ ဝယ်သူတွေကို ရှာဖွေပါ။ 

                  ၅။ အရေးပါတဲ့ ကိစ္စတွေအတွက် အချိန်ကို အသုံးချပါ။

                  ၆။ မိမိကိုယ်ကို ထိန်းချုပ်ဖို့ ဇယားတစ်ခု ပြုလုပ်ပါ။ 

                  ၇။ အလုပ်ရဲ့ စနစ်ကို စီစဉ်ပါ။

 

 

တစ်ပေါင်းတည်းပန်းတိုင်ကို ချမှတ်ခြင်း

  

          လုပ်ရမယ့်အလုပ်စာရင်းရဲ့ ထိပ်ဆုံးမှာ ရှိတာက သင့်ရဲ့ ပန်းတိုင် ကို သတ်မှတ်ဖို့ပါ။ အချိန်ကာလတစ်ခုနဲ့ တွက်ချက်လိုက်ပါ။ ငွေကြေး ပမာဏတစ်ခုလား။ ကော်မရှင်ရာခိုင်နှုန်းတစ်ခုလား။ ဒါမှမဟုတ် သင့် ကုမ္ပဏီက ချမှတ်ပေးတဲ့ ပစ်မှတ်တချို့လား၊ လိုချင်တဲ့ အရာတစ်ခုလား။ ရာထူးတိုးဖို့လား၊ ဘာမဆိုပေါ့။

          အဲဒီလိုစဉ်းစားပြီးရင်တော့ အဲဒီ သင်လိုချင်တဲ့အရာကို သင် ဆောင်ရွက်ရမယ့် ရောင်းအားနဲ့ ချိန်ထိုးပြီး Sales Targetတစ်ခု ချ လိုက်ပါ။ သင်ဟာ အရောင်းသမားတစ်ယောက်ဖြစ်လို့ သင် လိုချင်သမျှ အရာတွေဟာ သင့်ရဲ့ အရောင်းပမာဏကနေပဲ လာနိုင်တယ်ဆိုတာ သိထားပါ။ ဟုတ်ပြီ ခုလုပ်ရမယ့် နောက်တစ်ဆင့်က အရေးကြီးတယ်။ ပြီးတော့ ညံ့ဖျင်းတဲ့ အရောင်းသမားတွေက ရှောင်ရှားသွားလေ့ရှိတဲ့ အရာ ပဲ။     စုစုပေါင်းသတ်မှတ်ထားတဲ့ ရည်မှန်းချက်ရောင်းအားကို လအလိုက်၊ ရက်သတ္တပတ်အလိုက်၊ နေ့အလိုက် ခွဲချပြီး     အဲဒါတွေပြည့်ဖို့ လုပ်ရမယ့် အလုပ်ကို သတ်မှတ်လိုက်ပါ။

          

အလုပ်ဝန်အားတွက်ချက်ခြင်း ၊

          သင့်အတွက် အလုပ်ဝန်အားကို တွက်ချက်ရာမှာ အောက်ပါ မေးခွန်းတွေကို မေးပါ။

  • ဘယ်လောက်ပမာဏ ရောင်းရချင်တာလဲ။
  • တစ်ယောက်ရောင်းရဖို့ အလားအလာရှိတဲ့ ဘယ်နှယောက်ကို

        ရှာဖွေရမလဲ။ 

  • ပစ်မှတ်ပမာဏပြည့်ဖို့ဆိုရင်ရော စိတ်ဝင်စားသူ ဘယ်နှယောက်ရှိရမလဲ။
  • စိတ်ဝင်စားသူတစ်ယောက်ချင်းစီအတွက် ဘာတွေလုပ်ရမလဲ

             - ဖုန်းခေါ်တာလား 

             - စာပို့ဖို့လား ၊ 

             - email@ecos: 

             - sms ပို့ဖို့လား 

             - ပြပွဲတွေလုပ်ရမလား 

             - ကြော်ငြာရမလား

             - အခြားရော 

  • သတ်မှတ်တဲ့ အရောင်းပမာဏပြည့်ဖို့ ဘယ်လိုနေ့စဉ်လုပ်ငန်း

        ဆောင်တာမျိုးတွေ စီစဉ်ရမလဲ။ (သွားရောက်တွေ့ဆုံဖို့တွေ၊ ဖုန်း ခေါ်ဖို့တွေ အစစအရာရာပေါ့)

 

မိမိကိုယ်ကိုလိမ်လည်ခြင်း

          ဘာ့အဒမ်လို့ခေါ်တဲ့ ကမ္ဘာ့အတော်ဆုံး အာမခံကိုယ်စားလှယ် တစ်ဦးက အဲဒီစကားကို အရေးပေးပြီး ပြောခဲ့တာပါ။ “အရောင်းသမား တွေ လုပ်မိတဲ့ တစ်ခုတည်းသော အရေးကြီးဆုံးအလွဲက မိမိကိုယ်ကိုယ် လိမ်လည်ခြင်းပါ”တဲ့။ လူက အောင်မြင်မှုနဲ့ မွေးဖွားလာတာ မဟုတ် ပါဘူးတဲ့။ အောင်မြင်တဲ့ အရောင်းကိုယ်စားလှယ်တွေ တော်တော်များ များကို သူလည်း လေ့လာခဲ့ရပါတယ်တဲ့။

          သူ့ရဲ့ အကြံပေးချက်က ဘာလဲဆိုတော့ “စားပွဲမှာထိုင်နေတာက ရောင်းနေတာပဲလို့ ကိုယ့်ကိုယ့်ကိုယ် အရူးမလုပ်ပါနဲ့။ မှန်ကန်တဲ့ လူတွေ ရဲ့ ရှေ့မှာမဟုတ်ဘူးဆိုရင် တစ်နေ့ ရှစ်နာရီ အလုပ်လုပ်လည်း အလကားပါပဲ။ တကယ်က အဲဒီရှစ်နာရီအတွင်း မင်း ဘာလုပ်ခဲ့သလဲ ဆိုတာ ပါပဲ”လို့ ပြောခဲ့တာပါ။

          စိတ်ဝင်စားဖို့ အလားအလာရှိတဲ့ ဖောက်သည်တွေရဲ့ ရှေ့မှာ သင် ရောက်မနေရင် သင့်ပစ္စည်း (သို့) သင့် ဝန်ဆောင်မှုက ရောင်းရမှာ မဟုတ်သလို ရည်မှန်းတဲ့ အရောင်းပမာဏလည်း ဘယ်တော့မှ ရောက် မှာ မဟုတ်ပါဘူး။ အဲဒီတော့ လုံလောက်တဲ့ စိတ်ဝင်စားသူတွေထံ ရောက်ဖို့ ဘယ်လိုလုပ်ရမလဲ။ ချိန်းဆိုမှုတွေလုပ်၊ Appointment တွေ ယူရမှာပေါ့။ သိပ် ရိုးစင်းလွန်းနေလား။ ဟုတ်တယ်။ တချို့ အရောင်း သမားတွေက သူတို့ အလုပ်ရှုပ်နေမှ ရောင်းရတယ်လို့ ထင်ကြတယ်။

.

 

        မှတ်ချက်

       အောင်မြင်မှုနဲ့ ဆုံးရှုံးမှုကြားက ခြားနားခြင်းက သင့်ရဲ့

       တစ်ပေါင်းတည်းပန်းတိုင်ကြီးကို နေ့စဉ်အလုပ်တွေ      

       အဖြစ် ပြောင်းလဲနိုင်ခြင်းပါပဲ။