သင်းမြမြကို - ပါစီနှင့်ပင်လယ်ဓါးပြများ
ပါစီနှင့် ပင်လယ်ဓားပြများ
တစ်ခါက ပင်လယ်ကမ်းနားက အိမ်သေးသေးကလေးတစ်လုံးမှာ နေထိုင်တဲ့ “ပါစီပိုက်စ်” အမည်ရှိတဲ့ ကောင်လေးတစ်ယောက်ရှိခဲ့သတဲ့။
ပါစီက သူ့မိခင်၊ ဖခင်၊ သူ့အစ်ကိုတွေဖြစ်တဲ့ - “ပစ်”နဲ့ “ပက်တ်'၊ သူ့အစ်မဖြစ်တဲ့ “ပရူနယ်လာ”တို့နဲ့အတူ နေထိုင်တယ်။
“ ပိုက်စ်”တို့မိသားစုက ပျော်ရွှင်ငြိမ်းချမ်းစွာနဲ့ နေထိုင်ကြသတဲ့။ ဒါပေမဲ့လည်း သူတို့မိသားစုခင်ဗျာ
တော်တော်လေးကို ဆင်းရဲနုံချာကြရှာတယ်။ "
သူတို့မိသားတစ်စုလုံးက စိုက်ခင်းသေးသေးလေးထဲမှာ နံနက်မိုးလင်းကနေ “ မိုးချုပ်တဲ့အထိ အလုပ်ကို ဆင်းရဲပင်ပန်းစွာနဲ့ လုပ်ကြရတယ်။
သူတို့ အလုပ်ကို ဘယ်လောက်ပဲ ကြိုးစားလုပ်ကြပေမဲ့ စားသောက်နေထိုင်ရေးအတွက် ဘယ်တော့မှ လုံလောက်တယ်ရယ်လို့ မရှိကြပါဘူး။
ဒီတော့ ပါစီပိုက်စ်ကလေးခင်ဗျာ အစားအစာကို ဝဝလင်လင် မစားသောက်ရတဲ့ရက်တွေ များလာတာပေါ့။
“ဒါနောက်ဆုံးလက်ကျန် မုန်လာဥပဲ၊ ဒီတစ်တောင်းပဲကျန်တော့တယ်” ဆိုတဲ့ သူတို့ဖခင်ရဲ့ သတိပေးသံကို မကြာခဏ ကြားနေရရှာတာပေါ့။
တစ်ခုသော နံနက်စောစောမှာတော့ပါစီက အစီအစဉ်တစ်ခုကို ဆွဲလိုက်တယ်။