စိတ်ကူးချိုချိုစာပေ
သင်းမြမြကို - နေမင်းနှင့်လမင်း
သင်းမြမြကို - နေမင်းနှင့်လမင်း
ထုတ်ယူရရှိနိုင်မှုကို မတင်နိုင်ခဲ့ပါ။
နေမင်းနှင့် လေမင်း
ကျက်သရေမင်္ဂလာရှိတဲ့ နွေရာသီရဲ့တစ်နေ့မှာ နေက ထွန်းလင်းတောက်ပပြီး လေကလည်း
တိုက်နေသတဲ့။
နေက ဝမ်းမြောက်ပျော်ရွှင်စွာနဲ့ သက်ပြင်းချပြီး လေကို ပြောလိုက်တယ်။
“ဟိုမှာ ပျော်ရွှင်နေတဲ့လူတွေကို ကြည့်စမ်းပါဦး”
ထိုအခါ လေကလည်း နေကို ပြန်ပြောလိုက်တယ်။
“သူတို့က တန်ဖိုးရှိတဲ့အချိန်တွေကို အကျိုးရှိရှိ အသုံးချနေကြတာပဲနော်၊ သူတို့က နေဆာလှုံနေကြတာ ပျော်စရာပဲ”
လေက အသက်ကိုပြင်းပြင်း ရှူသွင်းလိုက်တယ်။
လေက နေထက် သူကပိုပြီး စွမ်းအားကြီးတယ်ဆိုတာကိုပြချင်နေသတဲ့။
ဒီတော့ နေကို လေက အခုလိုပြောလိုက်တယ်။
“ခင်ဗျားကိုကြည့်ရတာ ကျုပ်ကိုမနာလိုနေသလိုပဲ။ ဘာကြောင့်ဆိုတော့ ကျုပ်က ခင်ဗျားထက် ပိုပြီး
အားကြီးလို့မဟုတ်လား”